Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 21, 2016

နဂါး ၃ ေကာင္ သယ္ေဆာင္လာမည့္ ေမာကၠေတာ္ရြာဆိပ္ကမ္းမွ ဓမၼေစတီေခါင္းေလာင္းသံ



မင္းကင္းၿမိဳ႕နယ္ ေမာကၠေတာ္ရြာဆိပ္ကမ္းမွ ေခါင္းေလာင္းသံ

16 - 7 - 2016 တြင္ ေမာကၠေတာ္ရြာမွ ကိုျမင့္ကိုထံ သဲျဖဴဆရာေတာ္ ဦးပညာေဇာတ၏ ကပၸိယမ်ားျဖစ္က်ေသာ ဦးသန္းေအာင္ႏွင့္ဦးဘုန္းျမင့္ရွိန္တို႔မွ ဓမၼေစတီေခါင္းေလာင္းကို နဂါး ၃ ေကာင္မွ သယ္ေဆာင္လာျပီး ေမာကၠေဆာ္ဆိပ္ကမ္းတြင္ ေပၚမည္ဟု မိန္႔ၾကားေသာေၾကာင့္ ေမာကၠေတာ္ရြာအထက္ဖက္ကပ္ရက္ ကုကၠားေခ်ာင္းႏွင့္ ခ်င္းတြင္းျမစ္ဆုံရာ ကုကၠိဳ ပင္အနီးတြင္ ကေတာ့ပြဲ ၉ ပြဲစာဆင္ႏိုင္ေသာ မ႑ပ္ေဆာက္လုပ္ေပးရန္ ဖုန္းဆက္ခိုင္းေစေသာေၾကာင့္ တည္ေဆာက္ေပးခဲ႔ပါသည္။


17 - 7 - 2016 ရက္ေန႔တြင္ သဲျဖဴဆရာေတာ္ ကေလးခရိုင္ရဲမွဴးကေတာ္ ႏွင့္ နတ္ကေတာ္မ်ားအဖြဲ႔ေရာက္ရွိလာျပီး မ႑ပ္တြင္ကန္႔ေတာ့ပြဲမ်ား ျပင္ဆင္ခဲ႔ပါသည္။ ဆြမ္းစားၿပီးအခ်ိန္တြင္ ဆရာေတာ္မွ ေရထဲကိုစက္ေလွျဖင့္ဆင္း၍ အဓိဌာန္ျပဳပါသည္။ ထိုအခ်ိန္တြင္ နတ္ကေတာ္မ်ားအဖြဲ႕မွ နတ္ပူးျခင္း နဂါးပူးျခင္းမ်ား ျပဳလုပ္က်ပါၿပီး ဆရာေတာ္မွ လျပည့္ေက်ာ္ ၂ ရက္ေန႔ ျပန္လည္ၾကြလာမည္ မိန္႔ၾကား၍ေန႔လည္ ၂းဝဝ နာရီတြင္ မဟာၿမိဳင္ခ်က္မေရ ေက်ာင္းသို႔ ျပန္လည္ၾကြခ်ီသြားပါသည္။


19 - 7 - 2016 ရက္ေန႔ နံနက္ ၁၀ းဝဝ ရီ အခ်ိန္ခန္႔တြင္ သဲျဖဴဆရာေတာ္၊ ဗိုလ္ခ်ဳပ္ေဟာင္းဦးခင္ညႊန္႔ႏွင့္ဇနီး၊ ျပည္ထဲေရဝန္ႀကီးေဟာင္း ဦးေမာင္ဦး(ဘုန္းႀကီးဝတ္လ်ွက္)၊ ကေလးခရိုင္ရဲမွဴးကေတာ္ ႏွင့္ နတ္ကေတာ္ မ်ားအဖြဲ႕ ထပ္မံေရာက္ရွိလာျပီး နတ္ပူးျခင္း နဂါးပူးျခင္းမ်ားေဆာင္ရြက္က်ၿပီး ေန႔လည္ ၁း၃၀ ခန္႔တြင္ ျပန္လည္ထြက္ခြာသြားက်ပါသည္။ သဲျဖဴဆရာေတာ္မွ ေမာကၠေတာ္ေက်းရြာအခ်ဳပ္ေရးမွဴးအား ေငြ ၁ သိန္းေပးထားခဲ႔ၿပီး မ႑ပ္ရွိ ကန္႔ေတာ့ပြဲမ်ားေစာင့္ေရွာက္ရန္ႏွင့္ နဂါးစာ ေၾကြးရန္ေပးထားခဲ႔ရာ ၎မွ ေမာကၠေတာ္ရဲစခန္းအား ၅၀၀၀၀ ေပးၿပီး နဂါးစာေၾကြးေစခဲၿပီးက်န္ေငြငါးေသာင္းျဖင့္ မ႑ပ္လုံၿခဳံေရးကင္းသမား ၄ ေယာက္ငွား၍ လုံၿခဳံေရးေဆာင္ရြက္ေစခဲ႔ပါသည္။


ယေန႔ 21 - 7 - 2016 ဝါဆိုလျပည့္ေက်ာ္ႏွစ္ရက္ေန႔တြင္ဆရာေတာ္ႏွင့္အဖြဲ႕ေရာက္ရွိ မလာေတာ့ဘဲ လက္ရွိအခ်ိန္ထိ ေခါင္းေလာင္းေပၚမည္ဆိုေသာေၾကာင့္ လာေရာက္ၾကည့္ရွူက်ေသာ ပရိတ္သတ္မ်ားျဖင့္စည္ကားလွ်က္ရွိပါသည္။

ဇူလုိင္ (၂၁) ေန႔လည္ ၁ း ၁၀ အခ်ိန္
Kyaw min Aung





မင်းကင်းမြို့နယ် မောက္ကတော်ရွာဆိပ်ကမ်းမှ ခေါင်းလောင်းသံ

16 - 7 - 2016 တွင် မောက္ကတော်ရွာမှ ကိုမြင့်ကိုထံ သဲဖြူဆရာတော် ဦးပညာဇောတ၏ ကပ္ပိယများဖြစ်ကျသော ဦးသန်းအောင်နှင့်ဦးဘုန်းမြင့်ရှိန်တို့မှ ဓမ္မစေတီခေါင်းလောင်းကို နဂါး ၃ ကောင်မှ သယ်ဆောင်လာပြီး မောက္ကဆော်ဆိပ်ကမ်းတွင် ပေါ်မည်ဟု မိန့်ကြားသောကြောင့် မောက္ကတော်ရွာအထက်ဖက်ကပ်ရက် ကုက္ကားချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ ကုက္ကို ပင်အနီးတွင် ကတော့ပွဲ ၉ ပွဲစာဆင်နိုင်သော မဏ္ဍပ်ဆောက်လုပ်ပေးရန် ဖုန်းဆက်ခိုင်းစေသောကြောင့် တည်ဆောက်ပေးခဲ့ပါသည်။



17 - 7 - 2016 ရက်နေ့တွင် သဲဖြူဆရာတော် ကလေးခရိုင်ရဲမှူးကတော် နှင့် နတ်ကတော်များအဖွဲ့ရောက်ရှိလာပြီး မဏ္ဍပ်တွင်ကန့်တော့ပွဲများ ပြင်ဆင်ခဲ့ပါသည်။ ဆွမ်းစားပြီးအချိန်တွင် ဆရာတော်မှ ရေထဲကိုစက်လှေဖြင့်ဆင်း၍ အဓိဌာန်ပြုပါသည်။ ထိုအချိန်တွင် နတ်ကတော်များအဖွဲ့မှ နတ်ပူးခြင်း နဂါးပူးခြင်းများ ပြုလုပ်ကျပါပြီး ဆရာတော်မှ လပြည့်ကျော် ၂ ရက်နေ့ ပြန်လည်ကြွလာမည် မိန့်ကြား၍နေ့လည် ၂းဝဝ နာရီတွင် မဟာမြိုင်ချက်မရေ ကျောင်းသို့ ပြန်လည်ကြွချီသွားပါသည်။



19 - 7 - 2016 ရက်နေ့ နံနက် ၁၀ းဝဝ ရီ အချိန်ခန့်တွင် သဲဖြူဆရာတော်၊ ဗိုလ်ချုပ်ဟောင်းဦးခင်ညွှန့်နှင့်ဇနီး၊ ပြည်ထဲရေဝန်ကြီးဟောင်း ဦးမောင်ဦး(ဘုန်းကြီးဝတ်လျှက်)၊ ကလေးခရိုင်ရဲမှူးကတော် နှင့် နတ်ကတော် များအဖွဲ့ ထပ်မံရောက်ရှိလာပြီး နတ်ပူးခြင်း နဂါးပူးခြင်းများဆောင်ရွက်ကျပြီး နေ့လည် ၁း၃၀ ခန့်တွင် ပြန်လည်ထွက်ခွာသွားကျပါသည်။ သဲဖြူဆရာတော်မှ မောက္ကတော်ကျေးရွာအချုပ်ရေးမှူးအား ငွေ ၁ သိန်းပေးထားခဲ့ပြီး မဏ္ဍပ်ရှိ ကန့်တော့ပွဲများစောင့်ရှောက်ရန်နှင့် နဂါးစာ ကြွေးရန်ပေးထားခဲ့ရာ ၎င်းမှ မောက္ကတော်ရဲစခန်းအား ၅၀၀၀၀ ပေးပြီး နဂါးစာကြွေးစေခဲပြီးကျန်ငွေငါးသောင်းဖြင့် မဏ္ဍပ်လုံခြုံရေးကင်းသမား ၄ ယောက်ငှား၍ လုံခြုံရေးဆောင်ရွက်စေခဲ့ပါသည်။



ယနေ့ 21 - 7 - 2016 ဝါဆိုလပြည့်ကျော်နှစ်ရက်နေ့တွင်ဆရာတော်နှင့်အဖွဲ့ရောက်ရှိ မလာတော့ဘဲ လက်ရှိအချိန်ထိ ခေါင်းလောင်းပေါ်မည်ဆိုသောကြောင့် လာရောက်ကြည့်ရှူကျသော ပရိတ်သတ်များဖြင့်စည်ကားလျှက်ရှိပါသည်။

ဇူလိုင် (၂၁) နေ့လည် ၁ း ၁၀ အချိန်
Kyaw min Aung

No comments:

Post a Comment