Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 14, 2016

ကမၻာ႔ပထမဦးဆံုး တြင္းထြက္ေက်ာက္ အမ်ဳိးအစားအသစ္ ျမန္မာႏိုင္ငံတြင္ ေတြ႕ရွိ


    ခ်မ္းျမေထြး   |   Thursday, 14 July 2016

ျမန္မာႏိုင္ငံတြင္ ေတြ႕ရွိခဲ့သည့္ ကမၻာ့ပထမဆံုး တြင္းထြက္ေက်ာက္။ ဓာတ္ပံု - Suppliedျမန္မာႏိုင္ငံတြင္ ေတြ႕ရွိခဲ့သည့္ ကမၻာ့ပထမဆံုး တြင္းထြက္ေက်ာက္။ ဓာတ္ပံု - Supplied

ကမၻာ့ပထမဦးဆံုး တြင္းထြက္ေက်ာက္အမ်ဳိး အစားသစ္တစ္ခုကို ျမန္မာႏိုင္ငံ မိုးကုတ္ရတနာ
နယ္ေျမမွ ရွာေဖြေတြ႕ရွိသည္ဟု ေက်ာက္မ်က္ပညာရွင္ ဦးေက်ာ္သူက ေျပာသည္။

''ကမၻာမွာ အခုမွ ပထမဦးဆံုး စေတြ႕ တာ။ ဒီျပင္ႏိုင္ငံမွာ ဘယ္မွာမွ မေတြ႕ေသးဘူး။ တစ္ပြင့္ပဲ
ရွိေသးတယ္။ ႏိုင္ငံတကာ တြင္းထြက္အဖဲြ႕အစည္း (International Mineralogical Association) က
အရွားပါးဆံုး သတ္မွတ္ထားတယ္''ဟု ၄င္းက ေျပာသည္။

အဆိုပါ ေက်ာက္အမ်ဳိးအစားသစ္ကုိ မိုးကုတ္ရတနာနယ္ေျမ မိုးကုတ္ေခ်ာင္းႀကီးအလယ္ရြာတြင္
တစ္ႏိုင္တစ္ပိုင္ေက်ာက္ရွာေဖြသူမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ၄င္းတို႔ ထံမွတစ္ဆင့္ ေက်ာက္အ႐ိုင္း
အတိုင္းသာ ဦးေက်ာ္သူက ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

''အဲဒီမွာ ေလ့လာေရးကြင္းဆင္းရင္းနဲ႔ အဲဒီေက်ာက္ကို နည္းနည္းထူးျခားတာနဲ႔ ဝယ္ယူၿပီး
ရန္ကုန္ေရာက္ေတာ့ စမ္းသပ္ၾကည့္လိုက္ေတာ့ ေတြ႕ေနက် ေက်ာက္မ်ဳိးမဟုတ္ဘူး''ဟု
ဦးေက်ာ္သူက ေျပာသည္။

အဆုိပါေက်ာက္ကုိ ၂ဝ၁ဝ ျပည့္ႏွစ္က ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္
အတည္ျပဳသတ္မွတ္ႏိုင္ရန္ ခက္ခဲေသာေၾကာင့္ ေက်ာက္ေသြး၍ အတည္ျပဳႏိုင္ရန္ႏွင့္
နာမည္ေပးႏိုင္ရန္ အေမရိကန္ပညာရွင္မ်ားႏွင့္ ပူးေပါင္းခဲ့ၿပီး ႏိုင္ငံတကာတြင္းထြက္
အဖဲြ႕အစည္းက ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ တြင္ ကမၻာ့ပထမဦးဆံုးေတြ႕ရွိေသာ ေက်ာက္
အမ်ဳိးအစားအျဖစ္ အတည္ျပဳ၍ Kyawthuite အျဖစ္ နာမည္သတ္မွတ္ခဲ့သည္ဟု
ဦးေက်ာ္သူက ေျပာသည္။

အဆိုပါေက်ာက္ႏွင့္ ပတ္သက္၍ ႏိုင္ငံတကာတြင္းထြက္မဂၢဇင္းတြင္ ေဖာ္ျပရန္
ေစာင့္ဆိုင္းေနရျခင္းေၾကာင့္ ျပည္တြင္း၌ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမရွိေသးဘဲ Kyawthuite
အျဖစ္ နာမည္သတ္မွတ္ခဲ့သည့္ ေက်ာက္မ်က္မွာ လိေမၼာ္နီေရာင္ရွိၿပီး ၁ ဒသမ ၆၁ ကာရက္
ရွိသည္။ လတ္တေလာတြင္ အဆိုပါေက်ာက္ကုိ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လစ္ၿမိဳ႕
သဘာဝသမိုင္းျပတိုက္တြင္ ျပသထားသည္ဟု သိရသည္။
myanmar.mmtimes.com
...........
 ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက် အမျိုးအစားအသစ် မြန်မာနိုင်ငံတွင် တွေ့ရှိ
    ချမ်းမြထွေး   |   Thursday, 14 July 2016

မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ကမ္ဘာ့ပထမဆုံး တွင်းထွက်ကျောက်။ ဓာတ်ပုံ - Suppliedမြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ကမ္ဘာ့ပထမဆုံး တွင်းထွက်ကျောက်။ ဓာတ်ပုံ - Supplied

ကမ္ဘာ့ပထမဦးဆုံး တွင်းထွက်ကျောက်အမျိုး အစားသစ်တစ်ခုကို မြန်မာနိုင်ငံ မိုးကုတ်ရတနာ
နယ်မြေမှ ရှာဖွေတွေ့ရှိသည်ဟု ကျောက်မျက်ပညာရှင် ဦးကျော်သူက ပြောသည်။

''ကမ္ဘာမှာ အခုမှ ပထမဦးဆုံး စတွေ့ တာ။ ဒီပြင်နိုင်ငံမှာ ဘယ်မှာမှ မတွေ့သေးဘူး။ တစ်ပွင့်ပဲ
ရှိသေးတယ်။ နိုင်ငံတကာ တွင်းထွက်အဖွဲ့အစည်း (International Mineralogical Association) က
အရှားပါးဆုံး သတ်မှတ်ထားတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ ကျောက်အမျိုးအစားသစ်ကို မိုးကုတ်ရတနာနယ်မြေ မိုးကုတ်ချောင်းကြီးအလယ်ရွာတွင်
တစ်နိုင်တစ်ပိုင်ကျောက်ရှာဖွေသူများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ ထံမှတစ်ဆင့် ကျောက်အရိုင်း
အတိုင်းသာ ဦးကျော်သူက ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

''အဲဒီမှာ လေ့လာရေးကွင်းဆင်းရင်းနဲ့ အဲဒီကျောက်ကို နည်းနည်းထူးခြားတာနဲ့ ဝယ်ယူပြီး
ရန်ကုန်ရောက်တော့ စမ်းသပ်ကြည့်လိုက်တော့ တွေ့နေကျ ကျောက်မျိုးမဟုတ်ဘူး''ဟု
ဦးကျော်သူက ပြောသည်။

အဆိုပါကျောက်ကို ၂ဝ၁ဝ ပြည့်နှစ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်
အတည်ပြုသတ်မှတ်နိုင်ရန် ခက်ခဲသောကြောင့် ကျောက်သွေး၍ အတည်ပြုနိုင်ရန်နှင့်
နာမည်ပေးနိုင်ရန် အမေရိကန်ပညာရှင်များနှင့် ပူးပေါင်းခဲ့ပြီး နိုင်ငံတကာတွင်းထွက်
အဖွဲ့အစည်းက ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကမ္ဘာ့ပထမဦးဆုံးတွေ့ရှိသော ကျောက်
အမျိုးအစားအဖြစ် အတည်ပြု၍ Kyawthuite အဖြစ် နာမည်သတ်မှတ်ခဲ့သည်ဟု
ဦးကျော်သူက ပြောသည်။

အဆိုပါကျောက်နှင့် ပတ်သက်၍ နိုင်ငံတကာတွင်းထွက်မဂ္ဂဇင်းတွင် ဖော်ပြရန်
စောင့်ဆိုင်းနေရခြင်းကြောင့် ပြည်တွင်း၌ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိသေးဘဲ Kyawthuite
အဖြစ် နာမည်သတ်မှတ်ခဲ့သည့် ကျောက်မျက်မှာ လိမ္မော်နီရောင်ရှိပြီး ၁ ဒသမ ၆၁ ကာရက်
ရှိသည်။ လတ်တလောတွင် အဆိုပါကျောက်ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်မြို့
သဘာဝသမိုင်းပြတိုက်တွင် ပြသထားသည်ဟု သိရသည်။
myanmar.mmtimes.com

No comments:

Post a Comment