ရန္ကုန္၊ ဇြန္ ၁၂
၉.၆.၂၀၁၆ ရက္ေန႔တြင္ facebook လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌
သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ရတနာလမ္းမႀကီးႏွင့္ သံသုမာလမ္းမီးပြဳိင့္ေထာင့္၌
အေနာက္ပုိင္းခရုိင္ ၁၀၇ ယာဥ္လုိင္းမွ ယာဥ္ ေနာက္လုိက္တစ္ဦး စတီးပုိက္
လံုးကုိင္၍ဆဲဆုိကာ လူမုိက္ဆန္ဆန္ရန္လုိေနသည္ကုိ ေတြ႕ရွိခဲ့ရေၾကာင္း၊
သက္ဆုိင္ရာမွ အေရးယူေဆာင္ရြက္ႏုိင္ရန္ တင္ျပရျခင္းျဖစ္ေၾကာင္း ဓါတ္ပံု
မွတ္တမ္းမ်ားႏွင့္တကြ သတင္းေပးေရးသားေဖာ္ျပခဲ့ၾကသည္ကုိ ေတြ႕ရွိရ
ပါသည္။
အဆုိပါသတင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕မွ စံုစမ္းစိစစ္ေဆာင္ရြက္ခဲ့ရာ
၎အမ်ဳိးသားမွာ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ေန အငယ္ေကာင္(ခ)
ဟိန္းထက္ေအာင္၊ (၁၉)ႏွစ္ျဖစ္ေၾကာင္း၊ ၎အား စစ္ေဆးေမးျမန္းခ်က္
အရ အခင္းျဖစ္ေန႔ ၁၅၀၀ အခ်ိန္ခန္႔တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ရတနာလမ္း
တြင္ ယာဥ္ေနာက္လုိက္အျဖစ္ ၎လုိက္ပါသည့္ ခရီးသည္တင္ယာဥ္ႏွင့္
Alphard အမ်ဳိးအစား ေမာ္ေတာ္ယာဥ္တုိ႔ ယာဥ္ေၾကာလုေမာင္းႏွင္ၾကရာမွ
အျပန္အလွန္စကားမ်ားခဲ့ၾကၿပီးေနာက္ လုိင္စင္ရံုးမွတ္တုိင္၌ စတီးပုိက္
ကုိင္၍ Alphard ယာဥ္အား ေစာင့္ဆုိင္းေနခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရ
ပါသည္။
ယင္းသုိ႔ ျပဳမူခဲ့သူ အငယ္ေကာင္(ခ)ဟိန္းထက္ေအာင္အား သဃၤန္းကၽြန္း
ၿမိဳ႕မရဲစခန္း (ပ)၅၃၉/၂၀၁၆၊ ရန္ကုန္ရဲအက္ဥပေဒပုဒ္မ-၃၀(က) ျဖင့္
အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Yangon Police
.........
facebook လူမှုကွန်ယက်စာမျက်နှာများပါ စတီးပိုက်ကိုင်ဆောင်ထားသော
ယာဉ်နောက်လိုက်နှင့် ပတ်သက်၍ စုံစမ်းအရေးယူ
ရန်ကုန်၊ ဇွန် ၁၂
၉.၆.၂၀၁၆ ရက်နေ့တွင် facebook လူမှုကွန်ယက်စာမျက်နှာများ၌
သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမကြီးနှင့် သံသုမာလမ်းမီးပွိုင့်ထောင့်၌
အနောက်ပိုင်းခရိုင် ၁၀၇ ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်တစ်ဦး စတီးပိုက်
လုံးကိုင်၍ဆဲဆိုကာ လူမိုက်ဆန်ဆန်ရန်လိုနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊
သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်နိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း ဓါတ်ပုံ
မှတ်တမ်းများနှင့်တကွ သတင်းပေးရေးသားဖော်ပြခဲ့ကြသည်ကို တွေ့ရှိရ
ပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းစိစစ်ဆောင်ရွက်ခဲ့ရာ
၎င်းအမျိုးသားမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငယ်ကောင်(ခ)
ဟိန်းထက်အောင်၊ (၁၉)နှစ်ဖြစ်ကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းချက်
အရ အခင်းဖြစ်နေ့ ၁၅၀၀ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်း
တွင် ယာဉ်နောက်လိုက်အဖြစ် ၎င်းလိုက်ပါသည့် ခရီးသည်တင်ယာဉ်နှင့်
Alphard အမျိုးအစား မော်တော်ယာဉ်တို့ ယာဉ်ကြောလုမောင်းနှင်ကြရာမှ
အပြန်အလှန်စကားများခဲ့ကြပြီးနောက် လိုင်စင်ရုံးမှတ်တိုင်၌ စတီးပိုက်
ကိုင်၍ Alphard ယာဉ်အား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း သိရှိရ
ပါသည်။
ယင်းသို့ ပြုမူခဲ့သူ အငယ်ကောင်(ခ)ဟိန်းထက်အောင်အား သင်္ဃန်းကျွန်း
မြို့မရဲစခန်း (ပ)၅၃၉/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၃၀(က) ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, June 12, 2016
facebook လူမႈကြန္ယက္စာမ်က္ႏွာမ်ားပါ စတီးပုိက္ကုိင္ေဆာင္ထားေသာ ယာဥ္ေနာက္လုိက္ႏွင့္ ပတ္သက္၍ စံုစမ္းအေရးယူ
facebook လူမႈကြန္ယက္စာမ်က္ႏွာမ်ားပါ စတီးပုိက္ကုိင္ေဆာင္ထားေသာ ယာဥ္ေနာက္လုိက္ႏွင့္ ပတ္သက္၍ စံုစမ္းအေရးယူ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 12, 2016
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment