Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 2, 2016

ျမန္မာနုိင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၏ ၁ ရာခုိင္ႏႈန္း အခြန္၊ ယူရို ၉၃ သန္းကိစၥ ခံုရံုး၏ အစီရင္ခံခ်က္ လာမည့္ အပတ္တြင္ ထြက္ရွိမည္

ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ေသာ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း အမႈေဆာင္မ်ား၏ သတင္းစာ ရွင္းလင္းပြဲအား ျမင္ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္၊ ေမ ၂ ရက္ (ဆင္ဟြာ)

    ျမန္မာနုိင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၏ ၁ ရာခုိင္ႏႈန္း အခြန္၊ ယူရို ၉၃ သန္းကိစၥ ႏွင့္ ပတ္သက္၍  သယံဇာတ နွင္႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန မွ ခံုရံုးဖြဲ႔ စစ္ေဆးမႈ၏ အစီရင္ခံခ်က္ လာမည္႔ အပတ္တြင္ ထြက္ရွိမည္ ျဖစ္ေၾကာင္း ၊ ၎ အစီရင္ခံခ်က္၏ အေျဖေပၚ မူတည္၍ လိုအပ္ပါက ဥပေဒေၾကာင္းအရ ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ယေန႔သတင္းစာ ရွင္းလင္းပြဲတြင္ ျမန္မာနိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွ အလုပ္အမႈေဆာင္ အဖြဲ႔ဝင္  ဦးေက်ာ္ေက်ာ္ဦးက ေျပာသည္။

၎ကိစၥႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္ ေမလ ၂၃ ရက္တြင္ ညႊန္ခ်ဳပ္ ၃ ေယာက္မွ ခံုရံုးဖြဲ႔၍ စတင္ စစ္ေဆးခဲ႔ေၾကာင္း သတင္းစာ ရွင္းလင္းပြဲတြင္ ထည့္သြင္း ေျပာၾကားခဲ႔သည္။

ျမန္မာနုိင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွ ေကာက္ခံထားခဲ႔ေသာ ၁ ရာခိုင္ႏႈန္း အခြန္အား စတင္ ေကာက္ခံသည့္ ခုႏွစ္၊ ယင္းေကာက္ခံေငြမ်ားအား ခြဲေဝသံုးစြဲ ခြင့္ျပဳခဲ႔ေသာ ဌာန အသင္းအဖြဲ႔၊ လူပုဂၢိဳလ္မ်ား ႏွင္႔ သံုးစြဲခဲ႔သည္႔ လုပ္ငန္းေခါင္းစဥ္ ႏွင္႔ ေငြပမာဏ၊ ထိုသို႔သံုးစြဲခဲ႔သည္႔ ေငြမ်ားတြင္ လုပ္ငန္းေခါင္းစဥ္ အလိုက္ေငြေၾကး သံုးစြဲခြင့္ျပဳမိန္႔ ခ်ေပးသူ ႏွင့္ ေငြေၾကးသံုးစြဲျခင္းကို စီမံခန္႔ခြဲခဲ့သူမ်ား ၊ ေက်ာက္မ်က္ရတနာ ျပပြဲ က်င္းေရးေကာ္မတီ Account ထဲတြင္ လက္ရွိက်န္ရွိေသာ ၁ ရာခိုင္ႏႈန္း အခြန္ေငြ ပမာဏအား အသင္းသူအသင္းသားမ်ား အေနျဖင္႔ သိရွိလိုေၾကာင္း သက္ဆုိင္ရာ ဌာနမ်ား၊ အဖြဲ႔အစည္းမ်ားသို႔ ေမလ ၉ ရက္တြင္ တိုင္စာမ်ား ေပးပို႔ခဲ႔ေၾကာင္း သိရသည္။

၂၀၀၉ ခုႏွစ္တြင္ ျမန္မာနုိင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ လိုင္စင္ ရရွိခဲ႔ၿပီး၊ ဦးေတဇမွ ဥကၠ႒ အျဖစ္ ၂၀၀၉ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ တာဝန္ယူ ေဆာင္ရြက္ခဲ႔သည္။ ၂၀၁၄ ခုႏွစ္မွ စတင္၍ အသင္းဥကၠ႒ တာဝန္အား ဦးရံုးမူမွ ဆက္လက္ တာဝန္ယူ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

ယေန႔သည္ ခံုရံုးဖြဲ႔ စစ္ေဆးျခင္း၏ ေနာက္ဆံုးရက္ ျဖစ္သည္႔အတြက္ ထြက္လာမည့္ အစီရင္ခံခ်က္ အား ေစာင့္ၾကည့္ေနျခင္း ျဖစ္ေၾကာင္း ဦးေက်ာ္ေက်ာ္ဦးက ဆိုသည္။

ဦးေက်ာ္ေက်ာ္ဦးက “ အဓိက သိခ်င္တာက ဒီေငြေတြ ဘယ္မွာသံုးလဲ၊ အသင္းမွာ ဘယ္ေလာက္က်န္လဲ၊ ထင္သာျမင္သာ ရွိေစခ်င္တယ္။ ဒါေၾကာင္႔ အသင္းသား ၈၇ ဦးပါတဲ႔ ျပဳျပင္ေျပာင္းလဲေရး ေကာ္မတီက တိုင္စာ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။ ထြက္လာတဲ႔ အစီရင္ခံခ်က္ က ေငြေၾကးစာရင္းကို ၾကည့္ၿပီး ဥပေဒေၾကာင္း အရ ဆက္လက္ လုပ္ေဆာင္သြားမွာပါ’’ ဟု ေျပာသည္။ 

(Xinhua)
http://www.xinhuamyanmar.com/
.......

ရန်ကုန်မြို့တွင် ပြုလုပ်သော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍  သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၊ ၎င်း အစီရင်ခံချက်၏ အဖြေပေါ် မူတည်၍ လိုအပ်ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်  ဦးကျော်ကျော်ဦးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်တွင် ညွှန်ချုပ် ၃ ယောက်မှ ခုံရုံးဖွဲ့၍ စတင် စစ်ဆေးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကောက်ခံထားခဲ့သော ၁ ရာခိုင်နှုန်း အခွန်အား စတင် ကောက်ခံသည့် ခုနှစ်၊ ယင်းကောက်ခံငွေများအား ခွဲဝေသုံးစွဲ ခွင့်ပြုခဲ့သော ဌာန အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များ နှင့် သုံးစွဲခဲ့သည့် လုပ်ငန်းခေါင်းစဉ် နှင့် ငွေပမာဏ၊ ထိုသို့သုံးစွဲခဲ့သည့် ငွေများတွင် လုပ်ငန်းခေါင်းစဉ် အလိုက်ငွေကြေး သုံးစွဲခွင့်ပြုမိန့် ချပေးသူ နှင့် ငွေကြေးသုံးစွဲခြင်းကို စီမံခန့်ခွဲခဲ့သူများ ၊ ကျောက်မျက်ရတနာ ပြပွဲ ကျင်းရေးကော်မတီ Account ထဲတွင် လက်ရှိကျန်ရှိသော ၁ ရာခိုင်နှုန်း အခွန်ငွေ ပမာဏအား အသင်းသူအသင်းသားများ အနေဖြင့် သိရှိလိုကြောင်း သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများသို့ မေလ ၉ ရက်တွင် တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် လိုင်စင် ရရှိခဲ့ပြီး၊ ဦးတေဇမှ ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ အသင်းဥက္ကဋ္ဌ တာဝန်အား ဦးရုံးမူမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် ခုံရုံးဖွဲ့ စစ်ဆေးခြင်း၏ နောက်ဆုံးရက် ဖြစ်သည့်အတွက် ထွက်လာမည့် အစီရင်ခံချက် အား စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

ဦးကျော်ကျော်ဦးက “ အဓိက သိချင်တာက ဒီငွေတွေ ဘယ်မှာသုံးလဲ၊ အသင်းမှာ ဘယ်လောက်ကျန်လဲ၊ ထင်သာမြင်သာ ရှိစေချင်တယ်။ ဒါကြောင့် အသင်းသား ၈၇ ဦးပါတဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီက တိုင်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ထွက်လာတဲ့ အစီရင်ခံချက် က ငွေကြေးစာရင်းကို ကြည့်ပြီး ဥပဒေကြောင်း အရ ဆက်လက် လုပ်ဆောင်သွားမှာပါ’’ ဟု ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com/

No comments:

Post a Comment