CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 3, 2016
ကျောက်မျက် ငွေကြေးအရှုပ်တော်ပုံကိစ္စ ပိုက်ဆံယူထားပါက သေဒဏ်ပေး ရန် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်း (ယခင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဟောင်း) ပြောကြား
နေပြည်တော်၊ ဇွန် ၃
ကိုပေါက်
The Ladies News
............
နေပြည်တော်၊ ဇွန် ၃
ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို ၈၆ သန်း အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး စွတ်စွဲပြောကြားမှု၊ ဖြေရှင်းမှုတို့ အသီးသီး လုပ်ဆောင်နေကြသော်လည်း ယင်းငွေများထဲမှ ယူမိပါက ၄င်းအားသေဒဏ်ပေးရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ယခင်သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ပြောသည်။
“အကုန်လုံး လာစစ်နိုင်တယ်၊ ဘယ်ကယူရမှာလဲ၊ ဦးမြင့်အောင်ရှင်းပြီးပြီပဲ၊ ပိုက်ဆံယူတယ်ဆို ငါ့ကို သေဒဏ် ပေးလိုက်” ဟု အမျိုးသားလွှတ်တော်အစည်းအဝေး အပြီးတွင် ပြောသည်။
ကျောက်မျက်အသင်းရန်ပုံငွေ စာရင်းရှင်းပေးရန်တောင်းဆိုမှု သည် နိုင်ငံရေးအရ ဆက်စပ်မှုရှိနိုင်ကြောင်းလည်း ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကဇွန် ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
ယခင် အစိုးရအဖွဲ့နှင့် ဝန်ကြီးအချို့သည် ကျောက်မျက်ရန်ပုံငွေ ယူရို ၈၆ သန်းနှင့် ပတ်သက်မှု သံသယရှိသည့် အတွက် စာရင်းရှင်းလင်းပေး ရန် ကျောက်မျက်အသင်းက တောင်းဆိုလိုက်ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲ များဖြင့် ရှင်းလင်းသော်လည်း တိကျသေချာသည့် အဖြေများ ထွက်ပေါ်ခဲ့ခြင်းမရှိခဲ့ပေ။
ကျောက်မျက်အသင်းမှ စွပ်စွဲသူများကလည်း ပြေလည်အောင်မရှင်းလင်းပါက တရားစွဲသွားဖွယ်ရှိနေပြီး အစိုးရ ဟောင်းအဖွဲ့မှ ယင်းကျောက်မျက်ကိစ္စနှင့် ပတ်သက်သည့် ဝန်ကြီးအချို့ကလည်း ဥပဒေကြောင်းအရသာ တုန့် ပြန်မည် ဖြစ်ကြောင်း သိရသည
ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies/
ကျောက်မျက် ငွေကြေးအရှုပ်တော်ပုံကိစ္စ ပိုက်ဆံယူထားပါက သေဒဏ်ပေး ရန် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်း (ယခင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဟောင်း) ပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 03, 2016
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment