က်မခင္ပြန္းနဲ႕ 2011 (6)လပိုင္းကစျပီး အင္တာနက္မွတဆင့္ ခ်စ္ျကိဳက္ခဲ႕တဲ႕ ျဖစ္ရပ္မွန္ေလးပါ
အတိုခ်ဳန္းေလးပဲ ေရးလိုက္ပါတယ္ ။ ေက်ာက္ပန္းေတာင္းသား ၊ လြတ္လပ္ေရးရပ္ကြက္ကပါ ။
သူနဲ႕ က်မ အျပန္အလန္ G-taulk ကေတာ့ရည္းစားျဖစ္ျကတယ္ေပါ့။
အဲဒီတုန္းက သူကတပ္ျကပ္စစ္သားပါ။ သူကေနျပည္ေတာ္မွာ က်မကေတာ့ မန္းမွာ ကုမဏီတခုမွာေပါ့။ က်မရန္ကုန္ေရာက္တယ္ သူလဲအလုပ္ကိစနဲ႕လာရင္း လူခ်င္းစေတြ႕ျကပါတယ္။ ေနာက္က်မ မန္းမွာတာဝန္က်တယ္ လာေတြ႕ခ်င္တယ္ေျပာတယ္။ ok အျပင္မွာေတြ႕မယ္ေပါ့။ က်မအတြက္သူက ရည္းစားဦး အခ်စ္ဦးေပါ့။ သူလာတယ္ က်မအျပင္ဆိုင္တဆိုင္မွာ မုန္႕စားရင္းစကားေျပာျကတယ္။ ေနာက္ေတာ့သူခရီးပမ္းလို႕နားခ်င္ေျကာင္းေျပာျပီး ဟိုတယ္တခုမွာ စကားေျပာခ်င္ေျကာင္းေျပာျပီး က်မကိုေခါ္သြားတယ္။ က်မလဲ အေတြ႕အျကံဳလဲမရိွ ေတာ့ စကားေျပာျပီးျပန္မယ္ေပါ့။ ဒါေပမဲ႕က်မ အဲဒီမွာပဲ ရုန္းထြက္မရျဖစ္ျပီး အတည္ယူမယ္ဆိုျပီး အပ်ိဳစဥ္ဘဝေပး ေပးဆပ္ခဲ႕ရေလျပီ။က်မကို လက္ထပ္ယူပါလို႕ေျပာေတာ့ သူ2014 က် ယူမယ္ေပါ့။ ပိုက္ဆံစုအံုးမယ္ေပါ့။ ဒါနဲ႕က်မေစာင့္ရင္းနဲ႕ 2012 မွာက်မ လားရိႈးကိုသြားရမယ္ေျပာေတာ့ လာေတြ႕ခ်င္ေသးတယ္ဆိုျပီး မန္းကို တေခါက္လာျပီး အတူေနခဲ့ပါတယ္။

က်မလိုင္းခန္းေလ်ာက္ခန္းေလ်ာက္ခိုင္းတယ္။ လိုင္းခန္းကမရေသးဘူးတဲ႕။ ရာထူးတ္ုးေတြနဲ႕ျကာအံုးမွာတဲ့။ ဒါနဲ႕သူ႕လူျကီးဆီက်မဖုန္းဆက္တယ္။ သူ႕အေျကာင္းေျပာျပရင္းနဲ႕ လူျကီးကေတာ့စာတင္ရင္လိုင္းခန္းရတယ္တဲ႕။ သူ2016(1)လပိုင္းေရာက္ေတာ့ဘာျပသနာမွလဲမျဖစ္ပဲ အတူလဲမေနခဲ႕ရဘူး။ နပတ ရိွရက္နဲ႕က်မဆီ လာမေတြ႕ဘူး။ က်မကေတာ့ပ်ဥ္းမနားအေဆာင္ဌားေနတာေပါ့။ သူကလဲ နပတ လူပ်ိဳ ေဆာင္မွာေနေနတာပါ။ က်မကို နပတ တြင္မရိွေျကာင္း မယူခင္မွာ သူ႕သူငယ္ခ်င္းေတြကို ညာထားခိုင္းခဲ႕ပါတယ္။ သူကေတာ့က်မဂုဏ္သိကာ ေျကာင့္ဆိုျပီး။ က်မမိတ္ဆက္ခိုင္းတယ္ မဆက္ေပးဘူး။ က်မသူငယ္ခ်င္းေတြလဲ အေတြ႕မခံဘူး။ ေဆာင္ျပီး (3 )လအတြင္း 1လပိုင္းကုန္မွာကြာရွင္းခြင့္ေတာင္းတယ္။ က်မဘယ္ေလာက္ထိခံစားရမလဲဆိုတာစဥ္းစားျကည့္ပါ။ ဒါနဲ႕သူနပတမွာရိွတယ္ဆိုတာသတင္းရေတာ့ က်မသူ႕အေဆာင္လိုက္သြားခဲ႕တယ္။သူငယ္ခ်င္းေတြနဲ႕ ည 8 နာရီေလာက္ေပါ့။ က်မကိုေတြ႕ေတာ့ဘာစကားမွမေျပာဘူး သူ႕အေဆာင္နားကကယ္ရီနဲ႕ထြက္ေျပးသြားတယ္ေလ။ မဂၤလာေဆာင္ျပီးတည္းက အေတြ႕မခံပဲ ကြာရွင္းခိုင္းတာဟာ ေတာ္ေတာ္လူမဆန္တဲ့လုပ္ရပ္ပါ။ က်မလဲသူ႕ေျကာင့္ အမ်ိဳးအမ်ိဳးအရွက္ရျပီးနစ္နာေနျပီ။ ေဆာင္ထားတာ က်မ ဇာတိ မွာ ။ သူမယူနိုင္ရင္ အစတည္းကဘာလို႕ေဆာင္ေပးလဲ။ ခုက်ေတာ့ မဂၤလာေဆာင္ျပီး မေပါင္းပဲ ကလိမ္ကက်စ္က်တယ္။ေယာက်္ားတန္မဲ႕ ပညာတတ္ျဖစ္ျပီး ႒ာန အျကီးဆံုးမွာလဲေနတယ္ လူျကီးနဲ႕အနီးကပ္ေနရတယ္ဆိုျပီး အာဏျပျပီး က်မကို အမ်ိဳးမ်ိဳး သိကာခ် တယ္။ က်မဘာမဟုတ္ပဲနဲ တခုလပ္ နာမည္ပဲက်န္ခဲ႕ရတယ္။ လူမဆန္တဲ႕လုပ္ရပ္ေတြလုပ္ေနတယ္။ ျပီးခဲ႕တဲ႕သျကၤန္မွာ က်မကို ကြာခိုင္းေပးဖို႕သူငယ္ခ်င္းဆီကို သူဖုန္းဆက္တယ္။ သူငယ္ခ်င္းကျပန္ေျပာျပတယ္ ။ က်မလဲ သူ႕ကိုတကယ္ခ်စ္ေတာ့ ကဲ ဒါဆိုလဲအမရယ္ ညီမကြာေပးမွာပါ ခဏေလးေတာ့ အခ်ိန္ေလးတခုေတာ့ယူခ်င္ေသးတယ္ ေလာေလာဆယ္ေတာ့ ကြာမေပးနိုင္ေသးဘူး ေဆာင္ထားတာလဲ မျကာေသးဘူးဆိုေတာ့ အိမ္ျပန္ျပီးရင္ မိဘေတြကို အက်္ဳးအေျကာင္းေျပာျပျုပီးကြာေပးဖို႕ဆံုးျဖတ္ထားပါတယ္။ ရံုးက အကို အမေတြ အန္တီေတြ သူငယ္ခ်င္တြက က်မကို အားေပးစကားေျပာျပီး ကိုယ္နဲ႕မတန္ဘူးလို႔သတ္မွတ္လိုက္ပါ ။ သူယုတ္မာတာသူခံလိမ့္မယ္ဆိုျပီးေနခဲ႕တာ။ က်မဆီဖုန္းဆက္လာတယ္ ။နင္ ဘယ္ေလာက္ေပးရင္ ငါ့ကိုကြာေပးမလဲတဲ႕။ သူကေငြစကားလာေျပာတယ္။ က်မကမိေကာင္းဖခင္သားသမီး လို႕ေရာင္းကုန္မဟုတ္ဘူးလို႕ ကြာမေပးဘူးလို႕ေျပာလိုက္တယ္။ သူ အလုပ္ထြက္လိုက္ျပီတဲ႕ မိုးကုပ္မွာတဲ႕။ သူတခ်ိန္လံုးညာေနတုန္းပါ။ သူသျကၤန္ နပတ ကSky net မွာကဲထားတာျကည့္ေလ။ ပိတ္ရက္ျပီးေတာ့ နပတ က်မ ျပန္လာေတာ့ အေဆာင္မွာ ေရွ႔ေနနဲ႕စာပို႕ထားတယ္။ 15ရက္အတြင္းအေျကာင္းျပန္ဖို႕။ ပိတ္ရက္ေတြမွာ သူယုတ္မွာထားတာေလ။ စာမျပန္ဘူးမညိႈနႈိင္းဘူးဆိုရင္ ရံုးကုန္က်စရိတ္အားလံုးက်မ ကပဲေပးရမယ္တဲ႕စာထဲမွွာ ။ ဒါနဲ႕က်မသူ႕ဆီဖုန္းဆက္တယ္။ မကိုင္ဘူး။ သူ႕ေရွ႔ေနဆီဖုန္းဆက္ေျပာခိုင္းေတာ့ သူကညိႈခ်င္တယ္ဆိုလို႕ လဘက္ရည္ဆိုင္မွာ ေတြ႕တယ္။ သူကနစ္နာေျကးေပးမယ္ေျပာထားလို႕က်မလဲ တစ္ရာေပးရင္ကြာေပးမယ္ေျပာလိုက္တယ္ ညိႈျပန္ေတာ့လဲမေပးခ်င္တဲ႕အျပင္ သူစာပို႔ထားတာအေျကာင္းမျပန္လို႕တဲ႕ သူ႕ေရွ႔ေနနဲ႕ပဲလြဲေတာ့မွာဆိုျပီး ေျပာျပီးျပန္သြားတယ္။ ဒါနဲ႕က်မလဲ သူလူျကီးေတြဆီ စာပို႕တယ္။ ဘာမွ အေရးမယူဘူး။ က်မကို ကြာဖို႕အတ ြက္တရားရံုးကေန ဆင့္ေခါ္စာေရာက္လာတဲ႕အတြက္ က်မလဲ တရားရံုးမွာဦးတိုက္ေလ်ာက္တယ္။ ဒါေပမဲ႕ တရားသူျကီးက ခ်က္ခ်င္းအမိန္႔ခ်ျပီး ပယ္ခ်လိုက္တယ္။ က်မအမႈ အေရးမယူပါဘူး။ က်မကလဲ ခရိုင္ထိဆက္တက္မယ္။ ေနာက္ဆံုးတိုင္းထိတက္သြားမယ္
က်မျဖစ္စဥ္ေရးလိုက္ျခင္းဟာတျခားေသာ မိန္းမပ်ိဳ ေလးမ်ား က်မလိုအျဖစ္ဆိုးမ်ိဳး နဲ႕ျကံုေတြ႕ရမွာစိုးရိမ္လို႕ပါ။
သူဟာ က်မကို ရာထူးအာဏာသံုးျပီး ယုတ္မာေနတာ ခုခ်ိန္ထိပါပဲ ။လူျကီးနဲ႕အနီးကပ္ေနတယ္ဆိုျပီး ဘယ္သူမွ အေရးမယူျကပါဘူး။ ဒီလိုအက်င့္စာရိတမေကာင္းတဲ႕ဝန္ထမ္းတေယာက္ကိုေတာ့အေရးမယူရင္ က်န္တဲ႕သူေတြလဲသူ႕လိုပဲလိုက္လုပ္ေနရင္ က်မတို႕မိန္းမသားေတြ က ဘယ္သူ႕ကို သြားျပီးအားကိုးရေတာ့မွာလဲ။ မင္းမဲ႕တိုင္းျပည္ျဖစ္ေနျပီလားဆိုတာပဲ က်မေျပာခ်င္ပါတယ္
၀ဋ္ေၾကြးရိွရင္လဲ ဒီဘ၀ဒီမွ်နဲ႔သာ ေက်ပါေစလို႔ပဲ ဆုေတာင္းပါတယ္
Lamin Cho
ကျမခင်ပွန်းနဲ့ 2011 (6)လပိုင်းကစပြီး အင်တာနက်မှတဆင့် ချစ်ကြိုက်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ
အတိုချုန်းလေးပဲ ရေးလိုက်ပါတယ် ။ ကျောက်ပန်းတောင်းသား ၊ လွတ်လပ်ရေးရပ်ကွက်ကပါ ။
သူနဲ့ ကျမ အပြန်အလန် G-taulk ကတော့ရည်းစားဖြစ်ကြတယ်ပေါ့။
အဲဒီတုန်းက သူကတပ်ကြပ်စစ်သားပါ။ သူကနေပြည်တော်မှာ ကျမကတော့ မန်းမှာ ကုမဏီတခုမှာပေါ့။ ကျမရန်ကုန်ရောက်တယ် သူလဲအလုပ်ကိစနဲ့လာရင်း လူချင်းစတွေ့ကြပါတယ်။ နောက်ကျမ မန်းမှာတာဝန်ကျတယ် လာတွေ့ချင်တယ်ပြောတယ်။ ok အပြင်မှာတွေ့မယ်ပေါ့။ ကျမအတွက်သူက ရည်းစားဦး အချစ်ဦးပေါ့။ သူလာတယ် ကျမအပြင်ဆိုင်တဆိုင်မှာ မုန့်စားရင်းစကားပြောကြတယ်။ နောက်တော့သူခရီးပမ်းလို့နားချင်ကြောင်းပြောပြီး ဟိုတယ်တခုမှာ စကားပြောချင်ကြောင်းပြောပြီး ကျမကိုခေါ်သွားတယ်။ ကျမလဲ အတွေ့အကြုံလဲမရှိ တော့ စကားပြောပြီးပြန်မယ်ပေါ့။ ဒါပေမဲ့ကျမ အဲဒီမှာပဲ ရုန်းထွက်မရဖြစ်ပြီး အတည်ယူမယ်ဆိုပြီး အပျိုစဉ်ဘဝပေး ပေးဆပ်ခဲ့ရလေပြီ။ကျမကို လက်ထပ်ယူပါလို့ပြောတော့ သူ2014 ကျ ယူမယ်ပေါ့။ ပိုက်ဆံစုအုံးမယ်ပေါ့။ ဒါနဲ့ကျမစောင့်ရင်းနဲ့ 2012 မှာကျမ လားရှိုးကိုသွားရမယ်ပြောတော့ လာတွေ့ချင်သေးတယ်ဆိုပြီး မန်းကို တခေါက်လာပြီး အတူနေခဲ့ပါတယ်။
ကျမ လားရှိုးဘက်ရောက်တော့ အရင်လိုဖုန်းအဆက်အသွယ်သိပ်မလုပ်တော့ပါဘူး။ သူချိုးတွေပြောင်းနေပါပြီ။ ခုလိုဖုန်းတွေမရှိသေးပါဘူး။ ရုံးကကြိုးဖုန်းတွေပဲဆက်ရပါတယ်။ နောက်သူက ကျမနဲ့ဆက်သွယ်ရန် 420 ဖုန်းဝယ်ချင်တယ်ပြောတော့ ငွေ 5သောင်းလိုနေ၍လွဲပေးရန်ပြောသဖြင့် ကျမလွဲပေးခဲ့ပါတယ်။ ဝယ်ပြီးတော့လဲ အရင်လိုမဆက်သွယ်တော့ပါဘူး။ အဲဒီနောက်ငွေလိုတယ်ဆိုပြီး ဖုန်းပြန်ရောင်းလိုက်ကြောင်းပြောလာပါတယ်။ တကယ်တော့ မရောင်းပါဘူး ။သူ့အိမ်ကို ပေးထားမှန်း နောက်မှသိခဲ့ရတာပါ။ သူ့အခြေအနေမူမမှန်တော့ဘူးသိတော့ ကျမ နေပြည်တော်ဘက် အလုပ်တခုလုပ်ချင်ကြောင်း သူငယ်ချင်းထံအကူအညီတောင်းခဲ့၍ အလုပ်ရခဲ့ပါတယ်။ ဒါနဲ့အရင်အလုပ်ထွက်ပြီး 2013 ( 3 ) လပိုင်းမှာ ကျမ နပတ ပြောင်းရတော့မယ်ဆိုပြီး သူ့ဆီဖုန်းဆက်ခဲ့တယ်။ မနက်ဘယ်အချိန်ရောက်မယ်လဲမသိ ။ နေရာသစ် လဲဖြစ် သူ့ကိုလာကြိုရန်ပြောထားခဲ့ပေမဲ့လာမကြိုတဲ့အပြင် ဖုန်းဆက်တော့လဲ မကိုင်ပါဘူး။ သူအိပ်တဲ့အခန်းမှာ ဖုန်းရှိကြောင်းအရင်ကပြောဖူးတော့အစောကြီးကားဂိတ်မှာ မျက်ရည်များနဲ့အတူ မိုးလင်းထိစောင့်ပြီး သူငယ်ချင်းကိုပဲအကူအညီတောင်းပြီး အဆောင်ရှာခဲ့ရပါတယ်။ အဆောင်ရပြီး ကုမဏီသစ်မှာ အလုပ်ဝင်နေရပြီ။ ဖုန်းဆက်လဲမကိုင်တော့ဘူး။ ပိတ်ရက်မတိုင်ခင်ဖုန်းအဆက်အသွယ်ရခဲ့တယ်။ ကျမဆက်တော့ သူ့ကိုမေ့လိုက်တော့တဲဲ့။ ကျမရင်တွေ တောမီးတောက်လောင်သလိုခံစားခဲ့ရတယ်။ ကျမ နပတ ကို သူရှိလို့အလုပ်ပြောင်းလုပ်ခဲ့တာလေ။ ဒီလိုပြောလာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ သူကပြောတယ် သူ့ကို အိမ်က လူချင်းတွေပေးစားတဲ့အမျိုးမကင်းတဲ့ဆရာမနဲ့ယူရတော့မှာတဲ့။ သူမလွန်နိုင်ဘူးတဲ့။ ကျမနဲ့ဖြစ်ပျက်တာတွေပြောပြလေ ဆိုတော့ ပြောပြတယ်တဲ့ လေ ။အဲဒီ ဆရာမကလဲလက်ခံတယ် နားလည်ပေးတယ်တဲ့လေ။ နောက်ပြီးသူက ကျမကိုထပ်တွေ့ချင်သေးတယ်လဲပြောလာတယ်။ ကျမလဲအဆောင်ကအမတစ်ယောက်ကိုတိုင်ပင်တော့ သူလာခေါ်ရင်လိုက်သွားတော့လို့အားပေးခဲ့တယ်။မဟုတ်ရင် နင့်ကိုယူတော့မှာမဟုတ်ဘူးပေါ့နော်။ ဒါနဲ့ကျမလဲ လူချင်းတွေ့မှအဆင်ပြေတော့မှာဆိုပြီး ထပ်တွေ့ကြတယ်။ ကျမသူ့နောက်ကိုလိုက်ရန်ဆုံးဖြတ်ခဲ့တယ်။ မဟုတ်ရင်သူကျမကို မယူတော့ဘူးဆိုတာသိလိုက်ပြီ။ ဒါနဲ့ကျမ မပြန်တော့ဘူးဆိုတာကို အတင်းအဆောင်နားထိလိုက်ပို့တယ်။ နောက်ဆုံးမရတဲ့အဆုံးသူခေါ်သွားတယ်။ နောက်ဆုံးလူပြတ်တဲ့လမ်းတဝက်မှာ ဆီထည့်မယ်ဆိုပြီး ဆိုင်ကယ်ရပ်ပြီး ကျမဆင်းလိုက်တဲ့အချိန်မှာ မောင်းပြီးထွက်ပြေးသွားပါတယ်။ ကျမလဲ ကယ်ရီဌားပြီးဆက်လိုက်သွားပါတယ်။ Enquire စစ်တပ်ရှေ့ကျမစောင့်ပြီး ဗိုလ်ကြီးများထံမှဖုန်းဌားပြီး သူ့လူကြီးဖုန်းကိုဆက်ပြီး အကြောင်းဆုံပြောပြလို့သူ့ကိုပြန်လွတ်လိုက်ပါတယ်။ ဒါနဲ့ကျမလဲ တရားရုံးကိုလက်မှတ်ထိုးထားပေးရန် တောင်းဆိုပြီး ပျဉ်းမနားတရားရုံးမှာ လက်မှတ်ထိုးခဲ့ကြတယ်။ အဲဒီနောက် စနေ နေ့ ပိတ်ရက်တွေမှာ အတူနေဖြစ်ကြပါတယ်။ 2014 ရောက်တော့ ယူရအောင်ပြောတော့ အရပ်ဘက်ရောက်တော့မှာ အဲဒီအချိန်ထိခဏစောင့်ပေးပါဆိုလို့တခါစောင့်ခဲ့ပါတယ်။ 2014 အတွင်းမှာသူ အကြီးဆုံးဌာန သမ္မတရုံး မှာ ဒု ဦးစီးရတယ် လေ ။ သူပြောတဲ့အတိုင်းရပြီ။ ကျမလဲမိန်းကလေးဆိုတော့ လာတောင်းရန်ပြောတယ်။ တခါ 2015 သီတင်းကျွတ်မရောက်ခင် မှာ သူမူတွေပြောင်းနေပါပြီ။ ဖုန်းတွေလဲပေါ်နေပြီလေ ကျမကို Viber ဖုန်းတွေမပေးတော့ဘူး ။ keepad ဖုန်းပဲပေးတော့တယ်။ fb လဲblock ပြီးသူသုံးတယ်။ ကျမအကောင့်ကိုအအပ်မခံဘူး။ အလုပ်ကိစကြောင့်အပ်လို့မရဘူးတဲ့လေ။ ကျမသူငယ်ချင်းတချို့သူ့ဆီမှာရှိပါတယ်။ ကျမသူငယ်ချင်းမှန်းသူမသိပါဘူး။ ကျမကျတော့ မအားဘူးဆိုပြီးဖုန်းမကိုင်ဘူး။ဆက်လဲမဆက်တော့ဘူး။ ကျမအဆောင်ကညီမလေးထံကျတော့ ဆက်တယ်လေ။ကျမအဆောင်ကမှန်းသူမသိဘူး။ကျမဆက်ရင်ကိုင်တဲ့အခါလဲ သူ့ဆရာမအကြောင်းထည့်ပြောတယ်။ အဆက်အသွယ်ရှိတဲ့အကြောင်းပြောတယ်။ ကျမဘယ်လိုမျိုးစိတ်နဲ့သူ့ကိုနားလည်ပေးရမှာလဲ။ ဒါနဲ့သူ့အိမ် တရက် စာချုပ်ထဲကလိပ်စာမေးပြီး ကျမ လိုက်သွားတယ်။ သူမသိဘူး။ ဟိုရောက်တော့ သူ့အမေ အသက်80ကျော်ကိုတွေ့တယ်။ ကျမအရမ်းသနားခဲ့တယ်။ သူ့အိမ်ကတော့ရိုးသားကြပါတယ်။ ကျမကိုလဲဖော်ရွေစွာဆက်ဆံကြပါတယ်။ သူ့အမေနဲ့တူမကိုမေးတယ်။ လူကြီးချင်းပေးစားထားတယ်ပြောလို့ပေါ့။ မရှိပါဘူးတဲ့လေ။ သူညာပြောခဲ့တာသိလိုက်ပါပြီ။ ပြန်ရောက်တော့သူနဲ့တွေ့ပြီးအတူနေကြတယ်။ ကျမနဲ့တွေ့စဉ်မှာ သူ့ဖုန်းထဲမှာ ဇယားတွေခင်းထားတာတွေ့ရတယ်။ သူကတော့ သူ့သူငယ်ချင်းခဏယူသုံးထားတာတဲ့။ ကောင်မလေးတွေလဲဆက်တယ်ဘယ်အချိန်ပြန်လာမှာလဲဆိုပြီးမေးသံကြားရတယ်။ အဲဒီအချိန်ရောက်အောင်ပြန်တယ်။ မနက်အစောကြီးထပြန်တယ်။ နောက်ကျဖုန်းတွေကိုစက်ပိတ်ထားတော့တယ်။ ကျမလဲ သူဖုန်းတွေမဆက်တော့လို့ သဲလို့ရေးထားတဲ့ဖုန်းနံပါတ်ကို ကျမမှတ်ထားခဲ့တယ်။ အဆောင်ရောက်တော့ဆက်ကြည့်တော့ သူ့အစ်မဝမ်းကွဲတော်မှန်းလဲမသိဘူး။ ကျမကမေးယုံပဲရှိသေးတယ်။ အဲဒါနဲ့စကားများကြတယ်။ ကျမစကားများကြောင်းသူ့ဆီဖုန်းဆက်တယ်။ မကိုင်ဘူး။ နောက်မနက် စကားများတဲ့အကြောင်းကျမမပြောပဲသူသိပြီး ကျမကိုမယူနိုင်တော့ဘူးဆိုပြီးပြောလာတယ်။ ကျမသူပြောတဲ့သီတင်းကျွတ်ထိစောင့်မယ်လို့ပြောတယ်။ တိုင်ချင်ရာတိုင်တဲ့ မင်းကိုမယူဘူးတဲ့လေ။ ကျမအကြိမ်ကြိမ်တောင်ပန် messageပို့တယ်ပြန်မပြောဘူး။ ဒါနဲ့သူ့ရုံးနဲ့အမျိုးသမီးရေးရာကို အသနားခံစာပို့ခဲ့တယ်။ ကျမမကျေနပ်ကြောင်းပြောတယ်။ သူကငိုယိုပြီးတောင်းပန်တယ်။ လက်ထပ်ယူပါ့မယ်ဆိုပြီး ကတိပေးခဲ့တယ်။ ဒါနဲ့ကျမလဲ သူအလုပ်ပြုတ်ထောင်ကျမှာစိုးလို့လက်ခံခဲ့တယ်။ 9 လပိုင်းမှာ လာတောင်းတယ်။ သူ့အမရယ် ယောက်ဖရယ် ။ ဘုန်းကြီးတွေသင်္ကန်းကပ်ပြီးဆွမ်းကြွေးတယ်။ မင်္ဂလာဆောင်ကို 31.10.2015ဘုန်းကြီးကျောင်းမှာဆောင်တယ်။ ဆောင်ပြီးသည့်နေ့ခင်းသူ့သူငယ်ချင်းထံမှဖုန်းဝင်လာတယ်။ လူကြီးနဲ့လိုက်ရမယ်ဆိုပြီး။ ကျမလဲတကယ်ထင်တာပေါ့။ လူကြီးတွေရော။ သူကတော့ လူကြီးကလဲဒီလောက်လေးတောင်နားလည်မပေးဘူးလားပေါ့။သူကလဲလူကြီးကိုအပြစ်တင်နေတော့ အားလုံးကလဲ သူ့လူကြီးကို စိတ်တိုကြတာပေါ့နော်။ မင်္ဂလာဆောင်တဲ့ရက်လေးတောင်ခွင့်မပေးဘူးဆိုပြီး။ ဒါနဲ့နေ့ခင်း 2နာရီကားနဲ့ကျမ ကားဂိတ်ကိုလိုက်ပို့ပေးခဲ ့တယ်။ ကျမလဲနားလည်မှုနဲ့လိုက်မသွားခဲ့ဘူး။ အဲဒီနောက်အဆက်အသွယ်မလုပ်တော့ဘူး။ ဆက်လဲမကိုင်တော့ဘူး။ လကုန်ငွေ 5သောင်းလွဲပေးတော့မှ သူနပတ ပြန်မလာရသေးကြောင်းပြောတယ်
ကျမလိုင်းခန်းလျောက်ခန်းလျောက်ခိုင်းတယ်။ လိုင်းခန်းကမရသေးဘူးတဲ့။ ရာထူးတ်ုးတွေနဲ့ကြာအုံးမှာတဲ့။ ဒါနဲ့သူ့လူကြီးဆီကျမဖုန်းဆက်တယ်။ သူ့အကြောင်းပြောပြရင်းနဲ့ လူကြီးကတော့စာတင်ရင်လိုင်းခန်းရတယ်တဲ့။ သူ2016(1)လပိုင်းရောက်တော့ဘာပြသနာမှလဲမဖြစ်ပဲ အတူလဲမနေခဲ့ရဘူး။ နပတ ရှိရက်နဲ့ကျမဆီ လာမတွေ့ဘူး။ ကျမကတော့ပျဉ်းမနားအဆောင်ဌားနေတာပေါ့။ သူကလဲ နပတ လူပျို ဆောင်မှာနေနေတာပါ။ ကျမကို နပတ တွင်မရှိကြောင်း မယူခင်မှာ သူ့သူငယ်ချင်းတွေကို ညာထားခိုင်းခဲ့ပါတယ်။ သူကတော့ကျမဂုဏ်သိကာ ကြောင့်ဆိုပြီး။ ကျမမိတ်ဆက်ခိုင်းတယ် မဆက်ပေးဘူး။ ကျမသူငယ်ချင်းတွေလဲ အတွေ့မခံဘူး။ ဆောင်ပြီး (3 )လအတွင်း 1လပိုင်းကုန်မှာကွာရှင်းခွင့်တောင်းတယ်။ ကျမဘယ်လောက်ထိခံစားရမလဲဆိုတာစဉ်းစားကြည့်ပါ။ ဒါနဲ့သူနပတမှာရှိတယ်ဆိုတာသတင်းရတော့ ကျမသူ့အဆောင်လိုက်သွားခဲ့တယ်။သူငယ်ချင်းတွေနဲ့ ည 8 နာရီလောက်ပေါ့။ ကျမကိုတွေ့တော့ဘာစကားမှမပြောဘူး သူ့အဆောင်နားကကယ်ရီနဲ့ထွက်ပြေးသွားတယ်လေ။ မင်္ဂလာဆောင်ပြီးတည်းက အတွေ့မခံပဲ ကွာရှင်းခိုင်းတာဟာ တော်တော်လူမဆန်တဲ့လုပ်ရပ်ပါ။ ကျမလဲသူ့ကြောင့် အမျိုးအမျိုးအရှက်ရပြီးနစ်နာနေပြီ။ ဆောင်ထားတာ ကျမ ဇာတိ မှာ ။ သူမယူနိုင်ရင် အစတည်းကဘာလို့ဆောင်ပေးလဲ။ ခုကျတော့ မင်္ဂလာဆောင်ပြီး မပေါင်းပဲ ကလိမ်ကကျစ်ကျတယ်။ယောကျ်ားတန်မဲ့ ပညာတတ်ဖြစ်ပြီး ဋ္ဌာန အကြီးဆုံးမှာလဲနေတယ် လူကြီးနဲ့အနီးကပ်နေရတယ်ဆိုပြီး အာဏပြပြီး ကျမကို အမျိုးမျိုး သိကာချ တယ်။ ကျမဘာမဟုတ်ပဲနဲ တခုလပ် နာမည်ပဲကျန်ခဲ့ရတယ်။ လူမဆန်တဲ့လုပ်ရပ်တွေလုပ်နေတယ်။ ပြီးခဲ့တဲ့သင်္ကြန်မှာ ကျမကို ကွာခိုင်းပေးဖို့သူငယ်ချင်းဆီကို သူဖုန်းဆက်တယ်။ သူငယ်ချင်းကပြန်ပြောပြတယ် ။ ကျမလဲ သူ့ကိုတကယ်ချစ်တော့ ကဲ ဒါဆိုလဲအမရယ် ညီမကွာပေးမှာပါ ခဏလေးတော့ အချိန်လေးတခုတော့ယူချင်သေးတယ် လောလောဆယ်တော့ ကွာမပေးနိုင်သေးဘူး ဆောင်ထားတာလဲ မကြာသေးဘူးဆိုတော့ အိမ်ပြန်ပြီးရင် မိဘတွေကို အကျ်ုးအကြောင်းပြောပြြုပီးကွာပေးဖို့ဆုံးဖြတ်ထားပါတယ်။ ရုံးက အကို အမတွေ အန်တီတွေ သူငယ်ချင်တွက ကျမကို အားပေးစကားပြောပြီး ကိုယ်နဲ့မတန်ဘူးလို့သတ်မှတ်လိုက်ပါ ။ သူယုတ်မာတာသူခံလိမ့်မယ်ဆိုပြီးနေခဲ့တာ။ ကျမဆီဖုန်းဆက်လာတယ် ။နင် ဘယ်လောက်ပေးရင် ငါ့ကိုကွာပေးမလဲတဲ့။ သူကငွေစကားလာပြောတယ်။ ကျမကမိကောင်းဖခင်သားသမီး လို့ရောင်းကုန်မဟုတ်ဘူးလို့ ကွာမပေးဘူးလို့ပြောလိုက်တယ်။ သူ အလုပ်ထွက်လိုက်ပြီတဲ့ မိုးကုပ်မှာတဲ့။ သူတချိန်လုံးညာနေတုန်းပါ။ သူသင်္ကြန် နပတ ကSky net မှာကဲထားတာကြည့်လေ။ ပိတ်ရက်ပြီးတော့ နပတ ကျမ ပြန်လာတော့ အဆောင်မှာ ရှေ့နေနဲ့စာပို့ထားတယ်။ 15ရက်အတွင်းအကြောင်းပြန်ဖို့။ ပိတ်ရက်တွေမှာ သူယုတ်မှာထားတာလေ။ စာမပြန်ဘူးမညှိုနှိုင်းဘူးဆိုရင် ရုံးကုန်ကျစရိတ်အားလုံးကျမ ကပဲပေးရမယ်တဲ့စာထဲမှှာ ။ ဒါနဲ့ကျမသူ့ဆီဖုန်းဆက်တယ်။ မကိုင်ဘူး။ သူ့ရှေ့နေဆီဖုန်းဆက်ပြောခိုင်းတော့ သူကညှိုချင်တယ်ဆိုလို့ လဘက်ရည်ဆိုင်မှာ တွေ့တယ်။ သူကနစ်နာကြေးပေးမယ်ပြောထားလို့ကျမလဲ တစ်ရာပေးရင်ကွာပေးမယ်ပြောလိုက်တယ် ညှိုပြန်တော့လဲမပေးချင်တဲ့အပြင် သူစာပို့ထားတာအကြောင်းမပြန်လို့တဲ့ သူ့ရှေ့နေနဲ့ပဲလွဲတော့မှာဆိုပြီး ပြောပြီးပြန်သွားတယ်။ ဒါနဲ့ကျမလဲ သူလူကြီးတွေဆီ စာပို့တယ်။ ဘာမှ အရေးမယူဘူး။ ကျမကို ကွာဖို့အတ ွက်တရားရုံးကနေ ဆင့်ခေါ်စာရောက်လာတဲ့အတွက် ကျမလဲ တရားရုံးမှာဦးတိုက်လျောက်တယ်။ ဒါပေမဲ့ တရားသူကြီးက ချက်ချင်းအမိန့်ချပြီး ပယ်ချလိုက်တယ်။ ကျမအမှု အရေးမယူပါဘူး။ ကျမကလဲ ခရိုင်ထိဆက်တက်မယ်။ နောက်ဆုံးတိုင်းထိတက်သွားမယ်
ကျမဖြစ်စဉ်ရေးလိုက်ခြင်းဟာတခြားသော မိန်းမပျို လေးများ ကျမလိုအဖြစ်ဆိုးမျိုး နဲ့ကြံုတွေ့ရမှာစိုးရိမ်လို့ပါ။
သူဟာ ကျမကို ရာထူးအာဏာသုံးပြီး ယုတ်မာနေတာ ခုချိန်ထိပါပဲ ။လူကြီးနဲ့အနီးကပ်နေတယ်ဆိုပြီး ဘယ်သူမှ အရေးမယူကြပါဘူး။ ဒီလိုအကျင့်စာရိတမကောင်းတဲ့ဝန်ထမ်းတယောက်ကိုတော့အရေးမယူရင် ကျန်တဲ့သူတွေလဲသူ့လိုပဲလိုက်လုပ်နေရင် ကျမတို့မိန်းမသားတွေ က ဘယ်သူ့ကို သွားပြီးအားကိုးရတော့မှာလဲ။ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလားဆိုတာပဲ ကျမပြောချင်ပါတယ်
၀ဋ်ကြွေးရှိရင်လဲ ဒီဘဝဒီမျှနဲ့သာ ကျေပါစေလို့ပဲ ဆုတောင်းပါတယ်
Lamin Cho
No comments:
Post a Comment