Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 27, 2016

အစိုးရက ျမန္မာႏိုင္ငံသားေဟာင္းမ်ားကို ဗီဇာလြယ္ကူေရးေဆာင္ရြက္ေပးမည္


နိုင္ငံျခားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု ဒု-၀န္ႀကီး ဦးေက်ာ္တင္ (ဓာတ္ပံု - MOI)

    By ဒီဗီြဘီ
    26 May 2016

ႏိုင္ငံေရးယုံၾကည္ခ်က္ေၾကာင့္ ျပည္ပႏိုင္ငံေတြဆီ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေဟာင္း ေတြ ျပည္၀င္ခြင့္ဗီဇာ လြယ္ကူစြာရရွိေရးနဲ႔ ျပည္ေနခြင့္ပိုမိုရရွိေရးကို ဦးစားေပး ေဆာင္ရြက္မယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ျမန္မာႏုိင္ငံသားေဟာင္းေတြရဲ႕ စြမ္းအားအရင္းအျမစ္ေတြကို ႏုိင္ငံတည္ေဆာက္ေရးမွာ ပါဝင္လာေစဖုိ႔ျဖစ္တယ္လို႔  နိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ ရက္ ၁၀၀ စီမံခ်က္ ပတ္သက္ၿပီး အစိုးရ ျပန္ၾကားေရးက ထုတ္ျပန္လိုက္တာပါ။

နိုင္ငံျခားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု ဒု-၀န္ႀကီး ဦးေက်ာ္တင္က “ျပည္ပေရာက္ ႏိုင္ငံသားေဟာင္းေတြေပါ့ေနာ္ သူတုိ႔ေတြျမန္မာႏုိင္ငံကုိလာမယ္ဆုိရင္ ၂၈ ရက္ေလာက္ပဲ ခြင့္ျပဳ တဲ့ social visit (လူမႈေရးအလည္အပတ္) ေပါ့။ အဲဒါထက္ ပုိမုိၾကာၾကာ သုံးလတန္သည္၊ ၆ လတန္သည္ တုိးျမႇင့္ၿပီး ၾကာၾကာေနခြင့္ရဖုိ႔၊ သူတုိ႔ေလွ်ာက္လႊာေတြနဲ႔ပတ္သက္ၿပီးေတာ့ ပုိမုိ လြယ္ကူလွ်င္ျမန္သြက္လက္ေစဖုိ႔ ေျဖေလွ်ာ့ေပးမႈေတြ သက္ဆုိင္ရာ၀န္ႀကီးဌာနနဲ႔ ညိႇႏႈိင္း ေဆာင္ရြက္သြားဖုိ႔ လုပ္ေနတာေတြ ရွိပါတယ္။”

“ျပည္ပမွာ ႏုိင္ငံျခားအေတြ႔အႀကံဳေတြရွိတယ္။ အဲလုိႏုိင္ငံကေနၿပီးေတာ့ စီးပြားေရးဘက္မွာေရာ၊ ပညာေရးဘက္မွာေရာ၊ အဲလုိလူမ်ဳိးေတြ ျမန္မာႏုိင္ငံကုိ ဖိတ္ေခၚၿပီးေတာ့ က်ေနာ္တုိ႔အေနနဲ႔ ႏုိင္ငံေတာ္ တည္ေဆာက္ေရးထဲမွာ အသံုးျပဳႏုိင္ေအာင္လုိ႔ သက္ဆုိင္ရာ၀န္ႀကီးဌာနဲ႔ ညိႇႏႈိင္း ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။”

“ရာဇ၀တ္မႈေတြ က်ဴးလြန္သြားတာမဟုတ္ဘဲနဲ႔  ႏုိင္ငံေရး ယုံၾကည္ခ်က္ သက္သက္နဲ႔ဆုိလုိ႔ရွိရင္ ပိတ္ပင္ထားတာသက္သက္ဆုိရင္ အဲလုိလူေတြ ျပန္လာခြင့္ရေအာင္ က်ေနာ္တုိ႔အေနနဲ႔ သက္ဆုိင္ရာ၀န္ႀကီးဌာနေတြနဲ႔ညိႇႏႈိင္းၿပီး ရက္ ၁၀၀ အတြင္း အဆင္ေျပေအာင္ ႀကိဳးပမ္း ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” လို႔ ေျပာၾကားပါတယ္။

ဒါ့အျပင္ ယုံၾကည္ခ်က္ေၾကာင့္ သို႔မဟုတ္ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ အမည္မဲစာရင္း (black list) ထည့္သြင္းခံ ထားရသူေတြကို စာရင္းမွထုတ္ပယ္ႏိုင္ေရး၊ ျမန္မာႏိုင္ငံဆိုင္ရာ သံရုံးေတြဟာ မိဘအိမ္သဖြယ္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ အားကိုးရာ ႀကိဳးပမ္းေဖာ္ေဆာင္မႈေတြ ကိုလည္း ရက္ ၁၀၀ အတြင္း ဦးစားေပးေဆာင္ရြက္မယ္လို႔ိုလည္း ဆိုပါတယ္။

ျပည္ပတြင္လက္ရွိတာဝန္ ထမ္းေဆာင္ ေနၾကတဲ့ ျမန္မာသံအမတ္ႀကီးေတြ၊ သံ႐ုံးအႀကီးအကဲ ေတြကို ေနျပည္ေတာ္မွာျဖစ္ေစ၊ ျပည္ပမွာျဖစ္ေစ မၾကာမီ စုေပါင္းေခၚယူေတြ႕ ဆုံၿပီး ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြရဲ႕ တရားဝင္အက်ိဳးစီးပြားေတြ ကာကြယ္ေပးဖို႔၊ အစိုးရသစ္ရဲ႕ ေျပာင္းလဲလာတဲ့ မူဝါဒေတြအသိေပး ေျပာၾကားဖို႔နဲ႔ အျမင္ခ်င္းဖလွယ္ဖို႔ ေဆာင္႐ြက္သြားမယ္လုိ႔ဆိုပါတယ္။

ျပည္ပမွာ ႏိုင္ငံသားေတြ အလုပ္လုပ္ရာမွာ သက္ဆိုင္ရာအိမ္ရွင္ ႏိုင္ငံေတြရဲ႕ ဥပေဒစည္းမ်ဥ္း ေတြ၊ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ၊ အကာအကြယ္ေတြ ရရွိေအာင္ အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္ေပးသြားမယ္လို႔ဆိုပါတယ္။

ႏိုင္ငံတကာဆက္ဆံေရးမွာ ခ်စ္ၾကည္ေရးခရီးစဥ္ေတြသြားေရာက္ေရး၊ သံတမန္တိုးခ်ဲ့ေရး၊ ႏိုင္ငံျခားသံတမန္ေတြ ႏိုင္ငံတကာအဖြဲ႔အစည္ေတြ ျပည္တြင္းခရီးသြားလာ၊ ျပည္၀င္ဗီဇာ၊ ျပည္ေနခြင့္ေတြ လြယ္ကူေစေရး၊ အစိုးရဝန္ထမ္းမ်ားႏွင့္ ဝန္ႀကီးဌာနမ်ားအတြက္ ႏုိင္ငံျခားေရးရာ မူဝါဒေကာ္မတီရဲ႕  လုပ္ထံုးလုပ္နည္းေတြ ေျဖေလ်ာ့ေပးေရးေတြကိုလည္း အေကာင္အထည္ ေဖာ္သြား မယ္လို႔ ထုတ္ျပန္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာမ်က္ႏွာစာမွာ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္သိကၡာနဲ႔ ႏိုင္ငံတကာပုံရိပ္ ျပန္လည္ ေကာင္းမြန္လာေရးကို ႏုိင္ငံျခားေရးဝန္ႀကီးဌာန အေနနဲ႔ အဓိကအေလးေပး ေဆာင္ရြက္သြား မယ္လို႔လည္းဆိုပါတယ္။
DVB
.....
အစိုးရက မြန်မာနိုင်ငံသားဟောင်းများကို ဗီဇာလွယ်ကူရေးဆောင်ရွက်ပေးမည်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-၀န်ကြီး ဦးကျော်တင် (ဓာတ်ပုံ - MOI)

    By ဒီဗွီဘီ
    26 May 2016

နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည်ပနိုင်ငံတွေဆီ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဟောင်း တွေ ပြည်ဝင်ခွင့်ဗီဇာ လွယ်ကူစွာရရှိရေးနဲ့ ပြည်နေခွင့်ပိုမိုရရှိရေးကို ဦးစားပေး ဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားဟောင်းတွေရဲ့ စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လာစေဖို့ဖြစ်တယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေးက ထုတ်ပြန်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-၀န်ကြီး ဦးကျော်တင်က “ပြည်ပရောက် နိုင်ငံသားဟောင်းတွေပေါ့နော် သူတို့တွေမြန်မာနိုင်ငံကိုလာမယ်ဆိုရင် ၂၈ ရက်လောက်ပဲ ခွင့်ပြု တဲ့ social visit (လူမှုရေးအလည်အပတ်) ပေါ့။ အဲဒါထက် ပိုမိုကြာကြာ သုံးလတန်သည်၊ ၆ လတန်သည် တိုးမြှင့်ပြီး ကြာကြာနေခွင့်ရဖို့၊ သူတို့လျှောက်လွှာတွေနဲ့ပတ်သက်ပြီးတော့ ပိုမို လွယ်ကူလျှင်မြန်သွက်လက်စေဖို့ ဖြေလျှော့ပေးမှုတွေ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ လုပ်နေတာတွေ ရှိပါတယ်။”

“ပြည်ပမှာ နိုင်ငံခြားအတွေ့အကြုံတွေရှိတယ်။ အဲလိုနိုင်ငံကနေပြီးတော့ စီးပွားရေးဘက်မှာရော၊ ပညာရေးဘက်မှာရော၊ အဲလိုလူမျိုးတွေ မြန်မာနိုင်ငံကို ဖိတ်ခေါ်ပြီးတော့ ကျနော်တို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးထဲမှာ အသုံးပြုနိုင်အောင်လို့ သက်ဆိုင်ရာဝန်ကြီးဌာနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

“ရာဇဝတ်မှုတွေ ကျူးလွန်သွားတာမဟုတ်ဘဲနဲ့  နိုင်ငံရေး ယုံကြည်ချက် သက်သက်နဲ့ဆိုလို့ရှိရင် ပိတ်ပင်ထားတာသက်သက်ဆိုရင် အဲလိုလူတွေ ပြန်လာခွင့်ရအောင် ကျနော်တို့အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းပြီး ရက် ၁၀၀ အတွင်း အဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမည်မဲစာရင်း (black list) ထည့်သွင်းခံ ထားရသူတွေကို စာရင်းမှထုတ်ပယ်နိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဟာ မိဘအိမ်သဖွယ် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အားကိုးရာ ကြိုးပမ်းဖော်ဆောင်မှုတွေ ကိုလည်း ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မယ်လိို့ုလည်း ဆိုပါတယ်။

ပြည်ပတွင်လက်ရှိတာဝန် ထမ်းဆောင် နေကြတဲ့ မြန်မာသံအမတ်ကြီးတွေ၊ သံရုံးအကြီးအကဲ တွေကို နေပြည်တော်မှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ မကြာမီ စုပေါင်းခေါ်ယူတွေ့ ဆုံပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ တရားဝင်အကျိုးစီးပွားတွေ ကာကွယ်ပေးဖို့၊ အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေအသိပေး ပြောကြားဖို့နဲ့ အမြင်ချင်းဖလှယ်ဖို့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ပြည်ပမှာ နိုင်ငံသားတွေ အလုပ်လုပ်ရာမှာ သက်ဆိုင်ရာအိမ်ရှင် နိုင်ငံတွေရဲ့ ဥပဒေစည်းမျဉ်း တွေ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အကာအကွယ်တွေ ရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ ချစ်ကြည်ရေးခရီးစဉ်တွေသွားရောက်ရေး၊ သံတမန်တိုးချဲ့ရေး၊ နိုင်ငံခြားသံတမန်တွေ နိုင်ငံတကာအဖွဲ့အစည်တွေ ပြည်တွင်းခရီးသွားလာ၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့်တွေ လွယ်ကူစေရေး၊ အစိုးရဝန်ထမ်းများနှင့် ဝန်ကြီးဌာနများအတွက် နိုင်ငံခြားရေးရာ မူဝါဒကော်မတီရဲ့  လုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ပေးရေးတွေကိုလည်း အကောင်အထည် ဖော်သွား မယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာပုံရိပ် ပြန်လည် ကောင်းမွန်လာရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ အဓိကအလေးပေး ဆောင်ရွက်သွား မယ်လို့လည်းဆိုပါတယ်။
DVB

No comments:

Post a Comment