( Michelle )
Ref : UPI
.......................................
အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတဲ့ Anaconda မြွေနဲ့ ခွေး
California ရှိ အိမ်မွေးတိရိစ္ဆာန်မွေးထားတဲ့သူ တစ်ဦးဟာ အမှားမှားအယွင်းယွင်း ချစ်ခင်နေကြတဲ့ သူ့ရဲ့ အိမ်က အကောင်လေးတွေဖြစ်တဲ့ ခွေးလေးတစ်ကောင်နဲ့ Anaconda မြွေပေါက်လေးတို့ကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။
ဒီအကောင်လေးတွေဟာ မြင်မြင်ချင်းမှာပဲ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြတာပါတဲ့။
ဒီဗီဒီယိုကို Instagram မှာ @ariawesomeness ဆိုတဲ့ နာမည်နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ မြွေလေးရဲ့ နာမည်ကတော့ Amy ဖြစ်ပြီး ခွေးလေးရဲ့ နောက်ဘက်မှာ တစ်လှုပ်လှုပ်နဲ့ တွေ့ရမှာဖြစ်ပါတယ်။
ခွေးကတော့ မြွေရဲ့ အမြီးကို လျှာနဲ့လျက်ပေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဗီဒီယိုတင်ထားတဲ့သူကတော့ Amy နဲ့ ခွေးလေးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပြီး မြွေမလေးကတော့ သူစားနေကြ ကြွက်တွေနဲ့ ခွေးလေးနဲ့ မတူညီတာကို ကောင်းကောင်းကြီး သိပြီးဖြစ်ပါသတဲ့။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 25, 2016
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment