CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, April 5, 2016
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ WanYi နှင့် တွေ့ဆုံမှုအပြီး သတင်းထောက်များသို့ ပြောကြားချက် အပြည့်အစုံ (နေပြည်တော် ဧပြီ ၅)
ကျွန်မတို့ ဒီလိုအချိန်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးကို ကျမတို့ ကြိုဆိုနိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ရဲ့ အစိုးရဟာ အခုမှဆိုရင် သက်တမ်းက တစ်ပတ်ပဲ ရှိပါသေးတယ်။ ဒီလိုအချိန် ကာလအတွင်းမှာ ဒီကိုလာရောက်ပြီး တော့ လည်ပတ်တာဟာ ကျမတို့နိုင်ငံ အကြားမှာ ရှိတဲ့ ချစ်ကြည်ရေးကို ဖော်ဆောင်တယ်လို့ ကျမက ဒီလိုပဲ ယူဆပါတယ်။
ကျွန်မတို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာနဲ့အမျှ ကျမတို့ရဲ့ ဆက်ဆံရေး ဟာ အင်မတန် အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံရေးအရသာ မဟုတ်ဘူး။ လူမှုရေးအရ စီးပွားရေးအရလည်း အရေးကြီးပါတယ်။ ဒီအရေးကြီးမှုတွေကိုလည်း တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြု တယ်လို့ ကျွန်မတို့ ဒီလိုပဲ မြင်ပါတယ်။
ကျွန်မတို့ရဲ့ အစိုးရဟာ နိုင်ငံခြားရေး မူဝါဒနဲ့ဆိုရင် တကမ္ဘာလုံးနဲ့ ခင်မင်ရင်း နှီးစွာ ကျွန်မတို့ ပူးပေါင်းဆောင်ရွက် ချင်ပါတယ်။ ဒီလို ကျွန်မတို့ တစ်ကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက်၊ လူူသား များစွာ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း ပူးပေါင်း ဆောင်ရွက်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီယုံကြည်ချက်အရ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက လာပြီးတော့ ကျွန်မတိုု့နိုင်ငံရဲ့ ဒီလိုအချိန်မှာ ဂုဏ်ပြုတဲ့အတွက် ကျွန်မတို့ရဲ့ အစိုးရကို ကောင်းသောဆုများ တောင်းပေးတဲ့အတွက် ကျွန်မအနေနဲ့ အင်မတန်မှ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
လူထုခေါင်းဆောင်နှင့်အမေးအဖြေများ
***************************
မေး။ ။ အန်တီက ဒီရွေးကောက်ပွဲ ကမ်ပိန်းတုန်းက NLD အစိုးရသာ နိုင်လို့ရှိရင် မြစ်ဆုံကိစ္စစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်ကိုပေါ့ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို လူထုကို ချပြပြီးတော့ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်ရှင့်။
အဲတော့ ဒီနေ့တွေ့ဆုံမှုမှာကော ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာရှိလား သဘောတူခဲ့တာ ရှိလား။ ပြီးတော့ စာချုပ်ကို လည်း ဘယ်အချိန်လောက်ချ ပြသွားဖို့ ရှိလည်းရှင့်။
ဖြေ။ ။ စာချုပ်က ကျွန်မတောင်မှ မဖတ်ရသေးဘူး။ အဲတော့ ပြည်သူလူထုကို ချပြဖို့ဆိုတာ ခက်ပါလိမ့်မယ်။
မေး။ ။ ဒီနေ့ဆွေးနွေးခဲ့တဲ့ အထဲမှာ ရော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာ ရှိလားရှင့်။ နှစ်ဘက် ပြောခဲ့တာ ရှိလားရှင့်။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးကတော့ ပြောခဲ့တာ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ထူးထူးထွေထွေ ဆွေးနွေးခဲ့တာတော့ မရှိသေးပါဘူး။
.
ဒီလှိုင်းဂျာနယ် သင်္ကြန်ရက် နားပါသဖြင့် ဒီစကားအဖြစ် ဖော်ပြပါသည်။
.
Credit : Minmin Zaw
Photo - Thet Aung
...........................
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္မွ တရုတ္နိုင္ငံျခားေရးဝန္ႀကီး မစၥတာ WanYi နွင့္ ေတြ႔ဆံုမႈအျပီး သတင္းေထာက္မ်ားသို႕ ေျပာၾကားခ်က္ အျပည့္အစံု (ေနျပည္ေတာ္ ဧျပီ ၅)
ကြ်န္မတို႔ ဒီလိုအခ်ိန္မွာ တရုတ္နိုင္ငံရဲ႕ နိုင္ငံျခားေရး ဝန္ႀကီးကို က်မတုိ႔ ႀကိဳဆိုနိုင္တဲ႔အတြက္ အင္မတန္မွ ဝမ္းသာပါတယ္။ ကြ်န္မတို႔ရဲ႕ အစိုးရဟာ အခုမွဆိုရင္ သက္တမ္းက တစ္ပတ္ပဲ ရွိပါေသးတယ္။ ဒီလိုအခ်ိန္ ကာလအတြင္းမွာ ဒီကိုလာေရာက္ျပီး ေတာ့ လည္ပတ္တာဟာ က်မတို႔နိုင္ငံ အၾကားမွာ ရွိတဲ႔ ခ်စ္ၾကည္ေရးကို ေဖာ္ေဆာင္တယ္လို႔ က်မက ဒီလိုပဲ ယူဆပါတယ္။
ကြ်န္မတို႔ဟာ အိမ္နီးခ်င္းနိုင္ငံေတြ ျဖစ္တာနဲ႔အမွ် က်မတို႔ရဲ႕ ဆက္ဆံေရး ဟာ အင္မတန္ အေရးႀကီးပါတယ္။ က်မတို႔ နိုင္ငံေရးအရသာ မဟုတ္ဘူး။ လူမႈေရးအရ စီးပြားေရးအရလည္း အေရးႀကီးပါတယ္။ ဒီအေရးႀကီးမႈေတြကိုလည္း တရုတ္နိုင္ငံအေနနဲ႔ အသိအမွတ္ျပဳ တယ္လို႔ ကြ်န္မတို႔ ဒီလိုပဲ ျမင္ပါတယ္။
ကြ်န္မတို႔ရဲ႕ အစိုးရဟာ နိုင္ငံျခားေရး မူဝါဒနဲ႔ဆိုရင္ တကမာၻလံုးနဲ႔ ခင္မင္ရင္း နွီးစြာ ကြ်န္မတို႔ ပူးေပါင္းေဆာင္ရြက္ ခ်င္ပါတယ္။ ဒီလို ကြ်န္မတို႕ တစ္ကမာၻလံုးနဲ႔ ခင္မင္ရင္းႏွီးစြာ ကြ်န္မတို႔ ျငိမ္းခ်မ္းေရးအတြက္၊ လူူသား မ်ားစြာ တိုးတက္ဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္ရြက္တဲ႔ေနရာမွာ ကြ်န္မတို႕ရဲ႕ အိမ္နီးခ်င္းနိုင္ငံေတြကလည္း ပူးေပါင္း ေဆာင္ရြက္မယ္လို႔ ကြ်န္မတို႔ ယံုၾကည္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီယံုၾကည္ခ်က္အရ တရုတ္နိုင္ငံရဲ႕ နိုင္ငံျခားေရးဝန္ႀကီးက လာျပီးေတာ့ ကြ်န္မတိုု႔နိုင္ငံရဲ႕ ဒီလိုအခ်ိန္မွာ ဂုဏ္ျပဳတဲ႔အတြက္ ကြ်န္မတို႔ရဲ႕ အစိုးရကို ေကာင္းေသာဆုမ်ား ေတာင္းေပးတဲ႔အတြက္ ကြ်န္မအေနနဲ႔ အင္မတန္မွ ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။
လူထုေခါင္းေဆာင္ႏွင့္အေမးအေျဖမ်ား
***************************
ေမး။ ။ အန္တီက ဒီေရြးေကာက္ပြဲ ကမ္ပိန္းတုန္းက NLD အစိုးရသာ နိုင္လို႔ရွိရင္ ျမစ္ဆံုကိစၥစီမံကိန္းနဲ႔ ပတ္သက္တဲ႔ စာခ်ဳပ္ကိုေပါ့ ျမန္မာအစိုးရနဲ႔ တရုတ္ကုမၸဏီတို႔ ခ်ဳပ္ဆိုထားတဲ႔ စာခ်ဳပ္ကို လူထုကို ခ်ျပျပီးေတာ့ ဆံုးျဖတ္သြားမယ္လို႔ ေျပာပါတယ္ရွင့္။
အဲေတာ့ ဒီေန႔ေတြ႔ဆံုမႈမွာေကာ ဒီစီမံကိန္းနဲ႔ ပတ္သက္ျပီးေတာ့ ေဆြးေႏြးခဲ႔တာရွိလား သေဘာတူခဲ႔တာ ရွိလား။ ျပီးေတာ့ စာခ်ဳပ္ကို လည္း ဘယ္အခ်ိန္ေလာက္ခ် ျပသြားဖို႔ ရွိလည္းရွင့္။
ေျဖ။ ။ စာခ်ဳပ္က ကြ်န္မေတာင္မွ မဖတ္ရေသးဘူး။ အဲေတာ့ ျပည္သူလူထုကို ခ်ျပဖို႔ဆိုတာ ခက္ပါလိမ့္မယ္။
ေမး။ ။ ဒီေန႔ေဆြးေႏြးခဲ႔တဲ႔ အထဲမွာ ေရာ ဒီကိစၥနဲ႔ ပတ္သက္ျပီးေတာ့ ေဆြးေႏြးခဲ႔တာ ရွိလားရွင့္။ နွစ္ဘက္ ေျပာခဲ႔တာ ရွိလားရွင့္။
ေျဖ။ ။ ဒီကိစၥနဲ႔ပတ္သက္ျပီးေတာ့ ဝန္ႀကီးကေတာ့ ေျပာခဲ႔တာ ရွိပါတယ္။ ကြ်န္မတို႔အေနနဲ႔ ထူးထူးေထြေထြ ေဆြးေႏြးခဲ႔တာေတာ့ မရွိေသးပါဘူး။
.
ဒီလႈိင္းဂ်ာနယ္ သၾကၤန္ရက္ နားပါသျဖင့္ ဒီစကားအျဖစ္ ေဖာ္ျပပါသည္။
.
Credit : Minmin Zaw
Photo - Thet Aung
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ WanYi နှင့် တွေ့ဆုံမှုအပြီး သတင်းထောက်များသို့ ပြောကြားချက် အပြည့်အစုံ (နေပြည်တော် ဧပြီ ၅)
Reviewed by MP4 YoU
on
April 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment