Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 27, 2016

The Straits Times သတင္းစာအမွားျပင္ေပးဖို႔ ျမန္မာသံရံုးေတာင္းဆိုထား


စကၤာပူႏိုင္ငံက Punggol လို႔ေခၚတဲ့ ပန္းၿခံမွာ ယာယီတဲထိုးၿပီး ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ေနသူ ေတြထဲမွာ ျမန္မာႏိုင္ငံသားေတြပါဝင္ေနတယ္ဆိုၿပီး စင္ကာပူႏိုင္ငံထုတ္ The Straits Times သတင္း စာက ေဆာင္းပါးေရးသားေဖာ္ျပခ်က္ဟာ မွားယြင္းေၾကာင္း သက္ဆိုင္ရာနယ္ေျမခံရဲတပ္ဖြဲ႔ရဲ႕အတည္ ျပဳခ်က္ရယူၿပီးျဖစ္တယ္လို႔ စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးကသံမွဴး ေဒၚေထြးထိပ္တင္လြင္က ေျပာပါတယ္။

ျမန္မာသံရံုးကတာဝန္ရွိသူေတြက ဒီေန႔ ရဲတပ္ဖြဲ႔ကတာဝန္ရွိသူေတြနဲ႔ေတြ႔ဆံုခဲ့ၿပီး အဲဒီလို လုပ္ကိုင္သူ ေတြထဲမွာ ျမန္မာႏိုင္ငံသားေတြမပါဝင္ေၾကာင္း အတည္ျပဳခ်က္ ရယူခဲ့တာ ျဖစ္တယ္လို႔ သံမွဴး ေဒၚေထြးထိပ္တင္လြင္က ေျပာပါတယ္။

"ေန႔လည္ ၂ နာရီခြဲတုန္းက နယ္ေျမပိုင္ရဲမွဴးနဲ႔ သြားေရာက္ေတြ႔ဆံုခဲ့ပါတယ္၊ ဒါဒုတိယအႀကိမ္သြားေရာက္ေတြ႔ဆံုတာပါ၊ ေတြ႔ဆံုတဲ့အခါက်ေတာ့ သူတို႔ဘက္က ေဆြးေႏြးခ်က္အရ ျမန္မာႏိုင္ငံသားတစ္ေယာက္မွ ပါဝင္ပတ္သက္ျခင္းမရွိပါဘူး၊ သူတို႔တရားဝင္စာပို႔ေပးပါမယ္၊ က်ေနာ္ရဲ႕ေကာင္စစ္လုပ္ငန္း ၃ ႏွစ္တာေပါ့ေနာ္၊ ကိစၥရပ္ေတြမွာ အက်ဥ္းေထာင္ေတြထဲမွာ သြားေတြ႔ရတာတို႔၊ လူဝင္မႈႀကီးၾကပ္ေရးဌာနရဲ႕အက်ဥ္းစခန္းကေနသြားေတြ႔ရတာ တို႔ရဲ႕အေတြ႔ အႀကံဳေတြအရ ျပည့္တန္ဆာလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံသားအမ်ိဳးသမီးေတြ တစ္ေယာက္မွ ပါဝင္ပတ္သက္ျခင္းမရွိပါဘူး"

ဒါ့အျပင္ The Straits Times သတင္းစာတိုက္ထံ ေဆာင္းပါးကို ျပင္ဆင္ေရးသားေပးဖို႔ ျမန္မာသံရံုး ဘက္က အေၾကာင္းၾကားစာေပးပို႔ထားၿပီး သတင္းေရးသားသူထံလည္း အမွားျပင္ဆင္ခ်က္ေရးသားဖို႔ အသိေပးထားတယ္လို႔ ေျပာပါတယ္။

စင္ကာပူႏိုင္ငံရဲ့ ျပည့္တန္ဆာလုပ္ငန္းေတြမွာ ျမန္မာႏိုင္ငံသားေတြ ပါဝင္ပတ္သက္ေနတယ္ဆိုၿပီး အခုလ ၂၅ ရက္ေန႔ထုတ္ The Straits Times သတင္းစာမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဲဒီလိုသတင္းစာက ေဖာ္ျပခဲ့တာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံသားေတြက မေက်နပ္မွဳေတြရွိတာ ေၾကာင့္ သံရံုးဘက္က စံုစမ္းစစ္ေဆးမွဳေတြကို ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ခဲ့တာျဖစ္တယ္လို႔ ေျပာ ပါတယ္။

ေဆာင္းပါးေရးသားသူထံ သံရံုးဘက္က ဆက္သြယ္ေမးျမန္းရာမွာ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္သူ ေတြရဲ့ ေျဖၾကားခ်က္အရ ျမန္မာႏိုင္ငံသားေတြပါဝင္တယ္လို႔ သိရတာေၾကာင့္ ထည့္သြင္းေရးသားခဲ့တာျဖစ္တယ္လို႔ ေျပာေၾကာင္း သံမွဴးေဒၚေထြးထိပ္တင္လြင္က ေျပာပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

...............................................


စင်္ကာပူနိုင်ငံက Punggol လို့ခေါ်တဲ့ ပန်းခြံမှာ ယာယီတဲထိုးပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူ တွေထဲမှာ မြန်မာနိုင်ငံသားတွေပါဝင်နေတယ်ဆိုပြီး စင်ကာပူနိုင်ငံထုတ် The Straits Times သတင်း စာက ဆောင်းပါးရေးသားဖော်ပြချက်ဟာ မှားယွင်းကြောင်း သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ရဲ့အတည် ပြုချက်ရယူပြီးဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။

မြန်မာသံရုံးကတာဝန်ရှိသူတွေက ဒီနေ့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး အဲဒီလို လုပ်ကိုင်သူ တွေထဲမှာ မြန်မာနိုင်ငံသားတွေမပါဝင်ကြောင်း အတည်ပြုချက် ရယူခဲ့တာ ဖြစ်တယ်လို့ သံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။

"နေ့လည် ၂ နာရီခွဲတုန်းက နယ်မြေပိုင်ရဲမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်၊ ဒါဒုတိယအကြိမ်သွားရောက်တွေ့ဆုံတာပါ၊ တွေ့ဆုံတဲ့အခါကျတော့ သူတို့ဘက်က ဆွေးနွေးချက်အရ မြန်မာနိုင်ငံသားတစ်ယောက်မှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး၊ သူတို့တရားဝင်စာပို့ပေးပါမယ်၊ ကျနော်ရဲ့ကောင်စစ်လုပ်ငန်း ၃ နှစ်တာပေါ့နော်၊ ကိစ္စရပ်တွေမှာ အကျဉ်းထောင်တွေထဲမှာ သွားတွေ့ရတာတို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့အကျဉ်းစခန်းကနေသွားတွေ့ရတာ တို့ရဲ့အတွေ့ အကြုံတွေအရ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားအမျိုးသမီးတွေ တစ်ယောက်မှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး"

ဒါ့အပြင် The Straits Times သတင်းစာတိုက်ထံ ဆောင်းပါးကို ပြင်ဆင်ရေးသားပေးဖို့ မြန်မာသံရုံး ဘက်က အကြောင်းကြားစာပေးပို့ထားပြီး သတင်းရေးသားသူထံလည်း အမှားပြင်ဆင်ချက်ရေးသားဖို့ အသိပေးထားတယ်လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အခုလ ၂၅ ရက်နေ့ထုတ် The Straits Times သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလိုသတင်းစာက ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေက မကျေနပ်မှုတွေရှိတာ ကြောင့် သံရုံးဘက်က စုံစမ်းစစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြော ပါတယ်။

ဆောင်းပါးရေးသားသူထံ သံရုံးဘက်က ဆက်သွယ်မေးမြန်းရာမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ တွေရဲ့ ဖြေကြားချက်အရ မြန်မာနိုင်ငံသားတွေပါဝင်တယ်လို့ သိရတာကြောင့် ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်လို့ ပြောကြောင်း သံမှူးဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment