Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ( Chancellor ) ဆိုသည်မှာ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ( Chancellor ) ဆိုတဲ့ ရာထူးဟာ ဘယ်လို အဆင့်မျိုးလဲ ဆိုပြီး ရှာဖွေ ကြည့်မိတယ်။
ဂျာမဏီကဲ့သို့သောအချို့ ဥရောပ နိုင်ငံများ၏ အစိုးရအဖွဲ့ရဲ့ ဥသျှောင်
(၀ါ) နိုင်ငံတော် အဓိပတိ ဖြစ်သည် လို့ အဘိဓါန်က ဆိုပါတယ်။
(The head of the government in some European countries, such as Germany.)
ဒါနဲ့ ဂျာမဏီနိုင်ငံမှာ လက်ရှိ Chancellor Of Germany က ဘယ်သူလဲ ဆိုပြီး ရှာဖွေကြည့်မိတော့Angela Merkel | chancellor of Germany ဆိုပြီး
 တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရသွားတဲ့ ရာထူးဟာ ဂျာမဏီ အဓိပတိ အင်ဂလာမာခဲ နဲ့ တန်းတူဖြစ်ပါတယ်။
အဓိကတော့ ပြည်သူ့ ထောက်ခံချက်ပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ အာဏာပိုင်ဆိုတာ ပြည်သူပါပဲ။
၅၉(စ) ဆိုတဲ့ မဖြစ်ညစ်ကျယ် ပုဒ်မနဲ့ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး
အကြီးဆုံးရာထူး မရအောင် တားတာကို ဒေါ်စုကျော်ဖြတ်ပြလိုက်ပုံက
လက်ဖျားခါလောက်ပါတယ်။
သမ္မတ အထက်က ရှိမယ် ဆိုပြီး ပြောခဲ့တာလည်း နောက်ကွယ်က ကြိုးကိုင်မှာ မဟုတ်ပဲ ဥပဒေအတိုင်းပဲ လုပ်မှာပါ ဆိုတာ အဲ့ဒီအချိန်တုန်းက ဘယ်သူမှ မရိပ်မိခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိုဘားမား အင်ဂလာမာခဲ တို့နဲ့ တစ်တန်းထဲ ဖြစ်သွားပြီမို့ ဘယ်နိုင်ငံသွားသွား ကော်ဇောနီခင်း အကြိုခံရမယ့် ရာထူးဖြစ်သွား
ပါပြီ။
ပြည်သူ့ဆန္ဒ ပြည့်ဝပြီလို့ ဆိုနိုင်ပါပြီ။
( Share နိုင်ပါတယ်။ )
Zaw Lwin Win
ဆက္စပ္သတင္း


.........................................
ပုဒ္မ ၂၁၇
“ဖြဲ႔စည္းပံု အေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားႏွင့္ မဆန္႔က်င္ေစဘဲ ျပည္ေထာင္စု၏ အုပ္ခ်ဳပ္မႈအာဏာသည္ ႏိုင္ငံေတာ္သမၼတ၌ တည္ရွိသည္။ ဤစကားရပ္ေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္သည္ အာဏာပိုင္ အဖြဲ႔အစည္းတရပ္ရပ္အားလည္းေကာင္း၊ အာဏာပိုင္ပုဂၢိဳလ္ တဦးဦးအားလည္းေကာင္း တာ၀န္ႏွင့္
လုပ္ပုိင္ခြင့္မ်ား ေပးအပ္ျခင္း မျပဳႏုိင္ဟု မမွတ္ယူရ။ ထုိ႔ျပင္ ယင္းစကားရပ္ေၾကာင့္ တည္ဆဲဥပေဒမ်ားအရ သက္ဆုိင္ရာ အာဏာပိုင္အဖြဲ႔အစည္း တရပ္ရပ္အားျဖစ္ေစ၊ သက္ဆုိင္ရာ အာဏာပိုင္ပုဂၢိဳလ္ တဦးဦးအားျဖစ္ေစ အပ္ႏွင္းထားသည့္ တာ၀န္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို ႏုိိင္ငံေတာ္သမၼတအား လႊဲေျပာင္းေပးအပ္သည္ဟု မမွတ္ယူရ”

ပုဒ္မ ၂၁၈ (က) … “ျပည္ေထာင္စုအစိုးရ၏ အုပ္ခ်ဳပ္ေရးဆုိင္ရာ အေရးယူ ေဆာင္ရြက္ခ်က္ အားလံုးကို ႏိုိင္ငံေတာ္သမၼတ၏ အမည္ျဖင့္ အေရးုယူေဆာင္ရြက္ရမည္”

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ( Chancellor ) ဆိုသည္မွာ
..................................................
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ( Chancellor ) ဆိုတဲ႔ ရာထူးဟာ ဘယ္လို အဆင့္မ်ိဳးလဲ ဆိုျပီး ရွာေဖြ ၾကည့္မိတယ္။
ဂ်ာမဏီကဲ႔သို႔ေသာအခ်ိဳ႕ ဥေရာပ ႏိုင္ငံမ်ား၏ အစိုးရအဖြဲ႕ရဲ႕ ဥေသွ်ာင္
(၀ါ) ႏိုင္ငံေတာ္ အဓိပတိ ျဖစ္သည္ လို႔ အဘိဓါန္က ဆိုပါတယ္။
(The head of the government in some European countries, such as Germany.)
ဒါနဲ႔ ဂ်ာမဏီႏိုင္ငံမွာ လက္ရွိ Chancellor Of Germany က ဘယ္သူလဲ ဆိုျပီး ရွာေဖြၾကည့္မိေတာ့Angela Merkel | chancellor of Germany ဆိုျပီး
 ေတြ႔ရပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ရသြားတဲ႔ ရာထူးဟာ ဂ်ာမဏီ အဓိပတိ အင္ဂလာမာခဲ နဲ႔ တန္းတူျဖစ္ပါတယ္။
အဓိကေတာ့ ျပည္သူ႔ ေထာက္ခံခ်က္ပဲ ျဖစ္ပါတယ္။
ဒီမိုကေရစီမွာ အာဏာပိုင္ဆိုတာ ျပည္သူပါပဲ။
၅၉(စ) ဆိုတဲ႔ မျဖစ္ညစ္က်ယ္ ပုဒ္မနဲ႔ တစ္ဦးတစ္ေယာက္ကို ရည္ရြယ္ျပီး
အၾကီးဆံုးရာထူး မရေအာင္ တားတာကို ေဒၚစုေက်ာ္ျဖတ္ျပလိုက္ပံုက
လက္ဖ်ားခါေလာက္ပါတယ္။
သမၼတ အထက္က ရွိမယ္ ဆိုျပီး ေျပာခဲ႔တာလည္း ေနာက္ကြယ္က ၾကိဳးကိုင္မွာ မဟုတ္ပဲ ဥပေဒအတိုင္းပဲ လုပ္မွာပါ ဆိုတာ အဲ႔ဒီအခ်ိန္တုန္းက ဘယ္သူမွ မရိပ္မိခဲ႔ဘူး။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အိုဘားမား အင္ဂလာမာခဲ တို႔နဲ႔ တစ္တန္းထဲ ျဖစ္သြားျပီမို႔ ဘယ္ႏိုင္ငံသြားသြား ေကာ္ေဇာနီခင္း အၾကိဳခံရမယ့္ ရာထူးျဖစ္သြား
ပါျပီ။
ျပည္သူ႔ဆႏၵ ျပည့္၀ျပီလို႔ ဆိုႏိုင္ပါျပီ။
( Share ႏိုင္ပါတယ္။ )
Zaw Lwin Win

No comments:

Post a Comment