Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 27, 2016

ေဒၚစုၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အပစ္ရပ္ပူးတြဲေကာ္မတီနဲ႔ ေတြ႔ဆံုမည္

ျပည္ေထာင္စုလႊတ္ေတာ္မွာ က်င္းပတဲ့ သမၼတက်မ္းသစၥာက်ိန္ဆိုပဲြကို တက္ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ (မတ္လ ၃၀ ရက္)
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ ပထမဆံုးအႀကိမ္အျဖစ္အရင္သမၼတ ဦးသိန္းစိန္အစိုးရဖဲြ႕စည္းခဲ့တဲ့ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီ (JMC)နဲ႔ ဒီကေန႔ (ဗုဒၶဟူးေန႔) ေန႔လည္ပိုင္းမွာေတြ႕ဆံုမွာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဒီပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီအေပၚ ဘယ္လိုသေဘာထားမလဲ၊ ေနာက္ ဘယ္လိုပူးေပါင္းေဆာင္ရြက္ၿပီး သြားႏိုင္မလဲ။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ သူရဲ႕ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ ေျပာၾကားတဲ့ ျမန္မာႏွစ္သစ္ကူးမိန္႕ခြန္းထဲမွာၿငိမ္းခ်မ္းေရးတည္ေဆာက္မႈဆိုင္ရာလုပ္ငန္းေတြနဲ႔ပတ္သက္ရင္ အရင္အစိုးရအေကာင္အထည္ေဖၚခဲ့တာေတြကို ပစ္ပယ္ဖို႔ မရွိဘူးလို႔ ထည့္သြင္းေျပာၾကားၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ သမၼတဦးသိန္းစိန္လက္ထက္မွာဖဲြ႕စည္းခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးေကာ္မတီနဲ႔ ေတြ႕ဆံုမွာျဖစ္ပါတယ္။

အခုလိုေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုရာမွာ လက္ရွိေကာ္မတီနဲ႔ ဘယ္လိုညွဳိႏႈိင္းေဆာင္ရြက္မလဲဆိုတာကို ေဆြးေႏြးဖို႔ရွိေၾကာင္း အပစ္အခတ္ရပ္စဲေရးဆိုင္ရာပူးတဲြ ေစာင့္ၾကည့္ေရးေကာ္မတီ (JMC) ရဲ႕လက္ရွိဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က မေန႔က ေနျပည္ေတာ္မွာစတင္က်င္းပတဲ့ ငါးႀကိမ္ေျမာက္ေကာ္မတီအစည္းအေ၀းမွာ အခုလို ေျပာသြားပါတယ္။

“အစိုးရသစ္ကေနၿပီးေတာ့ ၿငိမ္းခ်မ္းေရးအတြက္ တာဝန္ယူ မယ့္ ႏိုင္ငံေတာ္အတိုင္ပင္ခင္ပုဂၢိဳလ္နဲ႔ က်ေနာ္တို႔ေတြ႔ ဆံုေဆြးေႏြးဖို႔ ျဖစ္ပါတယ္၊ ဒီပိုင္းကိုလည္း က်ေနာ္ တို႔ဘယ္လိုေဆြးေႏြးမလဲ၊ ဘာေတြေဆြးေႏြးမယ္ဆိုတာကိုလည္း ဒီမွာညွိႏိႈင္းေဆာင္ရြက္သြားဖို႔ျဖစ္ပါတယ္။”

ဦးသိန္းစိန္အစိုးရအဖဲြ႔ဟာ အရင္စစ္အစိုးရလက္ထက္ေတြတုန္းကလိုမဟုတ္ပဲ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အပစ္အခတ္ရပ္စဲေရးစတင္ၿပီး ေဆာင္ရြက္ႏိုင္ခဲ့တဲ့အေပၚမွာ တန္ဖိုးထားေၾကာင္းနဲ႔ ဆက္ၿပီးၿပီးေျမာက္ေအာင္ အားလံုးပါ၀င္ႏိုင္ေရးႀကိဳးစားသြားမွာျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က သူရဲ႕ႏွစ္သစ္ကူးမိန္႔ခြန္းမွာေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီသေဘာထားကို ႀကိဳဆိုေၾကာင္း NCA အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ KNU ကရင္အမ်ဳိးသားအစည္းအရံုးကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ ေစာအုိင္းဇက္ဖိုးက JMC ေကာ္မတီအစည္းအေ၀းတြင္းမွာ အခုလိုေျပာသြားပါတယ္။

“သမၼတဦးသိန္းစိန္လက္ထက္မွာပဲ ဒီအခြင့္အေရးကို ပထမဆံုးရရွိခဲ့တာျဖစ္ပါတယ္။ ေနာက္တက္လာတဲ့အစိုးရသစ္ သမၼတႀကီး ဦးထင္ေက်ာ္နဲ႔တကြ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကလည္း က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကို ဆက္လက္ၿပီးအေကာင္အထည္ေဖၚသြားမယ္လို႔ ေျပာၾကားတဲ့အတြက္ က်ေနာ္တို႔၀မ္းပန္းတသာႀကိဳဆိုပါတယ္။ အခုဟာက လက္မွတ္ထိုးထားတဲ့အဖဲြ႕ (၈)ဖဲြ႔ ပဲရွိေသးတဲ့အတြက္ တျပည္လံုးမွာၿငိမ္းခ်မ္းေရးစဖို႔ဆိုတာ အပစ္အခတ္ရပ္စဲေရးမွာ လက္မွတ္ေရးမထိုးေသးတဲ့ က်န္ေနတဲ့ အဖဲြ႕အစည္းေတြပါ၀င္လာဖို႔ ဆႏၵျပဳပါတယ္။”

JMC ပူးတဲြေစာင့္ၾကည့္ေရးေကာ္မတီမွာ NCA မွာလက္မွတ္ထိုးတာတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ (၈)ဖဲြ႕အပါအ၀င္ စစ္တပ္နဲ႔ အရင္အစိုးရကိုယ္စားလွယ္ေတြနဲ႔ ပါ၀င္တာပါ။ ဒီအေတာအတြင္းမွာပဲ NCA အပစ္အခတ္ရပ္စဲေရးမွာပါ၀င္လက္မွတ္ေရးထိုးထားျခင္းမရွိတဲ့ ကိုးကန္႔လက္နက္ကိုင္အဖဲြ႔ MNDAA၊ တေအာင္းတပ္မေတာ္ TNLA နဲ႔ ရခိုင့္တပ္မေတာ္ AA အဖဲြ႕တို႔ကေန ဒုတိယဗိုလ္ခ်ဳပ္ႀကီး (ေဟာင္း)ခင္ေဇာ္ဦး ဦးေဆာင္တဲ့ အရင္အစိုးရၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႕နဲ႔ အလြတ္သေဘာေတြ႕ဆံုေဆြးေႏြးဖို႔မရွိေၾကာင္း မေန႔အဂၤါေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ AA ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သူခက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“အဓိကကေတာ့ က်ေနာ္တို႔ တိုင္းရင္းသားညီအကိုေတြရဲ႕ ေဒသအေတာ္မ်ားမ်ားမွာ ျမန္မာ့တပ္မေတာ္ဘက္ကေနထိုးစစ္ေတြဆက္ၿပီးေတာ့လုပ္ေနတယ္။ အထူးသျဖင့္ က်ေနာ္တို႔ ရခိုင္ေဒသမွာဆိုလို႔ရွိရင္ ျမန္မာ့တပ္မေတာ္ဘက္ကေန က်ေနာ္တို႔ရခိုင့္တပ္မေတာ္ကို အျပတ္တိုက္ေရးေၾကြးေၾကာ္ၿပီးေတာ့မွ လက္ရွိမွာ ထိုးစစ္ေတြအႀကီးအက်ယ္လုပ္ေနတာေတြရွိတယ္။ အဲဒီလို ထိုးစစ္ေတြအႀကီးအက်ယ္ရွိေနတဲ့ကာလမွာ က်ေနာ္တို႔ဘက္က အလြတ္သေဘာမေတြ႕သင့္ဘူးလို႔ ဆံုးျဖတ္တဲ့အတြက္ေၾကာင့္ မေတြ႕ေတာ့ဘူးဆိုၿပီး ထုတ္ျပန္တာျဖစ္ပါတယ္။”

ေမး။ ။ ျပည္တြင္းမွာေတာ့ ၿငိမ္းခ်မ္းကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဦးေဆာင္ေတာ့မွာဆိုေတာ့ ဒီအေပၚမွာ ဘာေတြေမွ်ာ္လင့္ထားလဲရွင့္။

ခိုင္သူခ။ ။ က်ေနာ္တို႔ကလည္း အစကတည္းကလဲ ေျပာၿပီးသာရွိတယ္ဗ်။ ႏွစ္ေပါင္း (၅၄)ႏွစ္အတြင္း ပထမဆံုးတက္လာတဲ့ ျပည္သူ႔အစိုးရျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ႀကိဳဆိုတယ္၊ ၀မ္းသာတယ္ဆိုတဲ့အေၾကာင္း က်ေနာ္တို႔ဘက္က ထုတ္ျပန္ထားၿပီးသားရွိတယ္။ အခု ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၿငိမ္းခ်မ္းလုပ္ငန္းစဥ္ေတြကို သူကိုယ္တိုင္လုပ္ေတာ့မယ္ဆိုေတာ့ ေတာ္ေတာ္၀မ္းသာစရာေကာင္းတဲ့ကိစၥဗ်။ က်ေနာ္တို႔ကေတာ့ ႀကိဳဆိုတယ္။

ေမး၊ ။ သူကိုယ္တိုင္ဦးေဆာင္မယ္ဆိုေပမဲ့ တဖက္မွာလည္း စစ္တပ္နဲ႔ ထိပ္တိုက္ေတြ႕ေနတဲ့အခ်ိန္မွာ အခက္အခဲေတြရွိလားႏိုင္မလားရွင့္။

ခိုင္သူခ။ ။ က်ေနာ္တို႔အျမင္ကေတာ့ေလ အခုတက္လာတဲ့အစိုးရက ျမန္မာ့တပ္မေတာ္ေပၚမွာ ဘယ္ေလာက္ထိသူတို႔အေနနဲ႔ ညွဳိႏႈိင္းလို႔ရႏိုင္မလဲ၊ ျမန္မာ့တပ္မေတာ္ကို အစိုးရအေနနဲ႔ ဘယ္ေလာက္ထိန္းခ်ဳပ္ႏိုင္မလဲဆိုတဲ့အေပၚမွာ အမ်ားႀကီးမူတည္တယ္ဗ်။

ရခိုင့္တပ္မေတာ္ AA ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သူခ ေျပာသြားတာပါ။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................................................


ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၃၀ ရက်)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ်အရင်သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)နဲ့ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်းမှာတွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပူးတွဲစောင့်ကြည့်ရေးကော်မတီအပေါ် ဘယ်လိုသဘောထားမလဲ၊ နောက် ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီး သွားနိုင်မလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြောကြားတဲ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းထဲမှာငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင် အရင်အစိုးရအကောင်အထည်ဖေါ်ခဲ့တာတွေကို ပစ်ပယ်ဖို့ မရှိဘူးလို့ ထည့်သွင်းပြောကြားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်လက်ထက်မှာဖွဲ့စည်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကော်မတီနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အခုလိုဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လက်ရှိကော်မတီနဲ့ ဘယ်လိုညှိုနှိုင်းဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးဖို့ရှိကြောင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့လက်ရှိဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မနေ့က နေပြည်တော်မှာစတင်ကျင်းပတဲ့ ငါးကြိမ်မြောက်ကော်မတီအစည်းအဝေးမှာ အခုလို ပြောသွားပါတယ်။

“အစိုးရသစ်ကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တာဝန်ယူ မယ့် နိုင်ငံတော်အတိုင်ပင်ခင်ပုဂ္ဂိုလ်နဲ့ ကျနော်တို့တွေ့ ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်၊ ဒီပိုင်းကိုလည်း ကျနော် တို့ဘယ်လိုဆွေးနွေးမလဲ၊ ဘာတွေဆွေးနွေးမယ်ဆိုတာကိုလည်း ဒီမှာညှိနှိုင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။”

ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလိုမဟုတ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးစတင်ပြီး ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ တန်ဖိုးထားကြောင်းနဲ့ ဆက်ပြီးပြီးမြောက်အောင် အားလုံးပါ၀င်နိုင်ရေးကြိုးစားသွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီသဘောထားကို ကြိုဆိုကြောင်း NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက JMC ကော်မတီအစည်းအဝေးတွင်းမှာ အခုလိုပြောသွားပါတယ်။

“သမ္မတဦးသိန်းစိန်လက်ထက်မှာပဲ ဒီအခွင့်အရေးကို ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ နောက်တက်လာတဲ့အစိုးရသစ် သမ္မတကြီး ဦးထင်ကျော်နဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆက်လက်ပြီးအကောင်အထည်ဖေါ်သွားမယ်လို့ ပြောကြားတဲ့အတွက် ကျနော်တို့ဝမ်းပန်းတသာကြိုဆိုပါတယ်။ အခုဟာက လက်မှတ်ထိုးထားတဲ့အဖွဲ့ (၈)ဖွဲ့ ပဲရှိသေးတဲ့အတွက် တပြည်လုံးမှာငြိမ်းချမ်းရေးစဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးမထိုးသေးတဲ့ ကျန်နေတဲ့ အဖွဲ့အစည်းတွေပါ၀င်လာဖို့ ဆန္ဒပြုပါတယ်။”

JMC ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ NCA မှာလက်မှတ်ထိုးတာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့အပါအဝင် စစ်တပ်နဲ့ အရင်အစိုးရကိုယ်စားလှယ်တွေနဲ့ ပါ၀င်တာပါ။ ဒီအတောအတွင်းမှာပဲ NCA အပစ်အခတ်ရပ်စဲရေးမှာပါ၀င်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအောင်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့ကနေ ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ဇော်ဦး ဦးဆောင်တဲ့ အရင်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့မရှိကြောင်း မနေ့အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သူခက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ တိုင်းရင်းသားညီအကိုတွေရဲ့ ဒေသအတော်များများမှာ မြန်မာ့တပ်မတော်ဘက်ကနေထိုးစစ်တွေဆက်ပြီးတော့လုပ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ရခိုင်ဒေသမှာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ဘက်ကနေ ကျနော်တို့ရခိုင့်တပ်မတော်ကို အပြတ်တိုက်ရေးကြွေးကြော်ပြီးတော့မှ လက်ရှိမှာ ထိုးစစ်တွေအကြီးအကျယ်လုပ်နေတာတွေရှိတယ်။ အဲဒီလို ထိုးစစ်တွေအကြီးအကျယ်ရှိနေတဲ့ကာလမှာ ကျနော်တို့ဘက်က အလွတ်သဘောမတွေ့သင့်ဘူးလို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် မတွေ့တော့ဘူးဆိုပြီး ထုတ်ပြန်တာဖြစ်ပါတယ်။”

မေး။ ။ ပြည်တွင်းမှာတော့ ငြိမ်းချမ်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တော့မှာဆိုတော့ ဒီအပေါ်မှာ ဘာတွေမျှော်လင့်ထားလဲရှင့်။

ခိုင်သူခ။ ။ ကျနော်တို့ကလည်း အစကတည်းကလဲ ပြောပြီးသာရှိတယ်ဗျ။ နှစ်ပေါင်း (၅၄)နှစ်အတွင်း ပထမဆုံးတက်လာတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ကြိုဆိုတယ်၊ ၀မ်းသာတယ်ဆိုတဲ့အကြောင်း ကျနော်တို့ဘက်က ထုတ်ပြန်ထားပြီးသားရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေကို သူကိုယ်တိုင်လုပ်တော့မယ်ဆိုတော့ တော်တော်ဝမ်းသာစရာကောင်းတဲ့ကိစ္စဗျ။ ကျနော်တို့ကတော့ ကြိုဆိုတယ်။

မေး၊ ။ သူကိုယ်တိုင်ဦးဆောင်မယ်ဆိုပေမဲ့ တဖက်မှာလည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ အခက်အခဲတွေရှိလားနိုင်မလားရှင့်။

ခိုင်သူခ။ ။ ကျနော်တို့အမြင်ကတော့လေ အခုတက်လာတဲ့အစိုးရက မြန်မာ့တပ်မတော်ပေါ်မှာ ဘယ်လောက်ထိသူတို့အနေနဲ့ ညှိုနှိုင်းလို့ရနိုင်မလဲ၊ မြန်မာ့တပ်မတော်ကို အစိုးရအနေနဲ့ ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်ဗျ။

ရခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သူခ ပြောသွားတာပါ။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment