၂၀၁၂ ဧပြီလ (၉) ရက်နေ့က စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ
အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘ၀အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့
အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ်ပုဒ်မ ၃၃ (က) အပါအ၀င် ပုဒ်မ ၅/ညနဲ့ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ကြီး နေလင်းဒွေးနှင့် အခြား လေတပ်အရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တာဝန်ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက် ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးတင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၄င်းအား စစ်ခုံးရုံးက စီရင်ချက်ချစဉ် ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဟု သိရသည်။
ဓါတ်ပုံ - ဇော်လင်းဒွေး
The Ladies News
The Ladies News
No comments:
Post a Comment