ပြီးခဲ့တဲ့ဧပြီလ ၃ရက်နေ့တွင် ထိုင်းနိုင်ငံ လန်ပန်ခရိုင် ထုံမြို့နယ် လောင်းရက်ရပ်ကွက် အိမ်အမှတ် ၁၉၃တွင် လူသတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။ မြန်မာနိုင်သား ကိုဘိုး အသက် ၃၂နှစ်ဆိုသူက မစ်ဖတ်ထရကွန် အသက် ၄၉နှစ်ဆိုတဲ့ ယောင်္ကျားလျှာအမျိုးသမီးတစ်ဦးကို လည်ပင်းဖြတ် သတ်ဖြတ်ပြီး အလောင်းကို အိမ်သာထဲဆွဲထည့်ပြီး ရွာအပြင်ဘက်ရှိတောထဲတနေရာသို့ထွက်ပြေးပုန်းအောင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့စစ်တပ်တွေပူးပေါင်းပြီး လူဆိုးထွက်ပြေးသွားတဲ့တောကို ကြာရှည်စွာဝန်းရံထားကာ လူဆိုးကရေဆာဗိုက်ဆာလွန်းသည့်အတွက် မနေ့ဧပြီလ ၄ရက်နေ့နံနက် ၁၀နာရီလောက်တွင် တောတွင်းမှထွာလာပြီး အဖမ်းခံခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ တရားခံကိုဘိုးဟာ သေသွားတဲ့လူနဲ့စျေးမှာ အသားရောင်းဆိုင်တစ်ဆိုင်မှာအသားရောင်းနေကြပါတယ်။ ညနေဘက်စျေးရောင်းအပြီးတွင် အခန်းပြန်ပြီး အရက်အတူသောက်ကြပါတယ်။ အရက်သောက်နေရင်းအရက်မူးလာတာနဲ့ တစ်ဦးနဲ့တစ်ဦးအပြင်းအထန်စကားများငြင်းခုံကြကာ ဓားကိုယူပြီးလည်ပင်းဖြတ်လိုက်တယ်လို့ပြောသွားပါတယ်။ လက်ရှိမှာလူသတ်အမှုနဲ့ ဥပဒေအရတရားဆွဲဆိုထားပါတယ်။
MTF Channel
https://www.facebook.com/mtftv
............
MTF Channel
No comments:
Post a Comment