Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

အိမ္တြင္းျဖစ္ အၾကမ္းဖက္ ကာကြယ္ေရး စပေရးအရည္ ေဖၚစပ္နည္း







 1 April 2016

အမ်ိဳးသမီးအားလံုး အတြက္ လုရက္မွု -အၾကမ္းဖက္မွုေတြ ခံလာရတဲ့အခါ မိမိကိုယ္ မိမိကာကြယ္နို္င္တဲ့ ေဆးေရေဖၚစပ္နည္းေလး ပါ။ ထိေရာက္မွုရွိျပီး အသက္အႏၱရယ္ေဘး မွ လြတ္ေျမာက္နိုင္ပါတယ္။
ပါ၀င္ေဖၚစပ္ရမည့္ အသံုးအေဆာင္ပစၥည္းမ်ား။

(၁)-2 tablespoons cayenne pepper (Chili peper powder) ျငဳတ္သီးမွုန္ ့
(၂)-Rubbing alcohol (အရက္ပ်ံ)
(၃)-oil (Baby oil, or cooking oil) စားသံုးဆီ(သို ့)ခေလးလိမ္းအလွဆီ
(၄)-Coffee filter(အ၀တ္ပါးပါး)
(၅)-Containers (ဖန္ခြတ္)
(၆)-Small spray bottle (ေရမွုန္ေရမႊား ျဖန္းပက္နိုင္သည့္ ဗူးငယ္)

ေဖၚစပ္ပံု။
ျငဳတ္သီးအမွုန္ ့ နွစ္ဇြန္းအား ဖန္ခြတ္ငယ္တြင္ထည့္ပါ-ျပီးလၽွ်င္ အရက္ပ်ံပုလင္းေသး တ၀က္ေလာင္းထည္၍ ဇြန္းျဖင့္ သမေအာင္ေမႊ၊ျပီးပါက စားဆီတဇြန္းထည္းပါ၊ဖန္ခြတ္အေပၚမွအဖုန္းျဖင့္ ပိတ္၍ သမေအာင္ ႏွစ္မိႏွစ္ခန္ ့ လွုပ္ခါေပးရပါမယ္။

ရလာတဲ့အရည္ကို ပိတ္ပါးပါးနဲ ့ ခံျပီး အရည္စစ္ေပးပါ။
အသင့္ရွာထားတဲ့ စပေရးေရျဖန္း ဘူးအေဟာင္းလးထဲ ထည့္ထားလိုက္ပါ။
အသံုးမျပဳခင္ စပေရးဘူးကို အသံုးျပဳလို ့ ရမရ စစ္ေဆးၾကည့္ေပါ့။

အသံုးျပဳပံု
အဆိုပါဘူးငယ္ေလးေတြကို ပိုက္ဆံအိပ္-လြယ္အိပ္-ခရီးေဆာင္အိပ္စတဲ့ အလြယ္တကူ ထုတ္ျပီး အသံုးျပဳလို ့ ရတဲ့ ေနရာမွာ ထားရပါတယ္၊ အႏၱယ္ရွိလာပါက မိမိအနီးနားသို ့ကပ္လာတဲ့ လူဆိုးသို ့မဟုတ္ -ေခြးဆိုးကို တေပမွ သံုးေပအကြာေ၀းအထိ မ်က္နွာ တည့္တည့္ ပက္ျဖန္းကာ ကာကြယ္နိုင္ပါတယ္။

ျမန္မာအမ်ိဳးသမီးအားလံုး ေဘးအႏၱရယ္အေပါင္းမွလြတ္ေျမာက္ၾကပါေစ

Social Action for Women - SAW

.........................................................


အိမ်တွင်းဖြစ် အကြမ်းဖက် ကာကွယ်ရေး စပရေးအရည် ဖေါ်စပ်နည်း
Posted on 1April 2016

အမျိုးသမီးအားလုံး အတွက် လုရက်မှု -အကြမ်းဖက်မှုတွေ ခံလာရတဲ့အခါ မိမိကိုယ် မိမိကာကွယ်နို်င်တဲ့ ဆေးရေဖေါ်စပ်နည်းလေး ပါ။ ထိရောက်မှုရှိပြီး အသက်အန္တရယ်ဘေး မှ လွတ်မြောက်နိုင်ပါတယ်။
ပါ၀င်ဖေါ်စပ်ရမည့် အသုံးအဆောင်ပစ္စည်းများ။

(၁)-2 tablespoons cayenne pepper (Chili peper powder) ငြုတ်သီးမှုန် ့
(၂)-Rubbing alcohol (အရက်ပျံ)
(၃)-oil (Baby oil, or cooking oil) စားသုံးဆီ(သို ့)ခလေးလိမ်းအလှဆီ
(၄)-Coffee filter(အဝတ်ပါးပါး)
(၅)-Containers (ဖန်ခွတ်)
(၆)-Small spray bottle (ရေမှုန်ရေမွှား ဖြန်းပက်နိုင်သည့် ဗူးငယ်)

ဖေါ်စပ်ပုံ။
ငြုတ်သီးအမှုန် ့ နှစ်ဇွန်းအား ဖန်ခွတ်ငယ်တွင်ထည့်ပါ-ပြီးလျျှင် အရက်ပျံပုလင်းသေး တဝက်လောင်းထည်၍ ဇွန်းဖြင့် သမအောင်မွှေ၊ပြီးပါက စားဆီတဇွန်းထည်းပါ၊ဖန်ခွတ်အပေါ်မှအဖုန်းဖြင့် ပိတ်၍ သမအောင် နှစ်မိနှစ်ခန် ့ လှုပ်ခါပေးရပါမယ်။

ရလာတဲ့အရည်ကို ပိတ်ပါးပါးနဲ ့ ခံပြီး အရည်စစ်ပေးပါ။
အသင့်ရှာထားတဲ့ စပရေးရေဖြန်း ဘူးအဟောင်းလးထဲ ထည့်ထားလိုက်ပါ။
အသုံးမပြုခင် စပရေးဘူးကို အသုံးပြုလို ့ ရမရ စစ်ဆေးကြည့်ပေါ့။

အသုံးပြုပုံ
အဆိုပါဘူးငယ်လေးတွေကို ပိုက်ဆံအိပ်-လွယ်အိပ်-ခရီးဆောင်အိပ်စတဲ့ အလွယ်တကူ ထုတ်ပြီး အသုံးပြုလို ့ ရတဲ့ နေရာမှာ ထားရပါတယ်၊ အန္တယ်ရှိလာပါက မိမိအနီးနားသို ့ကပ်လာတဲ့ လူဆိုးသို ့မဟုတ် -ခွေးဆိုးကို တပေမှ သုံးပေအကွာဝေးအထိ မျက်နှာ တည့်တည့် ပက်ဖြန်းကာ ကာကွယ်နိုင်ပါတယ်။

မြန်မာအမျိုးသမီးအားလုံး ဘေးအန္တရယ်အပေါင်းမှလွတ်မြောက်ကြပါစေ

Social Action for Women - SAW

No comments:

Post a Comment