၄.၃.၂၀၁၆ ရက္ေန႔ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္၊ ေဒၚေအာင္ဆန္းစုၾကည္၏ေနအိမ္တြင္ ပါတီ၏ထိပ္ပိုင္းေခါင္းေဆာင္မ်ားျဖစ္ၾကသည့္ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းထိန္၊ Dr.ေဇာ္ျမင့္ေမာင္၊ Dr.မ်ိဳးေအာင္တို႔ ေတြ႔ဆုံညိွိႏိႈင္းမႈျပဳခဲ့ၾကပါသည္။
ေတြဆုံမႈႏွင့္ပတ္သက္၍ ဦးဝင္းထိန္မွ သမၼတတာဝန္လႊဲေျပာင္းမည့္ အခမ္းအနားကို လႊတ္ေတာ္၌သာျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ေနရာမ်ားအား တုိင္းေဒသႀကီး/ျပည္နယ္မ်ားရိွ NLD ပါတီဝင္ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွသာ ေရြးခ်ယ္မည္ျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေတာ့ ဦးညီပုကို ေရြးခ်ယ္ထားေၾကာင္း၊ အစိုးရအဖြဲ႔ထဲမွာေတာ့ ရခိုင္အမ်ိဳးသားပါတီမွ ပါဝင္မည္ျဖစ္ပါေၾကာင္း၊ ႐ွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုေတာ့ စိစစ္ဆဲျဖစ္ေၾကာင္း ဦးဝင္းထိန္က သတင္းေထာက္မ်ားကို ေျပာပါတယ္။
ထြန္း(ေနျပည္ေတာ္)
......
သေနတ်နဲ့ချိန်NLD ထိပ်သီးခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တွေ့ဆုံ
------ ------ ------ ------
၄.၃.၂၀၁၆ ရက်နေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ Dr.ဇော်မြင့်မောင်၊ Dr.မျိုးအောင်တို့ တွေ့ဆုံညှိိနှိုင်းမှုပြုခဲ့ကြပါသည်။
တွေဆုံမှုနှင့်ပတ်သက်၍ ဦးဝင်းထိန်မှ သမ္မတတာဝန်လွှဲပြောင်းမည့် အခမ်းအနားကို လွှတ်တော်၌သာပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်နေရာများအား တိုင်းဒေသကြီး/ပြည်နယ်များရှိ NLD ပါတီဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဦးညီပုကို ရွေးချယ်ထားကြောင်း၊ အစိုးရအဖွဲ့ထဲမှာတော့ ရခိုင်အမျိုးသားပါတီမှ ပါဝင်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုတော့ စိစစ်ဆဲဖြစ်ကြောင်း ဦးဝင်းထိန်က သတင်းထောက်များကို ပြောပါတယ်။
ထွန်း(နေပြည်တော်) Selfie ရိုက်သူ ကျည်ထိ သေဆုံး
No comments:
Post a Comment