CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, March 19, 2016
စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) အပိုင္း (၅)
စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) အပိုင္း (၅)
“ဦးေအာင္ေဇယ်ကိုယ္တိုင္ အလံုးအရင္းစုၿပီး စစ္ကိုင္းကို ေရာက္လာၿပီ။ သူ႔သားေတာ္ႀကီးက ေျမာက္ဘက္ ကုန္းေၾကာင္းမွာ အသင့္။ သားေတာ္ငယ္ကလည္း ေတာင္ဘက္ကုန္းေၾကာင္းမွာ အသင့္၊ ေသနတ္၀န္ဆိုတဲ့သူကလည္း ေလွခုနစ္ရာ၊ ဗိုလ္ပါလက္နက္အျပည့္နဲ႔ ေရေၾကာင္းမွာ အသင့္။ ငါတို႔ကို စစ္မ်က္ႏွာေလးဘက္ပိတ္ၿပီး ၾကည္း၊ ေရ စစ္ဖြင့္မယ့္သေဘာရွိတယ္။ အခု မိုးလည္းေစြ၊ ေရလည္းႀကီး၊ နံစီးရႊံႏြံလည္းထူထပ္တယ္။ ေလျပင္းလည္း အဆက္မျပတ္က်ေနတယ္။ ရာသီဥတုအရလည္း အခင္းမသာဘူး။ သီတင္းကၽြတ္က်မွ တပ္ျပန္စုၿပီး နတ္ေတာ္ ၊ ျပာသိုမွ လုပ္ႀကံမယ္။ ဘယ္လို သေဘာရၾကသလဲ”
ဥပရာဇာ၏ အေမးကို တပ္မင္းမ်ား ၊ ဗိုလ္ခ်ဳ ပ္မ်ား အသီးသီးေျဖဆိုေဆြးေႏြးၾကသည္။ ေဒါစြယ္စယက္၊ ေဒါေထာအိုင္၊ သမိန္သံလိုက္၊ ဗညားငက်န္၊ ဗညားငအဥ္။
ဒလဗန္းမူ ေထာင့္တေထာင့္တြင္ မလႈပ္မရွား စကားမဆိုရွိေလသည္။
ဒလဗန္းကို ဥပရာဇာ ျမင္သြားသည္။
ဒလဗန္း … ဘယ္လိုသေဘာရသလဲ”
ဥပရာဇာက လွမ္းေမးသည္။
ဒလဗန္း မတုန္မလႈပ္။ ဥပရာဇာကို စူးစူး၀ါး၀ါးၾကည့္ေနလိုက္သည္။ သို႔ ေသာ ္ ရင္ထဲတြင္ကား ျပင္းထန္ေသာ စကားလံုးမ်ား သည္ စိန္ေျပာင္းလို တ၀ုန္း၀ုန္းေပါက္ကြဲေနသည္။
“ခင္ဗ်ားတို႔ေသနဂၤကို အစအဆံုး က်ဳပ္မႀကိဳ က္ဘူး။ ခင္ဗ်ားတို႔ဟာ သူရဲေကာင္းပီပီ ပြဲမ၀င္ဘူး။ အမွားတြကို အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့တယ္။ စစ္ရဲ႕ ရာဇ၀တ္သားေတြ ျဖစ္ေနၾကၿပီ။ အင္း၀ ကိုစြန္႔ၿပီး စုန္ေျပးစဥ္ကလည္း ၿမိဳ ႕ရြာတစ္ေလွ်ာက္က လူေတြကို သူခိုးဓားျပေတြ လို ႏွိပ္စက္ညႇင္း ပန္းခဲ့တယ္။ ေသြးျခားတိုင္းတစ္ပါးသား ဖရန္စစ္နဲ႔ ကုလားျဖဴ ေတြဆီက လက္နက္ယူခဲ့တယ္။ ဒီတိုင္းတစ္ပါးသားေတြ ကို တကယ့္မဟာမိတ္လို သေဘာထားဆက္ဆံၾကတယ္။
ဦးေအာင္ေဇယ်ရဲ႕ လက္ေအာက္က သူ႔သားေတာ္ ေတြ ၊ အာကာေရႊေတာင္၊ မင္းလွမင္းေခါင္၊ မင္းေခါင္ေနာ္ရထာ၊ ေသနတ္၀န္၊ ပုခန္းငယ္သူႀကီးတို႔လို ေခါင္းေဆာင္ေတြဟာ အစစအရာရာ စိတ္၀မ္းတူညီၾကတယ္။ က်ဳပ္တို႔ေခါင္းေဆာင္ေတြမွာ အစည္းအလံုး ေလ်ာ့ရဲေနၾကတယ္။ ဥပရာဇာ၊ ခင္ဗ်ား ဘယ္ေလာယ္ပဲ ေသနဂၤအသစ္ေတြ ခ်ခ် အဲဒီ ေသနဂၤေတြ ဟာ အ႐ံႈးဆီကိုပဲ ဦးတည္ေနမွာပဲ”
ထံုးစံအတိုင္းပင္ စစ္ေရး စီမံေဆြးေႏြးပြဲသည္ တိက်ေသာ ဗ်ဴဟာတရပ္ အေျဖကိုမရရွိဘဲ၊ မေရမရာႏွင့္ပင္ ၿပီးဆံုးသြားခဲ့ေလသည္။
ေနာက္ဆံုးအေျဖကား …
“စစ္ဆုတ္ရင္းျဖင့္ပင္ ေပၚလာေသာ စစ္မ်က္ႏွာကိုခံမည္ ။ အလ်ဥ္းသင့္သလို ၿမိဳ႕ ႀကီးမ်ား သို႔ ခ်ီ၍ လုပ္ႀကံမည္ ”
ဒလဗန္း မတုန္မလႈပ္။
ေနာက္ဆံုး ေသြးတစက္အထိ တုိက္ရန္သာ ဆံုးျဖတ္လိုက္သည္။
မီးဖိုမွ မီးေတာက္မ်ား ၏ အၫႊန္႔အလ်ံတို႔ ၿငိမ္သက္သြားသည္။ ဥပရာဇာ၏ သ၀ဏ္လည္း ျပာ ျဖစ္သြားခဲ့ၿပီ။ မီးဖိုက ခ်ဳပ္ၿငိမ္းျခင္းကို ျပေနသည္။
မဟာဓမၼရာဇာဓိပတိကို ကြပ္မ်က္ပစ္လိုက္ျခင္းသည္ ထပ္ကာထပ္ကာ မွားခဲ့ေသာ အမွာ း တို႔အေပၚတြင္ အေခါင္အခ်ဳ ပ္ ျဖစ္သြားေသာ အမွာ းေတာ္ပံုႀကီး ျဖစ္ေၾကာင္း ဒလဗန္းနားလည္လိုက္ သည္။ ကမၸည္းရာဇ၀င္ ႐ိုင္းပ်ခဲ့ၿပီ။
မဟာဓမၼရာဇာဓိပတိ အကြက္မ်က္ခံရျခင္းသည္ ဦးေအာင္ေဇယ် ႏွင့္ တကြ သူ႔သူရဲေကာင္းမ်ား ၏ စစ္ေသြးကို အျပင္းထန္ဆံုး ဆူပြက္ေစမည္ ့အေၾကာင္းတရား ျဖစ္သည္ကို ဒလဗန္း သေဘာေပါက္လိုက္မိသည္။
သူတို႔ လက္ကုန္ဖြင့္ေတာ့မည္ ။
ဗိုလ္ခ်ဳပ္ဗညားဒလ၊ ေစာျပ၊ သမိန္သံလိုက္၊ ေဒါစြယ္စယက္၊ ဗညားငက်န္၊ ဗညားငအဥ္၊ ဗညားရကၡိဳ က္၊ ဗညားသမိန္လြတ္၊ ဗညားအဂၢႏွင့္ ဒလဗန္း။
အထပ္ထပ္အညပ္ညပ္ ၀ိုင္း၀န္းဆို႔ပိတ္ကာ ဖရန္စစ္ႏွင့္ ကုလားျဖဴတို႔ထံမွ ရေသာ ဆယ္ပိႆ ာ၊ ဆယ့္ငါးပိႆ ာစိန္ေျပာင္းမ်ား ကို အဓိကျပဳ၍ လုပ္ႀကံသည့္ၾကားမွပင္ “ျပည္” တိုက္ပြဲ ၌ မ႐ႈအလွ ႐ံႈးနိမ့္ခဲ့ရေခ်သည္။ လက္နက္အား အေျမာက္အျမားသာေနပါလ်က္ မေမွ်ာ္လင့္ေသာ ရန္သူ႔စစ္ပရိယာယ္ေအာက္တြင္ ကစဥ့္ကလ်ား ဆုတ္ရသည္။
ဦးေအာင္ေဇယ်၏ မုဆိုးဖိုတပ္သားတို႔သည္ ႀကီးစြာေသာ ေကာက္႐ိုးျခင္းႀကီးမ်ားကို အကာအကြယ္ျပဳကာ တအိအိတက္ၾကသည္။ မီး႐ွဴ းမ်ားျဖင့္ ယမ္းႏွင့္ င႐ုတ္ကို မီး႐ိႈ႕အဆိပ္မႈ ိင္း တိုက္သည္။ ေရွ႕တပ္ေနာက္တပ္ ႏွစ္ဘက္ညႇပ္တိုက္သည္။ ေတာင္ပံ ၀ဲျဖန္႔၍ ပိတ္ဆို႔သည္။
ျပည္ကို ဦးေအာင္ေဇယ် ရသြားသည္။
ကေနာင္၊ ေရဇင္း၊ ဟသၤာတ၊ ေျမာင္းျမ၊ ပုသိမ္၊ ဓႏုျဖဴ ၊ သာယာ၀တီ၊ ဥကၠံ၊ သံုးဆယ္၊ ေဘာလယ္၊ လြန္ေဆး။ ဦးေအာင္ေဇယ်ထံသို႔ ၀င္လာေသာ သစၥာေတာ္ခံမ်ားကား တသဲသဲမစဲ သည့္အျပင္ ဦးေအာင္ေဇယ်သည္ ဟိုင္းႀကီးကၽြန္းမွ ကုလားျဖဴ တို႔ကိုလည္း သံခင္းတမန္ခင္းျဖင့္ တန္းတူညီမွ်စြာ သို႔မဟုတ္ ျပည့္ရွင္မင္း၏ ဘုန္းအာဏာကို အသံုးျပဳကာ ဆက္ဆံသည္။ ဖရန္စစ္ကိုမူ ဦးေအာင္ေဇယ်က ဖိႏွိပ္ဆက္ဆံသည္။
တစ္ဘက္တြင္ လည္း ဆန္႔က်င္ျခားနားေတာ့သည္။ ဟံသာ၀တီ ဘုန္းအာဏာစက္ေအာက္တြင္ကား အစိတ္စိတ္ကြဲျပားလာသည္။ အ႐ံႈးပြဲခ်ည္း ဆက္ခဲ့ရေသာ ေၾကာင့္ တပ္မ်ား စိတ္ဓာတ္ၿပိဳပ်က္လာသည္။
ဦးေအာင္ေဇယ်က ဂုဏ္သိကၡာရွိစြာ ဆက္ဆံေသာ ကုလားျဖဴတို႔ကို မိမိတို႔က “လက္နက္ေပးသူ” အျဖစ္ လိုက္ေလ်ာညီေထြျပဳ ေနရ သည္။ ဦးေအာင္ေဇယ် အသာစီးယူထားေသာ ဖရန္စစ္တို႔ကို မိမိတုိ႔က ေက်းဇူးရွင္အ ျဖစ္ အသိအမွတ္ျပဳ ေနရသည္။
နယုန္လတြင္ စစ္သည္သံုးေသာင္းတပ္ကို ဗိုလ္ခ်ဳ ပ္ျပဳလ်က္ “ေဘာင္းနင္းမလစ္”သို႔ ခ်ီခဲ့ ေသးသည္။
ဦးရီးေတာ္ ေဒါေထာအိုင္၊ ညီပုတၱေက်ာ္၊ ဗိုလ္မွဴ း ေဒါေထာထိပ္တို႔ႏွင့္ အတူ စစ္အဂၤါျဖန္႔ ၍ တက္သည္။ ဟိုင္းႀကီးကၽြန္း ကုလားျဖဴ တို႔ထံမွ စိန္ေျပာင္းႏွင့္ အေ၀းသို႔ သြားေသာ ေသနတ္မ်ား ရသည္။
အဦးပိုင္းတိုက္ပြဲမ်ား တြင္ လက္နက္မ်ား ျဖင့္ ပြဲရခဲ့သည္။ သို႔ ေသာ ္ ေဒါေထာအိုင္ေခ်ာင္းကို ျဖတ္အကူးတြင္ ဦးရီးေတာ္ ေဒါေထာအိုင္ က်ည္သင့္၍ က်ဆံုးေလသည္။
ဦးရီးေတာ္ အျဖစ္ထက္ လက္႐ံုးအားထားရေသာ ၊ စစ္သည္ေကာင္းႀကီး အျဖစ္ အားကိုးခင္မင္ရေသာ ေဒါေထာအိုင္ က်ဆံုးျခင္းအတြက္ ဒလဗန္းရင္မွာ ေၾကကြဲရသည္။ ေဒါေထာအိုင္ က်ဆံုးခန္းသည္ နိဂံုးကမၸတ္၏ အဦးနိဒါန္း ျဖစ္ေၾကာင္း ဒလဗန္း နားလည္လိုက္သည္။
ကိုယ္တိုင္ပင္လွ်င္ ဦးေအာင္ေဇယ်၏ ညာလက္႐ံုး ဗုိလ္ခ်ဳပ္မင္းေခါင္ေနာ္ရထာ၏ လွံခ်က္ကို လြတ္ေအာင္ တိမ္းခဲ့ရသည္။
တပ္က်ဳ ိးေပါက္သည္။ ငါးတပ္စလံုးကို မထိန္းႏိုင္ေတာ့။ သန္လ်င္ကင္း၀မွ ေဒါစြယ္စယက္သည္ တပ္ဆုတ္ေျပးရေလသည္။ အ႐ံႈးသည္ ထပ္ဆင့္ထပ္ဆင့္၊ စီရရီ မရပ္မနား။
ဒလဗန္းႏွင့္ ေဒါစြယ္စယက္တို႔သည္ လက္နက္ကိုစြဲေနေသာ ္လည္း သတိႏွင့္မူ ကင္းကြာေနေတာ့သည္။
ရန္သူသည္ လက္႐ံုး၊ ႏွလံုးေက်ာ္ၾကားလွေသာ ေသနတ္၀န္ ဦးေကာင္း၏ အသက္ ႏွင့္ လဲ၍ သန္လ်င္ပြဲကို အႏိုင္ယူလိုက္သည္။
ဥပရာဇာသည္ ေသြးဆုတ္ေနေသာ မ်က္ႏွာထက္က တည္ၿငိမ္ေသာ မ်က္လံုးမ်ားျဖင့္ တပ္မင္းတုိ႔ကိုၾကည့္ကာ -
“ကိုင္း၊ အခု တပ္အားလံုး ဟံသာ၀တီမွာ ဆံုၾကၿပီ။ ရန္သူဟာ ၾကည္း၊ ေရ အင္အားသံုးၿပီး လာၾ ကေတာ့မယ္။ ဘယ္လိုလုပ္မလဲ”ဟု ေမးေလသည္။
အားလံုး တိတ္ဆိတ္ေနၾကသည္။
ရွည္လ်ားေသာ တိတ္ဆိတ္ျခင္းအဆံုးတြင္ ဒလဗန္း၏ အသံတသံ ထိုးေဖာက္ထြက္ေပၚ လာသည္။
“ဓားခ်င္ယွဥ္ၿပီး အသက္စြန္႔ၾက႐ံုပဲ”
ဒလဗန္း၏ အသံ က်ယ္လြန္းလွသျဖင့္ အားလံုးက ၀ိုင္းၾကည့္ၾကသည္။
“ဘယ္တပ္မွ မထြက္ရဲရင္ေနၾက၊ က်ဳပ္ဆင္တပ္ ထြက္မယ္”
ဥပရာဇာ၏ မ်က္ႏွာ ၀င္းသြားသည္။
သို႔ ေသာ ္ ခ်က္ခ်င္း ပင္ ေဖ်ာ့ေတာ့သြားျပန္ကာ -
“ေနာက္ဆံုးတိုက္ပြဲ ျဖစ္သြားႏိုင္တယ္ ဒလဗန္း”ဟု တစ္ကိုယ္တည္း ေျပာသလို ေရရြတ္ လိုက္ေလသည္။
“ဒါဆိုရင္လည္း အႀကီးမားဆံုးပြဲပဲေပါ့”
ဒလဗန္း ႐ူးသြပ္သြားၿပီဟုလည္းေကာင္း၊ စစ္ပြဲတြင္ က်ဆံုးသြားေသာ သူ႔ဦးရီးေတာ္ ေဒါေထာအိုင္၏ ၀ိညာဥ္ပူးကပ္ေနၿပီဟုလည္းေကာင္း အားလံုးက မွတ္ခ်က္ခ်ၾကသည္။
ေဒါစြယ္စယက္က ဒလဗန္းအနီးသို႔ ကပ္ၿပီး တီးတိုးေျပာသည္။
“အညံ့ခံၿပီး သစၥာခံၾကဖို႔ သူတို႔တိုင္ပင္ေနၾကတာ”
“ထြီ”
စက္ဆုပ္ရြံရွာစြာ ျပဳ မူလိုက္ေသာ အျပဳ အမူကို ဥပရာဇာႏွင့္ တကြ အားလံုးၾကားသြားၾက သည္။
“မင္း ဘာလုပ္လိုက္သလဲ ဒလဗန္း”
“ၾကားတဲ့အတိုင္းပဲ”
“ဥပရာဇာရဲ႕ ေရွ႕ေမွာ က္ဆိုတာ မင္းနားမလည္ဘူးလား”
“ေသြးျဖဴ တဲ့ေခါင္းေဆာင္လို႔ပဲ က်ဳ ပ္ နားလည္တယ္”
“မင္း ထြက္သြားစမ္း”
“မသြားႏိုင္ေသးဘူး၊ က်ဳ ပ္ စစ္တိုက္ရဦးမယ္”
“အေမာင္ ၊ အေမာင္”
“အခ်စ္ဆံုးရဲ႕ ဖခင္ဟာ က်ဳပ္ အထင္ေသးဆံုးပုဂၢိဳ လ္ ျဖစ္ေနတဲ့အတြက္ ၀မ္းနည္းမဆံုးပါဘူး ျမပန္းခက္။ ဒါေပမဲ့ မင္းကို က်ဳပ္ တကယ္ခ်စ္တယ္ဆိုတာကိုေတာ့ နားလည္လိုက္ပါ”
တေ၀ါေ၀ါအသံကမ်ား ကို ေက်ာခိုင္းကာ ဒလဗန္း ညီလာခံခန္းမမွ ထြက္ခဲ့ေလသည္။
ေလာကတြင္ တစ္ေယာက္ တည္းသာရွိေတာ့သည္ဟူေသာ ခံစားမႈ ။
“ေကာ့ဂြန္း”ဟု အမည္ ရသည္။ မုတၱမ၏ အေရွ႕ယြန္းယြန္းတြင္ ရွိသည္။
သည္ေနရာသည္ ကမၻာေလာကတြင္ ဒလဗန္းအတြက္ တစ္ခုတည္းေသာ ရပ္တည္ခိုနား ရာေဒသ။
အရာရာကို လက္လႊတ္ဆံုး႐ံႈးရေသာ ဘ၀၏ ေနာက္ဆံုးအခ်ိန္။ ဒလဗန္းသည္ တပ္ဦး ကမ္းပါးေမွ်ာ္စင္ထက္မွာ ေန၍ မိႈင္းညိဳ ျပာရီ စစ္ေတာင္းျမစ္ေရျပင္ႏွင့္ မိုးကုပ္စက္၀ိုင္းကို ၾကည့္ေနသည္။
The Red အနီ
....................................................................
စစ်သူကြီးဒလဗန်း (ချစ်ဦးညို) အပိုင်း (၅)
“ဦးအောင်ဇေယျကိုယ်တိုင် အလုံးအရင်းစုပြီး စစ်ကိုင်းကို ရောက်လာပြီ။ သူ့သားတော်ကြီးက မြောက်ဘက် ကုန်းကြောင်းမှာ အသင့်။ သားတော်ငယ်ကလည်း တောင်ဘက်ကုန်းကြောင်းမှာ အသင့်၊ သေနတ်ဝန်ဆိုတဲ့သူကလည်း လှေခုနစ်ရာ၊ ဗိုလ်ပါလက်နက်အပြည့်နဲ့ ရေကြောင်းမှာ အသင့်။ ငါတို့ကို စစ်မျက်နှာလေးဘက်ပိတ်ပြီး ကြည်း၊ ရေ စစ်ဖွင့်မယ့်သဘောရှိတယ်။ အခု မိုးလည်းစွေ၊ ရေလည်းကြီး၊ နံစီးရွှံနွံလည်းထူထပ်တယ်။ လေပြင်းလည်း အဆက်မပြတ်ကျနေတယ်။ ရာသီဥတုအရလည်း အခင်းမသာဘူး။ သီတင်းကျွတ်ကျမှ တပ်ပြန်စုပြီး နတ်တော် ၊ ပြာသိုမှ လုပ်ကြံမယ်။ ဘယ်လို သဘောရကြသလဲ”
ဥပရာဇာ၏ အမေးကို တပ်မင်းများ ၊ ဗိုလ်ချု ပ်များ အသီးသီးဖြေဆိုဆွေးနွေးကြသည်။ ဒေါစွယ်စယက်၊ ဒေါထောအိုင်၊ သမိန်သံလိုက်၊ ဗညားငကျန်၊ ဗညားငအဉ်။
ဒလဗန်းမူ ထောင့်တထောင့်တွင် မလှုပ်မရှား စကားမဆိုရှိလေသည်။
ဒလဗန်းကို ဥပရာဇာ မြင်သွားသည်။
ဒလဗန်း … ဘယ်လိုသဘောရသလဲ”
ဥပရာဇာက လှမ်းမေးသည်။
ဒလဗန်း မတုန်မလှုပ်။ ဥပရာဇာကို စူးစူးဝါးဝါးကြည့်နေလိုက်သည်။ သို့ သော ် ရင်ထဲတွင်ကား ပြင်းထန်သော စကားလုံးများ သည် စိန်ပြောင်းလို တဝုန်းဝုန်းပေါက်ကွဲနေသည်။
“ခင်ဗျားတို့သေနင်္ဂကို အစအဆုံး ကျုပ်မကြို က်ဘူး။ ခင်ဗျားတို့ဟာ သူရဲကောင်းပီပီ ပွဲမဝင်ဘူး။ အမှားတွကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်။ စစ်ရဲ့ ရာဇဝတ်သားတွေ ဖြစ်နေကြပြီ။ အင်းဝ ကိုစွန့်ပြီး စုန်ပြေးစဉ်ကလည်း မြို ့ရွာတစ်လျှောက်က လူတွေကို သူခိုးဓားပြတွေ လို နှိပ်စက်ညှင်း ပန်းခဲ့တယ်။ သွေးခြားတိုင်းတစ်ပါးသား ဖရန်စစ်နဲ့ ကုလားဖြူ တွေဆီက လက်နက်ယူခဲ့တယ်။ ဒီတိုင်းတစ်ပါးသားတွေ ကို တကယ့်မဟာမိတ်လို သဘောထားဆက်ဆံကြတယ်။
ဦးအောင်ဇေယျရဲ့ လက်အောက်က သူ့သားတော် တွေ ၊ အာကာရွှေတောင်၊ မင်းလှမင်းခေါင်၊ မင်းခေါင်နော်ရထာ၊ သေနတ်ဝန်၊ ပုခန်းငယ်သူကြီးတို့လို ခေါင်းဆောင်တွေဟာ အစစအရာရာ စိတ်ဝမ်းတူညီကြတယ်။ ကျုပ်တို့ခေါင်းဆောင်တွေမှာ အစည်းအလုံး လျော့ရဲနေကြတယ်။ ဥပရာဇာ၊ ခင်ဗျား ဘယ်လောယ်ပဲ သေနင်္ဂအသစ်တွေ ချချ အဲဒီ သေနင်္ဂတွေ ဟာ အရှုံးဆီကိုပဲ ဦးတည်နေမှာပဲ”
ထုံးစံအတိုင်းပင် စစ်ရေး စီမံဆွေးနွေးပွဲသည် တိကျသော ဗျူဟာတရပ် အဖြေကိုမရရှိဘဲ၊ မရေမရာနှင့်ပင် ပြီးဆုံးသွားခဲ့လေသည်။
နောက်ဆုံးအဖြေကား …
“စစ်ဆုတ်ရင်းဖြင့်ပင် ပေါ်လာသော စစ်မျက်နှာကိုခံမည် ။ အလျဉ်းသင့်သလို မြို့ ကြီးများ သို့ ချီ၍ လုပ်ကြံမည် ”
ဒလဗန်း မတုန်မလှုပ်။
နောက်ဆုံး သွေးတစက်အထိ တိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
မီးဖိုမှ မီးတောက်များ ၏ အညွှန့်အလျံတို့ ငြိမ်သက်သွားသည်။ ဥပရာဇာ၏ သဝဏ်လည်း ပြာ ဖြစ်သွားခဲ့ပြီ။ မီးဖိုက ချုပ်ငြိမ်းခြင်းကို ပြနေသည်။
မဟာဓမ္မရာဇာဓိပတိကို ကွပ်မျက်ပစ်လိုက်ခြင်းသည် ထပ်ကာထပ်ကာ မှားခဲ့သော အမှာ း တို့အပေါ်တွင် အခေါင်အချု ပ် ဖြစ်သွားသော အမှာ းတော်ပုံကြီး ဖြစ်ကြောင်း ဒလဗန်းနားလည်လိုက် သည်။ ကမ္ပည်းရာဇဝင် ရိုင်းပျခဲ့ပြီ။
မဟာဓမ္မရာဇာဓိပတိ အကွက်မျက်ခံရခြင်းသည် ဦးအောင်ဇေယျ နှင့် တကွ သူ့သူရဲကောင်းများ ၏ စစ်သွေးကို အပြင်းထန်ဆုံး ဆူပွက်စေမည် ့အကြောင်းတရား ဖြစ်သည်ကို ဒလဗန်း သဘောပေါက်လိုက်မိသည်။
သူတို့ လက်ကုန်ဖွင့်တော့မည် ။
ဗိုလ်ချုပ်ဗညားဒလ၊ စောပြ၊ သမိန်သံလိုက်၊ ဒေါစွယ်စယက်၊ ဗညားငကျန်၊ ဗညားငအဉ်၊ ဗညားရက္ခို က်၊ ဗညားသမိန်လွတ်၊ ဗညားအဂ္ဂနှင့် ဒလဗန်း။
အထပ်ထပ်အညပ်ညပ် ၀ိုင်းဝန်းဆို့ပိတ်ကာ ဖရန်စစ်နှင့် ကုလားဖြူတို့ထံမှ ရသော ဆယ်ပိဿ ာ၊ ဆယ့်ငါးပိဿ ာစိန်ပြောင်းများ ကို အဓိကပြု၍ လုပ်ကြံသည့်ကြားမှပင် “ပြည်” တိုက်ပွဲ ၌ မရှုအလှ ရှုံးနိမ့်ခဲ့ရချေသည်။ လက်နက်အား အမြောက်အမြားသာနေပါလျက် မမျှော်လင့်သော ရန်သူ့စစ်ပရိယာယ်အောက်တွင် ကစဥ့်ကလျား ဆုတ်ရသည်။
ဦးအောင်ဇေယျ၏ မုဆိုးဖိုတပ်သားတို့သည် ကြီးစွာသော ကောက်ရိုးခြင်းကြီးများကို အကာအကွယ်ပြုကာ တအိအိတက်ကြသည်။ မီးရှူ းများဖြင့် ယမ်းနှင့် ငရုတ်ကို မီးရှို့အဆိပ်မှု ိင်း တိုက်သည်။ ရှေ့တပ်နောက်တပ် နှစ်ဘက်ညှပ်တိုက်သည်။ တောင်ပံ ၀ဲဖြန့်၍ ပိတ်ဆို့သည်။
ပြည်ကို ဦးအောင်ဇေယျ ရသွားသည်။
ကနောင်၊ ရေဇင်း၊ ဟင်္သာတ၊ မြောင်းမြ၊ ပုသိမ်၊ ဓနုဖြူ ၊ သာယာဝတီ၊ ဥက္ကံ၊ သုံးဆယ်၊ ဘောလယ်၊ လွန်ဆေး။ ဦးအောင်ဇေယျထံသို့ ၀င်လာသော သစ္စာတော်ခံများကား တသဲသဲမစဲ သည့်အပြင် ဦးအောင်ဇေယျသည် ဟိုင်းကြီးကျွန်းမှ ကုလားဖြူ တို့ကိုလည်း သံခင်းတမန်ခင်းဖြင့် တန်းတူညီမျှစွာ သို့မဟုတ် ပြည့်ရှင်မင်း၏ ဘုန်းအာဏာကို အသုံးပြုကာ ဆက်ဆံသည်။ ဖရန်စစ်ကိုမူ ဦးအောင်ဇေယျက ဖိနှိပ်ဆက်ဆံသည်။
တစ်ဘက်တွင် လည်း ဆန့်ကျင်ခြားနားတော့သည်။ ဟံသာဝတီ ဘုန်းအာဏာစက်အောက်တွင်ကား အစိတ်စိတ်ကွဲပြားလာသည်။ အရှုံးပွဲချည်း ဆက်ခဲ့ရသော ကြောင့် တပ်များ စိတ်ဓာတ်ပြိုပျက်လာသည်။
ဦးအောင်ဇေယျက ဂုဏ်သိက္ခာရှိစွာ ဆက်ဆံသော ကုလားဖြူတို့ကို မိမိတို့က “လက်နက်ပေးသူ” အဖြစ် လိုက်လျောညီထွေပြု နေရ သည်။ ဦးအောင်ဇေယျ အသာစီးယူထားသော ဖရန်စစ်တို့ကို မိမိတို့က ကျေးဇူးရှင်အ ဖြစ် အသိအမှတ်ပြု နေရသည်။
နယုန်လတွင် စစ်သည်သုံးသောင်းတပ်ကို ဗိုလ်ချု ပ်ပြုလျက် “ဘောင်းနင်းမလစ်”သို့ ချီခဲ့ သေးသည်။
ဦးရီးတော် ဒေါထောအိုင်၊ ညီပုတ္တကျော်၊ ဗိုလ်မှူ း ဒေါထောထိပ်တို့နှင့် အတူ စစ်အင်္ဂါဖြန့် ၍ တက်သည်။ ဟိုင်းကြီးကျွန်း ကုလားဖြူ တို့ထံမှ စိန်ပြောင်းနှင့် အဝေးသို့ သွားသော သေနတ်များ ရသည်။
အဦးပိုင်းတိုက်ပွဲများ တွင် လက်နက်များ ဖြင့် ပွဲရခဲ့သည်။ သို့ သော ် ဒေါထောအိုင်ချောင်းကို ဖြတ်အကူးတွင် ဦးရီးတော် ဒေါထောအိုင် ကျည်သင့်၍ ကျဆုံးလေသည်။
ဦးရီးတော် အဖြစ်ထက် လက်ရုံးအားထားရသော ၊ စစ်သည်ကောင်းကြီး အဖြစ် အားကိုးခင်မင်ရသော ဒေါထောအိုင် ကျဆုံးခြင်းအတွက် ဒလဗန်းရင်မှာ ကြေကွဲရသည်။ ဒေါထောအိုင် ကျဆုံးခန်းသည် နိဂုံးကမ္ပတ်၏ အဦးနိဒါန်း ဖြစ်ကြောင်း ဒလဗန်း နားလည်လိုက်သည်။
ကိုယ်တိုင်ပင်လျှင် ဦးအောင်ဇေယျ၏ ညာလက်ရုံး ဗိုလ်ချုပ်မင်းခေါင်နော်ရထာ၏ လှံချက်ကို လွတ်အောင် တိမ်းခဲ့ရသည်။
တပ်ကျု ိးပေါက်သည်။ ငါးတပ်စလုံးကို မထိန်းနိုင်တော့။ သန်လျင်ကင်းဝမှ ဒေါစွယ်စယက်သည် တပ်ဆုတ်ပြေးရလေသည်။ အရှုံးသည် ထပ်ဆင့်ထပ်ဆင့်၊ စီရရီ မရပ်မနား။
ဒလဗန်းနှင့် ဒေါစွယ်စယက်တို့သည် လက်နက်ကိုစွဲနေသော ်လည်း သတိနှင့်မူ ကင်းကွာနေတော့သည်။
ရန်သူသည် လက်ရုံး၊ နှလုံးကျော်ကြားလှသော သေနတ်ဝန် ဦးကောင်း၏ အသက် နှင့် လဲ၍ သန်လျင်ပွဲကို အနိုင်ယူလိုက်သည်။
ဥပရာဇာသည် သွေးဆုတ်နေသော မျက်နှာထက်က တည်ငြိမ်သော မျက်လုံးများဖြင့် တပ်မင်းတို့ကိုကြည့်ကာ -
“ကိုင်း၊ အခု တပ်အားလုံး ဟံသာဝတီမှာ ဆုံကြပြီ။ ရန်သူဟာ ကြည်း၊ ရေ အင်အားသုံးပြီး လာြ ကတော့မယ်။ ဘယ်လိုလုပ်မလဲ”ဟု မေးလေသည်။
အားလုံး တိတ်ဆိတ်နေကြသည်။
ရှည်လျားသော တိတ်ဆိတ်ခြင်းအဆုံးတွင် ဒလဗန်း၏ အသံတသံ ထိုးဖောက်ထွက်ပေါ် လာသည်။
“ဓားချင်ယှဉ်ပြီး အသက်စွန့်ကြရုံပဲ”
ဒလဗန်း၏ အသံ ကျယ်လွန်းလှသဖြင့် အားလုံးက ၀ိုင်းကြည့်ကြသည်။
“ဘယ်တပ်မှ မထွက်ရဲရင်နေကြ၊ ကျုပ်ဆင်တပ် ထွက်မယ်”
ဥပရာဇာ၏ မျက်နှာ ၀င်းသွားသည်။
သို့ သော ် ချက်ချင်း ပင် ဖျော့တော့သွားပြန်ကာ -
“နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်တယ် ဒလဗန်း”ဟု တစ်ကိုယ်တည်း ပြောသလို ရေရွတ် လိုက်လေသည်။
“ဒါဆိုရင်လည်း အကြီးမားဆုံးပွဲပဲပေါ့”
ဒလဗန်း ရူးသွပ်သွားပြီဟုလည်းကောင်း၊ စစ်ပွဲတွင် ကျဆုံးသွားသော သူ့ဦးရီးတော် ဒေါထောအိုင်၏ ၀ိညာဉ်ပူးကပ်နေပြီဟုလည်းကောင်း အားလုံးက မှတ်ချက်ချကြသည်။
ဒေါစွယ်စယက်က ဒလဗန်းအနီးသို့ ကပ်ပြီး တီးတိုးပြောသည်။
“အညံ့ခံပြီး သစ္စာခံကြဖို့ သူတို့တိုင်ပင်နေကြတာ”
“ထွီ”
စက်ဆုပ်ရွံရှာစွာ ပြု မူလိုက်သော အပြု အမူကို ဥပရာဇာနှင့် တကွ အားလုံးကြားသွားကြ သည်။
“မင်း ဘာလုပ်လိုက်သလဲ ဒလဗန်း”
“ကြားတဲ့အတိုင်းပဲ”
“ဥပရာဇာရဲ့ ရှေ့မှော က်ဆိုတာ မင်းနားမလည်ဘူးလား”
“သွေးဖြူ တဲ့ခေါင်းဆောင်လို့ပဲ ကျု ပ် နားလည်တယ်”
“မင်း ထွက်သွားစမ်း”
“မသွားနိုင်သေးဘူး၊ ကျု ပ် စစ်တိုက်ရဦးမယ်”
“အမောင် ၊ အမောင်”
“အချစ်ဆုံးရဲ့ ဖခင်ဟာ ကျုပ် အထင်သေးဆုံးပုဂ္ဂို လ် ဖြစ်နေတဲ့အတွက် ၀မ်းနည်းမဆုံးပါဘူး မြပန်းခက်။ ဒါပေမဲ့ မင်းကို ကျုပ် တကယ်ချစ်တယ်ဆိုတာကိုတော့ နားလည်လိုက်ပါ”
တဝေါဝေါအသံကများ ကို ကျောခိုင်းကာ ဒလဗန်း ညီလာခံခန်းမမှ ထွက်ခဲ့လေသည်။
လောကတွင် တစ်ယောက် တည်းသာရှိတော့သည်ဟူသော ခံစားမှု ။
“ကော့ဂွန်း”ဟု အမည် ရသည်။ မုတ္တမ၏ အရှေ့ယွန်းယွန်းတွင် ရှိသည်။
သည်နေရာသည် ကမ္ဘာလောကတွင် ဒလဗန်းအတွက် တစ်ခုတည်းသော ရပ်တည်ခိုနား ရာဒေသ။
အရာရာကို လက်လွှတ်ဆုံးရှုံးရသော ဘဝ၏ နောက်ဆုံးအချိန်။ ဒလဗန်းသည် တပ်ဦး ကမ်းပါးမျှော်စင်ထက်မှာ နေ၍ မှိုင်းညို ပြာရီ စစ်တောင်းမြစ်ရေပြင်နှင့် မိုးကုပ်စက်ဝိုင်းကို ကြည့်နေသည်။
The Red အနီ
စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) အပိုင္း (၅)
Reviewed by MP4 YoU
on
March 19, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment