Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ေက်ာင္းသားေတြ လႊတ္ေပးဖုိ႔ ၂၆ ဖြဲ႔ေတာင္းဆုိ

အက်ဥ္းက်ခံေနရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ျပန္လႊတ္ေပးဖို႔ မတ္လ ၉ ရက္ေန႔က ျမန္မာဂ်ာနယ္လစ္ကြန္ရက္ရံုးခန္းမွာ အရပ္ဘက္အဖဲြ႔ေတြ သတင္းစာရွင္းလင္းေနစဥ္။ Photo: Kyaw Lwin Oo/ RFA
အမ်ဳိးသားပညာေရးဥပေဒကို သပိတ္ေမွာက္ခ့ဲတာေၾကာင့္ အက်ဥ္းက်ခံေနရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြကို လႊတ္ေပးဖို႔ အရပ္ဘက္ အဖဲြ႔အစည္း ကြန္ရက္ ၂၆ ခုက ဒီေန႔ ေတာင္းဆိုလိုက္ပါတယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕ ျမန္မာဂ်ာနယ္လစ္ကြန္ရက္ရံုးခန္းမွာ အရပ္ဘက္အဖဲြ႔ေတြ စုေပါင္းသတင္းစာရွင္းလင္းပဲြ မွာ ေဒၚသိႏၷီဦးက ေတာင္းဆိုတာျဖစ္ပါတယ္။

"တစ္ပတ္ကို တရားရံုးကိုထြက္ေနရတယ္ဆိုတာကလည္း တစ္မ်ိဳးပဲျဖစ္ပါတယ္၊ ဒီလိုလုပ္ရပ္မ်ိဳးကို ဆက္မလုပ္ေတာ့ဖို႔ က်မတို႔တိုက္တြန္းခ်င္တယ္၊ လက္ရွိအစိုးရကို တရားမွ်တမႈအစစ္အမွန္ရဖို႔၊ အဲ့ဒါကေတာ့ လက္ရွိေက်ာင္းသားေတြကို ျပန္လႊတ္ေပးပါ၊ လက္ရွိခ်ဳပ္ထားတဲ့ တရားဆြဲဆိုထားတာေတြ ကို ျပန္ရုပ္သိမ္းေပးပါလို႔ အရပ္ဖက္ အဖြဲ႔အစည္းေတြက ေတာင္းဆိုခ်င္ပါတယ္"

အရပ္ဘက္အဖြဲ႔ေတြအေနနဲ႔ ေက်ာင္းသားေတြကို ပုဒ္မအမ်ိဳးမ်ိဳးထပ္တိုးၿပီး ေန႔စဥ္ရံုးထုတ္ေနတာေၾကာင့္ အဲဒီတရားစီရင္ေရးစနစ္ကို ကန္႔ကြက္တယ္လို႔လည္း အရပ္ဘက္အဖဲြ႔ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

လက္ရွိ သာယာဝတီအက်ဥ္းေထာင္မွာ ပုဒ္မ ၅ခုနဲ႔ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ဝန္းရံသူ ၅၀ ေက်ာ္ ရွိေနၿပီး အာမခံနဲ႔ အမႈရင္ဆုိင္ေနရသူ ၃၀ နီးပါး ရွိေနပါတယ္။

အဲဒီထဲက ကိုမင္းေသြးသစ္၊ မၿဖိဳးၿဖိဳးေအာင္၊ ကိုနႏၵစစ္ေအာင္၊ ကိုေက်ာ္ကိုကိုတုိ႔ဟာ ရန္ကုန္က တရားရံုးေတြမွာ လည္း ပုဒ္မ ၁၈ နဲ႔ အမႈရင္ဆုိင္ေနရပါတယ္။

အဲဒီ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ၀န္းရံသူေတြဟာ မနက္ျဖန္ရံုးခ်ိန္းေတြကစၿပီး တရားရံုးကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 အကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့ မတ်လ ၉ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အရပ်ဘက်အဖွဲ့တွေ သတင်းစာရှင်းလင်းနေစဉ်။ Photo: Kyaw Lwin Oo/ RFA
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တာကြောင့် အကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို လွှတ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ကွန်ရက် ၂၆ ခုက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အရပ်ဘက်အဖွဲ့တွေ စုပေါင်းသတင်းစာရှင်းလင်းပွဲ မှာ ဒေါ်သိန္နီဦးက တောင်းဆိုတာဖြစ်ပါတယ်။

"တစ်ပတ်ကို တရားရုံးကိုထွက်နေရတယ်ဆိုတာကလည်း တစ်မျိုးပဲဖြစ်ပါတယ်၊ ဒီလိုလုပ်ရပ်မျိုးကို ဆက်မလုပ်တော့ဖို့ ကျမတို့တိုက်တွန်းချင်တယ်၊ လက်ရှိအစိုးရကို တရားမျှတမှုအစစ်အမှန်ရဖို့၊ အဲ့ဒါကတော့ လက်ရှိကျောင်းသားတွေကို ပြန်လွှတ်ပေးပါ၊ လက်ရှိချုပ်ထားတဲ့ တရားဆွဲဆိုထားတာတွေ ကို ပြန်ရုပ်သိမ်းပေးပါလို့ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုချင်ပါတယ်"

အရပ်ဘက်အဖွဲ့တွေအနေနဲ့ ကျောင်းသားတွေကို ပုဒ်မအမျိုးမျိုးထပ်တိုးပြီး နေ့စဉ်ရုံးထုတ်နေတာကြောင့် အဲဒီတရားစီရင်ရေးစနစ်ကို ကန့်ကွက်တယ်လို့လည်း အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ၅၀ ကျော် ရှိနေပြီး အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၃၀ နီးပါး ရှိနေပါတယ်။

အဲဒီထဲက ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင်၊ ကိုကျော်ကိုကိုတို့ဟာ ရန်ကုန်က တရားရုံးတွေမှာ လည်း ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရပါတယ်။

အဲဒီ ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံသူတွေဟာ မနက်ဖြန်ရုံးချိန်းတွေကစပြီး တရားရုံးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment