ပုဇြန္ေတာင္ၿမိဳ႕နယ္ ၅၇ လမ္းအနီး မဟာဗႏၶဳလလမ္းေဘးရွိ ကုမၸဏီ႐ုံးခန္း တစ္ခုတြင္ မတ္လ ၆ ရက္ မြန္းလြဲ ၁ နာရီခန္႔က လုပ္ငန္းကိစၥျဖင့္ ေငြလာ ယူေသာ အသက္ ၂၃ ႏွစ္ အ႐ြယ္အမ်ိဳးသမီးကို ႐ုံးခန္းေစာင့္ျဖစ္သူ အသက္ ၄၅ ႏွစ္ အ႐ြယ္အမ်ိဳးသားက အဓမၼျပဳက်င့္ခဲ့ေၾကာင္း ပုဇြန္ေတာင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးရဲမႉး ခင္ေမာင္လတ္က ေျပာၾကားသည္။
အဆိုပါအမ်ိဳးသမီးမွာ ကုမၸဏီကယူခိုင္းလိုက္သည့္ က်ပ္ကိုးသိန္းေက်ာ္ကို မဟာဗႏၶဳလလမ္းရွိကုမၸဏီ႐ုံးခန္းတြင္ လာေရာက္ယူေဆာင္စဥ္ ကုမၸဏီမွ ႐ုံးခန္းေစာင့္ ဦးရွည္ႀကီး(ခ) ခင္ေမာင္သက္က အမ်ိဳးသမီးကို ႐ုံးခန္း အေနာက္ရွိ အိပ္ခန္းအတြင္းဆြဲေခၚကာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ပုဇြန္ေတာင္ ၿမိဳ႕မရဲစခန္းထံမွ သိရွိရသည္။
"အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးက တျခားကုမၸဏီက ဝန္ထမ္းတစ္ဦး ပါ၊ ေငြလာယူတဲ့ ကုမၸဏီမွာ ႐ုံးခန္းေစာင့္ အမ်ိဳးသားတစ္ေယာက္တည္း ရွိေနခ်ိန္ျဖစ္ၿပီး အမ်ိဳးသမီးကေငြယူၿပီး ျပန္မယ့္အခ်ိန္မွာ အဓမၼျပဳက်င့္ခံရ တာ၊ အဓမၼျပဳက်င့္ခဲ့တဲ့ ႐ုံးခန္းေစာင့္က သူ႕လက္ကိုင္ဖုန္းလာလို႔ စကားေျပာေနခ်ိန္ အမ်ိဳးသမီးက ထြက္ေျပးလြတ္ေျမာက္ခဲ့တာလို႔ စစ္ေဆး ခ်က္ေတြအရ သိရတယ္" ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ခင္ေမာင္လတ္က ေျပာၾကားသည္။
အဆိုပါ အဓမၼျပဳက်င့္ခဲ့ေသာ အမ်ိဳးသားကို ဖမ္းဆီးကာ ပုဇြန္ေတာင္ၿမိဳ႕မ ရဲစခန္းမွ ျပစ္မႈပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ စစ္ေဆး ေနေၾကာင္း ယင္းရဲစခန္း ထံမွ သိရွိရသည္။
The Voice Weekly
.....................
ကုမ္ပဏီရုံးခန်းတွင် ငွေလာယူသော အမျိုးသမီးကို ရုံးခန်းစောင့်အမျိုးသားက အဓမ္မပြုကျင့်
=========================================================
ပုဇွန်တောင်မြို့နယ် ၅၇ လမ်းအနီး မဟာဗန္ဓုလလမ်းဘေးရှိ ကုမ္ပဏီရုံးခန်း တစ်ခုတွင် မတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က လုပ်ငန်းကိစ္စဖြင့် ငွေလာ ယူသော အသက် ၂၃ နှစ် အရွယ်အမျိုးသမီးကို ရုံးခန်းစောင့်ဖြစ်သူ အသက် ၄၅ နှစ် အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်လတ်က ပြောကြားသည်။
အဆိုပါအမျိုးသမီးမှာ ကုမ္ပဏီကယူခိုင်းလိုက်သည့် ကျပ်ကိုးသိန်းကျော်ကို မဟာဗန္ဓုလလမ်းရှိကုမ္ပဏီရုံးခန်းတွင် လာရောက်ယူဆောင်စဉ် ကုမ္ပဏီမှ ရုံးခန်းစောင့် ဦးရှည်ကြီး(ခ) ခင်မောင်သက်က အမျိုးသမီးကို ရုံးခန်း အနောက်ရှိ အိပ်ခန်းအတွင်းဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ပုဇွန်တောင် မြို့မရဲစခန်းထံမှ သိရှိရသည်။
"အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက တခြားကုမ္ပဏီက ဝန်ထမ်းတစ်ဦး ပါ၊ ငွေလာယူတဲ့ ကုမ္ပဏီမှာ ရုံးခန်းစောင့် အမျိုးသားတစ်ယောက်တည်း ရှိနေချိန်ဖြစ်ပြီး အမျိုးသမီးကငွေယူပြီး ပြန်မယ့်အချိန်မှာ အဓမ္မပြုကျင့်ခံရ တာ၊ အဓမ္မပြုကျင့်ခဲ့တဲ့ ရုံးခန်းစောင့်က သူ့လက်ကိုင်ဖုန်းလာလို့ စကားပြောနေချိန် အမျိုးသမီးက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ စစ်ဆေး ချက်တွေအရ သိရတယ်" ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က ပြောကြားသည်။
အဆိုပါ အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို ဖမ်းဆီးကာ ပုဇွန်တောင်မြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေး နေကြောင်း ယင်းရဲစခန်း ထံမှ သိရှိရသည်။
The Voice Weekly
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, March 7, 2016
ကုမၸဏီ႐ုံးခန္းတြင္ ေငြလာယူေသာ အမ်ိဳးသမီးကို ႐ုံးခန္းေစာင့္အမ်ိဳးသားက အဓမၼျပဳက်င့္
ကုမၸဏီ႐ုံးခန္းတြင္ ေငြလာယူေသာ အမ်ိဳးသမီးကို ႐ုံးခန္းေစာင့္အမ်ိဳးသားက အဓမၼျပဳက်င့္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 07, 2016
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment