ျပည္သူ႔ရင္ျပင္အတြင္းရိွ ေျမဧက ၃ ဒသမ ၂၈ ဧကကုိ အငွားခ်မည့္ကိစၥအား အေစာတလွ်င္ မျပဳလုပ္ရန္ ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔ထံ တုိင္းလႊတ္ေတာ္ဥကၠဌ ဦးတင္ေမာင္ထြန္းမွ စာေပးပုိ႔မည္ျဖစ္ေၾကာင္း NLD ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္မ်ားထံမွ သိရသည္။
“ေလးဧကနီးပါးရိွတဲ့ေျမကြက္ကုိ တင္ဒါေခၚလုိက္တယ္။ ကၽြန္ေတာ္တုိ႔သိတဲ့အခ်ိန္ တစ္ရက္ႏွစ္ရက္ပဲရိွေသးတယ္။ ဦးျမင့္သိန္းဆုိတဲ့သူက တင္ဒါေအာင္ျမင္သြားတယ္လုိ႔ သိရတယ္။ ဘယ္ကုမၸဏီကုိေတာ့ အတိအက် မေျပာႏုိင္ေသးဘူး။ အဲဒါေၾကာင့္ ရန္ကုန္တုိင္းမွာရိွတဲ့ NLD လႊတ္ေတာ္ကုိယ္စားလွယ္အားလုံးကလည္း ဒီကိစၥကုိ ရပ္ထားဖုိ႔ ဆႏၵရိွတယ္။ ဥကၠဌႀကီးကလည္း ဒီကိစၥကုိ အေစာတလွ်င္မလုပ္ဖုိ႔ စာပုိ႔မယ္လုိ႔ ေျပာတယ္”ဟု မဂၤလာေတာင္ညႊန္ၿမိဳ႕နယ္၊ တုိင္းေဒသႀကီးအမွတ္ (၂) လႊတ္ေတာ္ကုိယ္စားလွယ္ ဦးရန္ေအာင္က ေျပာသည္။
ၿပီးခဲ့သည့္ပထမအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အထူးအစဥ္း အေ၀းအစီအစဥ္မ်ားတြင္ အပန္းေျဖဥယ်ာဥ္အတြင္းရိွ စိးပါြးေရးအေဆာက္အဦးမ်ား၊ ဆုိင္ခန္းမ်ားကုိ အငွားခ်ထားေပးသည့္အတြက္ အမ်ားျပည္သူမ်ား အပန္းေျဖမည့္ေနရာမ်ား ဆုံးရႈံးေနသည့္အေပၚ ဗဟန္းၿမိဳ႕နယ္ အမွတ္ (၂) ကုိယ္စားလွယ္ ေဒါက္တာ ညိဳညိဳသင္းက ေမးခြန္းမ်ားေမးျမန္းျခင္း၊ အဆုိမ်ား တင္သြင္းျခင္းတုိ႔ ျပဳလုပ္ခဲ့သည္။
“ဒီဟာကေတာ့ တကယ္ေတာ့မျဖစ္သင့္ဘူး။ ျပည္သူ႔ရင္ျပင္ဆုိတာ အထင္ကရေနရာပဲ။ ရန္ကုန္ၿမိဳ႕ရဲ႕ အထင္ကရက်တဲ့ေနရာ။ ဒီေနရာကုိ မလုပ္ေစခ်င္ဘူး။ အခုသူတုိ႔က တက္သုတ္ရုိက္ၿပီး တင္ဒါေခၚတဲ့ကိစၥကေတာ့ ေတာ္ေတာ္ကုိ စိတ္မတတ္မသာခံစား ရတယ္။ အမ်ားနဲ႔ သက္ဆုိင္တဲ့ေနရတဲ့ေနရာျဖစ္တယ္။ တကယ္ဆုိရင္ လက္လြတ္စပယ္ မလုပ္သင့္ဘူး”ဟု ဦးရန္ေအာင္က ေျပာသည္။
ယင္းသုိ႔ ေလလံတင္အငွားခ်သည့္ ေျမဧက ၃ ဒသမ ၂၈ ဧက တြင္ ပင္မအေဆာက္အအုံတလုံး၊ ကားပါကင္၊ မုန္႔ဖုိ ၊ ဂုိေဒါင္၀င္းႏွင့္ ေတာင္ကုန္း ဧရိယာ ၀ ဒသမ ၇၆ ဧက ပါ၀င္ေၾကာင္းသိရၿပီး ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔မွ ေလလံဆြဲလုိသူမ်ားအား မတ္လ ၁၆ ရက္ေန႔က ေလလံေလွ်ာက္လႊာမ်ား ေနာက္ဆုံး လက္ခံခဲ့ေၾကာင္း သိရသည္။
“အခု တင္ဒါက်သြားၿပီလုိ႔ သိရတယ္။ သူတုိ႕ကလည္း လုပ္ၾကမွာပဲေလ။ ကၽြန္ေတာ္တုိ႔ဘက္ကလည္း လုပ္စရာရိွတာ လုပ္ရမွာပဲ”ဟု တာေမြၿမိဳ႕နယ္ အမွတ္ (၁) တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ဦးလွသိန္းက ေျပာသည္။
လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
..............
ပြည်သူ့ရင်ပြင်အတွင်းရှိ မြေဧက ၃ ဒသမ ၂၈ ဧကကို အငှားချမည့်ကိစ္စအား အစောတလျှင် မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းမှ စာပေးပို့မည်ဖြစ်ကြောင်း NLD ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
“လေးဧကနီးပါးရှိတဲ့မြေကွက်ကို တင်ဒါခေါ်လိုက်တယ်။ ကျွန်တော်တို့သိတဲ့အချိန် တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။ ဦးမြင့်သိန်းဆိုတဲ့သူက တင်ဒါအောင်မြင်သွားတယ်လို့ သိရတယ်။ ဘယ်ကုမ္ပဏီကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ အဲဒါကြောင့် ရန်ကုန်တိုင်းမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း ဒီကိစ္စကို ရပ်ထားဖို့ ဆန္ဒရှိတယ်။ ဥက္ကဌကြီးကလည်း ဒီကိစ္စကို အစောတလျှင်မလုပ်ဖို့ စာပို့မယ်လို့ ပြောတယ်”ဟု မင်္ဂလာတောင်ညွှန်မြို့နယ်၊ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။
ပြီးခဲ့သည့်ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစဉ်း အဝေးအစီအစဉ်များတွင် အပန်းဖြေဥယျာဉ်အတွင်းရှိ စိးပါွးရေးအဆောက်အဦးများ၊ ဆိုင်ခန်းများကို အငှားချထားပေးသည့်အတွက် အများပြည်သူများ အပန်းဖြေမည့်နေရာများ ဆုံးရှုံးနေသည့်အပေါ် ဗဟန်းမြို့နယ် အမှတ် (၂) ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းတို့ ပြုလုပ်ခဲ့သည်။
“ဒီဟာကတော့ တကယ်တော့မဖြစ်သင့်ဘူး။ ပြည်သူ့ရင်ပြင်ဆိုတာ အထင်ကရနေရာပဲ။ ရန်ကုန်မြို့ရဲ့ အထင်ကရကျတဲ့နေရာ။ ဒီနေရာကို မလုပ်စေချင်ဘူး။ အခုသူတို့က တက်သုတ်ရိုက်ပြီး တင်ဒါခေါ်တဲ့ကိစ္စကတော့ တော်တော်ကို စိတ်မတတ်မသာခံစား ရတယ်။ အများနဲ့ သက်ဆိုင်တဲ့နေရတဲ့နေရာဖြစ်တယ်။ တကယ်ဆိုရင် လက်လွတ်စပယ် မလုပ်သင့်ဘူး”ဟု ဦးရန်အောင်က ပြောသည်။
ယင်းသို့ လေလံတင်အငှားချသည့် မြေဧက ၃ ဒသမ ၂၈ ဧက တွင် ပင်မအဆောက်အအုံတလုံး၊ ကားပါကင်၊ မုန့်ဖို ၊ ဂိုဒေါင်ဝင်းနှင့် တောင်ကုန်း ဧရိယာ ၀ ဒသမ ရ၆ ဧက ပါ၀င်ကြောင်းသိရပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေလံဆွဲလိုသူများအား မတ်လ ၁၆ ရက်နေ့က လေလံလျှောက်လွှာများ နောက်ဆုံး လက်ခံခဲ့ကြောင်း သိရသည်။
“အခု တင်ဒါကျသွားပြီလို့ သိရတယ်။ သူတို့ကလည်း လုပ်ကြမှာပဲလေ။ ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ရမှာပဲ”ဟု တာမွေမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
No comments:
Post a Comment