Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 28, 2016

ေဒၚေအာင္ဆန္းစုၾကည္ပံု ျပဳျပင္ၿပီးေဖ့ဘြတ္စ္တင္သူ ေထာင္ ၆ လက်


ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပံုကို မဖြယ္မရာျပဳျပင္ၿပီး ေဖ့ဘြတ္စ္မွာ တင္ခဲ့တဲ့ ကန္ႀကီးေထာင့္ ၿမိဳ႕နယ္ ၾကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ တြဲဘက္အတြင္းေရးမွဴး ဦးသန္းထြန္းကို ဒီကေန႔ ကန္ႀကီးေထာင့္ၿမိဳ႕နယ္တရားရံုး က ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆-ဃ နဲ႔ ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္ပါတယ္။

 ဦးသန္းထြန္းဟာ ေဒၚေအာင္ဆန္းစုၾကည္ကို အသေရဖ်က္ၿပီး ေဖ့စ္ဘြတ္မွာ တင္ခဲ့တာ ေပၚလြင္တယ္ဆုိၿပီး ၿမိဳ႕နယ္တရားသူႀကီး က အမိန္႔ခ်လိုက္တာလို႔ တရားလိုျဖစ္သူ NLD ပါတီဝင္ ဦးစည္သူေမာင္က ေျပာပါတယ္။

 သမၼတ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ရဲ႕ ဓာတ္ပံုေတြကို မဖြယ္မရာ ျပဳလုပ္ၿပီး ေဖ့ဘြတ္စ္မွာ တင္ခ့ဲတဲ့အတြက္ ပုဒ္မ ၆၆-ဃ နဲ႔ အေရးယူခံထားရသူ ၄ ဦးရွိရာမွာ ၃ ဦးကို ျပစ္ဒဏ္ခ်မွတ္ၿပီး ျဖစ္ပါတယ္။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

................................................................


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မဖွယ်မရာပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ ကန်ကြီးထောင့် မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းကို ဒီကနေ့ ကန်ကြီးထောင့်မြို့နယ်တရားရုံး က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

 ဦးသန်းထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ပေါ်လွင်တယ်ဆိုပြီး မြို့နယ်တရားသူကြီး က အမိန့်ချလိုက်တာလို့ တရားလိုဖြစ်သူ NLD ပါတီဝင် ဦးစည်သူမောင်က ပြောပါတယ်။

 သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မဖွယ်မရာ ပြုလုပ်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ပုဒ်မ ၆၆-ဃ နဲ့ အရေးယူခံထားရသူ ၄ ဦးရှိရာမှာ ၃ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

No comments:

Post a Comment