Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

ကိုပါကြီး သေဆုံးမှု ရဲစခန်း အမှုပိတ်(ကိုပါႀကီး ေသဆံုးမႈ ရဲစခန္း အမႈပိတ္)

25.03.2016 22:29

စစ္တပ္ကေန ပစ္ခတ္လို႔ ေသဆံုးသြားခဲ့ရတဲ့ အလြတ္သတင္းေထာက္ ကိုပါႀကီးရဲ႕ အမႈနဲ႔ ပတ္သက္လုိ႔ မိသားစုက လူသတ္မႈနဲ႔ တရားစဲြဆုိမႈနဲ႔ပတ္သက္လုိ႔ အမႈ ပိတ္သိမ္းလိုက္ျပီးျဖစ္ေၾကာင္း က်ိဳက္မေရာျမိဳ႕နယ္ရဲစခန္းမွဴး လက္မွတ္နဲ႔ ဇနီးျဖစ္သူကို အေၾကာင္းၾကားခဲ့တယ္လုိ႔ ဆိုပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးမာက သတင္းေပးပို႔ထားပါတယ္။

ျပီးခဲ့တဲ့၂၀၁၄ခုႏွစ္ စက္တင္ဘာလက မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္တြင္း စစ္တပ္က ေသနတ္နဲ႔ ပစ္ခတ္လို႔ ေသဆံုးသြားခဲ့ရတဲ့ ကိုပါႀကီးန႔ဲအမႈနဲ႔ပတ္သက္လုိ႔ တရားလို ရဲမွဴး ေမာင္ေအးနဲ႔ တရားခံ ဒုတပ္ၾကပ္ေက်ာ္ေက်ာ္ေအာင္တုိ့ရဲ႕ အမႈကို ဥပေဒ႐ံုးအဆင့္ဆင့္ရဲ႕ အႀကံျပဳခ်က္ အထက္ အႀကီးအကဲ အဆင့္ဆင့္တို့ရဲ႕ ညြန္ၾကားခ်က္ေတြ နဲ႔ အညီ အမႈပိတ္သိမ္းဖို႔ အေၾကာင္းၾကားလာတဲ့ အတြက္ ၁၉ -၃-၂၀၁၆ ရက္ေန႔ မွာ မွားယြင္းမႈနဲ႔ ပိတ္သိမ္းေၾကာင္း မြန္ျပည္နယ္ က်ိဳက္မေရာ ရဲစခန္းမွဴး က အေၾကာင္းၾကားလာခဲ့တာပါ။

ဒါဟာ တရား႐ံုးမတက္ရေသးပဲနဲ႔ ပိတ္သိမ္းလိုက္တာျဖစ္တယ္လုိ ့ဇနီးျဖစ္သူ အိမ္မဲျမိဳ႕နယ္ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚသႏၱာက ေျပာပါတယ္။

"အမႈကို မွားယြင္းမႈနဲ႔ပိတ္သိမ္းလုိက္တယ္ဆိုၿပီးေတာ့ ေအာက္က မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ စခန္းမွဴးလက္မွတ္ထိုးၿပီးေတာ့ က်မဆီကိုပို႔တဲ့စာေပါ့ေနာ္။ ဒီလူသတ္မႈနဲ႔တက္ထားတဲ့ တရားခြင္ကို လံုးဝ တရား႐ံုးမတက္ရေသးပဲနဲ႔ ဒီလိုမ်ိဳး ထုတ္ျပန္ေၾကညာခ်က္ ထြက္လာတာေပါ့ေနာ္။ ေရးထားတာကေတာ့ က်ိဳက္မေရာ စခန္းမွဴး ေရးထားတယ္။ မွားယြင္းပိတ္သိမ္းတယ္ဆိုၿပီးေတာ့ ဒီထဲမွာလည္း မထည့္ထားဘူး ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔က ေသမႈေသခင္း တုန္းက ဆံုးျဖတ္ခ်က္အရ ေသမႈေသခင္းထဲကအတုိင္းဆိုရင္ ကိုပါႀကီးက ဓမၼတာအတုိင္း ေသဆံုးတာမဟုတ္ဘူး။ တစံုတေယာက္ရဲ႕ ပေရာဂေၾကာင့္ ေသနတ္ဒဏ္ရာေၾကာင့္ ေသဆံုးသြားတာလို႔ ဆံုးျဖတ္ခ်က္ခ် တယ္။ ေနာက္ၿပီးေတာ့ တရားသူႀကီးကိုယ္တုိင္ ဒီအမႈဟာ  လူသတ္မႈအျဖစ္ ထပ္ၿပီး တရားစြဲခြင့္ရွိတယ္လို႔ေျပာတယ္။ ဒီဟာနဲ႔ဆိုရင္ အခုထုတ္တဲ့စာနဲ႔ဆိုရင္ ဘယ္လိုမွ ဆက္စပ္မႈမရွိဘူး။ "

ဒီအမႈနဲ႔ပတ္သက္လို႔ လိုက္လံစံုစမ္းေမးျမန္းဖို႔အတြက္ ေရွ႕ေနနဲ႔ ျပင္ဆင္မွာျဖစ္ျပီး ဥပေဒေၾကာင္းအရ တရားမ်ွတမူရေစဖုိ႔ ဆက္ႀကိဳးပမ္းသြားမယ္ လို႔ ေဒၚသႏၱာက ေျပာပါတယ္။

" ကိုပါႀကီးကို က်မတို႔ေသမႈေသခင္းသြားၿပီးေတာ့ ဖြင့္တုန္းကလည္း မနက္ကိုးနာရီ ကတည္းက ည ေျခာက္နာရီအထိ က်မ ဖြင့္လို႔မရခဲ့ဘူး။ အဲ့တုန္းကလည္း က်မ အဲ့ဒီ့စကားပဲေျပာတယ္။ အထက္အဖြဲ႔အစည္းအဆင့္ဆင့္ ဖြင့္ခြင့္မေပးဘူးလို႔ ဒီစကားေျပာတယ္။ အထက္အဖြဲ႔အစည္းအဆင့္ဆင့္ နာမည္ေမးတုန္းကလည္း က်မကို အဲ့တုန္းကလည္း ျပန္ၿပီး မေျပာခဲ့ဘူး။ အခုဟာက ဒုတိယအႀကိမ္ ဒီစကားထပ္ေျပာတယ္။ စာနဲ႔ကို အလံုးလုိက္ျမင္ရတာေပါ့ေနာ္။ ဥပေဒေဘာင္အတြင္းက တရားမွ်တမႈရဖို႔အတြက္ က်မ ထပ္ႀကိဳးစားပါ့မယ္။"

ကိုပါႀကီးေသဆံုးတဲ့အမႈနဲ႔ ပတ္သက္လို႔ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးေကာ္မရွင္ ကလည္း လူ႔အခြင့္အေရး ရႈ႕ေဒါင့္ကေန စစ္ေဆးေမးျမန္းၿပီး သမၼတဦးသိန္းစိန္ကို အစီရင္ခံစာ တင္ခဲ့ပါတယ္။ ဒီအစီရင္ခံစာထဲမွာ အမႈနဲ႔ပတ္သက္လို႔ နယ္ဘက္ တရား႐ံုးမွာ လြတ္လပ္စြာ စစ္ေဆးခြင့္ျပဳဖို႔ အႀကံျပဳထားပါတယ္။ ဒါေပမဲ့လည္း ၂၀၁၅ခုႏွစ္အတြင္း ထုတ္ျပန္တဲ့ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ အစီရင္ခံစာမွာေတာ့ တပ္မေတာ္ အက္ဥပေဒပုဒ္မ ၇၁၊ ျပစ္မႈဆုိင္ရာ ဥပေဒပုဒ္မ ၃၀၄ တို႔နဲ႔ စစ္ေဆးခဲ့ၿပီး တရားေသ လႊတ္မိန္႔ ခ်မွတ္ခဲ့ေၾကာင္းနဲ႔ ဒီဆံုးျဖတ္ခ်က္ကို တုိင္းမႉး၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္က အတည္ျပဳခဲ့တာကို သိရွိရတယ္လို႔ လူအခြင့္အေရးေကာ္မရွင္က ထုတ္ျပန္ခဲ့ပါတယ္။

အလြတ္သတင္းေထာက္ ကိုပါႀကီးကုိ ျမန္မာအစိုးရနဲ႔ ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ တုိက္ပဲြေတြ ျဖစ္ေနစဥ္မွာ ဖမ္းဆီးမိခဲ့ေၾကာင္း သူဟာ KKO အဖဲြရဲ ့ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္ႀကီးတဦး အျဖစ္ ျမန္မာစစ္တပ္က ေျပာဆုိ ထားတာပါ။ အလြတ္သတင္းေထာက္ ကိုပါႀကီး (ခ) ကုိေအာင္ေက်ာ္ႏုိင္ ဟာ ႏုိင္ငံေရး တက္ႂကြလႈပ္ရွားသူတဦးျဖစ္ၿပီး အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ စတင္ဖဲြ႔စည္းစဥ္က လူငယ္ေခါင္းေဆာင္တဦး ျဖစ္ခဲ့သလို၊ အမ်ိဳးသားဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို လံုုၿခံဳေရးတာ၀န္ယူေပးတဲ့ သံုးေရာင္ျခယ္အဖဲြ႔၀င္တဦးလည္း ျဖစ္ခဲ့ပါတယ္။ သူဟာ ျမန္မာျပည္က ဂ်ာနယ္ ၃ ေစာင္ေလာက္မွာလည္း ေအာင္ႀကီး နာမည္နဲ႔ သတင္းမ်ားေပးပို႔ခဲ့သူ ျဖစ္ပါတယ္။
VOA
............
ကိုပါကြီး သေဆုံးမှု ရဲစခန်း အမှုပိတ်


25.03.2016 22:29

စစ်တပ်ကနေ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ အမှုနဲ့ ပတ်သက်လို့ မိသားစုက လူသတ်မှုနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်လို့ အမှု ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း ကျိုက်မရောမြို့နယ်ရဲစခန်းမှူး လက်မှတ်နဲ့ ဇနီးဖြစ်သူကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၄ခုနှစ် စက်တင်ဘာလက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်း စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတဲ့ ကိုပါကြီးနဲ့အမှုနဲ့ပတ်သက်လို့ တရားလို ရဲမှူး မောင်အေးနဲ့ တရားခံ ဒုတပ်ကြပ်ကျော်ကျော်အောင်တို့ရဲ့ အမှုကို ဥပဒေရုံးအဆင့်ဆင့်ရဲ့ အကြံပြုချက် အထက် အကြီးအကဲ အဆင့်ဆင့်တို့ရဲ့ ညွန်ကြားချက်တွေ နဲ့ အညီ အမှုပိတ်သိမ်းဖို့ အကြောင်းကြားလာတဲ့ အတွက် ၁၉ -၃-၂၀၁၆ ရက်နေ့ မှာ မှားယွင်းမှုနဲ့ ပိတ်သိမ်းကြောင်း မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းမှူး က အကြောင်းကြားလာခဲ့တာပါ။

ဒါဟာ တရားရုံးမတက်ရသေးပဲနဲ့ ပိတ်သိမ်းလိုက်တာဖြစ်တယ်လို ့ဇနီးဖြစ်သူ အိမ်မဲမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။

"အမှုကို မှားယွင်းမှုနဲ့ပိတ်သိမ်းလိုက်တယ်ဆိုပြီးတော့ အောက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် စခန်းမှူးလက်မှတ်ထိုးပြီးတော့ ကျမဆီကိုပို့တဲ့စာပေါ့နော်။ ဒီလူသတ်မှုနဲ့တက်ထားတဲ့ တရားခွင်ကို လုံးဝ တရားရုံးမတက်ရသေးပဲနဲ့ ဒီလိုမျိုး ထုတ်ပြန်ကြေညာချက် ထွက်လာတာပေါ့နော်။ ရေးထားတာကတော့ ကျိုက်မရော စခန်းမှူး ရေးထားတယ်။ မှားယွင်းပိတ်သိမ်းတယ်ဆိုပြီးတော့ ဒီထဲမှာလည်း မထည့်ထားဘူး ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က သေမှုသေခင်း တုန်းက ဆုံးဖြတ်ချက်အရ သေမှုသေခင်းထဲကအတိုင်းဆိုရင် ကိုပါကြီးက ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘူး။ တစုံတယောက်ရဲ့ ပရောဂကြောင့် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားတာလို့ ဆုံးဖြတ်ချက်ချ တယ်။ နောက်ပြီးတော့ တရားသူကြီးကိုယ်တိုင် ဒီအမှုဟာ  လူသတ်မှုအဖြစ် ထပ်ပြီး တရားစွဲခွင့်ရှိတယ်လို့ပြောတယ်။ ဒီဟာနဲ့ဆိုရင် အခုထုတ်တဲ့စာနဲ့ဆိုရင် ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ "

ဒီအမှုနဲ့ပတ်သက်လို့ လိုက်လံစုံစမ်းမေးမြန်းဖို့အတွက် ရှေ့နေနဲ့ ပြင်ဆင်မှာဖြစ်ပြီး ဥပဒေကြောင်းအရ တရားမျှတမူရစေဖို့ ဆက်ကြိုးပမ်းသွားမယ် လို့ ဒေါ်သန္တာက ပြောပါတယ်။

" ကိုပါကြီးကို ကျမတို့သေမှုသေခင်းသွားပြီးတော့ ဖွင့်တုန်းကလည်း မနက်ကိုးနာရီ ကတည်းက ည ခြောက်နာရီအထိ ကျမ ဖွင့်လို့မရခဲ့ဘူး။ အဲ့တုန်းကလည်း ကျမ အဲ့ဒီ့စကားပဲပြောတယ်။ အထက်အဖွဲ့အစည်းအဆင့်ဆင့် ဖွင့်ခွင့်မပေးဘူးလို့ ဒီစကားပြောတယ်။ အထက်အဖွဲ့အစည်းအဆင့်ဆင့် နာမည်မေးတုန်းကလည်း ကျမကို အဲ့တုန်းကလည်း ပြန်ပြီး မပြောခဲ့ဘူး။ အခုဟာက ဒုတိယအကြိမ် ဒီစကားထပ်ပြောတယ်။ စာနဲ့ကို အလုံးလိုက်မြင်ရတာပေါ့နော်။ ဥပဒေဘောင်အတွင်းက တရားမျှတမှုရဖို့အတွက် ကျမ ထပ်ကြိုးစားပါ့မယ်။"

ကိုပါကြီးသေဆုံးတဲ့အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ကလည်း လူ့အခွင့်အရေး ရှု့ဒေါင့်ကနေ စစ်ဆေးမေးမြန်းပြီး သမ္မတဦးသိန်းစိန်ကို အစီရင်ခံစာ တင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ အမှုနဲ့ပတ်သက်လို့ နယ်ဘက် တရားရုံးမှာ လွတ်လပ်စွာ စစ်ဆေးခွင့်ပြုဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ခုနှစ်အတွင်း ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ တပ်မတော် အက်ဥပဒေပုဒ်မ ရ၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ တို့နဲ့ စစ်ဆေးခဲ့ပြီး တရားသေ လွှတ်မိန့် ချမှတ်ခဲ့ကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အတည်ပြုခဲ့တာကို သိရှိရတယ်လို့ လူအခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးကို မြန်မာအစိုးရနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် တိုက်ပွဲတွေ ဖြစ်နေစဉ်မှာ ဖမ်းဆီးမိခဲ့ကြောင်း သူဟာ KKO အဖွဲရဲ ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတဦး အဖြစ် မြန်မာစစ်တပ်က ပြောဆို ထားတာပါ။ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က လူငယ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုုံခြံုရေးတာဝန်ယူပေးတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာပြည်က ဂျာနယ် ၃ စောင်လောက်မှာလည်း အောင်ကြီး နာမည်နဲ့ သတင်းများပေးပို့ခဲ့သူ ဖြစ်ပါတယ်။
VOA

No comments:

Post a Comment