ကာကြယ္ေရးနဲ႔ လုံျခဳံေရး ေကာင္စီ အဖြဲ႕မွာ ပါဝင္မွာ ျဖစ္တဲ့ အတြက္ အေရး ပါတယ္လို႔ ဆိုပါတယ္ |
နိုင္ငံျခားေရးဝန္ႀကီးဟာ ကာလုံ ဆိုတဲ့ ကာကြယ္ေရးနဲ႔ လုံျခဳံေရး ေကာင္စီ အဖြဲ႕မွာ ပါဝင္မွာ ျဖစ္တဲ့ အတြက္ အေရး ပါတယ္လို႔ ဆိုရမွာပါ။
ဒါေပမယ့္ ကာလုံမွာ မဲေပး ဆုံးျဖတ္တဲ့ အခါ စစ္တပ္က မဲ အသာ ရွိေနတဲ့ အတြက္ သိပ္ေတာ့ မထူးဘူးလို႔ ၁၉၉၀ အမတ္ေဟာင္း ဦးေဒးဗစ္ လွျမင့္က ေျပာပါတယ္။
တဘက္မွာလည္း ကာလုံမွာ စစ္တပ္နဲ႔ ေတြ႕ဆုံ ေဆြးေႏြး မွုေတြ အတြက္ ေဒၚေအာင္ဆန္းစုၾကည္သာ ထဲထဲဝင္ဝင္ ေျပာဆို နိုင္ တဲ့ အေနအထား ရွိတယ္လို႔ ဆိုပါတယ္။
အရင္တုန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သမၼတ အထက္မွာ ေနၿပီး အန္အဲလ္ဒီ ဥကၠဌ အျဖစ္ ဦးစီးေဆာင္ရြက္မွာ ျဖစ္တယ္လို႔ အားလုံးက သိထားတာ ျဖစ္ပါတယ္။
အခုလို အစိုးရအဖြဲ႕မွာ ပါဝင္ လိုက္မယ္ဆိုရင္ တဘက္မွာ အားနည္းသြားမယ္လို႔ ဦးေဒးဗစ္လွျမင့္က ေျပာပါတယ္။
ေနာက္ၿပီး နိုင္ငံျခားေရး ဝန္ႀကီး အျပင္ တျခား ဝန္ႀကီးဌာနေတြကို ပါ ေဒၚေအာင္ဆန္းစုၾကည္က တြဲကိုင္ မယ္ဆိုတဲ့ သတင္းေတြ လည္း ထြက္ေန တာေၾကာင့္ အဲဒီလို လုပ္ခဲ့မယ္ ဆိုရင္ေတာ့ သိပ္ မလြယ္ လွဘူးလို႔ ဦးေဒးဗစ္ လွျမင့္က သုံးသပ္ ေျပာၾကား သြားပါတယ္။
BBC Burmese
http://www.bbc.com/burmese
..................................................
ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အဖွဲ့မှာ ပါဝင်မှာ ဖြစ်တဲ့ အတွက် အရေး ပါတယ်လို့ ဆိုပါတယ်
ပြည်ထောင်စု ဝန်ကြီး နာမည် စာရင်း ထွက်လာတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး အပြင် တခြားဝန်ကြီး ဌာန တွေလည်း ကိုင်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ ကာလုံ ဆိုတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အဖွဲ့မှာ ပါဝင်မှာ ဖြစ်တဲ့ အတွက် အရေး ပါတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် ကာလုံမှာ မဲပေး ဆုံးဖြတ်တဲ့ အခါ စစ်တပ်က မဲ အသာ ရှိနေတဲ့ အတွက် သိပ်တော့ မထူးဘူးလို့ ၁၉၉၀ အမတ်ဟောင်း ဦးဒေးဗစ် လှမြင့်က ပြောပါတယ်။
တဘက်မှာလည်း ကာလုံမှာ စစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်သာ ထဲထဲဝင်ဝင် ပြောဆို နိုင် တဲ့ အနေအထား ရှိတယ်လို့ ဆိုပါတယ်။
အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အထက်မှာ နေပြီး အန်အဲလ်ဒီ ဥက္ကဌ အဖြစ် ဦးစီးဆောင်ရွက်မှာ ဖြစ်တယ်လို့ အားလုံးက သိထားတာ ဖြစ်ပါတယ်။
အခုလို အစိုးရအဖွဲ့မှာ ပါဝင် လိုက်မယ်ဆိုရင် တဘက်မှာ အားနည်းသွားမယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
နောက်ပြီး နိုင်ငံခြားရေး ဝန်ကြီး အပြင် တခြား ဝန်ကြီးဌာနတွေကို ပါ ဒေါ်အောင်ဆန်းစုကြည်က တွဲကိုင် မယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်နေ တာကြောင့် အဲဒီလို လုပ်ခဲ့မယ် ဆိုရင်တော့ သိပ် မလွယ် လှဘူးလို့ ဦးဒေးဗစ် လှမြင့်က သုံးသပ် ပြောကြား သွားပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment