Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 2, 2016

ေဒၚေအာင္ဆန္းစုၾကည္အားသမၼတ ျဖစ္ရမည္၊ ျဖစ္ေအာင္လည္းေဆာင္ရြက္ေနေၾကာင္း NLD နာယက ဦးတင္ဦးကဆို

2 February 2016 


ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ရမည္၊ ျဖစ္ေအာင္ လုပ္ေနသည္ဟု NLD နာယက သူရဦးတင္ဦးက ယေန ့ေန ့လယ္ပိုင္းတြင္ မီဒီယာသို ့ေျပာခဲ့သည္။ "ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ရမွာေပါ့။

သူ သမၼတျဖစ္ဖို ့အတြက္ ကၽြန္ေတာ္တို ့လုပ္ေနတယ္။
ကၽြန္ေတာ္တို ့က သူ ့ကို ထမ္းတသ္ေနတယ္" ဟု သူက ယေန ့ေန ့လယ္ပိုင္း လႊတ္ေတာ္အတြင္း ဇမၺဴသီရိအေဆာင္မွ အထြက္ မီဒီယာမ်ားႏွင့္ ေတြ ့ဆုံစဥ္ ေျပာၾကားခဲ့သည္။

ျပီးခဲ့သည့္ သီတင္းပတ္တြင္ စတင္ခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲအႏိုင္ရ လႊတ္ေတာ္ အမတ္မ်ားအား လႊတ္ေတာ္၏ လုပ္ထုံးလုပ္နည္းမ်ား ပို ့ခ်ေပးသည့္ သင္တန္းကို ယေန ့ေန ့လယ္ပိုင္းတြင္ လႊတ္ေတာ္ ၀င္းအတြင္းရွိ ဇမၺဴသီရိေဆာင္တြင္ သင္တန္းဆင္းပြဲ ျပဳလုပ္ခဲ့ရာ

ထိုပြဲသို ့ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္နယ္ႏွင့္ တိုင္းေဒသၾကီးအသီးသီးမွ သင္တန္းသား လႊတ္ေတာ္အမတ္ ၅၀ ဦး (ျပည္နယ္နွင့္ တိုင္းေဒသၾကီး အစိုးရအဖြဲ ့၀န္ၾကီးခ်ဳပ္အေလာင္းအလ်ာမ်ား အပါအ၀င္)ႏွင့္အတူ သူရဦးေရႊမန္း၊ ဦး၀င္းထိန္၊ သူရဦးတင္ဦး၊ ေဒါက္တာေဇာ္ျမင့္ေမာင္၊ အမ်ိဳးသား လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးေအးသာေအာင္၊ ျပန္ၾကားေရး၀န္ၾကီး ဦးရဲထြဋ္ စသည့္ ဖိတ္ၾကားထားသူမ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

သင္တန္းသားမ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို ့ေတြ ့ဆုံခဲ့ၾကေသာ္လည္း မီဒီယာမ်ား ၀င္ခြင့္ မရသျဖင့္ ေဆြးေႏြးသည့္ အေၾကာင္းအရာမ်ားကို မသိခဲ့ရေပ။

ယေန ့နံနက္ပိုင္းတြင္ အမ်ိဳးသားလႊတ္ေတာ္၌ မနက္ျဖန္ က်င္းပမည့္ ဒုတိယအၾကိမ္ေျမာက္ အမ်ိဳးသားလႊတ္ေတာ္ ပုံမွန္ အစည္းအေ၀း ပထမေန ့အတြက္ အၾကိဳေလ့က်င့္ပြဲ ျပဳလုပ္ခဲ့ေသာ္လည္း မီဒီယာမ်ားအား ၀င္ခြင့္ မျပဳသျဖင့္ သတင္း ဓာတ္ပုံမ်ား မရရွိခဲ့ဘဲ အမတ္မ်ား အစည္းအေ၀းခန္းမမွ ျပန္ထြက္ျခင္းကိုသာ ရုပ္သံ မီဒီယာအခ်ဳိ ့ရိုက္ကူးႏိုင္ခဲ့ၾကသည္။

ခိုင္ထူးလြင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

...........................................................................

ေဒါ်အောင်ဆန်းစုကြည်အားသမ္မတ ဖြစ်ရမည်၊ ဖြစ်အောင်လည်းဆောင်ရွက်နေကြောင်း NLD နာယက ဦးတင်ဦးကဆို
2 February 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမည်၊ ဖြစ်အောင် လုပ်နေသည်ဟု NLD နာယက သူရဦးတင်ဦးက ယနေ ့နေ ့လယ်ပိုင်းတွင် မီဒီယာသို ့ပြောခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမှာပေါ့။

သူ သမ္မတဖြစ်ဖို ့အတွက် ကျွန်တော်တို ့လုပ်နေတယ်။
ကျွန်တော်တို ့က သူ ့ကို ထမ်းတသ်နေတယ်" ဟု သူက ယနေ ့နေ ့လယ်ပိုင်း လွှတ်တော်အတွင်း ဇမ္ဗူသီရိအဆောင်မှ အထွက် မီဒီယာများနှင့် တွေ ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် အမတ်များအား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများ ပို ့ချပေးသည့် သင်တန်းကို ယနေ ့နေ ့လယ်ပိုင်းတွင် လွှတ်တော် ၀င်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ရာ

ထိုပွဲသို ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသား လွှတ်တော်အမတ် ၅၀ ဦး (ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ ့ဝန်ကြီးချုပ်အလောင်းအလျာများ အပါအဝင်)နှင့်အတူ သူရဦးရွှေမန်း၊ ဦးဝင်းထိန်၊ သူရဦးတင်ဦး၊ ဒေါက်တာဇော်မြင့်မောင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် စသည့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြသည်။

သင်တန်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို ့တွေ ့ဆုံခဲ့ကြသော်လည်း မီဒီယာများ ၀င်ခွင့် မရသဖြင့် ဆွေးနွေးသည့် အကြောင်းအရာများကို မသိခဲ့ရပေ။

ယနေ ့နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်၌ မနက်ဖြန် ကျင်းပမည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ပထမနေ ့အတွက် အကြိုလေ့ကျင့်ပွဲ ပြုလုပ်ခဲ့သော်လည်း မီဒီယာများအား ၀င်ခွင့် မပြုသဖြင့် သတင်း ဓာတ်ပုံများ မရရှိခဲ့ဘဲ အမတ်များ အစည်းအဝေးခန်းမမှ ပြန်ထွက်ခြင်းကိုသာ ရုပ်သံ မီဒီယာအချို ့ရိုက်ကူးနိုင်ခဲ့ကြသည်။

ခိုင်ထူးလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment