ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး တက္ေရာက္ေနတဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေတြ႕ရစဥ္ Photo: Myo Thant Khaing/RFA |
စေန၊ တနဂၤေႏြေန႔မ်ိဳးေတြမွာေတာင္ အိမ္မျပန္ၾကဖို႔အတြက္ ညႊန္ၾကားထားတယ္လို႔ အမည္မေဖာ္လိုတဲ့ NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက အတည္ျပဳေျပာပါတယ္။
ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ေတြ စတင္နုိင္ၿပီျဖစ္ေပမယ့္ ႏိုင္ငံေတာ္သမၼတ အမည္စာရင္းေတြ တင္သြင္းဖို႔ ၊ အစိုးရဖြဲ႔စည္းဖို႔ စတဲ့လုပ္ငန္းေတြ က်န္ေနေသးတာေၾကာင့္ NLD ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔က ညႊန္ၾကားတာျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။
လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း အခ်ိန္မေရြး ပါတီတြင္းအစည္းအေဝးေခၚယူတဲ့အခါ တက္ေရာက္နိုင္ဖို႔အတြက္ အဆင္သင့္ရွိေနၾကဖို႔အတြက္လည္း ျဖစ္တယ္လို႔လည္း အမည္မေဖာ္လုိတဲ့ အဲဒီ ကိုယ္စားလွယ္က ေျပာပါတယ္။
လာမယ့္ ေဖေဖာ္ဝါရီလ ဒုတိယအပတ္အတြင္းေလာက္မွာ ႏိုင္ငံေတာ္သမၼတေလာင္း အမည္စာရင္းေတြကို လႊတ္ေတာ္မွာတင္သြင္းဖို႔ ရွိနိုင္တယ္လို႔လည္း ခန္႔မွန္းေျပာပါတယ္။
RFA Burmese
http://www.rfa.org/burmese
........................
ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA
နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဒီရက်ပိုင်း ခွင့်မယူကြဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့က ညွှန်ကြားထားပါတယ်။
စနေ၊ တနင်္ဂနွေနေ့မျိုးတွေမှာတောင် အိမ်မပြန်ကြဖို့အတွက် ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ စတင်နိုင်ပြီဖြစ်ပေမယ့် နိုင်ငံတော်သမ္မတ အမည်စာရင်းတွေ တင်သွင်းဖို့ ၊ အစိုးရဖွဲ့စည်းဖို့ စတဲ့လုပ်ငန်းတွေ ကျန်နေသေးတာကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အချိန်မရွေး ပါတီတွင်းအစည်းအဝေးခေါ်ယူတဲ့အခါ တက်ရောက်နိုင်ဖို့အတွက် အဆင်သင့်ရှိနေကြဖို့အတွက်လည်း ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ အဲဒီ ကိုယ်စားလှယ်က ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းလောက်မှာ နိုင်ငံတော်သမ္မတလောင်း အမည်စာရင်းတွေကို လွှတ်တော်မှာတင်သွင်းဖို့ ရှိနိုင်တယ်လို့လည်း ခန့်မှန်းပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment