CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, February 26, 2016
ထုိင္းအစုိးရကုိ ျမန္မာ Hacker ေတြ ဆက္လက္တုိက္ခုိက္(ထိုင်းအစိုးရကို မြန်မာ Hacker တွေ ဆက်လက်တိုက်ခိုက်)
ဇန္နဝါရီလအေစာပိုင္းက ထိုင္းအစိုးရရဲ႕ အင္တာနက္စာမ်က္ႏွာေတြကို ေဖါက္ထြင္းဝင္ေရာက္ၿပီး အခ်က္အလက္ေတြ ယူလိုက္တဲ့အဖြဲ႕ဟာ နယ္စပ္အေျခစိုက္ ျမန္မာအစိုးရဆန္႔က်င္ေရး ျပဳလုပ္ေနတဲ့အဖြဲ႕ေတြ ကို ႏွစ္ရွည္လမ်ား တန္ျပန္လုပ္ေဆာင္ေနတဲ့ The Blink Hackers ဆိုတဲ့အဖြဲ႕ျဖစ္ေၾကာင္း အဲဒီအဖြဲ႕ရဲ့ ေဖ့ဘြတ္ စာမ်က္ႏွာမွာ ေဖၚျပထားတယ္လို႔ ရိုက္တာသတင္းမွာ မေန႔ကေဖၚျပလိုက္ပါတယ္။
အဲဒီအဖြဲ႕ကို အီးေမးလ္ကေနတဆင့္ ဆက္သြယ္ေမးျမန္းတဲ့အခါ သူတို႔က ခုိေတာင္းကြ်န္း လူသတ္မႈ မွာ ျမန္မာႏွစ္ေယာက္ကို ထိုင္းအစိုးရက ေသဒဏ္ေပးလိုက္တဲ့အတြက္ တုန္႔ျပန္လိုက္တာလို႔ ျပန္လည္ေျဖ ဆိုေၾကာင္းသိရပါတယ္။
သူတို႔အဖြဲ႕က ထိုင္းအက်ဥ္းဦးစီးဌာနနဲ႔ တရားေရးဝန္ႀကီးဌာနေတြရဲ့ ဝက္ဘ္ဆိုက္ေတြကို ေဖါက္ထြင္း ဝင္ေရာက္ အခ်က္အလက္ရယူၿပီး အြန္လိုင္းကေန အမ်ားျပည္သူသိေအာင္ ထုတ္ျပန္လိုက္သလို၊ ထိုင္းအစိုးရဌာနဆိုင္ရာေတြရဲ့ ဝက္ဘ္ဆိုက္ေတြက အခ်က္အလက္ေတြ ေဖါက္ထြင္းယူၿပီး ျပည္သူကို အသိေပးမယ္လို႔ ဆိုပါတယ္။
အဲဒီအဖြဲ႕ကို တိုးခ်ဲ႕ထားၿပီးျဖစ္သလို၊ ရိုဟင္ဂ်ာမြတ္စလင္ေတြကို ေထာက္ခံေနတဲ့သူေတြ၊ ျမန္မာအစိုးရရဲ့ မူဝါဒေတြကိုေဝဖန္ေနတဲ့ ျပည္တြင္းမီဒီယာေတြကိုလည္း တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ဧရာဝတီသတင္းမီဒီယာနဲ႔ ဒီမိုကရက္တစ္ျမန္မာ့အသံ DVB တို႔ကို ဝါဒျဖန္႔ခ်ီေရးေတြ မထုတ္လႊင့္သင့္ဘူးလို႔ ယူဆထားတဲ့အတြက္ အဲဒီမီဒီယာေတြရဲ့ ဝက္ဘ္ဆိုက္ကိုလည္း ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ အဲဒီ The Blink Hackers အဖြဲ႕က ေျပာပါတယ္။
RFA Burmese
http://www.rfa.org/burmese
.............
ဇန်နဝါရီလအစောပိုင်းက ထိုင်းအစိုးရရဲ့ အင်တာနက်စာမျက်နှာတွေကို ဖေါက်ထွင်းဝင်ရောက်ပြီး အချက်အလက်တွေ ယူလိုက်တဲ့အဖွဲ့ဟာ နယ်စပ်အခြေစိုက် မြန်မာအစိုးရဆန့်ကျင်ရေး ပြုလုပ်နေတဲ့အဖွဲ့တွေ ကို နှစ်ရှည်လများ တန်ပြန်လုပ်ဆောင်နေတဲ့ The Blink Hackers ဆိုတဲ့အဖွဲ့ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖေါ်ပြထားတယ်လို့ ရိုက်တာသတင်းမှာ မနေ့ကဖေါ်ပြလိုက်ပါတယ်။
အဲဒီအဖွဲ့ကို အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့က ခိုတောင်းကျွန်း လူသတ်မှု မှာ မြန်မာနှစ်ယောက်ကို ထိုင်းအစိုးရက သေဒဏ်ပေးလိုက်တဲ့အတွက် တုန့်ပြန်လိုက်တာလို့ ပြန်လည်ဖြေ ဆိုကြောင်းသိရပါတယ်။
သူတို့အဖွဲ့က ထိုင်းအကျဉ်းဦးစီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ဖေါက်ထွင်း ဝင်ရောက် အချက်အလက်ရယူပြီး အွန်လိုင်းကနေ အများပြည်သူသိအောင် ထုတ်ပြန်လိုက်သလို၊ ထိုင်းအစိုးရဌာနဆိုင်ရာတွေရဲ့ ဝက်ဘ်ဆိုက်တွေက အချက်အလက်တွေ ဖေါက်ထွင်းယူပြီး ပြည်သူကို အသိပေးမယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ကို တိုးချဲ့ထားပြီးဖြစ်သလို၊ ရိုဟင်ဂျာမွတ်စလင်တွေကို ထောက်ခံနေတဲ့သူတွေ၊ မြန်မာအစိုးရရဲ့ မူဝါဒတွေကိုဝေဖန်နေတဲ့ ပြည်တွင်းမီဒီယာတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီသတင်းမီဒီယာနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့ကို ဝါဒဖြန့်ချီရေးတွေ မထုတ်လွှင့်သင့်ဘူးလို့ ယူဆထားတဲ့အတွက် အဲဒီမီဒီယာတွေရဲ့ ဝက်ဘ်ဆိုက်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အဲဒီ The Blink Hackers အဖွဲ့က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
Related Post
- Next NCA ပါ စည္းကမ္းခ်က္အခ်ဳိ႕ကုိ အစုိးရႏွင့္ တုိင္းရင္းသား ႏွစ္ဖက္စလုံး ခ်ဳိးေဖာက္ေၾကာင္း KNU ေျပာဆုိ(NCA ပါ စည်းကမ်းချက်အချို့ကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံး ချိုးဖောက်ကြောင်း KNU ပြောဆို)
- Previous တပ္မေတာ္သား ကိုယ္စားလွယ္ေတြအားလံုး မတ္တပ္ရပ္ၿပီး ကန္႔ကြက္ (တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ်ပြီး ကန့်ကွက် )

ထုိင္းအစုိးရကုိ ျမန္မာ Hacker ေတြ ဆက္လက္တုိက္ခုိက္(ထိုင်းအစိုးရကို မြန်မာ Hacker တွေ ဆက်လက်တိုက်ခိုက်)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment