နိုင္ငံမွန္လွ်င္ ျပည္သူမ်ားရိွရမည္။ ျပည္သူမ်ားရိွလွ်င္ အစိုးရအဖဲြ႕ရိွရမည္။ အစိုးရအဖဲြ႕ရိွလွ်င္ ၀န္ႀကီးဌာန မ်ားလည္း ရိွရေပသည္။ ထို၀န္ၾကီးဌာနမ်ားတြင္ ျပည္ထဲေရး၀န္ၾကီးဌာနသည္လည္း မရိွမျဖစ္ ၀န္ၾကီးဌာနတခု အျဖစ္ ပါ၀င္သည္။ ႏိုင္ငံတႏိုင္ငံ၏ တရားဥပေဒစိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္ေရးယႏၱရားမ်ား စဥ္ဆက္မျပတ္ ေခ်ာေမြ႕စြာ လည္ပတ္ေစသည့္ ေမာင္းႏွင္တံသည္ ျပည္ထဲေရး၀န္ႀကီးဌာနပင္ ျဖစ္သည္။
၁၉၄၈ ခုႏွစ္ ျမန္မာႏိုင္ငံသည္ အဂၤလိပ္ထံမွ လြတ္လပ္ေရးရၿပီး ပါလီမန္ ဒီမိုကေရစီေခတ္တြင္ အရပ္ဘက္ အစိုးရလက္ေအာက္တြင္ ျပည္ထဲေရး၀န္ၾကီးဌာနသည္ ႏိုင္ငံ၏ အုပ္ခ်ဳပ္ေရး တရားဥပေဒစိုးမိုးေရးတို႔အား ဒီမိုကေရစီစံႏႈန္းျဖင့္ ေကာင္းစြာစီမံခန္႔ခဲြႏိုင္ခဲ့သည္။ ၁၉၆၂ ခုနွစ္မွစ၍ ၀န္ၾကီးခ်ဳပ္ဦးႏုထံမွ ဗိုလ္ခ်ဳပ္ေန၀င္း ဦးေဆာင္ေသာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံသည္ ဒီမိုကေရစီစနစ္ ပ်က္သုဥ္းသြားကာ စစ္အာဏာ ရွင္စနစ္ျဖင့္ ႏိုင္ငံကို ၾကမ္းတမ္းစြာ အုပ္ခ်ဳပ္ခဲ့ရာ ျပည္ထဲေရး၀န္ႀကီးဌာနသည္လည္း ဗိုလ္ခ်ဳပ္ေန၀င္း၏ ပံုစံ သြင္းညႊန္ၾကားမႈအတိုင္း တရားဥပေဒစိုးမိုးေရးႏွင့္ အုပ္ခ်ဳပ္ေရးယႏၱရားတို႔ကို ၾကမ္းၾကမ္းတမ္းတမ္း စီမံခန္႔ခဲြ လည္ပတ္ေစခဲ့သည္။
၁၉၇၄ ခုနွစ္ ျမန္မာႏိုင္ငံဖဲြ႕စည္းပံု အေျခခံဥပေဒတရပ္ ေပၚေပါက္ၿပီးေနာက္ တပါတီအာဏာရွင္ အရပ္သား ပံုစံျဖင့္ ရုပ္ေသးသမၼတတဦးထားရိွၿပီး ဗိုလ္ေန၀င္းက နိုင္ငံကို ဆက္လက္ဦးေဆာင္အုပ္ခ်ဳပ္ခဲ့သည္။ ထိုစဥ္က ျပည္ထဲေရး၀န္ႀကီးဌာနသည္ အရပ္ဘက္အုပ္ခ်ဳပ္ေရးဆန္ဆန္ရိွခဲ့ျပီး အုပ္ခ်ဳပ္ေရး ယႏၱရားအား မေလ်ာ့မတင္း ပံုစံျဖင့္ စီမံခန္႔ခဲြခဲ့သည္။ သို႔ရာတြင္ ဗိုလ္္ေန၀င္းသည္ နိုင္ငံေတာ္၏ လိုအပ္ခ်က္မ်ားအရ ေက်ာင္းသားမ်ား၊ ျပည္သူမ်ား၊ သံဃာေတာ္မ်ားတို႔က ဆႏၵျပအံုၾကြမႈတိုင္းတြင္ ျပည္ထဲေရး၀န္ၾကီးဌာနမွတဆင့္ စစ္တပ္ကို ေခၚသြင္းေစၿပီး ရက္ရက္စက္စက္ သတ္ျဖတ္နိွမ္နင္းျဖိဳခြင္းခဲ့သည္။
၁၉၈၈ ခုႏွစ္တြင္ စစ္တပ္မွ နိုင္ငံေတာ္၏ အာဏာအရပ္ရပ္ကို သိမ္းပိုက္ခဲ့ျပီး ၀န္ၾကီးဌာနအားလံုးအား စစ္တိုင္းမွဴးမ်ားျဖင့္ ဖဲြ႕စည္းခဲ့ေပသည္။ ႏိုင္ငံကိုလည္း တည္ဆဲဥပေဒမ်ားႏွင့္မဟုတ္ဘဲ ဥပေဒကဲ့သို႔တည္ ေစေသာ အမိန့္ညြန့္ၾကားခ်က္ အာဏာမ်ားျဖင့္ စီမံခန္႔ခဲြ အုပ္ခ်ဳပ္ခဲ့ေပသည္။ ထိုစဥ္ကရိွခဲ့ေသာ ၁၉၇၄ ခုႏွစ္ ဖဲြ႕စည္းပံုအေျခခံဥပေဒကို မ်က္ကြယ္ျပဳခဲ့သည္။ ဗိုလ္ေန၀င္းအာဏာသိမ္းစဥ္က ျမန္မာနိုင္ငံ၏ ၁၉၄၇ ခုႏွစ္ ဖဲြ႕စည္းပံုအေျခခံဥပေဒ ဖ်က္သိမ္းေၾကာင္း ႏိုင္ငံေတာ္သို႔ တရား၀င္မေၾကညာသလို၊ ဗိုလ္သန္းေရႊ လက္ထက္တြင္လည္း ၁၉၇၄ ခုႏွစ္ ျမန္မာႏိုင္ငံ ဖဲြ႕စည္းပံု အေျခခံဥပေဒဖ်က္သိမ္းေၾကာင္း ႏိုင္ငံေတာ္သို႔ တရား၀င္ ေၾကညာခဲ့ျခင္း မရိွခဲ့ပါ။ သို႔ျဖစ္ရာ စစ္အာဏာရွင္တို႔သည္ မရိွမျဖစ္လိုအပ္သည့္ ဖဲြ႕စည္းပံုအေျခခံ ဥပေဒ တစံုတရာမရိွဘဲ နိုင္ငံေတာ္ကို ၾကမ္းတမ္းရက္စက္စြာ အုပ္ခ်ဳပ္ခဲ့ျခင္း ျဖစ္သည္။
ျမန္မာနိုင္ငံဖဲြ႕စည္းပံု အေျခခံဥပေဒကို စစ္တပ္၏ အခန္းက႑ အားသာေစရန္အတြက္ ရည္ရြယ္ခ်က္ရိွရိွျဖင့္ စစ္အာဏာရွင္တို႔သည္ ေခါင္းေခါက္ေရြးခ်ယ္ထားသည့္ ယင္းတို႔၏ ကိုယ္စားလွယ္အမ်ားစုတို႔ျဖင့္ ၁၉၉၃ ခုႏွစ္မွ စတင္ေရးဆဲြခဲ့ရာ ၂၀၀၈ ခုႏွစ္ ေမလ နာဂစ္ေလမုန္တိုင္းေၾကာင့္ ျပည္သူအမ်ားစုေသေၾကေပ်ာက္ကြယ္ျပီး ႏိုင္ငံတ၀န္း ပူေဆြးေသာက ေရာက္ေနစဥ္ကာလတြင္ အၿပီးသတ္ႏိုင္ခဲ့သည္။ ထို ၂၀၀၈ ဖဲြ႕စည္းပံု အေျခခံ ဥပေဒအရ ၂၀၁၀ ျပည့္ႏွစ္တြင္ ပါတီစံု ဒီမိုကေရစီ အေထြေထြေရြးေကာက္ပဲြတြင္ ျပည္ခိုင္ျဖိဳး ပါတီအမ်ားစုအနိုင္ရၿပီး သမၼတဦးသိန္းစိန္ အစိုးရေပၚေပါက္ခဲ့သည္။
ယင္း ၂၀၀၈ ဖဲြ႕စည္းပံု အေျခခံဥပေဒပါ ဥပေဒပုဒ္မ ၂၃၂ အပိုဒ္ (ခ)(၂)အရ ကာကြယ္ေရးဦးစီးခ်ဳပ္သို႔ ကာကြယ္ေရး၀န္ႀကီးဌာန၊ နယ္စပ္ေရးရာလံုျခံဳေရး၀န္ၾကီးဌာနႏွင့္ ျပည္ထဲေရး၀န္ၾကီးဌာနတို႔အတြက္ ျပည္ေထာင္စုအဆင့္ရိွ ၀န္ႀကီးသံုးဦးကို ေရြးခ်ယ္အမည္တင္သြင္းခြင့္ အာဏာေပးအပ္ထားျခင္း ျဖစ္သည္။ ဆိုလိုရင္းမွာ ထို၀န္ၾကီးသံုးဦးတို႔သည္ သမၼတ၏လက္ေအာက္တြင္ ရိွေနေသာ္လည္း စစ္ယူနီေဖာင္း၀တ္ တပ္မေတာ္သားမ်ားပင္ျဖစ္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္၏ သေဘာတူညီမႈမရဘဲ လြတ္လပ္စြာ ေဆာင္ရြက္ခြင့္မရိွပါ။
ျမန္မာႏိုင္ငံ ျပည္ထဲေရး၀န္ႀကီးဌာနကို ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အထူးစံုစမ္း စစ္ေဆးေရးဌာနႏွင့္ အက်ဥ္းဦးစီးဌာနတို႔ျဖင့္ အဓိကထား ဖဲြ႔စည္းထားျခင္း ျဖစ္သည္။ ထိုဌာနႀကီး ေလးခု အနက္ ျမန္မာနိုင္ငံ ရဲတပ္ဖဲြ႕တခုတည္းကသာ လက္နက္ကိုင္ေဆာင္ခြင့္ရိွေပရာ ျမန္မာနိုင္ငံတြင္ စစ္တပ္ျပီး လွ်င္ ဒုတိယေျမာက္ လက္နက္ကိုင္ေဆာင္ခြင့္ရရိွသည့္ အဖဲြ႕အစည္းျဖစ္သည္။ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႕ဌာနခ်ဳပ္ ေအာက္တြင္ ရဲတပ္ဖဲြ႕အမ်ဳိးအစားေပါင္း (၁၆)ဖဲြ႕ခန္႔ရိွေပရာ ထိုအဖဲြ႕ထဲတြင္ လံုထိန္းတပ္ေခၚ ရဲတပ္ရင္းမ်ားစြာ ဖဲြ႕စည္းထားရိွသည္။ ထိုရဲတပ္ရင္းမ်ားသည္ ျပည္သူတို႔၏ လိုအပ္ခ်က္အရ ဆႏၵျပအံုၾကြမႈတိုင္းတြင္ ရက္စက္စြာ ျဖိဳခြင္းေလ့ရိွသည္မွာ ၂၀၁၅ ခုႏွစ္ မတ္လ ၁၀ ရက္ ပဲခူးတိုင္းေဒသႀကီး အေနာက္ဘက္ျခမ္းရိွ လက္ပံတန္းၿမိဳ႕ နယ္ အမ်ဳိးသားပညာေရး ျပဳျပင္ေပးရန္ ေတာင္းဆိုသည့္ သပိတ္စစ္ေၾကာင္းကို ရဲတပ္ရင္း (၁)၊ ရဲတပ္ရင္း (၁၀)ႏွင့္ ရဲတပ္ရင္း (၁၁)တို႔၏ အၾကမ္းဖက္ျဖိဳခြင္းမႈသည္ ကမၻာေက်ာ္ မွတ္တမ္း၀င္သည္အထိ ျဖစ္ခဲ့ေပသည္။
ထိုရဲတပ္ရင္းတို႔၏ မဆင္မျခင္ ေဆာင္ရြက္မႈတို႔၏ ေနာက္ဆက္တဲြ ဆိုးက်ဳိးပံုရိပ္တို႔သည္ ျမန္မာနိုင္ငံ ျပည္ထဲေရး၀န္ၾကီးဌာနေပၚသို႔ တိုက္ရိုက္လႊမ္းမိုးခဲ့သည္။ ျပည္ထဲေရး၀န္ၾကီးသည္လည္း စစ္ယူနီေဖာင္း၀တ္ တပ္မေတာ္သားတဦးျဖစ္ရာ ျပည္ထဲေရး၀န္ၾကီးဌာန ေဆာင္ရြက္ခဲ့မႈအ၀၀တို႔၏ ပံုရိပ္သည္လည္း ကာကြယ္ေရးဦးစီးခ်ဳပ္ေပၚသို႔ တစံုတရာသက္ေရာက္ခဲ့မည္ဆိုလွ်င္ မွားမည္မဟုတ္ေပ။
၂၀၀၈ ဖဲြ႕စည္းပံု အေျခခံဥပေဒပါ ပုဒ္မ (၂၀၀)အရ အမ်ဳိးသား ကာကြယ္ေရးႏွင့္ လံုျခံဳေရးေကာင္စီတြင္ ျပည္ထဲေရး၀န္ၾကီးသည္ အဖဲြ႕၀င္တဦးအျဖစ္ ပါ၀င္ရကာ ႏိုင္ငံေတာ္သမၼတသည္ က်င့္ထံုးဥပေဒပုဒ္မ (၄၉၁)အရ ႏိုင္ငံေရးအက်ဥ္းသားအပါအ၀င္ အျခားအက်ဥ္းသားမ်ား လြတ္ျငိမ္းခ်မ္းသာခြင့္ေပးလိုသည့္ အခါတိုင္း ကာလံုအဖဲြ႕၏ သေဘာထားမွတ္ခ်က္ယူရေပသည္။ ထိုကာလံု၏ အဖဲြ႕တြင္ ျပည္ထဲေရး၀န္ၾကီး၏ သေဘာထားမွတ္ခ်က္လည္း ပါ၀င္သည္ျဖစ္ရာ သမၼတၾကီးဦးသိန္းစိန္၏ လြတ္ၿငိမ္းခ်မ္းသာခြင့္တိုင္းတြင္ ႏိုင္ငံေရးအက်ဥ္းသားမ်ား မဆိုစေလာက္သာ ပါ၀င္လြတ္ေျမာက္လာျခင္းသည္ ျပည္ထဲေရး၀န္ၾကီး၏ ေစတနာအမွန္ကိုလည္း မွန္းဆရန္ လိုအပ္လာေပသည္။
၁၉၆၂ ခုႏွစ္မွသည္ ယေန႔တိုင္ ျပည္သူတို့သည္ တပ္မေတာ္အေပၚ ေၾကာက္ရံြ႕ေနရဆဲရိွျပီး တပ္မေတာ္ႏွင့္ ျပည္သူတို႔သည္ ရင္ဘတ္ခ်င္းဆက္ေနရမည္ျဖစ္ေသာ္လည္း ေ၀းကြာေနဆဲ ျဖစ္သည္။ သို႔ရာတြင္ ၂၀၁၅ ခုႏွစ္ ေလာက္ကိုင္ျမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ ဖုန္ၾကားရွင္အဖဲြ႕ႏွင့္ တပ္မေတာ္သားတို႔၏ တိုက္ပဲြတြင္ ရြပ္ရြပ္ခံြ်ခံြ် တိုက္ပဲြ၀င္ခဲ့ၾကေသာ တပ္မေတာ္သားမ်ားအေပၚ ျပည္သူတို႔သည္ ျပည္လံုးကြ်တ္တခဲနက္ ေထာက္ခံ အားေပးခဲ့သည္။ ျပည္သူတို႔၏ ေမတၱာမိုးမ်ားသည္ တပ္မေတာ္ ထုတရပ္လံုးေပၚသို႔ ရြာသြန္းခဲ့ျခင္းျဖစ္သည္။
သည့္အျပင္ ၂၀၁၅ ခုနွစ္အတြင္း ျမန္မာနိုင္ငံအႏွံ႔ေရၾကီးေရလံွ်မႈမ်ားတြင္ တပ္မေတာ္တပ္ရင္းတပ္ဖဲြ႕မ်ားသည္ ေရၾကီးေရလံွ်ျဖစ္ေနဆဲ အရပ္ေဒသမ်ားသို႔အေရာက္သြားျပီး ျပည္သူမ်ားကို ကယ္ဆယ္ေနၾကသည့္ ပံုရိပ္မ်ား ကိုလည္း မီဒီယာမ်ားမွတဆင့္ ႏိုင္ငံသူႏိုင္ငံသားအားလံုး အခိ်န္ႏွင့္တေျပးညီ ေတြ႕ရိွခဲ့ၾကရသျဖင့္ တပ္မေတာ္ သားမ်ားအေပၚ တေလးတစား ဂုဏ္ယူခဲ့ၾကရသည္။ စာေရးသူကိုယ္တိုင္ သာယာ၀တီျမိဳ႕နယ္ ဖိုးေခါင္ ေက်းရြာသို႔ ေရၾကီးနစ္ျမဳပ္ေနစဥ္ေရာက္ရိွခဲ့ကာ တပ္မေတာ္သား ရာေပါင္းမ်ားစြာတို႔သည္ မိမိတို႔၏ အသက္အႏၱရာယ္ မငဲ့ကြက္ဘဲ စြမ္းစြမ္းတမံ ကယ္ဆယ္ေရးလုပ္ငန္းမ်ား အင္တိုက္အားတိုက္ ေဆာင္ရြက္ ေနသည္ကို မ်က္ျမင္ေတြ႕ရိွခဲ့ရသည္။ သို႔အတြက္လည္း စာေရးသူသည္ တပ္မေတာ္သားမ်ားအေပၚ အထူးဂုဏ္ယူမိပါသည္။
သို႔ေသာ္ျငားလည္း တပ္မေတာ္သည္ ျပည္သူတို႔၏ ယံုၾကည္အားထားရမႈႏွင့္ ဘယ္ေန႔အာဏာသိမ္းမည္လဲ ဆိုသည့္အေပၚ ျပည္သူတို႔က အၿမဲတေစ စိုးရိမ္ေၾကာင့္ၾကေနရဆဲျဖစ္၍ ျပည္သူႏွင့္ တပ္မေတာ္တသား တည္းျဖစ္ရန္ အခိ်န္လိုအပ္ေနဆဲျဖစ္သည္။ ထို႔အတူ တပ္မေတာ္၏ စြမ္းရည္အရည္အေသြးႏွင့္ ျပည္သူတို႔၏ ေထာက္ခံမႈ အနိမ့္အျမင့္တို႔သည္ တပ္မေတာ္အၾကီးအကဲျဖစ္သူ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဆင္ျခင္တံုတရား ႏွင့္ စြမ္းေဆာင္ရည္အေပၚ တိုက္ရိုက္တည္မီွေနေပရာ ျမန္မာႏိုင္ငံတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာ၀န္ ယူခဲ့ၾကသည့္ ဗိုလ္ခ်ဳပ္စမစ္ဒြန္းမွ သည္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္အထိ ရွစ္ဦးရိွခဲ့ရာ ထိုကာကြယ္ေရး ဦးစီးခ်ဳပ္တို႔၏ တာ၀န္ယူခဲ့စဥ္ကာလ တပ္မေတာ္၏ပံုရိပ္အေကာင္းအဆိုး ျပည္သူတို႔က သိရိွၿပီးျဖစ္လိမ့္မည္ဟု ယူဆပါသည္။
လက္ရိွကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ေသာ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္သည္ သံခင္းတမန္ခင္း အလြန္ၾကြယ္၀ျပီး ေခတ္မီတပ္မေတာ္ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္သူ ျမန္မာႏိုင္ငံ၏ အၾကီးအကဲျဖစ္လာမည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အတူလက္တဲြျပီး ေဆာင္ရြက္နိုင္သူ၊ အျမဲ ရႊင္ျပံဳးခ်ဳိသာသည့္ မ်က္ႏွာထား ပိုင္ရွင္အျဖစ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္အား စာေရးသူက အကဲျဖတ္မိပါသည္။ စာေရးသူ၏ အကဲျဖတ္ အယူအဆကို စာဖတ္ပရိသတ္မ်ားသည္လည္း လက္ခံလိမ့္မည္ဟု ယံုၾကည္ပါသည္။
ဆိုရပါမူ ျပည္ထဲေရး၀န္ၾကီးဌာနလက္ေအာက္တြင္ ျမန္မာနိုင္ငံ ရဲတပ္ဖဲြ႕တခုတည္း မဟုတ္ပါ။ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသည္လည္း ပါ၀င္သည္ျဖစ္ရာ ထိုဦးစီးဌာနသည္ ျပည္သူအမ်ားႏွင့္ တိုက္ရိုက္ ဆက္ဆံ ရျပီး အုပ္ခ်ဳပ္ေရးအပိုင္းကို စီမံခန္႔ခဲြေဆာင္ရြက္ရသည့္ဌာနျဖစ္ သည္။ ထို႔အျပင္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနသည္ တိုင္းေဒသၾကီးႏွင့္ ျပည္နယ္အဆင့္၊ ခရိုင္အဆင့္၊ ျမိဳ႕နယ္အဆင့္ဆင့္မွသည္ ရပ္/ေက်း အေထြေထြ အုပ္ခ်ဳပ္ေရးအဆင့္အထိ ပါ၀င္ရာ ယင္းအုပ္ခ်ဳပ္မႈအားလံုးကို စစ္တပ္မွလာေသာ ဒုတိယ ဗိုလ္ခ်ဳပ္ၾကီးတဦးက ၀န္ၾကီးအျဖစ္ ကိုင္တြယ္ျပီး ဒု၀န္ၾကီး ႏွစ္ေယာက္သည္လည္း ဗိုလ္မွဴးခ်ဳပ္ အဆင့္မ်ား ျဖစ္ရာ အရပ္ဘက္၀န္ၾကီးဌာနကို စစ္ဘက္မွတာ၀န္ခံ တာ၀န္ယူေဆာင္ရြက္ေနျခင္းသည္ အံ၀င္ခြင္က်မျဖစ္ဘဲ လူ႕ခႏၶာကိုယ္ႏွင့္ ဆင္ဦးေခါင္း တဲြဖက္ထားသည့္ မဟာပိနၷဲနတ္မင္းၾကီးလို ျဖစ္ေနသည္။
ျပည္ထဲေရးဌာန၀န္ၾကီးသည္ ျပည္ထဲေရးကိစၥအ၀၀ တာ၀န္ခံ တာ၀န္ယူေဆာင္ရြက္ေနမႈကို သမၼတထံသို႔ တင္ျပအစီရင္ခံရသလို တခိ်န္တည္းမွာပင္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔လည္း အစီရင္ခံတင္ျပရေပသည္။ ထို႔အတူ သမၼတၾကီး၏ လမ္းညႊန္မႈခံယူရသလို ကာကြယ္ေရးဦးစီးခ်ဳပ္၏ သေဘာထားမွတ္ခ်က္မ်ားကိုလည္း နာယူရေပသည္။ သို႔ျဖစ္၍ ျပည္ထဲေရး၀န္ၾကီးတဦးတည္းအေနျဖင့္ လြတ္လပ္စြာ ဆံုးျဖတ္ေဆာင္ရြက္ ႏိုင္ခြင့္မရိွနိုင္သည္ကို သံုးသပ္မိပါသည္။
သို႔ျဖစ္ရာ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒ ပုဒ္မ (၂၃၂) အပိုဒ္(ခ) (၂)အရ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျပည္ေထာင္စု အစိုးရအဖဲြ႕သို႔ ၀န္ၾကီး အမည္စာရင္းေပးသြင္းရမည့္ ကာကြယ္ေရး၀န္ၾကီးဌာန နယ္စပ္ေရးရာ လံုျခံဳေရး၀န္ၾကီးဌာနႏွင့္ ျပည္ထဲေရး၀န္ၾကီးဌာန သံုးခုအနက္မွ ျပည္ထဲေရး၀န္ႀကီးဌာနကို ကာခ်ဳပ္ႀကီးမွ အမည္ စာရင္းမသြင္းဘဲ ႏိုင္ငံေတာ္သမၼတ၏ လက္ေအာက္သို႔ လဲႊေျပာင္းေပးျပီး က်န္၀န္ၾကီးဌာနနွစ္ခုကိုသာ ဆက္ လက္ဆဲြကိုင္ထားရန္ အခိ်န္တန္ျပီဟု ခံစားမိပါသည္။
ပြင့္လင္းစြာ ဆိုရပါမူ ကာခ်ဳပ္ၾကီးက ျပည္ထဲေရး၀န္ႀကီးဌာနကို သမၼတလက္ေအာက္သို႔ လဲႊေျပာင္းေပးျခင္းသည္ ၂၀၀၈ ခုနွစ္ ျမန္မာနိုင္ငံ ဖဲြ႕စည္းပံုအေျခခံဥပေဒတခုလံုး၏ ေဘာ္ဒီကို မထိခိုက္သလို ပုဒ္မ (၂၃၂) အပိုဒ္ခဲြ(ခ)(၂)ပါ ၀န္ၾကီးဌာနသံုးခုအနက္မွ တခုကိုသာ စြန္႕လႊတ္ေစျခင္းသည္ ကာခ်ဳပ္ႀကီး၏ အေျမာ္အျမင္ၾကီးမႈအျဖစ္ ျပည္သူသို႔ ရင္ဖြင့္ျပသလိုက္ျခင္းျဖစ္ပါလိမ့္မည္။
အခ်ဳပ္ဆိုရေသာ္ အေျခခံဥပေဒက တပ္မေတာ္သို႔ေပးအပ္ထားသည့္ အခြင့္အေရးမ်ားကို အလံုးစံုရယူျခင္းမျပဳဘဲ ႏိုင္ငံေတာ္အက်ဳိးေမွ်ာ္ျပီး ေလွ်ာ့သင့္တန္ေလွ်ာ့ရန္ႏွင့္ တပ္မေတာ္သည္ မူလကပင္ အရပ္ဘက္ ဆိုင္ရာ ျပည္ထဲေရး၀န္ၾကီးဌာနအား ျပည္ေထာင္စုအစိုးရအဖဲြ႕သို႔ လဲႊေျပာင္းအပ္သင့္ျပီျဖစ္သည္။ ဤသို႔ လဲႊေျပာင္းအပ္လိုက္လွ်င္ တပ္မေတာ္သည္ ျပည္သူႏွင့္ တသားတည္းျဖစ္လာမည္မွာ ဧကန္မလဲြဟု ဆိုလိုက္ခ်င္ပါသည္။
ဦးစံထြန္း
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..............
နိုင်ငံမှန်လျှင် ပြည်သူများရှိရမည်။ ပြည်သူများရှိလျှင် အစိုးရအဖွဲ့ရှိရမည်။ အစိုးရအဖွဲ့ရှိလျှင် ၀န်ကြီးဌာန များလည်း ရှိရပေသည်။ ထိုဝန်ကြီးဌာနများတွင် ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း မရှိမဖြစ် ၀န်ကြီးဌာနတခု အဖြစ် ပါ၀င်သည်။ နိုင်ငံတနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ စဉ်ဆက်မပြတ် ချောမွေ့စွာ လည်ပတ်စေသည့် မောင်းနှင်တံသည် ပြည်ထဲရေးဝန်ကြီးဌာနပင် ဖြစ်သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်တွင် အရပ်ဘက် အစိုးရလက်အောက်တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံ၏ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးတို့အား ဒီမိုကရေစီစံနှုန်းဖြင့် ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ ၀န်ကြီးချုပ်ဦးနုထံမှ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားကာ စစ်အာဏာ ရှင်စနစ်ဖြင့် နိုင်ငံကို ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း ဗိုလ်ချုပ်နေဝင်း၏ ပုံစံ သွင်းညွှန်ကြားမှုအတိုင်း တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားတို့ကို ကြမ်းကြမ်းတမ်းတမ်း စီမံခန့်ခွဲ လည်ပတ်စေခဲ့သည်။
၁၉၇၄ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်ပြီးနောက် တပါတီအာဏာရှင် အရပ်သား ပုံစံဖြင့် ရုပ်သေးသမ္မတတဦးထားရှိပြီး ဗိုလ်နေဝင်းက နိုင်ငံကို ဆက်လက်ဦးဆောင်အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနသည် အရပ်ဘက်အုပ်ချုပ်ရေးဆန်ဆန်ရှိခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားအား မလျော့မတင်း ပုံစံဖြင့် စီမံခန့်ခွဲခဲ့သည်။ သို့ရာတွင် ဗိုလ််နေဝင်းသည် နိုင်ငံတော်၏ လိုအပ်ချက်များအရ ကျောင်းသားများ၊ ပြည်သူများ၊ သံဃာတော်များတို့က ဆန္ဒပြအုံကြွမှုတိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် စစ်တပ်ကို ခေါ်သွင်းစေပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းဖြိုခွင်းခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်မှ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းပိုက်ခဲ့ပြီး ၀န်ကြီးဌာနအားလုံးအား စစ်တိုင်းမှူးများဖြင့် ဖွဲ့စည်းခဲ့ပေသည်။ နိုင်ငံကိုလည်း တည်ဆဲဥပဒေများနှင့်မဟုတ်ဘဲ ဥပဒေကဲ့သို့တည် စေသော အမိန့်ညွန့်ကြားချက် အာဏာများဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ခဲ့ပေသည်။ ထိုစဉ်ကရှိခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုခဲ့သည်။ ဗိုလ်နေဝင်းအာဏာသိမ်းစဉ်က မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်း နိုင်ငံတော်သို့ တရားဝင်မကြေညာသလို၊ ဗိုလ်သန်းရွှေ လက်ထက်တွင်လည်း ၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းကြောင်း နိုင်ငံတော်သို့ တရားဝင် ကြေညာခဲ့ခြင်း မရှိခဲ့ပါ။ သို့ဖြစ်ရာ စစ်အာဏာရှင်တို့သည် မရှိမဖြစ်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစုံတရာမရှိဘဲ နိုင်ငံတော်ကို ကြမ်းတမ်းရက်စက်စွာ အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်၏ အခန်းကဏ္ဍ အားသာစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်အာဏာရှင်တို့သည် ခေါင်းခေါက်ရွေးချယ်ထားသည့် ယင်းတို့၏ ကိုယ်စားလှယ်အများစုတို့ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့ရာ ၂၀၀၈ ခုနှစ် မေလ နာဂစ်လေမုန်တိုင်းကြောင့် ပြည်သူအများစုသေကြေပျောက်ကွယ်ပြီး နိုင်ငံတဝန်း ပူဆွေးသောက ရောက်နေစဉ်ကာလတွင် အပြီးသတ်နိုင်ခဲ့သည်။ ထို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီအများစုအနိုင်ရပြီး သမ္မတဦးသိန်းစိန် အစိုးရပေါ်ပေါက်ခဲ့သည်။
ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မ ၂၃၂ အပိုဒ် (ခ)(၂)အရ ကာကွယ်ရေးဦးစီးချုပ်သို့ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးသုံးဦးကို ရွေးချယ်အမည်တင်သွင်းခွင့် အာဏာပေးအပ်ထားခြင်း ဖြစ်သည်။ ဆိုလိုရင်းမှာ ထိုဝန်ကြီးသုံးဦးတို့သည် သမ္မတ၏လက်အောက်တွင် ရှိနေသော်လည်း စစ်ယူနီဖောင်းဝတ် တပ်မတော်သားများပင်ဖြစ်ရာ ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီမှုမရဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိပါ။
မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ဖြင့် အဓိကထား ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုဌာနကြီး လေးခု အနက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုတည်းကသာ လက်နက်ကိုင်ဆောင်ခွင့်ရှိပေရာ မြန်မာနိုင်ငံတွင် စစ်တပ်ပြီး လျှင် ဒုတိယမြောက် လက်နက်ကိုင်ဆောင်ခွင့်ရရှိသည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အောက်တွင် ရဲတပ်ဖွဲ့အမျိုးအစားပေါင်း (၁၆)ဖွဲ့ခန့်ရှိပေရာ ထိုအဖွဲ့ထဲတွင် လုံထိန်းတပ်ခေါ် ရဲတပ်ရင်းများစွာ ဖွဲ့စည်းထားရှိသည်။ ထိုရဲတပ်ရင်းများသည် ပြည်သူတို့၏ လိုအပ်ချက်အရ ဆန္ဒပြအုံကြွမှုတိုင်းတွင် ရက်စက်စွာ ဖြိုခွင်းလေ့ရှိသည်မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ လက်ပံတန်းမြို့ နယ် အမျိုးသားပညာရေး ပြုပြင်ပေးရန် တောင်းဆိုသည့် သပိတ်စစ်ကြောင်းကို ရဲတပ်ရင်း (၁)၊ ရဲတပ်ရင်း (၁၀)နှင့် ရဲတပ်ရင်း (၁၁)တို့၏ အကြမ်းဖက်ဖြိုခွင်းမှုသည် ကမ္ဘာကျော် မှတ်တမ်းဝင်သည်အထိ ဖြစ်ခဲ့ပေသည်။
ထိုရဲတပ်ရင်းတို့၏ မဆင်မခြင် ဆောင်ရွက်မှုတို့၏ နောက်ဆက်တွဲ ဆိုးကျိုးပုံရိပ်တို့သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနပေါ်သို့ တိုက်ရိုက်လွှမ်းမိုးခဲ့သည်။ ပြည်ထဲရေးဝန်ကြီးသည်လည်း စစ်ယူနီဖောင်းဝတ် တပ်မတော်သားတဦးဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ဆောင်ရွက်ခဲ့မှုအဝဝတို့၏ ပုံရိပ်သည်လည်း ကာကွယ်ရေးဦးစီးချုပ်ပေါ်သို့ တစုံတရာသက်ရောက်ခဲ့မည်ဆိုလျှင် မှားမည်မဟုတ်ပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ (၂၀၀)အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီတွင် ပြည်ထဲရေးဝန်ကြီးသည် အဖွဲ့ဝင်တဦးအဖြစ် ပါ၀င်ရကာ နိုင်ငံတော်သမ္မတသည် ကျင့်ထုံးဥပဒေပုဒ်မ (၄၉၁)အရ နိုင်ငံရေးအကျဉ်းသားအပါအဝင် အခြားအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုသည့် အခါတိုင်း ကာလုံအဖွဲ့၏ သဘောထားမှတ်ချက်ယူရပေသည်။ ထိုကာလုံ၏ အဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး၏ သဘောထားမှတ်ချက်လည်း ပါ၀င်သည်ဖြစ်ရာ သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ မဆိုစလောက်သာ ပါ၀င်လွတ်မြောက်လာခြင်းသည် ပြည်ထဲရေးဝန်ကြီး၏ စေတနာအမှန်ကိုလည်း မှန်းဆရန် လိုအပ်လာပေသည်။
၁၉၆၂ ခုနှစ်မှသည် ယနေ့တိုင် ပြည်သူတို့သည် တပ်မတော်အပေါ် ကြောက်ရွံ့နေရဆဲရှိပြီး တပ်မတော်နှင့် ပြည်သူတို့သည် ရင်ဘတ်ချင်းဆက်နေရမည်ဖြစ်သော်လည်း ဝေးကွာနေဆဲ ဖြစ်သည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် လောက်ကိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖုန်ကြားရှင်အဖွဲ့နှင့် တပ်မတော်သားတို့၏ တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများအပေါ် ပြည်သူတို့သည် ပြည်လုံးကျွတ်တခဲနက် ထောက်ခံ အားပေးခဲ့သည်။ ပြည်သူတို့၏ မေတ္တာမိုးများသည် တပ်မတော် ထုတရပ်လုံးပေါ်သို့ ရွာသွန်းခဲ့ခြင်းဖြစ်သည်။
သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ရေကြီးရေလျှံမှုများတွင် တပ်မတော်တပ်ရင်းတပ်ဖွဲ့များသည် ရေကြီးရေလျှံဖြစ်နေဆဲ အရပ်ဒေသများသို့အရောက်သွားပြီး ပြည်သူများကို ကယ်ဆယ်နေကြသည့် ပုံရိပ်များ ကိုလည်း မီဒီယာများမှတဆင့် နိုင်ငံသူနိုင်ငံသားအားလုံး အချိန်နှင့်တပြေးညီ တွေ့ရှိခဲ့ကြရသဖြင့် တပ်မတော် သားများအပေါ် တလေးတစား ဂုဏ်ယူခဲ့ကြရသည်။ စာရေးသူကိုယ်တိုင် သာယာဝတီမြို့နယ် ဖိုးခေါင် ကျေးရွာသို့ ရေကြီးနစ်မြုပ်နေစဉ်ရောက်ရှိခဲ့ကာ တပ်မတော်သား ရာပေါင်းများစွာတို့သည် မိမိတို့၏ အသက်အန္တရာယ် မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက် နေသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။ သို့အတွက်လည်း စာရေးသူသည် တပ်မတော်သားများအပေါ် အထူးဂုဏ်ယူမိပါသည်။
သို့သော်ငြားလည်း တပ်မတော်သည် ပြည်သူတို့၏ ယုံကြည်အားထားရမှုနှင့် ဘယ်နေ့အာဏာသိမ်းမည်လဲ ဆိုသည့်အပေါ် ပြည်သူတို့က အမြဲတစေ စိုးရိမ်ကြောင့်ကြနေရဆဲဖြစ်၍ ပြည်သူနှင့် တပ်မတော်တသား တည်းဖြစ်ရန် အချိန်လိုအပ်နေဆဲဖြစ်သည်။ ထို့အတူ တပ်မတော်၏ စွမ်းရည်အရည်အသွေးနှင့် ပြည်သူတို့၏ ထောက်ခံမှု အနိမ့်အမြင့်တို့သည် တပ်မတော်အကြီးအကဲဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်၏ ဆင်ခြင်တုံတရား နှင့် စွမ်းဆောင်ရည်အပေါ် တိုက်ရိုက်တည်မှီနေပေရာ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ယူခဲ့ကြသည့် ဗိုလ်ချုပ်စမစ်ဒွန်းမှ သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ ရှစ်ဦးရှိခဲ့ရာ ထိုကာကွယ်ရေး ဦးစီးချုပ်တို့၏ တာဝန်ယူခဲ့စဉ်ကာလ တပ်မတော်၏ပုံရိပ်အကောင်းအဆိုး ပြည်သူတို့က သိရှိပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်။
လက်ရှိကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သံခင်းတမန်ခင်း အလွန်ကြွယ်ဝပြီး ခေတ်မီတပ်မတော်ဖြစ်အောင် စွမ်းဆောင်နိုင်သူ မြန်မာနိုင်ငံ၏ အကြီးအကဲဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူလက်တွဲပြီး ဆောင်ရွက်နိုင်သူ၊ အမြဲ ရွှင်ပြံုးချိုသာသည့် မျက်နှာထား ပိုင်ရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စာရေးသူက အကဲဖြတ်မိပါသည်။ စာရေးသူ၏ အကဲဖြတ် အယူအဆကို စာဖတ်ပရိသတ်များသည်လည်း လက်ခံလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆိုရပါမူ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုတည်း မဟုတ်ပါ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည်လည်း ပါ၀င်သည်ဖြစ်ရာ ထိုဦးစီးဌာနသည် ပြည်သူအများနှင့် တိုက်ရိုက် ဆက်ဆံ ရပြီး အုပ်ချုပ်ရေးအပိုင်းကို စီမံခန့်ခွဲဆောင်ရွက်ရသည့်ဌာနဖြစ် သည်။ ထို့အပြင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆင့်မှသည် ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးအဆင့်အထိ ပါ၀င်ရာ ယင်းအုပ်ချုပ်မှုအားလုံးကို စစ်တပ်မှလာသော ဒုတိယ ဗိုလ်ချုပ်ကြီးတဦးက ၀န်ကြီးအဖြစ် ကိုင်တွယ်ပြီး ဒုဝန်ကြီး နှစ်ယောက်သည်လည်း ဗိုလ်မှူးချုပ် အဆင့်များ ဖြစ်ရာ အရပ်ဘက်ဝန်ကြီးဌာနကို စစ်ဘက်မှတာဝန်ခံ တာဝန်ယူဆောင်ရွက်နေခြင်းသည် အံဝင်ခွင်ကျမဖြစ်ဘဲ လူ့ခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်း တွဲဖက်ထားသည့် မဟာပိန္နဲနတ်မင်းကြီးလို ဖြစ်နေသည်။
ပြည်ထဲရေးဌာနဝန်ကြီးသည် ပြည်ထဲရေးကိစ္စအဝဝ တာဝန်ခံ တာဝန်ယူဆောင်ရွက်နေမှုကို သမ္မတထံသို့ တင်ပြအစီရင်ခံရသလို တချိန်တည်းမှာပင် ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း အစီရင်ခံတင်ပြရပေသည်။ ထို့အတူ သမ္မတကြီး၏ လမ်းညွှန်မှုခံယူရသလို ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားမှတ်ချက်များကိုလည်း နာယူရပေသည်။ သို့ဖြစ်၍ ပြည်ထဲရေးဝန်ကြီးတဦးတည်းအနေဖြင့် လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက် နိုင်ခွင့်မရှိနိုင်သည်ကို သုံးသပ်မိပါသည်။
သို့ဖြစ်ရာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၂၃၂) အပိုဒ်(ခ) (၂)အရ ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၀န်ကြီး အမည်စာရင်းပေးသွင်းရမည့် ကာကွယ်ရေးဝန်ကြီးဌာန နယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအနက်မှ ပြည်ထဲရေးဝန်ကြီးဌာနကို ကာချုပ်ကြီးမှ အမည် စာရင်းမသွင်းဘဲ နိုင်ငံတော်သမ္မတ၏ လက်အောက်သို့ လွှဲပြောင်းပေးပြီး ကျန်ဝန်ကြီးဌာနနှစ်ခုကိုသာ ဆက် လက်ဆွဲကိုင်ထားရန် အချိန်တန်ပြီဟု ခံစားမိပါသည်။
ပွင့်လင်းစွာ ဆိုရပါမူ ကာချုပ်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတလက်အောက်သို့ လွှဲပြောင်းပေးခြင်းသည် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံး၏ ဘော်ဒီကို မထိခိုက်သလို ပုဒ်မ (၂၃၂) အပိုဒ်ခွဲ(ခ)(၂)ပါ ၀န်ကြီးဌာနသုံးခုအနက်မှ တခုကိုသာ စွန့်လွှတ်စေခြင်းသည် ကာချုပ်ကြီး၏ အမြော်အမြင်ကြီးမှုအဖြစ် ပြည်သူသို့ ရင်ဖွင့်ပြသလိုက်ခြင်းဖြစ်ပါလိမ့်မည်။
အချုပ်ဆိုရသော် အခြေခံဥပဒေက တပ်မတော်သို့ပေးအပ်ထားသည့် အခွင့်အရေးများကို အလုံးစုံရယူခြင်းမပြုဘဲ နိုင်ငံတော်အကျိုးမျှော်ပြီး လျှော့သင့်တန်လျှော့ရန်နှင့် တပ်မတော်သည် မူလကပင် အရပ်ဘက် ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှဲပြောင်းအပ်သင့်ပြီဖြစ်သည်။ ဤသို့ လွှဲပြောင်းအပ်လိုက်လျှင် တပ်မတော်သည် ပြည်သူနှင့် တသားတည်းဖြစ်လာမည်မှာ ဧကန်မလွဲဟု ဆိုလိုက်ချင်ပါသည်။
ဦးစံထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
No comments:
Post a Comment