CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 1, 2016
Source : Metro
credit: duwun
.............................
အလုပ်အင်တာဗျူး ဖြေဖို့ လူရှစ်ထောင်ကျော် တန်းစီစောင့်ဆိုင်း
အိန္ဒိယနိုင်ငံမှာ ဘွဲ့ရပြီးပေမယ့်လည်း အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်လှပါဘူး။
အိန္ဒိယနိုင်ငံမှာ အလုပ်တစ်ခုရဖို့အတွက် ဘယ်လောက်ခက်ခဲကြောင်း ဒီဖြစ်ရပ်က သက်သေပြလို့နေပါတယ်။ အိန္ဒိယတောင်ပိုင်းက ဘန်ဂါလိုမြို့မှာ အလုပ်တစ်ခု အင်တာဗျူးဝင်ဖို့အတွက် လူပေါင်း ၈၀၀၀ ကျော်တန်းစီ စောင့်ဆိုင်းခဲ့ကြရပါတယ်။
ရာထူးမြင့်ပြီး လစာသိပ်ကောင်းလှတယ်လို့ ဆိုနိုင်တဲ့ အလုပ်မဟုတ်ပဲ အလုပ်သင်အင်ဂျင်နီယာ ရာထူးအတွက် အင်တာဗျူးဝင်ဖို့ လူပေါင်း ၈၀၀၀ ကျော်စောင့်ဆိုင်းနေကြတာပါ။ HCL နည်းပြညာကုမ္ပဏီမှာ အလုပ်အင်တာဗျူး ဖြေဆိုဖို့အတွက် ရုံးပိတ်ရက်် တနင်္ဂနွေမနက်ပိုင်းမှာ ရာပေါင်းများစွာသော လူတွေ စောင့်ဆိုင်း တန်းစီနေကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ တကယ်လိုအပ်တဲ့ လုပ်ငန်းခွင် ရာထူးအရေကအတွက် နည်းပါးနေပြီး ဘွဲ့ရကျောင်းပြီးထားကာ အလုပ်မရှိသေးတဲ့ လူငယ်အရေအတွက်က များပြားလို့ နေပါတယ်။ ဘင်ဂါလို မြို့ဆိုတာ အိန္ဒိယရဲ့ ဆီလီကွန်တောင်ကြားလို့ နာမည်ပေးထားကြပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဆီလီကွန်တောင်ကြားလိုပဲ နည်းပညာကုမ္ပဏီတွေ များပြားလှလို့ပါ။
အင်တာဗျူးချိန်က မနက် ၁၀ နာရီမှ စတင်မှာ ဖြစ်ပေမယ့် ရာပေါင်းများစွာသော အိန္ဒိယလူငယ်တွေကတော့ မနက် ရ နာရီမထိုးခင်ကတည်းက ကုမ္ပဏီအပြင်ဘက်မှာ ပြည့်နှက်လို့ နေပါတယ်။ ကုမ္ပဏီဘက်ကတော့ ဒီလို လူပေါင်းများစွာ လျှောက်ထားပြီး အင်တာဗျူးဖြေဖို့လာလိမ့်မယ်လို့ မထင်ခဲ့ကြောင်း ခုခံချေပထားပါတယ်။
Source : Metro
credit: duwun
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment