Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

အမတ္သစ္ေတြအတြက္ အမတ္ေဟာင္းေတြရဲ႕ အႀကံေပးခ်က္


ေရြးေကာက္ပြဲမွာ ျပည္သူေတြအတြက္ လုပ္ေဆာင္ေပးမယ္လို႔ ေပးခဲ့တဲ့ ကတိေတြအတိုင္း ႏိုင္ငံအက်ိးျပဳ ဥပေဒေတြ ျပ႒ာန္းႏိုင္ေရး လႊတ္ေတာ္သစ္မွာ အဆုိျပဳတင္သြင္းႏုိင္ဖို႔ ဥပေဒေရးရာေတြ နဲ႔ လႊတ္ေတာ္ပိုင္းကို ေသေသခ်ာခ်ာ ကၽြမ္းက်င္နားလည္ေအာင္ ေလ့လာသင္ယူၾကပါလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္းေတြက ကိုယ္စားလွယ္အသစ္ေတြကို တုိက္တြန္းလုိက္ပါတယ္။

ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းထက္စာရင္ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္း အစိုးရနဲ႔ လႊတ္ေတာ္ၾကား ပိုၿပီးေတာ့မွ အေပးအယူမွ်ၿပီး ညိွႏိႈင္းေဆာင္ရြက္မႈေတြ ပိုလုပ္လာႏုိင္ေျခရွိတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းေတြက ယူဆပါတယ္။ ေဖေဖာ္ဝါရီလ ၁ရက္ေန႔မွာ စတင္က်င္းပေတာ့မယ့္ လႊတ္ေတာ္သစ္ကို တက္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ ပထမအႀကိမ္လႊတ္ေတာ္က ကိုယ္စားလွယ္ေတြရဲ႕ အၾကံျပဳခ်က္ေတြကို မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းကေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ရက္မွာ သက္တမ္းကုန္ဆံုး ၿပီးစီးသြားၿပီျဖစ္ပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲအႏုိင္ရ လႊတ္ေတာ္ ကိုယ္စားလွယ္သစ္ေတြနဲ႔ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းကို ေဖေဖာ္ဝါရီလ ၁ရက္ေန႔ တနလၤာေန႔မွာ စတင္က်င္းပေတာ့မွာျဖစ္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ အမ်ားဆံုးရထားတဲ့ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္းမွာေတာ့ ပါတီက ေရြးခ်ယ္ဖြဲ႔စည္းမယ့္ အစိုးရသစ္နဲ႔ လႊတ္ေတာ္တုိ႔ၾကား ႏုိင္ငံအက်ိဳးျပဳ ဥပေဒေတြျပ႒ာန္းသတ္မွတ္ႏုိင္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းေတြကို ပိုၿပီးေတာ့မွာ အေပးအယူမွ်မွ် လက္တြဲပူးေပါင္းေဆာင္ရြက္ႏုိင္မယ္လို႔လည္း ျပည္သူအမ်ားက ေမွ်ာ္လင့္ေနၾကတာပါ။

NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေတြရဲ႕ေဆာင္ရြက္ခ်က္ေတြေၾကာင့္ ကိုယ္စားလွယ္သစ္ေတြအတြက္ လမ္းဟာ ပိုၿပီးပြင့္လင္းလာတယ္လို႔ သူ႕ရဲ႕လႊတ္ေတာ္ေနာက္ဆံုးေန႔မိန္႕ခြန္းမွာ ဂုဏ္ျပဳေျပာဆိုခဲ့သလို ဒီမိုကေရစီႏိုင္ငံျဖစ္လာဖို႔ ၀ိုင္း၀န္းပူးေပါင္းလုပ္ေဆာင္ၾကဖို႔ လည္း တိုက္တြန္းထားပါတယ္။

လႊတ္ေတာ္သက္တမ္းကုန္ဆံုးလို႔ ေနရပ္ျပန္ေတာ့မယ့္ သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းက ေရြးေကာက္ပြဲမွာ ျပည္သူေတြအတြက္ လုပ္ေဆာင္ေပးမယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေပးခဲ့တဲ့ ကတိေတြအတိုင္း ႏိုင္ငံအက်္ိဳးျပဳ ဥပေဒေတြျပ႒ာန္းႏိုင္ေရး လႊတ္ေတာ္သစ္မွာ အဆုိျပဳတင္သြင္းႏုိင္ဖို႔ ဥပေဒေရးရာေတြ နဲ႔ လႊတ္ေတာ္ပိုင္းကို ေသေသခ်ာခ်ာ ကၽြမ္းက်င္နားလည္ႏိုင္ဖို႔ ေလ့လာသင္ယူၾကပါလို႔ တိုက္တြန္းပါတယ္။

“ဒီမိုကေရစီစနစ္မွာ ေရြးေကာက္ပြဲနဲ႔ အႏိုင္ရလာတဲ့ပါတီေတြက ေရြးေကာက္ပြဲမတိုင္ခင္မွာ ျပည္သူလူထုကို သူတို႔ႏိုင္လို႔ရွိရင္ ဥပမာ ဆိုပါေတာ့ အလုပ္အကိုင္ ေတြ ေပါမ်ားလာ ေစရပါမယ္။ ေျမယာေတြ လုပ္ပိုင္ခြင့္ေတြပို ရပါလိမ့္မယ္။ စသျဖင့္ အဲဒီ ကတိက၀တ္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ဥပေဒေတြျပဌာန္းရတယ္။ ျပည္သူလူထုရဲ႕ အက်ိဳးစီးပြားကို ကာကြယ္တဲ့ ဥပေဒေတြျဖစ္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေကာင္းမြန္ေအာင္ ဘယ္လို ထိန္းခ်ဳပ္မလဲ ၊ ဘယ္လိုျပင္ဆင္မလဲ ဆိုတာကို ၀ိုင္း၀န္းၿပီး အေျဖရွာၾကရလိမ့္မယ္လို႔ ထင္ပါတယ္။”

လႊတ္ေတာ္ကိုယ္စားလွယ္သစ္ေတြကို ဒီမိုကေရစီနည္းက် ျပည္သူ႔အက်ိဳးျပဳဥပေဒေတြ ျပ႒ာန္းႏုိင္ေရး စာရြက္ၾကည့္ဖတ္ၿပီး အလုပ္သေဘာဆန္တဲ့ တင္ျပခ်က္ေတြအစား မိမိတို႔ ကၽြမ္းက်င္ပိုင္ႏိုင္စြာေလ့လာၿပီး လက္တန္းေျပာဆိုမႈေတြ၊ အျပန္အလွန္ေဆြးေႏြးျငင္းခံုမႈေတြနဲ႔ အသက္ဝင္တဲ့ ျပည္သူ႔လႊတ္ေတာ္ႀကီးျဖစ္ေအာင္ ေဆာင္ရြက္ၾကေစလိုေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးသိန္းညြန္႔ကလည္း တုိက္တြန္းပါတယ္။

“ပထမအႀကိမ္ လႊတ္ေတာ္ဆိုတာက လမ္းအသစ္ေဖာက္ရတာေလ။ ဒုတိယအႀကိမ္ လႊတ္ေတာ္ကေတာ့ ဒီ ေဖာက္ထားတဲ့ လမ္းေပၚမွာ သြားရတာကို။ အဲေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာ အခ်က္အလက္ေပၚမွာ မူတည္ၿပီးေတာ့ လက္တန္း ေျပာရမွာေလ။ လႊတ္ေတာ္ဥကၠ႒ ကိုခြင့္ေတာင္းၿပီးေတာ့ စာဖတ္တဲ့ပံုစံက ေတာ္ေတာ္ကိုမ်ားပါတယ္။ အဲဒီအေတြ႔အႀကံဳေၾကာင့္ အခ်က္အလက္ေပၚကိုၾကည့္ၿပီးေတာ့ လက္တန္း ေျပာႏိုင္ေအာင္ ႀကိဳးပမ္းၾကဖို႔ လိုအပ္ပါတယ္။ ျဖစ္ႏိုင္ရင္ ဒီမိုကေရစီစနစ္မွာ အက်ိဳးနဲ႔ အေၾကာင္းနဲ႔ ေဆြးေႏြး ျငင္းခုန္ႏိုင္တဲ့အလုပ္က လိုအပ္တယ္။ Debate လႊတ္ေတာ္အတြင္းျဖစ္ေပၚလာေအာင္ ေနာင္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႀကိဳးစားႏိုင္ရင္ က်ေနာ္တို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈမွာ လႊတ္ေတာ္ အခန္းက႑ကို ျပည္သူလူထုက ပိုစိတ္၀င္စားၿပီးေတာ့ ဒီလႊတ္ေတာ္ ႏိုင္ငံေရးကို အားေပးလာပါလိမ့္မယ္။”

အရင္ လႊတ္ေတာ္သက္တမ္းအတြင္းတုန္းကေတာ့ အစိုးရနဲ႔ ဝန္ႀကီးဌာနေတြဘက္က အဆုိျပဳျပ႒ာန္းခဲ့တဲ့ ဥပေဒၾကမ္းေတြကိုသာ အမ်ားဆံုး ေဆြးေႏြးခဲ့ၾကရၿပီး အစိုးရနဲ႔လႊတ္ေတာ္ၾကား ထိပ္တိုက္ေတြ႔မႈေတြရွိခဲ့ေပမဲ့လို႔ အခုဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းမွာေတာ့ အစိုးရနဲ႔လႊတ္ေတာ္ၾကား ျပည္သူ႔အက်ိဳးျပဳဥပေဒေတြျပ႒ာန္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ေပမဲ့ လႊတ္ေတာ္တြင္းမွာရွိတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၂၅%နဲ႔ နားလည္မႈ၊ ယံုၾကည္မႈတည္ေဆာက္ၿပီး ပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့မွာ အဆင္ေျပေခ်ာေမြ႔ႏုိင္မယ္လို႔လည္း သီေပါအမတ္ေဟာင္း ဦးရဲထြန္းက သံုးသပ္ပါတယ္။

အရင္တုန္းကေတာ့ အင္အားနည္းတဲ့ ဒီမိုကေရစီအင္အားစုေတြဘက္က အတိုက္အခံအျဖစ္ရပ္တည္ၿပီး ၾကံ့ခုိင္ေရးပါတီဦးေဆာင္တဲ့အစိုးရကို လႊတ္ေတာ္ကေန ထိန္းေက်ာင္းႏိုင္ေအာင္ ဥပေဒအဆုိျပျပ႒ာန္းခ်က္ေတြနဲ႔ ႀကိဳးစားခဲ့သလို အခု ျပည္သူလူထုက တခဲနက္ေရြးခ်ယ္လိုက္တဲ့ အႏုိင္ရပါတီက ဦးေဆာင္မယ့္ အစိုးရနဲ႔ အႏုိင္ရပါတီကိုယ္စားလွယ္အမ်ားစုပါဝင္မယ့္ လႊတ္ေတာ္ၾကား ဘယ္လိုထိန္းေက်ာင္းမႈရွိမလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္တယ္လို႔ NLD ဦးေဆာင္တဲ့ အစိုးရသစ္ကိုေစာင့္ၾကည့္မယ္လို႔ ဆိုထားတဲ့ သဃၤန္းကၽြန္းၿမိဳ႕နယ္ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးသိန္းညြန္႔က ေျပာပါတယ္။

ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွာ စတင္မယ့္ ဒုတိယအႀကိမ္ လႊတ္ေတာ္သစ္အတြက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ကို အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္က ဦးဝင္းျမင့္၊ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ဖြ႔ံၿဖိဳးေရးပါတီက ဦးတီခြန္ျမတ္ကို ဒုဥကၠ႒အျဖစ္၊ ေနာက္ အမ်ိဳးသား လႊတ္ေတာ္ဥကၠ႒ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က မန္းဝင္းခုိင္သန္းနဲ႔ ရခုိင္အမ်ိဳးသားပါတီက ဦးေအးသာေအာင္ကို ဒုဥကၠ႒အျဖစ္ ေရြးခ်ယ္ဖို႔ လ်ာထား သတ္မွတ္ၿပီးလည္း ျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ NLD က ဖြဲ႔စည္းမယ့္ အစိုးရသစ္ကို သမၼတအျဖစ္ ဘယ္သူက ဦးေဆာင္ၿပီး အစိုးရအဖြဲ႔မွာ ဘယ္သူေတြပါဝင္မယ္ဆုိတာ တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးသလို ဒုတိယသမၼတသံုးဦးကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ဘယ္ေတာ့ ေရြးခ်ယ္မယ္ဆိုတာလည္း အတိအက် မသိရေသးပါဘူး။ ဒုတိယသမၼတသံုးဦးကို မဲေပးေရြးခ်ယ္ၿပီးတဲ့ေနာက္မွာမွ အဲဒီထဲက မဲအမ်ားဆံုးရတဲ့သူကို သမၼတအျဖစ္ ေရြးခ်ယ္မွာျဖစ္ပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................................................

အမတ်သစ်တွေအတွက် အမတ်ဟောင်းတွေရဲ့ အကြံပေးချက်
31 January 2016


ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်လို့ ပေးခဲ့တဲ့ ကတိတွေအတိုင်း နိုင်ငံအကျိးပြု ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး လွှတ်တော်သစ်မှာ အဆိုပြုတင်သွင်းနိုင်ဖို့ ဥပဒေရေးရာတွေ နဲ့ လွှတ်တော်ပိုင်းကို သေသေချာချာ ကျွမ်းကျင်နားလည်အောင် လေ့လာသင်ယူကြပါလို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေက ကိုယ်စားလှယ်အသစ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းထက်စာရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်း အစိုးရနဲ့ လွှတ်တော်ကြား ပိုပြီးတော့မှ အပေးအယူမျှပြီး ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုလုပ်လာနိုင်ခြေရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက ယူဆပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်ကျင်းပတော့မယ့် လွှတ်တော်သစ်ကို တက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပထမအကြိမ်လွှတ်တော်က ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်မှာ သက်တမ်းကုန်ဆုံး ပြီးစီးသွားပြီဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်သစ်တွေနဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကို ဖေဖော်ဝါရီလ ၁ရက်နေ့ တနင်္လာနေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်းမှာတော့ ပါတီက ရွေးချယ်ဖွဲ့စည်းမယ့် အစိုးရသစ်နဲ့ လွှတ်တော်တို့ကြား နိုင်ငံအကျိုးပြု ဥပဒေတွေပြဋ္ဌာန်းသတ်မှတ်နိုင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပိုပြီးတော့မှာ အပေးအယူမျှမျှ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ပြည်သူအများက မျှော်လင့်နေကြတာပါ။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့လွှတ်တော်နောက်ဆုံးနေ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

လွှတ်တော်သက်တမ်းကုန်ဆုံးလို့ နေရပ်ပြန်တော့မယ့် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ရွေးကောက်ပွဲမှာ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပေးခဲ့တဲ့ ကတိတွေအတိုင်း နိုင်ငံအကျ်ိုးပြု ဥပဒေတွေပြဋ္ဌာန်းနိုင်ရေး လွှတ်တော်သစ်မှာ အဆိုပြုတင်သွင်းနိုင်ဖို့ ဥပဒေရေးရာတွေ နဲ့ လွှတ်တော်ပိုင်းကို သေသေချာချာ ကျွမ်းကျင်နားလည်နိုင်ဖို့ လေ့လာသင်ယူကြပါလို့ တိုက်တွန်းပါတယ်။

“ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ပါတီတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်သူလူထုကို သူတို့နိုင်လို့ရှိရင် ဥပမာ ဆိုပါတော့ အလုပ်အကိုင် တွေ ပေါများလာ စေရပါမယ်။ မြေယာတွေ လုပ်ပိုင်ခွင့်တွေပို ရပါလိမ့်မယ်။ စသဖြင့် အဲဒီ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဥပဒေတွေပြဌာန်းရတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကောင်းမွန်အောင် ဘယ်လို ထိန်းချုပ်မလဲ ၊ ဘယ်လိုပြင်ဆင်မလဲ ဆိုတာကို ၀ိုင်းဝန်းပြီး အဖြေရှာကြရလိမ့်မယ်လို့ ထင်ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်သစ်တွေကို ဒီမိုကရေစီနည်းကျ ပြည်သူ့အကျိုးပြုဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး စာရွက်ကြည့်ဖတ်ပြီး အလုပ်သဘောဆန်တဲ့ တင်ပြချက်တွေအစား မိမိတို့ ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာပြီး လက်တန်းပြောဆိုမှုတွေ၊ အပြန်အလှန်ဆွေးနွေးငြင်းခုံမှုတွေနဲ့ အသက်ဝင်တဲ့ ပြည်သူ့လွှတ်တော်ကြီးဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကလည်း တိုက်တွန်းပါတယ်။

“ပထမအကြိမ် လွှတ်တော်ဆိုတာက လမ်းအသစ်ဖောက်ရတာလေ။ ဒုတိယအကြိမ် လွှတ်တော်ကတော့ ဒီ ဖောက်ထားတဲ့ လမ်းပေါ်မှာ သွားရတာကို။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အချက်အလက်ပေါ်မှာ မူတည်ပြီးတော့ လက်တန်း ပြောရမှာလေ။ လွှတ်တော်ဥက္ကဋ္ဌ ကိုခွင့်တောင်းပြီးတော့ စာဖတ်တဲ့ပုံစံက တော်တော်ကိုများပါတယ်။ အဲဒီအတွေ့အကြုံကြောင့် အချက်အလက်ပေါ်ကိုကြည့်ပြီးတော့ လက်တန်း ပြောနိုင်အောင် ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ဒီမိုကရေစီစနစ်မှာ အကျိုးနဲ့ အကြောင်းနဲ့ ဆွေးနွေး ငြင်းခုန်နိုင်တဲ့အလုပ်က လိုအပ်တယ်။ Debate လွှတ်တော်အတွင်းဖြစ်ပေါ်လာအောင် နောင်လွှတ်တော် ကိုယ်စားလှယ်များကြိုးစားနိုင်ရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ လွှတ်တော် အခန်းကဏ္ဍကို ပြည်သူလူထုက ပိုစိတ်ဝင်စားပြီးတော့ ဒီလွှတ်တော် နိုင်ငံရေးကို အားပေးလာပါလိမ့်မယ်။”

အရင် လွှတ်တော်သက်တမ်းအတွင်းတုန်းကတော့ အစိုးရနဲ့ ဝန်ကြီးဌာနတွေဘက်က အဆိုပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကြမ်းတွေကိုသာ အများဆုံး ဆွေးနွေးခဲ့ကြရပြီး အစိုးရနဲ့လွှတ်တော်ကြား ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပေမဲ့လို့ အခုဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာတော့ အစိုးရနဲ့လွှတ်တော်ကြား ပြည်သူ့အကျိုးပြုဥပဒေတွေပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ပေမဲ့ လွှတ်တော်တွင်းမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅%နဲ့ နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးတော့မှာ အဆင်ပြေချောမွေ့နိုင်မယ်လို့လည်း သီပေါအမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

အရင်တုန်းကတော့ အင်အားနည်းတဲ့ ဒီမိုကရေစီအင်အားစုတွေဘက်က အတိုက်အခံအဖြစ်ရပ်တည်ပြီး ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့အစိုးရကို လွှတ်တော်ကနေ ထိန်းကျောင်းနိုင်အောင် ဥပဒေအဆိုပြပြဋ္ဌာန်းချက်တွေနဲ့ ကြိုးစားခဲ့သလို အခု ပြည်သူလူထုက တခဲနက်ရွေးချယ်လိုက်တဲ့ အနိုင်ရပါတီက ဦးဆောင်မယ့် အစိုးရနဲ့ အနိုင်ရပါတီကိုယ်စားလှယ်အများစုပါဝင်မယ့် လွှတ်တော်ကြား ဘယ်လိုထိန်းကျောင်းမှုရှိမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ NLD ဦးဆောင်တဲ့ အစိုးရသစ်ကိုစောင့်ကြည့်မယ်လို့ ဆိုထားတဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ပြောပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်သစ်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွ့ံဖြိုးရေးပါတီက ဦးတီခွန်မြတ်ကို ဒုဥက္ကဋ္ဌအဖြစ်၊ နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန်းဝင်းခိုင်သန်းနဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်ကို ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့ လျာထား သတ်မှတ်ပြီးလည်း ဖြစ်ပါတယ်။

အခုချိန်ထိတော့ NLD က ဖွဲ့စည်းမယ့် အစိုးရသစ်ကို သမ္မတအဖြစ် ဘယ်သူက ဦးဆောင်ပြီး အစိုးရအဖွဲ့မှာ ဘယ်သူတွေပါဝင်မယ်ဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသလို ဒုတိယသမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ ဘယ်တော့ ရွေးချယ်မယ်ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ ဒုတိယသမ္မတသုံးဦးကို မဲပေးရွေးချယ်ပြီးတဲ့နောက်မှာမှ အဲဒီထဲက မဲအများဆုံးရတဲ့သူကို သမ္မတအဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment