Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

ဒီမိုကေရစီရွင္သန္ရန္ႏွင့္ လူ႔အခြင့္အေရး ျမွင့္တင္ႏိုင္ရန္ အတူတကြ လက္တြဲအေကာင္အထည္ ေဖာ္ေဆာင္ရြက္ရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ တိုက္တြန္း

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး ပထမေန႔အခမ္းအနား ျမင္ကြင္း (ဆင္ဟြာ)
    ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁ ရက္ (ဆင္ဟြာ)

    ယေန႔ ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္ ပံုမွန္အစည္းအေဝး ပထမေန႔တြင္ ဒီမုိကေရစီ ရွင္သန္ရန္ႏွင့္ လူ႕အခြင့္အေရး ျမွင့္တင္ႏိုင္ရန္ အတူတကြ လက္တြဲ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က တိုက္တြန္းေျပာၾကားသည္။

အဆိုပါ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က ယေန႔ လႊတ္ေတာ္အတြင္း ေျပာၾကားေသာ ႏႈတ္ခြန္းဆက္စကားတြင္ ျမန္မာႏိုင္ငံေရးသမိုင္းတြင္ ဒီမုိကေရစီအသြင္ ကူးေျပာင္းေရးအတြက္ ဂုဏ္ယူစရာ ေန႔တစ္ေန႔ျဖစ္ၿပီး ဒီမိုကေရစီ အခြင့္အလမ္းမ်ား ပြင့္လန္းလာေစရန္ႏွင့္ ႏိုင္ငံသူ ႏိုင္ငံသား အက်ိဳး ေဆာင္ရြက္မည္ျဖစ္ေၾကာင္း  ကတိျပဳေျပာၾကားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တာေမြမဲဆႏၵနယ္မွ ဦးဝင္းျမင့္သည္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒အျဖစ္ႏွင့္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြ႔ံၿဖိဳးေရးပါတီ ကြက္ခိုင္ မဲဆႏၵနယ္မွ ဦးတီခြန္ျမတ္သည္ ဒုတိယ ဥကၠ႒အျဖစ္ ယေန႔ သဘာပတိေရွ႕ေမွာက္တြင္ ကတိသစၥာျပဳ လက္မွတ္ေရးထိုးလိုက္ၿပီး လႊတ္ေတာ္တာဝန္မ်ားကို စတင္ ထမ္းေဆာင္မည္ျဖစ္သည္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ႏွင့္ ဒုတိယ ဥကၠ႒ တင္သြင္းလႊာ ပံုစံျဖင့္ တင္သြင္းခဲ႔ရာ တင္သြင္းလႊာတစ္ေစာင္သာ နာယကထံတင္သြင္းၿပီး ယင္းတင္သြင္းလႊာ၌ ဦးဝင္းျမင့္ ႏွင့္ ဦးတီခြန္ျမတ္သာ ေရြးခ်ယ္သျဖစ္ ၎တို႔ကို ဥကၠ႒ ႏွင့္ ဒုတိယဥကၠ႒ အျဖစ္ တင္ေျမွာက္ လိုက္သည္။

ဒုတိအႀကိမ္ ျပည္သူ႔လႊတ္ေတာ္တြင္ ကုိယ္စားလွယ္ ၄၃၃ ဦးရွိရာ ၄ ဦးခြင့္တုိင္ၾကားသျဖင့္ ယေန႔ လႊတ္ေတာ္တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၄၂၉ ဦး ကတိသစၥာျပဳၿပီး လက္မွတ္ေရးထိုးၾကသည္။

ယင္းလႊတ္ေတာ္သို႔ ခြင့္တိုင္ၾကားသူမ်ားသည္ လားရွဳိး မဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဒုတိယ သမၼတ ေဒါက္တာစိုင္းေမာက္ခမ္း၊ ဇီးကုန္းမဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယ သမၼတ ဦးဥာဏ္ထြန္း၊ မင္းကင္းမဲဆႏၵနယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေမာင္ျမင့္ အပါအဝင္ အမတ္ ေလးဦးတို ့ျဖစ္သည္။

အဆိုပါ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး ပထမေန႔တြင္ သဘာပတိအျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ေဒၚခင္ေဌးၾကြယ္ (ေခ်ာင္းဆံု) ေဆာင္ရြက္ခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ နွင့္ ဒုတိယ ဥကၠဌ ေရြးခ်ယ္ တင္ေျမွာက္ေပးခဲ့သည္။

ယေန႕က်င္းပၿပီးစီးသြားေသာ ဒုတိယအႀကိမ္ျပည္သူ႕လႊတ္ေတာ္အစည္း အေဝးတြင္ ဥကၠ႒အျဖစ္ခန္႕အပ္ခံရေသာ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ ဦးဝင္းျမင့္သည္ မူလေနထုိင္လွ်က္ရွိရာ စည္ပင္ဧည့္ရိပ္သာမွ လႊတ္ေတာ္ဥကၠ႒ေနအိမ္သုိ႕ ယေန႕ ေျပာင္းေရႊ႕မည္ျဖစ္သည္။

ဒုတိယအႀကိမ္ျပည္သူ႕လႊတ္ေတာ္အသစ္၏ ပထမေန႔ အစည္းအေဝးကို လႊတ္ေတာ္ ဥကၠ႒ႏွင့္ဒုတိယဥကၠ႒မ်ားေရြးခ်ယ္တင္ေျမာက္ၿပီးေနာက္ ရပ္နားလိုက္ၿပီးဒုတိယေန႔ အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၄ ရက္ (ၾကာသပေတး) နံနက္ ၁၀ နာရီ တြင္ ျပဳလုပ္သြားမည္ျဖစ္သည္။

ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးကို ေဖေဖာ္၀ါရီ ၃ ရက္ေန႔တြင္ က်င္းပမည္ျဖစ္သည္။
ျပည္သူ႔လႊတ္ေတာ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ုဳပ္ ၂၅၅ ဦး၊ ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ျဖိဳးေရးပါတီ ၃၀ ဦး၊ ရခိုင္အမ်ိဳးသားပါတီ ၁၂ ဦး၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၁၂ ဦး၊ တအာင္း(ပေလာင္အမ်ိဳးသား)ပါတီ ၃ ဦး၊ ပအိုင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ ၃ ဦး၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ ၂ ဦး၊ လီဆူးအမ်ိဳးသားဖြံ႕ျဖိဳး တိုးတက္ေရးပါတီ(ဒူးေလးပါတီ) ၂ ဦး၊ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ ၁ ဦး၊ ‘ ၀’ ဒီမိုကရက္တစ္ပါတီ ၁ ဦး၊ ကိုးကန္႔ဒီမိုကေရစီ ႏွင္ ့ညီညြတ္ေရးပါတီ ၁ ဦး၊ တစ္သီးပုဂၢလ ၁ ဦးႏွင့္ တပ္မေတာ္သားကိုယ္စားလွယ္ ၁၁၀ ဦး  စုစုေပါင္း ၄၃၃ ဦးတက္ေရာက္ခဲ့ၾကသည္။

(Xinhua)
http://www.xinhuamyanmar.com
...............................................
 ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)
    နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

    ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီ ရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ လွှတ်တော်အတွင်း ပြောကြားသော နှုတ်ခွန်းဆက်စကားတွင် မြန်မာနိုင်ငံရေးသမိုင်းတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လန်းလာစေရန်နှင့် နိုင်ငံသူ နိုင်ငံသား အကျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း  ကတိပြုပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ ကွက်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ဒုတိယ ဥက္ကဋ္ဌအဖြစ် ယနေ့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးလိုက်ပြီး လွှတ်တော်တာဝန်များကို စတင် ထမ်းဆောင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တင်သွင်းလွှာ ပုံစံဖြင့် တင်သွင်းခဲ့ရာ တင်သွင်းလွှာတစ်စောင်သာ နာယကထံတင်သွင်းပြီး ယင်းတင်သွင်းလွှာ၌ ဦးဝင်းမြင့် နှင့် ဦးတီခွန်မြတ်သာ ရွေးချယ်သဖြစ် ၎င်းတို့ကို ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက် လိုက်သည်။

ဒုတိအကြိမ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၃၃ ဦးရှိရာ ၄ ဦးခွင့်တိုင်ကြားသဖြင့် ယနေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။

ယင်းလွှတ်တော်သို့ ခွင့်တိုင်ကြားသူများသည် လားရှိုး မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့် အပါအဝင် အမတ် လေးဦးတို ့ဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ) ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ ရွေးချယ် တင်မြှောက်ပေးခဲ့သည်။

ယနေ့ကျင်းပပြီးစီးသွားသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်သည် မူလနေထိုင်လျှက်ရှိရာ စည်ပင်ဧည့်ရိပ်သာမှ လွှတ်တော်ဥက္ကဋ္ဌနေအိမ်သို့ ယနေ့ ပြောင်းရွှေ့မည်ဖြစ်သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အသစ်၏ ပထမနေ့ အစည်းအဝေးကို လွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများရွေးချယ်တင်မြောက်ပြီးနောက် ရပ်နားလိုက်ပြီးဒုတိယနေ့ အစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက် (ကြာသပတေး) နံနက် ၁၀ နာရီ တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ၂၅၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃၀ ဦး၊ ရခိုင်အမျိုးသားပါတီ ၁၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၁၂ ဦး၊ တအာင်း(ပလောင်အမျိုးသား)ပါတီ ၃ ဦး၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ၃ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၂ ဦး၊ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(ဒူးလေးပါတီ) ၂ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၁ ဦး၊ ‘ ၀’ ဒီမိုကရက်တစ်ပါတီ ၁ ဦး၊ ကိုးကန့်ဒီမိုကရေစီ နှင် ့ညီညွတ်ရေးပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး  စုစုပေါင်း ၄၃၃ ဦးတက်ရောက်ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment