အဲဒီ ေကာ္မတီမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ၊ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ မြန္အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ဇိုမီးအမ်ိဳးသားကြန္ဂရက္တို႔နဲ႔စဖြဲ႔ခဲ့တယ္။ ေကာ္မတီ၀င္ ဆယ္ဦးဘဲပါတယ္။
အဲဒီ ေကာ္မတီဆယ္ဦးမွာ NLD က (၉)ပါ၀င္ပါတယ္။ က်န္တဲ့တစ္ေယာက္ကေတာ့ ရွမ္း ၊ ရခိုင္ ၊ မြန္ ၊ ဇိုမီး ပါတီေလးပါတီကို ကိုယ္စားျပဳၿပီး ဦးေအးသာေအာင္ပါ၀င္ခဲ့ပါတယ္။ ဒီေကာ္မတီရဲ႔ ဥကၠ႒က ဦးေအာင္ေရႊ ၊ အတြင္းေရးမွဴးက ဦးေအးသာေအာင္ ၊ ေဒၚေအာင္ဆန္းစုၾကည္က ေကာ္မတီ၀င္အဆင့္မွာဘဲေနတယ္။
အဲဒီေကာ္မတီက ေရးရာ ေကာ္မတီေတြဖြဲ႔တဲ့ အခါ တိုင္းရင္းသားေရးရာေကာ္မတီမွာ ဦးေအးသာေအာင္က ဥကၠ႒ ၊ ေဒၚေအာင္ဆန္းစုၾကည္က အတြင္းေရးမွဴး ။ အနာဂတ္မွာ ျပည္သူ႔လႊတ္ေတာ္ေပၚေပါက္လာရင္
လႊတ္ေတာ္ဥကၠ႒ကို ေဒါက္တာဦးေစာျမေအာင္(ေဒါက္တာတင္မာေအာင္၏ ဖခင္)လို႔ တရား၀င္ေၾကညာခဲ့တယ္။
ဒီေကာ္မတီဖြဲ႔တံုးက စစ္အစိုးရ ေျခာက္ျခားတုန္လွဳပ္ခဲ့လို႔ ပတ္ယမ္းခဲ့တဲ့ လုပ္ရပ္ေတြ သမိုင္းမွာ က်န္ခဲ့
တယ္။ လက္နက္ကိုင္အဖြဲ႔ေတြ ေထာက္ခံတဲ့ ထုတ္ျပန္ခ်က္ေတြ ထြက္လာတယ္။ အဲဒီတံုးက ခုၾကားေနရတဲ့ အသံရွပ္ရွပ္နဲ႔ ေျပာေနတဲ့ ဦးေအးသာေအာင္ရဲ႔ အသံက မိေမြးတိုင္း ဖေမြးတိုင္း အေကာင္းပတိ။
ၾကည္လင္ ျပတ္သားလို႔။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ဆက္သြယ္မွဳစတဲ့ တသီတတန္းေသာ ပုဒ္မေတြနဲ႔ ဦးေအး
သာေအာင္ကို ဖမ္းၿပီး ေထာင္(၂၁)ႏွစ္ခ်မွတ္လိုက္တယ္။ ေထာင္က ထြက္လာတဲ့အခါ ခင္ဗ်ားတို႔
ခုၾကားေနရတဲ့ အသံရွပ္ရွပ္ အသံျပာျပာ ပိုင္ရွင္ဘ၀ကို ေရာက္ခဲ့ရတယ္။ ဒီ မတိုင္ခင္ ၁၉၇၀ ေက်ာ္
ဦးေန၀င္းလက္ထက္မွာလည္း ႏိုင္ငံေရးမွဳနဲ႔ ေထာင္နန္းစံခဲ့ဖူးတဲ့သူ။ ခုလမ္းေလ်ာက္ရင္ ေျခေထာက္
ေထာ့နင္း ေထာ့နင္းနဲ႔ လမ္းေလ်ာက္ေနရၿပီး မီေမြးတိုင္း ဖေမြးတိုင္း ၾကည္လင္ခဲ့တဲ့ သူ႔အသံေတြေပ်ာက္ဆံုးခဲ့ကာ အသံျပာျပာဘ၀နဲ႔ သူယံုၾကည္ရာကို သူေလ်ာက္လွမ္းေနတံုးေပါ့။
ဒီအေၾကာင္းေတြ ဘာေၾကာင့္ ေျပာေနရသလဲဆိုေတာ့ က်ေႏွာ့္ကို လွမ္းလွမ္းေမးေနတဲ့ ညီငယ္အခ်ိဳ႔ရွိပါ
တယ္။ တေယာက္စ ႏွစ္ေယာက္စတံုးက က်ေႏွာ္ ျပန္ေျဖႏိုင္ေပမယ့္ မ်ားလာတဲ့အခါ အခုလို ေကာက္ေၾကာင္းေလးေရးလိုက္တာ ပိုအဆင္ေျပမယ္ထင္လို႔ ေရးလိုက္ရျခင္းျဖစ္တယ္။
စစ္အစိုးရေခတ္ သူအဖမ္းမခံရခင္ အသံလြင့္ဌာနေတြက တဆင့္ ႏိုင္ငံေရးရပ္တည္ခ်က္ ၊ ႏိုင္ငံေရးစာ
တမ္းေတြေရးခဲ့သလို ၊ လြတ္လာၿပီးေနာက္ ျပည္ပမီဒီယာအခ်ိဳ႔မွာ ေအာင္ဇံ နာမည္နဲ႔ေဆာင္းပါးေတြ ေရးၿပီး သူ႔ရဲ႔ ရပ္တည္ခ်က္ကို ျပခဲ့ပါတယ္။
ဦးသန္းေရႊလက္ထက္ဆိုတာ အေၾကာက္တရားနဲ႔ ဖိႏွိပ္ထားဆဲကာလ ၊ဦးခင္ညြန္႔ကလည္း လက္ေဇာင္း
ထက္တဲ့ကာလကေပါ့။ အဲဒီကာလရဲ႔ ၁၉၉၉ ေဖေဖာ္၀ါရီလ ျပည္ေထာင္စုေန႔မွာ သူေျပာခဲ့တဲ့ မိန္းခြန္းေလးကို မိတ္ဆက္ေပးေစခ်င္ပါတယ္။ ခုလို ေျပာပိုင္ခြင့္ ၊ ဆိုပိုင္ခြင့္ မရွိတဲ့ ကာလက ဒီလို သူလုပ္ခဲ့ ၊ ရပ္တည္ခဲ့ပါလားဆိုတဲ့ အေတြးမ်ိဳးေလးနဲ႔ သိေစခ်င္ပါတယ္။
" ျမန္မာႏိုင္ငံဟာ လူမ်ိဳးတမ်ိဳးတည္း ေနထိုင္တဲ့ ႏိုင္ငံမဟုတ္ဘူး။ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ပူးေပါင္းေန
ထိုင္ၾကတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ျပည္ေထာင္စနစ္ကို မက်င့္သံုးသင့္ဘဲ ျပည္ေထာင္စုစနစ္နဲ႔သာ တည္ေဆာက္ရမွာ ျဖစ္ပါတယ္။ ျပည္ေထာင္စုဆိုရာမွာလည္း အမည္ခံျပည္ေထာင္စုမ်ိဳးမဟုတ္ဘဲ လူမ်ိဳးတိုင္းတန္းတူရည္တူရွိတဲ့ ျပည္ေထာင္စုစစ္စစ္ကို တည္ေဆာက္ရပါမယ္။လူတိုင္းရဲ႔ ေမြးရာပါ အခြင့္အေရးေတြကို အသိအမွတ္ျပဳၿပီး ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ရွိရပါမယ္။ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရွိရမယ္။ လြတ္လပ္ျခင္း၊ တန္းတူျခင္း၊ ညီညြတ္ျခင္းဆိုတဲ့ အေျခခံေပၚမွာ လူမ်ိဳးတိုင္းဟာ တကယ္လြတ္လပ္ရမယ္။ တကယ္ တန္းတူအခြင့္အေရး ရွိရမယ္။ ဒါမွသာ ညီညြတ္ေရးကို တည္ေဆာက္ႏိုင္မယ္။ ညီညြတ္မွဳ ရွိမွလည္း တကယ္စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို ရႏိုင္မွာ ျဖစ္ပါတယ္။" လို႔ ခု ၾကားေနရတဲ့ ရွပ္ရွပ္ အသံမ်ိဳးမဟုတ္ဘဲ ၾကည္လင္ ျပတ္သားတဲ့ အသံနဲ႔ သူေျပာႏိုင္ခဲ့ပါတယ္။
အဲဒီ ေနာက္ပိုင္း ၂၀၁၀ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ(CRPP)မွာ သူတင္သြင္းခဲ့တဲ့ စာတမ္းကိုေတာ့
ခုၾကားေနရတဲ့ အသံျပာျပာနဲ႔ သူ႔ ရပ္တည္ခ်က္ကို တင္သြင္းခဲ့ပါတယ္
" ကၽြန္ေတာ္တို႔ ဒီေန႔ ႏိုင္ငံေရးရပ္တည္ခ်က္ကို အႏွစ္ခ်ဳပ္လိုက္မယ္ဆိုရင္ အဓိကအခ်က္ကေတာ့ ၂၀၀၈ ခုႏွစ္မွာ နအဖက တဖက္သတ္ေရးဆြဲျပ႒ာန္းလိုက္တဲ့ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒ ျပန္လည္သံုးသပ္
ျပင္ဆင္ေရးဟာ အဓိကက်တဲ့ မူလည္းျဖစ္သလို ဒီကေန႔ ေလာေလာဆယ္မွာေရာ ကာလအတိုင္းအတာတစ္ခုအထိေရာ ကၽြန္ေတာ္တို႔ ဆုပ္ကိုင္ ရပ္တည္ထားရမယ့္ မူလည္းျဖစ္ပါတယ္။
ဒီေတာ့ အခု ကၽြန္ေတာ္တို႔ ေျပာခ်င္တာက ဒီမူေတြရွိရံုနဲ႔ ၿပီးၿပီလားဆိုေတာ့ မၿပီးေသးပါဘူး။ ဒီမူေတြအေပၚရပ္တည္ၿပီးေတာ့ ႏိုင္ငံေရးအရ ေရွ႔ကို ကၽြန္ေတာ္တို႔ ဘယ္လို အေျခခံသြားမလဲ ၊ ဒီမူေတြကို အေကာင္အထည္ေပၚေအာင္ ဘယ္လိုလုပ္မလဲဆိုတာေတြဟာ အေရးၾကီးသလို ဒီမူေတြကိုလည္းဘဲ ကၽြန္ေတာ္တိုဟာ အခိုင္အမာ ရပ္တည္ ဆုပ္ကိုင္ၿပီးေတာ့ အလြယ္တကူ မစြန္႔လႊတ္မိဖို႔လည္းဘဲ အေရးၾကီးပါတယ္။
ဒီေနရာမွာ မူကို အလြယ္တကူ မစြန္႔လႊတ္ေရးဆိုတာနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္ ေျပာခ်င္တာက ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္ေနရာမွာ မဆို တရားေသမျဖစ္သင့္ဘူး။ ကၽြန္ေတာ္တို႔ဟာ ေျပာင္းလြယ္ ျပင္လြယ္ရွိရမယ္။ Flexible ျဖစ္ရမယ္။ သို႔ေသာ္လည္းဘဲ ဒီေနရာမွာ မူမဲ့ အေျခခံမဲ့ ေျပာင္းတာမ်ိဳး မလိုအပ္ဘဲနဲ႔ မူကို စြန္႔တာမ်ိဳးကိုေတာ့ ေရွာင္ဖို႔လိုပါတယ္။" တဲ့
ဒါကေတာ့ သူ႔ရဲ႔ ျပာရွပ္ရွပ္ အသံနဲ႔ မဟာမိတ္ေတြၾကားမွာ သူ႔စာတမ္းကို သူကိုယ္တိုင္ ဖတ္ၾကားခဲ့တဲ့ အထဲက ေကာက္ႏွဳတ္ခ်က္ျဖစ္ပါတယ္။ ပါတီကို ျပန္လည္တည္ေဆာက္ရင္း အျခားတဖက္မွာ ပညာအသိုက္အၿမံဳျဖစ္ေပၚေရးကို ေဇာင္းေပးတဲ့ အာရကၡေဖာင္ေဒးရွင္းကို ေဒါက္တာနာယကနဲ႔ တည္ေထာင္ခဲ့သူ ။
အဲဒီေခတ္ အဲဒီကာလက ျဖတ္သန္းခဲ့ဖူးတဲ့ မဟာမိတ္ေတြဟာ ဒီေန႔ အခ်ိန္ထိ သူ႔အေပၚမွာ ယံုၾကည္ေနဆဲ ၊ ေလးစားေနဆဲဆိုတာကို ေတြ႔ရပါတယ္။ သူ ေပးဆပ္ခဲ့တာကို။ ယခု သူယံုၾကည္တဲ့ ႏိုင္ငံေရးအရ တန္းတူၿပီး ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိတဲ့ ျပည္နယ္ေပါင္းစု ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ေထာင္ထဲက ေပးလိုက္တဲ့ အသံျပာျပာ ရွပ္ရွပ္နဲ႔ ေထာ့နင္း ေထာ့နင္းနဲ႔ လႊတ္ေတာ္ထဲကို ေလ်ာက္လွမ္းခဲ့ပါတယ္။ သူ႔သက္တမ္းမွာ သူေမွ်ာ္လင့္သလို ျဖစ္လာႏိုင္ပါ့မလားဆိုတာ သံယျဖစ္မိေပမယ့္ ႏိုင္ငံေရးမ်ိဳးဆက္တစ္ခုကိုေတာ့ သူေမြးထုတ္ႏိုင္ခဲ့ပါတယ္။ အဲဒီ သူေမြးထုတ္ခဲ့တဲ့ မ်ိဳးဆက္ေတြကေကာ ....... ။ ။
ခိုင္လင္း(ေမဃ၀တီ)
ေဖေဖာ္၀ါရီ(၃)၂၀၁၆ ည ၁၂ း ၄၃
Khaing Linn Maygawaddy
...................
ပြာရှပ်ရှပ်အသံပိုင်ရှင် (သို့မဟုတ်) ထော့နင်းထော့နင်းလျောက်လှမ်းနေသူတဦး၏ ကောက်ကြောင်း
=========
၁၉၉၀ ရွေးကောက်ပွဲတုံးက (နဝတ-နအဖ)လွှတ်တော်မခေါ်ပေးခဲ့တဲ့အတွက် အစိုးရမဖွဲ့နိုင်ခဲ့ပါ။ အဲဒီအခါ လွှတ်တော်ခေါ်ယူရေးနဲ့ လွှတ်တော်ဆိုင်ရာအလုပ်တွေကို လုပ်ဖို့ ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုသော ကော်မတီ (CRPP) ကို ဖွဲ့စည်းခဲ့တယ်။
အဲဒီ ကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်တို့နဲ့စဖွဲ့ခဲ့တယ်။ ကော်မတီဝင် ဆယ်ဦးဘဲပါတယ်။
အဲဒီ ကော်မတီဆယ်ဦးမှာ NLD က (၉)ပါ၀င်ပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ရှမ်း ၊ ရခိုင် ၊ မွန် ၊ ဇိုမီး ပါတီလေးပါတီကို ကိုယ်စားပြုပြီး ဦးအေးသာအောင်ပါ၀င်ခဲ့ပါတယ်။ ဒီကော်မတီရဲ့ ဥက္ကဋ္ဌက ဦးအောင်ရွှေ ၊ အတွင်းရေးမှူးက ဦးအေးသာအောင် ၊ ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဝင်အဆင့်မှာဘဲနေတယ်။
အဲဒီကော်မတီက ရေးရာ ကော်မတီတွေဖွဲ့တဲ့ အခါ တိုင်းရင်းသားရေးရာကော်မတီမှာ ဦးအေးသာအောင်က ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည်က အတွင်းရေးမှူး ။ အနာဂတ်မှာ ပြည်သူ့လွှတ်တော်ပေါ်ပေါက်လာရင် လွှတ်တော်ဥက္ကဋ္ဌကို ဒေါက်တာဦးစောမြအောင်(ဒေါက်တာတင်မာအောင်၏ ဖခင်)လို့ တရားဝင်ကြေညာခဲ့တယ်။
ဒီကော်မတီဖွဲ့တုံးက စစ်အစိုးရ ခြောက်ခြားတုန်လှုပ်ခဲ့လို့ ပတ်ယမ်းခဲ့တဲ့ လုပ်ရပ်တွေ သမိုင်းမှာ ကျန်ခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တွေ ထောက်ခံတဲ့ ထုတ်ပြန်ချက်တွေ ထွက်လာတယ်။ အဲဒီတုံးက ခုကြားနေရတဲ့ အသံရှပ်ရှပ်နဲ့ ပြောနေတဲ့ ဦးအေးသာအောင်ရဲ့ အသံက မိမွေးတိုင်း ဖမွေးတိုင်း အကောင်းပတိ။ ကြည်လင် ပြတ်သားလို့။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မှုစတဲ့ တသီတတန်းသော ပုဒ်မတွေနဲ့ ဦးအေးသာအောင်ကို ဖမ်းပြီး ထောင်(၂၁)နှစ်ချမှတ်လိုက်တယ်။ ထောင်က ထွက်လာတဲ့အခါ ခင်ဗျားတို့ ခုကြားနေရတဲ့ အသံရှပ်ရှပ် အသံပြာပြာ ပိုင်ရှင်ဘဝကို ရောက်ခဲ့ရတယ်။ ဒီ မတိုင်ခင် ၁၉၇၀ ကျော် ဦးနေဝင်းလက်ထက်မှာလည်း နိုင်ငံရေးမှုနဲ့ ထောင်နန်းစံခဲ့ဖူးတဲ့သူ။ ခုလမ်းလျောက်ရင် ခြေထောက် ထော့နင်း ထော့နင်းနဲ့ လမ်းလျောက်နေရပြီး မီမွေးတိုင်း ဖမွေးတိုင်း ကြည်လင်ခဲ့တဲ့ သူ့အသံတွေပျောက်ဆုံးခဲ့ကာ အသံပြာပြာဘဝနဲ့ သူယုံကြည်ရာကို သူလျောက်လှမ်းနေတုံးပေါ့။
ဒီအကြောင်းတွေ ဘာကြောင့် ပြောနေရသလဲဆိုတော့ ကျနှော့်ကို လှမ်းလှမ်းမေးနေတဲ့ ညီငယ်အချို့ရှိပါတယ်။ တယောက်စ နှစ်ယောက်စတုံးက ကျနှော် ပြန်ဖြေနိုင်ပေမယ့် များလာတဲ့အခါ အခုလို ကောက်ကြောင်းလေးရေးလိုက်တာ ပိုအဆင်ပြေမယ်ထင်လို့ ရေးလိုက်ရခြင်းဖြစ်တယ်။
စစ်အစိုးရခေတ် သူအဖမ်းမခံရခင် အသံလွင့်ဌာနတွေက တဆင့် နိုင်ငံရေးရပ်တည်ချက် ၊ နိုင်ငံရေးစာတမ်းတွေရေးခဲ့သလို ၊ လွတ်လာပြီးနောက် ပြည်ပမီဒီယာအချို့မှာ အောင်ဇံ နာမည်နဲ့ဆောင်းပါးတွေ ရေးပြီး သူ့ရဲ့ ရပ်တည်ချက်ကို ပြခဲ့ပါတယ်။
ဦးသန်းရွှေလက်ထက်ဆိုတာ အကြောက်တရားနဲ့ ဖိနှိပ်ထားဆဲကာလ ၊ဦးခင်ညွန့်ကလည်း လက်ဇောင်းထက်တဲ့ကာလကပေါ့။ အဲဒီကာလရဲ့ ၁၉၉၉ ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့မှာ သူပြောခဲ့တဲ့ မိန်းခွန်းလေးကို မိတ်ဆက်ပေးစေချင်ပါတယ်။ ခုလို ပြောပိုင်ခွင့် ၊ ဆိုပိုင်ခွင့် မရှိတဲ့ ကာလက ဒီလို သူလုပ်ခဲ့ ၊ ရပ်တည်ခဲ့ပါလားဆိုတဲ့ အတွေးမျိုးလေးနဲ့ သိစေချင်ပါတယ်။
" မြန်မာနိုင်ငံဟာ လူမျိုးတမျိုးတည်း နေထိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် တစ်ပြည်ထောင်စနစ်ကို မကျင့်သုံးသင့်ဘဲ ပြည်ထောင်စုစနစ်နဲ့သာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဆိုရာမှာလည်း အမည်ခံပြည်ထောင်စုမျိုးမဟုတ်ဘဲ လူမျိုးတိုင်းတန်းတူရည်တူရှိတဲ့ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ရပါမယ်။လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရပါမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ အခြေခံပေါ်မှာ လူမျိုးတိုင်းဟာ တကယ်လွတ်လပ်ရမယ်။ တကယ် တန်းတူအခွင့်အရေး ရှိရမယ်။ ဒါမှသာ ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်။ ညီညွတ်မှု ရှိမှလည်း တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာ ဖြစ်ပါတယ်။" လို့ ခု ကြားနေရတဲ့ ရှပ်ရှပ် အသံမျိုးမဟုတ်ဘဲ ကြည်လင် ပြတ်သားတဲ့ အသံနဲ့ သူပြောနိုင်ခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း ၂၀၁၀ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP)မှာ သူတင်သွင်းခဲ့တဲ့ စာတမ်းကိုတော့ ခုကြားနေရတဲ့ အသံပြာပြာနဲ့ သူ့ ရပ်တည်ချက်ကို တင်သွင်းခဲ့ပါတယ်
" ကျွန်တော်တို့ ဒီနေ့ နိုင်ငံရေးရပ်တည်ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ နအဖက တဖက်သတ်ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျတဲ့ မူလည်းဖြစ်သလို ဒီကနေ့ လောလောဆယ်မှာရော ကာလအတိုင်းအတာတစ်ခုအထိရော ကျွန်တော်တို့ ဆုပ်ကိုင် ရပ်တည်ထားရမယ့် မူလည်းဖြစ်ပါတယ်။
ဒီတော့ အခု ကျွန်တော်တို့ ပြောချင်တာက ဒီမူတွေရှိရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ ဒီမူတွေအပေါ်ရပ်တည်ပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ကျွန်တော်တို့ ဘယ်လို အခြေခံသွားမလဲ ၊ ဒီမူတွေကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေဟာ အရေးကြီးသလို ဒီမူတွေကိုလည်းဘဲ ကျွန်တော်တိုဟာ အခိုင်အမာ ရပ်တည် ဆုပ်ကိုင်ပြီးတော့ အလွယ်တကူ မစွန့်လွှတ်မိဖို့လည်းဘဲ အရေးကြီးပါတယ်။
ဒီနေရာမှာ မူကို အလွယ်တကူ မစွန့်လွှတ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာက ကျွန်တော်တို့အနေနဲ့ ဘယ်နေရာမှာ မဆို တရားသေမဖြစ်သင့်ဘူး။ ကျွန်တော်တို့ဟာ ပြောင်းလွယ် ပြင်လွယ်ရှိရမယ်။ Flexible ဖြစ်ရမယ်။ သို့သော်လည်းဘဲ ဒီနေရာမှာ မူမဲ့ အခြေခံမဲ့ ပြောင်းတာမျိုး မလိုအပ်ဘဲနဲ့ မူကို စွန့်တာမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။" တဲ့
ဒါကတော့ သူ့ရဲ့ ပြာရှပ်ရှပ် အသံနဲ့ မဟာမိတ်တွေကြားမှာ သူ့စာတမ်းကို သူကိုယ်တိုင် ဖတ်ကြားခဲ့တဲ့ အထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။ ပါတီကို ပြန်လည်တည်ဆောက်ရင်း အခြားတဖက်မှာ ပညာအသိုက်အမြုံဖြစ်ပေါ်ရေးကို ဇောင်းပေးတဲ့ အာရက္ခဖောင်ဒေးရှင်းကို ဒေါက်တာနာယကနဲ့ တည်ထောင်ခဲ့သူ ။
အဲဒီခေတ် အဲဒီကာလက ဖြတ်သန်းခဲ့ဖူးတဲ့ မဟာမိတ်တွေဟာ ဒီနေ့ အချိန်ထိ သူ့အပေါ်မှာ ယုံကြည်နေဆဲ ၊ လေးစားနေဆဲဆိုတာကို တွေ့ရပါတယ်။ သူ ပေးဆပ်ခဲ့တာကို။ ယခု သူယုံကြည်တဲ့ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထောင်ထဲက ပေးလိုက်တဲ့ အသံပြာပြာ ရှပ်ရှပ်နဲ့ ထော့နင်း ထော့နင်းနဲ့ လွှတ်တော်ထဲကို လျောက်လှမ်းခဲ့ပါတယ်။ သူ့သက်တမ်းမှာ သူမျှော်လင့်သလို ဖြစ်လာနိုင်ပါ့မလားဆိုတာ သံယဖြစ်မိပေမယ့် နိုင်ငံရေးမျိုးဆက်တစ်ခုကိုတော့ သူမွေးထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ သူမွေးထုတ်ခဲ့တဲ့ မျိုးဆက်တွေကကော ....... ။ ။
ခိုင်လင်း(မေဃဝတီ)
ဖေဖော်ဝါရီ(၃)၂၀၁၆ ည ၁၂ း ၄၃
Khaing Linn Maygawaddy
အမ်ဳိးသားလႊတ္ေတာ္ ဒုဥကၠ႒အျဖစ္ ခန္ ့အပ္ျခင္းခံရတဲ့ ဦးေအးသာေအာင္အေၾကာင္း။...
Posted by The Melting Pot 4 U on Tuesday, 2 February 2016
No comments:
Post a Comment