CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 1, 2016
အယူသည္းေသာ ထိုင္း လူ႐ုပ္မ်ားကို အ႐ူးအမူး စြဲလန္းလွ်က္ ရွိ
အင္ဘီစီ
ကံေကာင္းဆိုယ္ဆိုတဲ့ အယူသည္းမႈနဲ႔ လူနဲ႔တထပ္တည္းတူတဲ့ စက္႐ုပ္ကေလးေတြအေပၚ ႐ူးသြပ္စြဲလန္းမႈဟာ ထိုင္းႏုိင္ငံတစ္ခြင္လံုးကို ပ်ံ႕ႏွံ႔ လႊမ္းမိုးေနၿပီး ဒါဟာ အာဏာသိမ္းၿပီးလို႔ ႏွစ္ႏွစ္ အၾကာမွာ စြဲၿမဲလာေနတဲ့ ႏိုင္ငံေရး မတည္ၿငိမ္မႈနဲ႔ ႐ုန္းကန္ေနရတဲ့ စီးပြားေရးအေပၚ ျပည္သူလူထုရဲ႕ စိုးရိမ္ေသာကကို ထင္ဟပ္ေနတယ္လို႔ ဆိုပါတယ္။
ထိုင္းႏိုင္ငံဟာ ဗုဒၶဘာသာ၀င္အမ်ားစု ေနထိုင္တဲ့ ႏိုင္ငံျဖစ္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခု သံုးခု အတြင္းမွာ အလ်င္အျမန္ ေခတ္မီတိုးတက္လာခဲ့ေပမယ့္လည္း လူမ်ားစုကေတာ့ အယူသည္းေနၾက ဆဲျဖစ္ၿပီး၊ သူတို႔ရဲ႕ ယံုၾကည္မႈေတြဟာလည္း သဘာဝလြန္၊ ေဗဒင္၊ ေမွာ္စုန္းေတြနဲ႔ ေဒြးေရာယွက္တင္ ျဖစ္ေနခဲ့ပါတယ္။
‘အျခားသူေတြရဲ႕ မ်က္လံုးေတြထဲမွာ ငါ ဒါကို ျမင္ႏုိင္တယ္။ တခ်ိဳ႕က ဘာလို႔ ငါ ဒီအ႐ုပ္ကို သယ္သြားေနတာလဲလို႔ စဥ္းစားေကာင္း စဥ္းစားမယ္။ ငါ ဂ႐ုမစိုက္ဘူး’ ဟု ထိုင္းလို ခ်မ္းသာကေလး ဟု အဓိပၸာယ္ရသည့္ Nong Ruay Jung အ႐ုပ္ကို ၈ လၾကာေအာင္ ေဆာင္ထားေနခဲ့သည့္ ၄၅ ႏွစ္အ ရြယ္ နတ္ဆူဒါ ဂ်န္တင္က ေျပာၾကားခဲ့ပါတယ္။
Look thep (ဒါမွမဟုတ္) ကေလးနတ္သမီးလို႔ေခၚတဲ့ သက္ရွိ ကေလးအရြယ္အစား ပလပ္စ တစ္ အ႐ုပ္ကေလးေတြဟာ တန္ဖိုး ေဒၚလာ ၄၀ ကေန ေဒၚလာ ၈၀၀ ၾကားအထိ ရွိေနပါတယ္။ ဒါေပမယ့္လည္း ဒီအ႐ုပ္ေတြကို ေဆာင္ထားသူေတြဟာ စိတ္က်န္းမာေရး ခြၽတ္ယြင္းေနသူေတြေတာ့ လည္း မဟုတ္ၾကပါဘူး။
ဒီအ႐ုပ္ေဆာင္သူေတြဟာ သူတို႔ရဲ႕ အ႐ုပ္ေတြအေပၚမွာ ဘယ္ေလာက္အထိ ဂရုစိုက္သလဲဆို ရင္ အရုပ္ေတြကို တကယ့္ သက္ရွိကေလးေတြလို သေဘာထားၾကပါတယ္။ ျမင့္ျမတ္ေသာ ၀ိဥာဥ္ ဝင္စားၿပီး ကံေကာင္းျခင္းေတြ ေဆာင္က်ဥ္းလာဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ အရုပ္ေတြကို ေကာင္းခ်ီးေပးဖို႔ ဘုန္းႀကီးေတြဆီ ယူေဆာင္သြားေလ့ ရွိၾကတယ္လို႔ ဆိုပါတယ္။
‘ငါ့ဘဝဟာ အမ်ားႀကီး ေျပာင္းလဲသြားခဲ့တယ္။ ေကာင္းလည္းေကာင္းသြားခဲ့တယ္။ သူမကို ေပြ႔ဖက္လိုက္တုိင္းမွာ ခ်စ္ျခင္းေမတၱာကို ခံစားရတယ္။ အၿမဲတန္း ခ်စ္သြားမယ္လို႔ သူမကို ငါေျပာေနတယ္’’ လို႔ လက္ရွိ အလွျပင္ဆိုင္တစ္ဆိုင္ ပိုင္ဆိုင္ထားၿပီး သမီးႏွင့္အတူ ေနႏိုင္ေနသည့္ ဂ်န္တက္တင္းက ေျပာပါတယ္။
- See more at: http://mizzimaburmese.com/article/10641#sthash.vL7v03LH.tlfb4ON9.dpuf
........................
အယူသည်းသော ထိုင်း လူရုပ်များကို အရူးအမူး စွဲလန်းလျှက် ရှိ
အင်ဘီစီ
ကံကောင်းဆိုယ်ဆိုတဲ့ အယူသည်းမှုနဲ့ လူနဲ့တထပ်တည်းတူတဲ့ စက်ရုပ်ကလေးတွေအပေါ် ရူးသွပ်စွဲလန်းမှုဟာ ထိုင်းနိုင်ငံတစ်ခွင်လုံးကို ပျံ့နှံ့ လွှမ်းမိုးနေပြီး ဒါဟာ အာဏာသိမ်းပြီးလို့ နှစ်နှစ် အကြာမှာ စွဲမြဲလာနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးအပေါ် ပြည်သူလူထုရဲ့ စိုးရိမ်သောကကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခု အတွင်းမှာ အလျင်အမြန် ခေတ်မီတိုးတက်လာခဲ့ပေမယ့်လည်း လူများစုကတော့ အယူသည်းနေကြ ဆဲဖြစ်ပြီး၊ သူတို့ရဲ့ ယုံကြည်မှုတွေဟာလည်း သဘာဝလွန်၊ ဗေဒင်၊ မှော်စုန်းတွေနဲ့ ဒွေးရောယှက်တင် ဖြစ်နေခဲ့ပါတယ်။
‘အခြားသူတွေရဲ့ မျက်လုံးတွေထဲမှာ ငါ ဒါကို မြင်နိုင်တယ်။ တချို့က ဘာလို့ ငါ ဒီအရုပ်ကို သယ်သွားနေတာလဲလို့ စဉ်းစားကောင်း စဉ်းစားမယ်။ ငါ ဂရုမစိုက်ဘူး’ ဟု ထိုင်းလို ချမ်းသာကလေး ဟု အဓိပ္ပာယ်ရသည့် Nong Ruay Jung အရုပ်ကို ၈ လကြာအောင် ဆောင်ထားနေခဲ့သည့် ၄၅ နှစ်အ ရွယ် နတ်ဆူဒါ ဂျန်တင်က ပြောကြားခဲ့ပါတယ်။
Look thep (ဒါမှမဟုတ်) ကလေးနတ်သမီးလို့ခေါ်တဲ့ သက်ရှိ ကလေးအရွယ်အစား ပလပ်စ တစ် အရုပ်ကလေးတွေဟာ တန်ဖိုး ဒေါ်လာ ၄၀ ကနေ ဒေါ်လာ ၈၀၀ ကြားအထိ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီအရုပ်တွေကို ဆောင်ထားသူတွေဟာ စိတ်ကျန်းမာရေး ချွတ်ယွင်းနေသူတွေတော့ လည်း မဟုတ်ကြပါဘူး။
ဒီအရုပ်ဆောင်သူတွေဟာ သူတို့ရဲ့ အရုပ်တွေအပေါ်မှာ ဘယ်လောက်အထိ ဂရုစိုက်သလဲဆို ရင် အရုပ်တွေကို တကယ့် သက်ရှိကလေးတွေလို သဘောထားကြပါတယ်။ မြင့်မြတ်သော ၀ိဉာဉ် ဝင်စားပြီး ကံကောင်းခြင်းတွေ ဆောင်ကျဉ်းလာဖို့ မျှော်လင့်ချက်နဲ့ အရုပ်တွေကို ကောင်းချီးပေးဖို့ ဘုန်းကြီးတွေဆီ ယူဆောင်သွားလေ့ ရှိကြတယ်လို့ ဆိုပါတယ်။
‘ငါ့ဘဝဟာ အများကြီး ပြောင်းလဲသွားခဲ့တယ်။ ကောင်းလည်းကောင်းသွားခဲ့တယ်။ သူမကို ပွေ့ဖက်လိုက်တိုင်းမှာ ချစ်ခြင်းမေတ္တာကို ခံစားရတယ်။ အမြဲတန်း ချစ်သွားမယ်လို့ သူမကို ငါပြောနေတယ်’’ လို့ လက်ရှိ အလှပြင်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ထားပြီး သမီးနှင့်အတူ နေနိုင်နေသည့် ဂျန်တက်တင်းက ပြောပါတယ်။
- See more at: http://mizzimaburmese.com/article/10641#sthash.vL7v03LH.tlfb4ON9.dpuf
အယူသည္းေသာ ထိုင္း လူ႐ုပ္မ်ားကို အ႐ူးအမူး စြဲလန္းလွ်က္ ရွိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment