Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 1, 2016


၁.၂.၂၀၁၆တွင် ရှေ့နေခွန်တစ် နှင့် မဇာ တို့က ထောင်ဝင်စာတွေ့ခဲ့ရာ ထူးခြားချက်အဖြစ် ညီငယ်၂ဦးလုံးကို သံခြေကျင်းခတ်ထားခြင်းမရှိတော့ကြောင်း၊(၂၄နာရီသံခြေကျင်းခတ်ခံရခြင်းအတွက် MWRNက UNနဲ့ထိုင်းအစိုးရကိုကန့်ကွက်လွှာပို့ခဲ့ကာတယ်) အခန်းပြင်သို့ မနက်၇ခွဲမှ စ၍ထွက်ခွင့်ရပြီး ညနေ၃နာရီမှ ပြန်ဝင်ရကြောင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်းကဲ့သို့ အားကစားလှုပ်ရှားမှုများလုပ်ခွင့်ရပြီး လွတ်လွတ်လပ်လပ်နေခွင့်ရကြောင်း၊ ရောက်ရှိခဲ့သော ထောင်၃ထောင်တွင် ယခု ဘန်ခွမ်ထောင်က အကောင်းဆုံးဟု ခံစားရကြောင်းပြောကြားပြီး အားလုံးကိုကျေးဇူးတင်ကြောင်းပြောပေးပါဟု မှာကြားသည်။


Credits - MWRN
လိပ်ကျွန်းအမှုမှ ညီငယ် ဇော်လင်းနှင့်ဝေဖြိုး အခြေအနေထူးခြားချက်

၁.၂.၂၀၁၆တွင် ရှေ့နေခွန်တစ် နှင့် မဇာ တို့က ထောင်ဝင်စာတွေ့ခဲ့ရာ ထူးခြားချက်အဖြစ် ညီငယ်၂ဦးလုံးကို သံခြေကျင်းခတ်ထားခြင်းမရှိတော့ကြောင်း၊(၂၄နာရီသံခြေကျင်းခတ်ခံရခြင်းအတွက် MWRNက UNနဲ့ထိုင်းအစိုးရကိုကန့်ကွက်လွှာပို့ခဲ့ကာတယ်) အခန်းပြင်သို့ မနက်ရခွဲမှ စ၍ထွက်ခွင့်ရပြီး ညနေ၃နာရီမှ ပြန်ဝင်ရကြောင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်းကဲ့သို့ အားကစားလှုပ်ရှားမှုများလုပ်ခွင့်ရပြီး လွတ်လွတ်လပ်လပ်နေခွင့်ရကြောင်း၊ ရောက်ရှိခဲ့သော ထောင်၃ထောင်တွင် ယခု ဘန်ခွမ်ထောင်က အကောင်းဆုံးဟု ခံစားရကြောင်းပြောကြားပြီး အားလုံးကိုကျေးဇူးတင်ကြောင်းပြောပေးပါဟု မှာကြားသည်။

သို့သော် ယခုထောင်တွင် ဇော်လင်းနှင့်ဝေဖြိုးမှာ အတူမနေရပဲ အဆောင်ခွဲထားကြောင်း၊ ထောင်ပြောင်းလာပြီး ယနေ့ထောင်ဝင်စာထွက်တွေ့မှသာ ပြန်ဆုံဖြစ်ကြောင်းလည်း သိရသည်။ ညီငယ်၂ဦးအတွက် အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများဝယ်ပေးခဲ့ပြီး သုံးစွဲရန် တစ်ဦးလျှင်ဘတ်၂ထောင် စာရင်းသွင်းပေးခဲ့ကြောင်း ထောင်ဝင်စာသွားတွေ့ခဲ့သူ မဇာက ပြောပါသည်။

Credits - MWRN

No comments:

Post a Comment