ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံဈေး အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ) |
ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြစ်ကမ်း၊ အနောက်ကြို့ကုန်း နယ်မြေတွင် ငါးဖမ်း ရေယာဉ်များ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး ရေချို၊ ရေငန် ငါးကုန်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်မည့် ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံဈေး ဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၊ လက်ရှိတွင် ရောင်းချ လည်ပတ်နေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံး(ရန်ကုန်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုငါးတံတား ဆိပ်ခံနှင့် ငါးလေလံဈေးသည် ရေချို/ရေငန် ပုစွန်များကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းရေယာဉ်များသည် ရောင်းချပြီးသည်နှင့် ပင်လယ်သို့ ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
(Xinhua)
........................
ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံစျေး အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြစ်ကမ်း၊ အနောက်ကြို့ကုန်း နယ်မြေတွင် ငါးဖမ်း ရေယာဉ်များ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး ရေချို၊ ရေငန် ငါးကုန်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်မည့် ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံစျေး ဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၊ လက်ရှိတွင် ရောင်းချ လည်ပတ်နေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံး(ရန်ကုန်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ငါးတင်/ချ ဆိပ်ကမ်းသစ်ကြီးကို မြန်မာ-နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (MICO)နှင့် အောင်ဖြိုးမြတ် ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်း ဖြစ်သည်။ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေဧရိယာ အလျား ပေ ရဝဝ၊ အနံ ပေ ၄ဝဝ အကျယ်၌ ယင်းလေလံ စျေးသစ်ကြီးကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုငါးတံတား ဆိပ်ခံနှင့် ငါးလေလံစျေးသည် ရေချို/ရေငန် ပုစွန်များကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းရေယာဉ်များသည် ရောင်းချပြီးသည်နှင့် ပင်လယ်သို့ ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅-၂ဝ၁၆ ငါးဖမ်းရာသီတွင် ဇန်နဝါရီလအထိ မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်း ရေပြင်အတွင်း ကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံသားပိုင် ငါးဖမ်းရေယာဉ် ၂,၇၇၉ စင်း ရှိသည်။ ယင်းတို့ထဲမှ တိုင်းဒေသကြီး ငါးချဆိပ်ကမ်း ၁ဝ ခုတွင် အခြေပြုကာ လုပ်ကိုင်နေသော ကမ်းဝေး ငါးဖမ်းရေယာဉ် ၈၂၄ စင်းရှိကြောင်း သိရသည်။ ၂ဝ၁၅-၂ဝ၁၆ နိုဝင်ဘာလအထိ ငါး၊ ပုစွန် ဖမ်းဆီးရရှိမှု ကုန်ပိဿာချိန် ၆၈၉. ၆၆ သိန်းရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံး (ရန်ကုန်) မှ ထုတ်ပြန်သည့် အချက်အလက်များ အရသိရသည်။
(Xinhua)
http://www.xinhuamyanmar.com
No comments:
Post a Comment