Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 1, 2016

ဆင်စီးကာ တောတွင်းလည်ပါတ်နေသူ နိုင်ငံခြားသားများ ဆင်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး၊ မြန်မာဆင်ဦးစီးဒဏ်ရာရ


News update on 1th February 2016









..................


News update on 1th February 2016

ထိုင်းနိုင်ငံ ဆူလ ဌာနီအတွင်း ကော့စမွေ ကျွန်းတွင် ဖွင့်လစ်ထားတဲ့ ဘေးမဲ့ သစ်တောအတွင်း ဆင်စီးပြီး လယ်ပါတ်နေသူ နိုင်ငံခြားသားများ စီးလာတဲ့ ၁၃နှစ်သား ဆင်တကောင် ဟာ ရုတ်တရက် စိတ်ရိုင်းဝင် လာပြီးနောက် ကျောပေါ်စီးနင်း လိုက်ပါလာကြသူ မိသားစုတွေ ကို တိုက်ခိုက်ခဲ့လို ့ စကော့တလန် နိုင်ငံသား Moustafa Normanနဲ ့ သမီးဖြစ်သူ အသက် ၁၆နှစ် တို ့ဟာ ဒဏ်ရာပြင်းထန်လို ့သေဆုံးခဲ့ပြီး ဆင်ဦးစီးဖြစ်သူ ဒဏ်ရာ အပြင်းအထန် ရသွား ခဲ့ကြောင်း ထိုင်းနိုင်ငံ အွန်လိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။


ဆင်ဦးစီးဖြစ်သူ မြန်မာနိုင်ငံသား ( စောဝင်းသန်း)လည်း စိတ်ရိုင်းဝင်သွား တဲ့ ကျောပေါ်ကနေပြတ်ကျပြီး ဆင်တိုက်ခိုက်တာ ခံရလို ့ ဆေးရုံတင် ခဲ့ရပါတယ်။

စောဝင်သန်းက နိုင်ငံခြားသားတွေကို ခြေထောက်နဲ ့နင်း အစွယ်နဲ ့ထိုးနေတာကို ကြိုးစားပြီး ဟန် ့တားဘို ့ ကြိုးစားတာကို သူ ့ကိုပါ ပြန်အတိုက်ခိုက် ခံခဲ့ရတာပါ။


ယခုဖြစ်ရပ်နဲ ့ပါတ်သက်လို ့ စစ်ဆေးနေရာမှာ ယခုရက်ပိုင်းအတွင်း ရာသီဥတုက ပြန်လည် ပူအိုက်လာပြီး အပူချိန်မြင့်လာကြောင့် ဆင်တွေ ဟာ ကိုယ်ပေါ်မှာ ထမ်းထားရတဲ့ အလေးချိန်ကြောင့် စိတ်မသက်မသာ ဖြစ်ရာက ဒေါသထွက်လာ လာတာ ဖြစ်ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment