အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ေနျပည္ေတာ္မွာ သတင္းေထာက္ေတြ နဲ႔ ေတြ႔ဆံုစဥ္။ Photo: Myo Thant Khaing/ RFA |
ဒီကေန႔ ေနျပည္ေတာ္က တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရး ေကာ္မတီရံုးခန္းမွာ သတင္းမီဒီယာေတြနဲ႔ ေတြ႔ဆံုစဥ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာတာျဖစ္ပါတယ္။
"ျပည္သူ႔ထဲမွာေရာ၊ အမ်ိဳးသားမွာေရာ၊ ဘယ္သူကမွေလ့လာဖို႔မကန္႔ကြက္ဘူး၊ ဘယ္သူကမွလည္းအျပစ္မတင္ဘူး၊ အန္တီအမ်ားႀကီးေက်းဇူးတင္တယ္၊ တျခားပါတီ၊ တပ္မေတာ္သားကိုယ္စားလွယ္ေတြကိုလည္း ေက်းဇူးတင္တယ္၊ အန္တီတို႔က အမ်ားစုျဖစ္တယ္ဆိုေပမယ့္လည္း ၿပိဳင္ၿပီးေတာ့ တင္ခ်င္ရင္တင္လို႔ရတာပဲ၊ ႏိုင္တာ၊ မနိုင္တာကိုေျပာတာမဟုတ္ဘူးေနာ္၊ တနည္းအားျဖင့္ အဖြဲ႔ခ်ဳပ္ကေနအဆိုျပဳတဲ့သူေတြကို ကန္႔ကြက္တဲ့သေဘာနဲ႔ ၿပိဳင္ၿပီးေတာ့ တင္ခ်င္ရင္တင္လို႔ရတာပဲ၊ ဒါေပမယ့္ ဒီလိုမလုပ္ပဲနဲ႔ အားလံုးပူးေပါင္းေဆာင္ရြက္တဲ့အတြက္ အန္တီအရမ္းဝမ္းသာတယ္၊ ေက်းဇူးလည္းတင္တယ္၊ တျခားပါတီေတြေရာ၊ တပ္မေတာ္သားကိုယ္စားလွယ္ေတြကိုေရာ၊ အန္တီတို႔ရဲ႕ျပည္သူ၊ ျပည္သားေတြကလည္း ဒါကိုစိတ္ခ်မ္းသာမယ္လို႔ အန္တီထင္တယ္"
ဒီကေန႕ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ အျဖစ္ မန္း၀င္းခုိင္သန္း နဲ႕ ဒုတိယဥကၠဌ အျဖစ္ ဦးေအးသာေအာင္တုိ႕ကို ေရြးခ်ယ္တင္ေျမွာက္လိုက္တာ ျဖစ္ပါတယ္။
လႊတ္ေတာ္မွာ သတင္းယူတဲ့ သတင္းမီဒီယာေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႕ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ လက္ရိွမွာ လႊတ္ေတာ္အစည္းအေ၀းေတြကို အစည္းအေ၀း ခန္္းမတြင္းမွာ ရိုက္ကူးခြင့္မရိွဘဲ အေဆာင္အျပင္မွာရိွတဲ့ တီဗီမွန္သားျပင္ကိုပဲ ရိုက္ယူရတာျဖစ္ပါတယ္။
လႊတ္ေတာ္ သတင္းယူတာနဲ႕ပတ္သက္ျပီး အန္အယ္လ္ဒီက တာ၀န္္ရိွသူ ၊ လႊတ္ေတာ္က တာ၀န္ရိွသူေတြအျပင္ သတင္းမီဒီယာေတြက တစ္ခ်ိဳ႕နဲ႕ ေနာက္ထပ္ေတြ႕ဆံုေဆြးေႏြးမယ္ဖို႕ သေဘာတူၾကပါတယ္။
နုိင္ငံေတာ္သမၼတတာ၀န္ယူဖို႕ နဲ႕ပတ္သက္ျပီး ေမးျမန္းရာမွာ ေဒၚေအာင္ဆန္းစုၾကည္က မတ္လ အထိအခ်ိန္ေပးထားတာေၾကာင့္ သိပ္အေမာမခံၾကဖို႕ နဲ႕ အခ်ိန္တန္ရင္သိရမွာျဖစ္ေၾကာင္း ေျပာပါတယ္။
RFA Burmese
http://www.rfa.org/burmese
........................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/ RFA
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်ရာမှာ ချောချောမောမော ဖြစ်ခဲ့တဲ့ အတွက် နိုင်ငံရေးပါတီအားလုံး ကို ကျေးဇူးအထူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောတာဖြစ်ပါတယ်။
"ပြည်သူ့ထဲမှာရော၊ အမျိုးသားမှာရော၊ ဘယ်သူကမှလေ့လာဖို့မကန့်ကွက်ဘူး၊ ဘယ်သူကမှလည်းအပြစ်မတင်ဘူး၊ အန်တီအများကြီးကျေးဇူးတင်တယ်၊ တခြားပါတီ၊ တပ်မတော်သားကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်၊ အန်တီတို့က အများစုဖြစ်တယ်ဆိုပေမယ့်လည်း ပြိုင်ပြီးတော့ တင်ချင်ရင်တင်လို့ရတာပဲ၊ နိုင်တာ၊ မနိုင်တာကိုပြောတာမဟုတ်ဘူးနော်၊ တနည်းအားဖြင့် အဖွဲ့ချုပ်ကနေအဆိုပြုတဲ့သူတွေကို ကန့်ကွက်တဲ့သဘောနဲ့ ပြိုင်ပြီးတော့ တင်ချင်ရင်တင်လို့ရတာပဲ၊ ဒါပေမယ့် ဒီလိုမလုပ်ပဲနဲ့ အားလုံးပူးပေါင်းဆောင်ရွက်တဲ့အတွက် အန်တီအရမ်းဝမ်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ တခြားပါတီတွေရော၊ တပ်မတော်သားကိုယ်စားလှယ်တွေကိုရော၊ အန်တီတို့ရဲ့ပြည်သူ၊ ပြည်သားတွေကလည်း ဒါကိုစိတ်ချမ်းသာမယ်လို့ အန်တီထင်တယ်"
ဒီကနေ့ အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် မန်းဝင်းခိုင်သန်း နဲ့ ဒုတိယဥက္ကဌ အဖြစ် ဦးအေးသာအောင်တို့ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
လွှတ်တော်မှာ သတင်းယူတဲ့ သတင်းမီဒီယာတွေ အဆင်ပြေချောမွေ့စေဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမှာ လွှတ်တော်အစည်းအဝေးတွေကို အစည်းအဝေး ခန််းမတွင်းမှာ ရိုက်ကူးခွင့်မရှိဘဲ အဆောင်အပြင်မှာရှိတဲ့ တီဗီမှန်သားပြင်ကိုပဲ ရိုက်ယူရတာဖြစ်ပါတယ်။
လွှတ်တော် သတင်းယူတာနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီက တာဝန််ရှိသူ ၊ လွှတ်တော်က တာဝန်ရှိသူတွေအပြင် သတင်းမီဒီယာတွေက တစ်ချို့နဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးမယ်ဖို့ သဘောတူကြပါတယ်။
နိုင်ငံတော်သမ္မတတာဝန်ယူဖို့ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မတ်လ အထိအချိန်ပေးထားတာကြောင့် သိပ်အမောမခံကြဖို့ နဲ့ အချိန်တန်ရင်သိရမှာဖြစ်ကြောင်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment