ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးကို တက္ေရာက္လာသည့္ လႊတ္ေတာ္ကိုယ္စားလွယ္သစ္ တခ်ိဳ႕ကို ေတြ႔ရစဥ္ Photo: Myo Thant Khaing/RFA |
က်မ္းသစၥာက်ိန္ဆိုပဲြမွာ လက္ရွိ အစိုးရအဖဲြ႔က ဒုတိယသမၼတေတြျဖစ္တဲ့ ေရြးေကာက္ပြဲ အႏိုင္ရ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒါက္တာစုိင္းေမာက္ခမ္းနဲ႔ ဦးဥာဏ္ထြန္း တို႔ အပါအဝင္ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြ ပါဝင္ဦးမွာ မဟုတ္ဘူးလို႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌအျဖစ္ လ်ာထားခံထားရတဲ့ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးဝင္းျမင့္က ေျပာပါတယ္။
"အခုဟာက လ်ာထားတာဟုတ္တယ္၊ က်မ္းသစၥာမက်ိန္ရေသးဘူး၊ ပါဘူးဆိုေတာ့ ဒီအစီအစဥ္ကိုမၾကည့္ႏိုင္ေသးဘူး၊ က်မ္းသစၥာက်ိန္ၿပီး တရားဝင္ျဖစ္ၿပီဆိုေတာ့ မွ ဘယ္ေန႔ဘာလုပ္မယ္ ဆိုတာေတာ့ ကိုယ့္အစီအစဥ္ကိုယ္စြဲရမွာေပါ့၊ အခုတက္ေနတဲ့ သူေတြ က်ိန္ရမွာေပါ့၊ လက္ရွိအစိုးရတာဝန္ယူထားတဲ့သူေတြေရာေပါ့"
အစိုးရသစ္အေျပာင္းအလဲျဖစ္ၿပီးမွသာ အဲဒီပုဂၢိဳလ္ေတြက လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ က်မ္းသစၥာ က်ိန္ဆိုရမွာျဖစ္သလို လႊတ္ေတာ္အစည္းအေဝးေတြကို လည္း တက္ေရာက္ၾကရမွာျဖစ္ပါတယ္။
ဒုတိယအႀကိမ္ေျမာက္လႊတ္ေတာ္အစည္းအေဝးေတြအတြက္ ျပည္သူ႔လႊတ္ေတာ္ကုိ ေဖေဖာ္၀ါရီလ ၁ ရက္၊ အမ်ိဳးသားလႊတ္ေတာ္ကုိ ေဖေဖာ္၀ါရီလ ၃ ရက္ နဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ကုိ ေဖေဖာ္၀ါရီလ ၈ ရက္ေန႔ေတြမွာ က်င္းပမွာပါ။
မနက္ျဖန္က်င္းပမယ့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကုိ အမ်ိဳးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ နာယက သူရဦးတင္ဦးနဲ႔ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးဝင္းထိန္တုိ႔ လည္း ေလ့လာသူေတြအျဖစ္ တက္ေရာက္မယ္လို႔ သိရပါတယ္။
ျပည္သူ႔လႊတ္ေတာ္ ဥကၠဌအျဖစ္ ဦးဝင္းျမင့္၊ ဒုတိယ ဥကၠဌ အျဖစ္ ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ အျဖစ္ ဦးမန္း၀င္းခုိင္သန္း၊ ဒုတိယဥကၠဌအျဖစ္ ဦးေအးသာေအာင္တုိ႔ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လ်ာထားခဲ့တာျဖစ္ၿပီး၊ မနက္ျဖန္ ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳရမွာျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
......................................................................
လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြတော့မည်
31 January 2016
ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်သစ် တချို့ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA
မနက်ဖြန် ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုကြပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လက်ရှိ အစိုးရအဖွဲ့က ဒုတိယသမ္မတတွေဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပါဝင်ဦးမှာ မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် လျာထားခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
"အခုဟာက လျာထားတာဟုတ်တယ်၊ ကျမ်းသစ္စာမကျိန်ရသေးဘူး၊ ပါဘူးဆိုတော့ ဒီအစီအစဉ်ကိုမကြည့်နိုင်သေးဘူး၊ ကျမ်းသစ္စာကျိန်ပြီး တရားဝင်ဖြစ်ပြီဆိုတော့ မှ ဘယ်နေ့ဘာလုပ်မယ် ဆိုတာတော့ ကိုယ့်အစီအစဉ်ကိုယ်စွဲရမှာပေါ့၊ အခုတက်နေတဲ့ သူတွေ ကျိန်ရမှာပေါ့၊ လက်ရှိအစိုးရတာဝန်ယူထားတဲ့သူတွေရောပေါ့"
အစိုးရသစ်အပြောင်းအလဲဖြစ်ပြီးမှသာ အဲဒီပုဂ္ဂိုလ်တွေက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမှာဖြစ်သလို လွှတ်တော်အစည်းအဝေးတွေကို လည်း တက်ရောက်ကြရမှာဖြစ်ပါတယ်။
ဒုတိယအကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွေအတွက် ပြည်သူ့လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်၊ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီလ ၃ ရက် နဲ့ ပြည်ထောင်စု လွှတ်တော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွေမှာ ကျင်းပမှာပါ။
မနက်ဖြန်ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့ လည်း လေ့လာသူတွေအဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဌ အဖြစ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် ဦးအေးသာအောင်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားခဲ့တာဖြစ်ပြီး၊ မနက်ဖြန် ပြည်သူ့လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment