CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, February 2, 2016
ေလးပြင့္ဆိုင္ တႏွစ္ျပည့္ ေက်ာင္းသားေတြ လႊတ္ဖို႔ ေတာင္းဆို
2 February 2016
ပညာေရးျပဳျပင္ေျပာင္းလဲေပးဖို႔ ၿငိမ္းခ်မ္းစြာဆႏၵျုပသူေတြကို ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း မျပဳပါဘူးဆိုတဲ့ အစိုးရ၊ လႊတ္ေတာ္နဲ႔ ေက်ာင္းသားေတြ သေဘာတူညီ လက္မွတ္ထိုးခဲ့တဲ့ ေလးပြင့္ဆုိင္ သေဘာတူညီခ်က္က ဒီေန႔ဆို တႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ ဒီေလးပြင့္ဆုိင္ သေဘာတူညီခ်က္ကို ေလးစားတဲ့အေနနဲ႔ ေထာင္ထဲ ထည့္ထားတဲ့ သပိတ္ေမွာက္ ေက်ာင္းသားေတြနဲ႔ ဝန္းရံျပည္သူေတြကို အျမန္ဆံုးျပန္လႊတ္ေပးပါလို႔ ေလးပြင့္ဆုိင္ေဆြးေႏြးပြဲမွာ ညိွႏိႈင္း ေဆာင္ရြက္ေပးသူေတြက ေတာင္းဆိုလိုက္ပါတယ္။ ဆႏၵျပခဲ့တဲ့သူေတြကို အစိုးရသစ္၊ အာဏာ မလႊဲေျပာင္းခင္ ျပဳျပင္ေျပာင္းလဲေရးကို အမွန္လိုလားတယ္ ဆိုတာကို ျပသတဲ့အေနနဲ႔ လက္ရွိအစိုးရအေနနဲ႔ အျမန္ဆံုး လႊတ္ေပးသင့္ပါတယ္ လို႔လည္း ေက်ာင္းသားသပိတ္ ဝန္းရံခဲ့တဲ့ တက္ၾကြလႈပ္ရွား သူေတြက ေျပာပါတယ္။ ေက်ာင္းသားေတြရဲ႕ေနာက္ဆံုးရံုးထုတ္ အေျခအေနကို မဆုမြန္က တင္ျပေပးပါမယ္။
ဒီကေန႔ အဂၤါေန႔မွာေတာ့ လက္ပံတန္းေက်ာင္းသားသပိတ္ၿဖိဳခြင္းခံရၿပီး အဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြနဲ႔ဝန္းရံျပည္သူေတြကို သာယာဝတီခရိုင္ တရားရံုးမွာ ရံုးထုတ္စစ္ေဆးပါတယ္။ သာယာဝတီခရိုင္ တရားရံုးမွာ လက္ပံတန္းေက်ာင္းသားေတြကို ရံုးထုတ္စစ္ေဆးေနခ်ိန္ တၿပိဳင္နက္တည္းမွာပဲ ရန္ကုန္မွာလည္း ေက်ာင္းသားေခါင္းေဆာင္ေတြကိုလည္း ထပ္တိုး ပုဒ္မ စြဲဆိုခ်က္ေတြနဲ႔ ရုံးထုတ္စစ္ေဆးခဲ့ပါတယ္။
ရံုးထုတ္တဲ့အခ်ိန္ သာယာဝတီအက်ဥ္းေထာင္ထဲ ထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြက တရားရံုးေရွ႕မွာ ေၾကြးေၾကာ္ခဲ့ၾကပါတယ္။
“ဒီမိုကေရစီပညာေရး ဒို႔အေရး…ဒို႔အေရး၊ ေက်ာင္းသား သမဂၢမ်ား လြတ္လပ္စြာ ဖြဲ႔စည္းခြင့္ရရွိေရး ဒို႔အေရး…ဒို႔အေရး၊ ဒို႔ေက်ာင္းသားေတြ ညီရဲ႕လားေဟ့……ညီတယ္ေဟ့၊ ညီတယ္ေဟ့။ ခြပ္ေဒါင္းအဖြဲ႔ေတြ ညီရဲ႕လားေဟ့……ညီတယ္ေဟ့၊ ညီတယ္ေဟ့။ သပိတ္၊ သပိတ္ ေမွာက္ေမွာက္။ မီးတုတ္၊ မီးတုတ္ ရိႈ႕ရိႈ႕ ၊ အေရးေတာ္ပံု ေအာင္ႏိုင္ရမည္။”
ဒီေန ႔ရံုးခ်ိန္းမွာေတာ့ ေက်ာင္းသားသပိတ္ကို ျဖိဳခြင္းခဲ့တဲ့ေနရာမွာ အဓိက တာဝန္ရွိတဲ့ ရဲမွဴးကို ေက်ာင္းသားေတြဘက္က ေရွ႕ေနက စစ္ေမးခဲ့သလို က်န္းမာေရးစိုးရိမ္စရာအေျခအေနမွာရွိေနတဲ့ ေက်ာင္းသားတဦး အာမခံရခဲ့တယ္ လို႔ တရားရံုးထုတ္ေတြမွာ ေက်ာင္းသားေတြရဲ႕က်န္းမာေရး၊ စားေသာက္ေရးေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ တက္ၾကြလႈပ္ရွားသူ မေအးေအးခုိင္ကေျပာပါတယ္။
“ေက်ာင္းသားေတြကို တုတ္နဲ႔ရိုက္တာေတြ ၊ ကားေတြကို ဖ်က္စီးတာေတြ အဲဒါေတြကို အဓိကထားၿပီးေတာ့ စစ္သြားတာပါ။ ဒါေပမယ့္ သူကေတာ့ တခုမွ မသိပါဘူး ဆိုတဲ့ဟာနဲ႔ ေျပာသြားတယ္။ ဘာတခုမွ မသိပါဘူး။ မျမင္လိုက္ပါဘူး ဆိုတာနဲ႔ပဲ ေနာက္ဆံုး " ဘူး" နဲ႔ပဲ ဒီကေန႔ တရားခြင္က ၿပီးသြားတာ။ ဒီကေန႔ရံုးထုတ္ေတာ့ ဘိုဘိုမ်ိဳးေနမေကာင္းေတာ့ အာမခံခ်က္ေတာင္းေတာ့ အာမခံခ်က္ရတယ္ေပါ့ေနာ္။ ဘိုဘိုမ်ိဳးတေယာက္ပဲ သူကလက္ရွိ ရန္ကုန္ေဆးရံုမွာ ေဆးရံုတက္ေနတာေလ။ ဒုတိယအႀကိမ္ေျမာက္ ေဆးရံုတက္ေနရတာပါ။ ဒီ ကမာရြတ္ ရံုးထုတ္တာမွာက မင္းေသြးသစ္ ပါတယ္။ မင္းေသြးသစ္ရယ္၊ နႏၵစစ္ေအာင္ရယ္ ရန္ကုန္၊ ကမာရြတ္မွာ ရံုးထုတ္မယ္။”
ဒီေန႔အခ်ိန္ဟာဆိုရင္ ေလးပြင့္ဆုိင္ေဆြးေႏြးမႈေတြရဲ႕ သေဘာတူညီခ်က္ေတြထဲ ပါဝင္ခဲ့တဲ့ ေက်ာင္းသားသပိတ္အေပၚ ဦးေဆာင္သူ ကူညီအားေပးသူေတြ
အေပၚ အေရးယူျခင္းမျပဳရဘူး ဆိုတဲ့ သေဘာတူညီခ်က္ေပးခဲ့တဲ့ တစ္ႏွစ္ျပည့္ခ်ိန္လည္းျဖစ္ေနပါတယ္။
ကတိေပးခဲ့တဲ့ အစိုးရ၊ လႊတ္ေတာ္၊ ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြဘက္က အၾကမ္းဖက္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြကို အျမန္ဆံုးျပန္လႊတ္ေပးသင့္တယ္လို႔ ေလးပြင့္ဆုိင္ေဆြးေႏြးပြဲေတြျဖစ္ေျမာက္ေရးမွာ ညိွႏိႈင္းေဆာင္ရြက္ေပးခဲ့တဲ့ ေဒါက္တာေက်ာ္သူက ဗီြအိုေအကိုေျပာပါတယ္။
“ထင္ထင္ရွားရွားႀကီးကို မွားတဲ့လုပ္ရပ္ေတြျဖစ္တယ္။ အဲဒီအထဲမွာ အစိုးရေကာ၊ လႊတ္ေတာ္ေကာ ပါခဲ့ၿပီးသား။ အခုဆိုရင္ တခ်ိဳ႕ေက်ာင္းသားေတြကိုဆိုရင္ စံခ်ိန္တင္ မၾကားဖူးတာေတြနဲ႔ စြဲထားတာ ရွက္စရာလည္း ေကာင္းတယ္။ ၁ ေယာက္ကို အမႈ ၇၀ တို႔တင္တာတို႔ ဘာတို႔ ၊ တရားေရးစနစ္မွာ မရွိသင့္တဲ့ဟာ ေတြရွိတယ္။ အဲေတာ့ ဒီအစိုးရသစ္နဲ႔လႊတ္ေတာ္က ျပဳျပင္ေျပာင္းလဲ ကိုင္တြယ္လိမ္႔မယ္လို႔ ေမွ်ာ္လင့္တယ္။ အစိုးရမွာ သူက လႊတ္ၿငိမ္း ခ်မ္းသာခြင့္ ေျပာတာ ေတာင္းဆိုတဲ့ အခ်ိန္မွာ သူက တရားစြဲေနတာ၊ အျပစ္ဒဏ္ခ်ၿပီးသား လူေတြသာ အရင္ သမၼတႀကီးက လႊတ္လို႔ရတယ္ဆိုၿပီးေတာ့ သူတို႔ ဆင္ေျခေပးတယ္။ အမွန္မွာက တရားစြဲ အဖြဲ႔အစည္းက အစိုးရနဲ႔ ပတ္သက္တဲ့ အဖြဲ႔အစည္းေတြျဖစ္တယ္။ အဲဒီ အဖြဲ႔အစည္းေတြက တရားစြဲတာကို ရုပ္သိမ္းလို႔ရွိရင္ အျမန္ဆံုးၿပီးမယ္ထင္တယ္။ အမႈ ရုပ္သိမ္းလို႔ရတယ္။”
မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ေက်ာင္းသားေတြကို လက္ရွိအစိုးရအေနနဲ႔ အာဏာမလႊဲေျပာင္းခင္ကာလ ႏုိင္ငံေရးသိကၡာရွိရွိနဲ႔ ျပဳျပင္ေျပာင္းလဲမႈကို လိုလားတယ္ဆိုတာျပတဲ့အေနနဲ႔ အျမန္ဆံုးျပန္လႊတ္ေပးသင့္ေန ပါၿပီလို႔ ေက်ာင္းသားသပိတ္အေထာက္အကူျပဳေကာ္မတီက ဦးေဇာ္ရမ္းကလည္း အခုလိုေျပာပါတယ္။
“အခုဖမ္းထားတဲ့အေျခခံအခ်က္ကို ၾကည့္မယ္ဆိုရင္လည္း အေထြေထြနိမ္႔က်ေနတဲ့ ပညာေရးကို ေျပာင္းလဲေအာင္လုပ္မွာျဖစ္တဲ့အတြက္ ဘာအျပစ္မွ မရွိပါဘူး။ ေက်ာင္းသားေတြရဲ႕လုပ္ရပ္က မွန္ပါတယ္။ ေနာက္ေလးပြင့္ဆိုင္ သေဘာတူညီခ်က္မွာလည္းပဲ က်ေနာ္တို႔ေက်ာင္းသားေတြကို ဒီကိစၥနဲ႔ ပတ္သက္လို႔ မဖမ္းဘူး၊ အေရးမယူဘူး ဆိုၿပီးေတာ့ အခုလို ဖမ္းထားျခင္း အားျဖင့္ကေတာ့ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလံုးအတြက္မေကာင္းတာေနာ္။ အစိုးရအတြက္လည္း မေကာင္းသလို က်ေနာ္တို႔လည္း ကမာၻေပၚမွာ အင္မတန္ရွက္စရာေကာင္းပါတယ္။ ဒီေက်ာင္းသားေတြကို ဖမ္းထားတာ ၊ သူခိုးလည္းမဟုတ္၊ ဓါးျပလည္းမဟုတ္ဘဲနဲ႔ေပါ့ဗ်ာ။ အဲဒါေၾကာင့္ အျမန္ဆံုး လႊတ္ေပးလိုက္မယ္ ဆိုရင္ ႏိုင္ငံေတာ္ တည္ေဆာက္ေရး၊ သူတို႔ေျပာေနတဲ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး အားလံုး လူ နတ္ ျဗဟၼာ အားလံုး စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာ ျဖစ္ပါလိမ့္မယ္။”
လက္ပံတန္းေက်ာင္းသားသပိတ္အၿဖဳိခြင္းခံရလိုက္ရတုန္းက ဖမ္းဆီးခဲ့တဲ့ သပိတ္ေမွာက္ေက်ာင္းသားေတြနဲ႔ ဝန္းရံျပည္သူေတြ အပါအဝင္၊ ေက်ာင္းသားေတြလြတ္ေျမာက္ေရး ဆုေတာင္းပြဲေတြျပဳလုပ္လို႔ ဖမ္းဆီးခံထားရတဲ့ အနယ္နယ္အရပ္ရပ္က ေက်ာင္းသားေတြ၊ တမတ္သား တပ္မေတာ္သားကိုယ္စားလွယ္ေတြ လႊတ္ေတာ္က ထြက္သြားဖို႔ဆႏၵျပခဲ့တဲ့ တကသေက်ာင္းသားေခါင္းေဆာင္ေတြစတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ကိုလည္း ႏုိင္ငံေရးအက်ဥ္းသားလြတ္ေျမာက္ေရးလႈပ္ရွားသူေတြက ေတာင္းဆိုေနၾကတာပါ။
ဦးသိန္းစိန္အစိုးရလက္ထက္ ေနာက္ဆံုးအႀကိမ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တဲ့အခ်္ိန္မွာေတာ့ ႏုိင္ငံေရးအက်ဥ္းသားအနည္းငယ္ပဲ ပါခဲ့ၿပီး ေက်ာင္းသားေတြ ၊ အလုပ္သမား၊ လယ္သမားေရး တက္ၾကြလႈပ္ရွားသူ ေတာ္ေတာ္မ်ားမ်ား အက်ဥ္းေထာင္ေတြ ထိန္းသိမ္းခံေနရဆဲျဖစ္ၿပီး ထပ္တိုးပုဒ္မေတြနဲ႔ အမႈရင္ဆိုင္ေနရတာျဖစ္ပါတယ္။
မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...................................................................
လးပွင့်ဆိုင် တနှစ်ပြည့် ကျောင်းသားတွေ လွှတ်ဖို့ တောင်းဆို
2 February 2016
ပညာရေးပြုပြင်ပြောင်းလဲပေးဖို့ ငြိမ်းချမ်းစွာဆန္ဒြုပသူတွေကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုပါဘူးဆိုတဲ့ အစိုးရ၊ လွှတ်တော်နဲ့ ကျောင်းသားတွေ သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ လေးပွင့်ဆိုင် သဘောတူညီချက်က ဒီနေ့ဆို တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီလေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားတဲ့အနေနဲ့ ထောင်ထဲ ထည့်ထားတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ညှိနှိုင်း ဆောင်ရွက်ပေးသူတွေက တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြခဲ့တဲ့သူတွေကို အစိုးရသစ်၊ အာဏာ မလွှဲပြောင်းခင် ပြုပြင်ပြောင်းလဲရေးကို အမှန်လိုလားတယ် ဆိုတာကို ပြသတဲ့အနေနဲ့ လက်ရှိအစိုးရအနေနဲ့ အမြန်ဆုံး လွှတ်ပေးသင့်ပါတယ် လို့လည်း ကျောင်းသားသပိတ် ဝန်းရံခဲ့တဲ့ တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။ ကျောင်းသားတွေရဲ့နောက်ဆုံးရုံးထုတ် အခြေအနေကို မဆုမွန်က တင်ပြပေးပါမယ်။
ဒီကနေ့ အင်္ဂါနေ့မှာတော့ လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းခံရပြီး အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ဝန်းရံပြည်သူတွေကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ သာယာဝတီခရိုင် တရားရုံးမှာ လက်ပံတန်းကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးနေချိန် တပြိုင်နက်တည်းမှာပဲ ရန်ကုန်မှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုလည်း ထပ်တိုး ပုဒ်မ စွဲဆိုချက်တွေနဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ရုံးထုတ်တဲ့အချိန် သာယာဝတီအကျဉ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေက တရားရုံးရှေ့မှာ ကြွေးကြော်ခဲ့ကြပါတယ်။
“ဒီမိုကရေစီပညာရေး ဒို့အရေး…ဒို့အရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး…ဒို့အရေး၊ ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့……ညီတယ်ဟေ့၊ ညီတယ်ဟေ့။ ခွပ်ဒေါင်းအဖွဲ့တွေ ညီရဲ့လားဟေ့……ညီတယ်ဟေ့၊ ညီတယ်ဟေ့။ သပိတ်၊ သပိတ် မှောက်မှောက်။ မီးတုတ်၊ မီးတုတ် ရှို့ရှို့ ၊ အရေးတော်ပုံ အောင်နိုင်ရမည်။”
ဒီနေ ့ရုံးချိန်းမှာတော့ ကျောင်းသားသပိတ်ကို ဖြိုခွင်းခဲ့တဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ ရဲမှူးကို ကျောင်းသားတွေဘက်က ရှေ့နေက စစ်မေးခဲ့သလို ကျန်းမာရေးစိုးရိမ်စရာအခြေအနေမှာရှိနေတဲ့ ကျောင်းသားတဦး အာမခံရခဲ့တယ် လို့ တရားရုံးထုတ်တွေမှာ ကျောင်းသားတွေရဲ့ကျန်းမာရေး၊ စားသောက်ရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူ မအေးအေးခိုင်ကပြောပါတယ်။
“ကျောင်းသားတွေကို တုတ်နဲ့ရိုက်တာတွေ ၊ ကားတွေကို ဖျက်စီးတာတွေ အဲဒါတွေကို အဓိကထားပြီးတော့ စစ်သွားတာပါ။ ဒါပေမယ့် သူကတော့ တခုမှ မသိပါဘူး ဆိုတဲ့ဟာနဲ့ ပြောသွားတယ်။ ဘာတခုမှ မသိပါဘူး။ မမြင်လိုက်ပါဘူး ဆိုတာနဲ့ပဲ နောက်ဆုံး " ဘူး" နဲ့ပဲ ဒီကနေ့ တရားခွင်က ပြီးသွားတာ။ ဒီကနေ့ရုံးထုတ်တော့ ဘိုဘိုမျိုးနေမကောင်းတော့ အာမခံချက်တောင်းတော့ အာမခံချက်ရတယ်ပေါ့နော်။ ဘိုဘိုမျိုးတယောက်ပဲ သူကလက်ရှိ ရန်ကုန်ဆေးရုံမှာ ဆေးရုံတက်နေတာလေ။ ဒုတိယအကြိမ်မြောက် ဆေးရုံတက်နေရတာပါ။ ဒီ ကမာရွတ် ရုံးထုတ်တာမှာက မင်းသွေးသစ် ပါတယ်။ မင်းသွေးသစ်ရယ်၊ နန္ဒစစ်အောင်ရယ် ရန်ကုန်၊ ကမာရွတ်မှာ ရုံးထုတ်မယ်။”
ဒီနေ့အချိန်ဟာဆိုရင် လေးပွင့်ဆိုင်ဆွေးနွေးမှုတွေရဲ့ သဘောတူညီချက်တွေထဲ ပါဝင်ခဲ့တဲ့ ကျောင်းသားသပိတ်အပေါ် ဦးဆောင်သူ ကူညီအားပေးသူတွေ
အပေါ် အရေးယူခြင်းမပြုရဘူး ဆိုတဲ့ သဘောတူညီချက်ပေးခဲ့တဲ့ တစ်နှစ်ပြည့်ချိန်လည်းဖြစ်နေပါတယ်။
ကတိပေးခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးမှာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာကျော်သူက ဗွီအိုအေကိုပြောပါတယ်။
“ထင်ထင်ရှားရှားကြီးကို မှားတဲ့လုပ်ရပ်တွေဖြစ်တယ်။ အဲဒီအထဲမှာ အစိုးရကော၊ လွှတ်တော်ကော ပါခဲ့ပြီးသား။ အခုဆိုရင် တချို့ကျောင်းသားတွေကိုဆိုရင် စံချိန်တင် မကြားဖူးတာတွေနဲ့ စွဲထားတာ ရှက်စရာလည်း ကောင်းတယ်။ ၁ ယောက်ကို အမှု ရ၀ တို့တင်တာတို့ ဘာတို့ ၊ တရားရေးစနစ်မှာ မရှိသင့်တဲ့ဟာ တွေရှိတယ်။ အဲတော့ ဒီအစိုးရသစ်နဲ့လွှတ်တော်က ပြုပြင်ပြောင်းလဲ ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အစိုးရမှာ သူက လွှတ်ငြိမ်း ချမ်းသာခွင့် ပြောတာ တောင်းဆိုတဲ့ အချိန်မှာ သူက တရားစွဲနေတာ၊ အပြစ်ဒဏ်ချပြီးသား လူတွေသာ အရင် သမ္မတကြီးက လွှတ်လို့ရတယ်ဆိုပြီးတော့ သူတို့ ဆင်ခြေပေးတယ်။ အမှန်မှာက တရားစွဲ အဖွဲ့အစည်းက အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ အဲဒီ အဖွဲ့အစည်းတွေက တရားစွဲတာကို ရုပ်သိမ်းလို့ရှိရင် အမြန်ဆုံးပြီးမယ်ထင်တယ်။ အမှု ရုပ်သိမ်းလို့ရတယ်။”
မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ကျောင်းသားတွေကို လက်ရှိအစိုးရအနေနဲ့ အာဏာမလွှဲပြောင်းခင်ကာလ နိုင်ငံရေးသိက္ခာရှိရှိနဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားတယ်ဆိုတာပြတဲ့အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးသင့်နေ ပါပြီလို့ ကျောင်းသားသပိတ်အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကလည်း အခုလိုပြောပါတယ်။
“အခုဖမ်းထားတဲ့အခြေခံအချက်ကို ကြည့်မယ်ဆိုရင်လည်း အထွေထွေနိမ့်ကျနေတဲ့ ပညာရေးကို ပြောင်းလဲအောင်လုပ်မှာဖြစ်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး။ ကျောင်းသားတွေရဲ့လုပ်ရပ်က မှန်ပါတယ်။ နောက်လေးပွင့်ဆိုင် သဘောတူညီချက်မှာလည်းပဲ ကျနော်တို့ကျောင်းသားတွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ မဖမ်းဘူး၊ အရေးမယူဘူး ဆိုပြီးတော့ အခုလို ဖမ်းထားခြင်း အားဖြင့်ကတော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက်မကောင်းတာနော်။ အစိုးရအတွက်လည်း မကောင်းသလို ကျနော်တို့လည်း ကမ္ဘာပေါ်မှာ အင်မတန်ရှက်စရာကောင်းပါတယ်။ ဒီကျောင်းသားတွေကို ဖမ်းထားတာ ၊ သူခိုးလည်းမဟုတ်၊ ဓါးပြလည်းမဟုတ်ဘဲနဲ့ပေါ့ဗျာ။ အဲဒါကြောင့် အမြန်ဆုံး လွှတ်ပေးလိုက်မယ် ဆိုရင် နိုင်ငံတော် တည်ဆောက်ရေး၊ သူတို့ပြောနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အားလုံး လူ နတ် ဗြဟ္မာ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ပါလိမ့်မယ်။”
လက်ပံတန်းကျောင်းသားသပိတ်အဖြိုခွင်းခံရလိုက်ရတုန်းက ဖမ်းဆီးခဲ့တဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အပါအဝင်၊ ကျောင်းသားတွေလွတ်မြောက်ရေး ဆုတောင်းပွဲတွေပြုလုပ်လို့ ဖမ်းဆီးခံထားရတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ၊ တမတ်သား တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်က ထွက်သွားဖို့ဆန္ဒပြခဲ့တဲ့ တကသကျောင်းသားခေါင်းဆောင်တွေစတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။
ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အချ်ိန်မှာတော့ နိုင်ငံရေးအကျဉ်းသားအနည်းငယ်ပဲ ပါခဲ့ပြီး ကျောင်းသားတွေ ၊ အလုပ်သမား၊ လယ်သမားရေး တက်ကြွလှုပ်ရှားသူ တော်တော်များများ အကျဉ်းထောင်တွေ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထပ်တိုးပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ေလးပြင့္ဆိုင္ တႏွစ္ျပည့္ ေက်ာင္းသားေတြ လႊတ္ဖို႔ ေတာင္းဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment