Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

အိမ္ျဖဴေတာ္မွာေျခာက္တဲ့ တေစၦမ်ား(အိမ်ဖြူတော်မှာခြောက်တဲ့ တစ္ဆေများ)

၁၇၀၀ ျပည့္ႏွစ္ ေႏွာင္းပိုင္းမွာ တည္ေဆာက္ခဲ့တဲ့ အိမ္ျဖဴေတာ္ႀကီးဟာ ႏွစ္ေပါင္း ၃၀၀ ေက်ာ္တြင္း ေသဆံုးမႈ ပံုစံမ်ဳိးစံုနဲ႔ ေသဆံုးသြားသူအမ်ားႀကီး ေနထုိင္ခဲ့ရာ ေနရာျဖစ္ပါတယ္။
ခံ့ညားလွတဲ့ အိမ္ျဖဴေတာ္ႀကီးမွာ ေနထိုင္ဖူးသူေတာ္ေတာ္မ်ားမ်ားဟာ အိမ္ျဖဴေတာ္ႀကီးကို စြဲလမ္းခဲ့ၾကပံုရပါတယ္။ တခ်ဳိ႕က ေသဆံုးသြားတာေတာင္ အိမ္ျဖဴေတာ္ႀကီးမွာ မကၽြတ္မလြတ္ဆက္လက္ရွိေနတယ္လို႔ ျမင္ေတြ႕သူေတြက ေျပာပါတယ္။

၁။ ဦးထုပ္ေဆာင္းၿပီး ဇာပဝါျခံဳထားတဲ့ မိန္းမတေစၦ

၁၇၉၇ ခုႏွစ္မွာ သမၼတျဖစ္လာတဲ့ ဂၽြန္ေအဒမ္စ္နဲ႔ သူရဲ႕ဇနီးဟာ ၁၈၀၁ ခုႏွစ္အထိ အိမ္ျဖဴေတာ္မွာ ေနထုိင္ခဲ့ပါတယ္။ ဂၽြန္ရဲ႕ဇနီး အဘီေဂ်းဟာ ဦးထုပ္နဲ႔ ဇာပဝါဆင္ျမန္းထားတဲ့ အမ်ဳိးသမီးတစ္ဦးဟာ သူ႔ဆီကို လက္ဆန္႔တန္းၿပီး ေခၚေနသလို ျမင္ခဲ့ဖူး တယ္လိုု႔ ေျပာပါတယ္။

၂။ ေျမပိုင္ရွင္ႀကီး ေဒးဗစ္ဘန္းစ္

ေနာက္ထပ္ တေစၦတစ္ေကာင္ကေတာ့ ေဒးဗစ္ဘန္းစ္ျဖစ္ပါတယ္။ သူဟာ ေျမေတြ အမ်ားႀကီးပိုင္သူျဖစ္ၿပီး အိမ္ျဖဴေတာ္နဲ႔ ဝါရွင္တန္က အစိုးရပိုင္ေျမအေတာ္မ်ားမ်ားကို ေရာင္းခဲ့သူပါ။ အေစာင့္တစ္ေယာက္နဲ႔ အိမ္ျဖဴေတာ္ အပ္ခ်ဳပ္သမ တို႔ ႏွစ္ေယာက္စလံုး "I am Mr.Burns" ငါက မစၥတာဘန္းစ္ပဲလို႔ ေၾကညာတဲ့ အသံနက္ႀကီးကို ၾကားခဲ့ရတယ္လို႔ ဆုိပါတယ္။ လူပံု မျမင္ခဲ့ရေပမဲ့လို႔ အဝါေရာင္ဘဲဥပံုအခန္္း (သမၼတ႐ံုးခန္း) ဘက္ကလာေန လာတဲ့အသံလုိ႔ ေျပာပါတယ္။

၃။ အေမရိကန္ျပည္ေထာင္စုရဲ႕ သတၱမေျမာက္သမၼတ အန္ဒ႐ူးဂ်က္ဆန္

သမၼတမ်ားစြာ ေနခဲ့တဲ့ အိမ္ျဖဴေတာ္ႀကီးမွာ သမၼေတြကိုယ္တုိင္လည္း တေစၦသရဲေတြ ျဖစ္ကုန္ပံုပါပဲ။ အိမ္ျဖဴေတာ္မွာ အေျခာက္ဆံုး အခန္းတစ္ခန္းက ႏွင္းဆီခန္းလုိ႔ေခၚတဲ့ သမၼတေဟာင္း အန္ဒ႐ူးဂ်က္ဆင္ရဲ႕ အိပ္ခန္းပါ။ သမၼတ လင္ကြန္းကေတာ္ ေမရီေတာ့ဒ္က သားေတြနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားရာမွာ သမၼေဟာင္း အန္ဒ႐ူးရဲ႕ရန္လိုတဲ့ စကားသံေတြကို တစ္ခါတေလ ၾကားရတယ္လုိ႔ ဆုိပါတယ္။

၄။ သမၼတ ေအဘရာဟမ္လင္ကြန္း

သမၼလင္ကြန္းတေစၦကိုေတာ့ အိမ္ျဖဴေတာ္မွာ ေနထုိင္သူေတြနဲ႔ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက ျမင္ဖူး၊ အသံၾကားဖူးၾကပါတယ္။ ပိုထူးဆန္းတာက လင္ကြန္းတေစၦကို ျမင္တယ္လို႔ ေျပာတဲ့အထဲမွာ သမၼကေတာ္ေတြ ေတာ္ေတာ္မ်ားမ်ားပါဝင္ေနတာပါပဲ။ ကယ္လ္ဗင္ကိုးလစ္ရဲ႕ ဇနီး ဂေရ႕စ္က လင္ကြန္းကို ျမင္ဖူးတယ္လို႔ ေျပာသလို အယ္လန္ေနာ႐ုစဗဲ့ကလည္း လင္ကြန္းအခန္းထဲမွာ ညဘက္ အလုပ္လုပ္ေနတုန္း သမၼတလင္ကြန္းရွိေနတယ္လို႔ ခံစားရတယ္လို႔ ဆုိပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဝင္စတန္ခ်ာ့ေခ်းက လင္ကြန္းကို မီးလင္းဖုိေဘးမွာ ျမင္လုိက္တယ္လုိ႔ ေျပာဖူးသလို နယ္သာလန္ ဘုရင္မႀကီး ၀ီဟယ္လ္မီနာမွာ ညသန္းေခါင္ယံ တံခါးေခါက္သံၾကားလို႔ တံခါးထဖြင့္လုိက္တဲ့အခါ မတ္တပ္ရပ္ေနတဲ့ လင္ကြန္းကို ျမင္လုိက္ေတာ့ မူးေမ့လဲသြားခဲ့ပါတယ္။
credit - Duwun
.......................................................
အိမ်ဖြူတော်မှာခြောက်တဲ့ တစ္ဆေများ

၁၇၀၀ ပြည့်နှစ် နှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ အိမ်ဖြူတော်ကြီးဟာ နှစ်ပေါင်း ၃၀၀ ကျော်တွင်း သေဆုံးမှု ပုံစံမျိုးစုံနဲ့ သေဆုံးသွားသူအများကြီး နေထိုင်ခဲ့ရာ နေရာဖြစ်ပါတယ်။
ခံ့ညားလှတဲ့ အိမ်ဖြူတော်ကြီးမှာ နေထိုင်ဖူးသူတော်တော်များများဟာ အိမ်ဖြူတော်ကြီးကို စွဲလမ်းခဲ့ကြပုံရပါတယ်။ တချို့က သေဆုံးသွားတာတောင် အိမ်ဖြူတော်ကြီးမှာ မကျွတ်မလွတ်ဆက်လက်ရှိနေတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

၁။ ဦးထုပ်ဆောင်းပြီး ဇာပဝါခြုံထားတဲ့ မိန်းမတစ္ဆေ

၁၇၉၇ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ ဂျွန်အေဒမ်စ်နဲ့ သူရဲ့ဇနီးဟာ ၁၈၀၁ ခုနှစ်အထိ အိမ်ဖြူတော်မှာ နေထိုင်ခဲ့ပါတယ်။ ဂျွန်ရဲ့ဇနီး အဘီဂျေးဟာ ဦးထုပ်နဲ့ ဇာပဝါဆင်မြန်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ဆီကို လက်ဆန့်တန်းပြီး ခေါ်နေသလို မြင်ခဲ့ဖူး တယ်လိုု့ ပြောပါတယ်။

၂။ မြေပိုင်ရှင်ကြီး ဒေးဗစ်ဘန်းစ်

နောက်ထပ် တစ္ဆေတစ်ကောင်ကတော့ ဒေးဗစ်ဘန်းစ်ဖြစ်ပါတယ်။ သူဟာ မြေတွေ အများကြီးပိုင်သူဖြစ်ပြီး အိမ်ဖြူတော်နဲ့ ဝါရှင်တန်က အစိုးရပိုင်မြေအတော်များများကို ရောင်းခဲ့သူပါ။ အစောင့်တစ်ယောက်နဲ့ အိမ်ဖြူတော် အပ်ချုပ်သမ တို့ နှစ်ယောက်စလုံး "I am Mr.Burns" ငါက မစ္စတာဘန်းစ်ပဲလို့ ကြေညာတဲ့ အသံနက်ကြီးကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ လူပုံ မမြင်ခဲ့ရပေမဲ့လို့ အဝါရောင်ဘဲဥပုံအခန််း (သမ္မတရုံးခန်း) ဘက်ကလာနေ လာတဲ့အသံလို့ ပြောပါတယ်။

၃။ အမေရိကန်ပြည်ထောင်စုရဲ့ သတ္တမမြောက်သမ္မတ အန်ဒရူးဂျက်ဆန်

သမ္မတများစွာ နေခဲ့တဲ့ အိမ်ဖြူတော်ကြီးမှာ သမ္မတွေကိုယ်တိုင်လည်း တစ္ဆေသရဲတွေ ဖြစ်ကုန်ပုံပါပဲ။ အိမ်ဖြူတော်မှာ အခြောက်ဆုံး အခန်းတစ်ခန်းက နှင်းဆီခန်းလို့ခေါ်တဲ့ သမ္မတဟောင်း အန်ဒရူးဂျက်ဆင်ရဲ့ အိပ်ခန်းပါ။ သမ္မတ လင်ကွန်းကတော် မေရီတော့ဒ်က သားတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရာမှာ သမ္မဟောင်း အန်ဒရူးရဲ့ရန်လိုတဲ့ စကားသံတွေကို တစ်ခါတလေ ကြားရတယ်လို့ ဆိုပါတယ်။

၄။ သမ္မတ အေဘရာဟမ်လင်ကွန်း

သမ္မလင်ကွန်းတစ္ဆေကိုတော့ အိမ်ဖြူတော်မှာ နေထိုင်သူတွေနဲ့ ဝန်ထမ်းတော်တော်များများက မြင်ဖူး၊ အသံကြားဖူးကြပါတယ်။ ပိုထူးဆန်းတာက လင်ကွန်းတစ္ဆေကို မြင်တယ်လို့ ပြောတဲ့အထဲမှာ သမ္မကတော်တွေ တော်တော်များများပါဝင်နေတာပါပဲ။ ကယ်လ်ဗင်ကိုးလစ်ရဲ့ ဇနီး ဂရေ့စ်က လင်ကွန်းကို မြင်ဖူးတယ်လို့ ပြောသလို အယ်လန်နောရုစဗဲ့ကလည်း လင်ကွန်းအခန်းထဲမှာ ညဘက် အလုပ်လုပ်နေတုန်း သမ္မတလင်ကွန်းရှိနေတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာ့ချေးက လင်ကွန်းကို မီးလင်းဖိုဘေးမှာ မြင်လိုက်တယ်လို့ ပြောဖူးသလို နယ်သာလန် ဘုရင်မကြီး ၀ီဟယ်လ်မီနာမှာ ညသန်းခေါင်ယံ တံခါးခေါက်သံကြားလို့ တံခါးထဖွင့်လိုက်တဲ့အခါ မတ်တပ်ရပ်နေတဲ့ လင်ကွန်းကို မြင်လိုက်တော့ မူးမေ့လဲသွားခဲ့ပါတယ်။
credit - Duwun

No comments:

Post a Comment