Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 27, 2016

အစိုးရ စီမံကိန္း ၆၈ ခုကို ဆိုင္းင့ံဖို႔ ေၾကညာ

ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္က အေရးႀကီးအဆို တင္သြင္းၿပီးေနာက္ပိုင္းမွာ အစိုးရပိုင္ သတင္းစာေတြကေန အခုလို ထုတ္ျပန္ေၾကညာခဲ့တာပါ။ 
play
ဆိုင္းငံခဲ့သည့္ စီမံကိန္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည့္ ျပည္လမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္က ပုဂၢလိက ေဆးရံုစီမံကိန္းေနရာကို ေတြ႕ရစဥ္။

ျပည္ေထာင္စုအစုိးရအဖြဲ႕က ပုဂၢလိေဆးရံု စီမံကိန္းတစ္ခုအပါအဝင္ စီမံကိန္း ၆၈ ခုကို အစိုးရသစ္လက္ထက္မွာ ဆက္လက္လုပ္ကိုင္ဖို႔ ဆိုင္းငံခဲ့တယ္လို႔  သတင္းစာေတြမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္က အေရးႀကီးအဆိုတင္သြင္းၿပီးေနာက္ပိုင္းမွာ အစိုးရပိုင္သတင္းစာေတြကေန အခုလို ထုတ္ျပန္ေၾကညာခဲ့တာပါ။
ဆိုင္းငံ့လိုက္တဲ့ စီမံကိန္းေတြမွာ လူသိမ်ားတဲ့ ျပည္လမ္းနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္က ေဆးရံုစီမံကိန္းတစ္ခုသာပါဝင္ၿပီး လက္ပံေတာင္းေတာင္စီမံကိန္းနဲ႔ သံလြင္ျမစ္ေပၚက ေရကာတာစီမံကိန္းေတြလို အျခားအေရးႀကီးတဲ့ စီမံကိန္းေတြ ပါဝင္လာျခင္းမရွိပါဘူး။
play

ေဒၚခင္စန္းလႈိင္ဥပမာေပးခဲ့တဲ့ စီမံကိန္းအခ်ဳိ႕ကေတာ့  ရန္ကုန္ ေဆး႐ုံႀကီးအနီးအနားက ႏုိင္ငံပုိင္အခ်က္ အခ်ာေျမေနရာ ၊ တညင္းကုန္း အုတ္စက္႐ုံ အလုပ္သမားေတြကို ႏွင္ထုတ္ေနတာေတြနဲ႔၊ ဒဂုံစီးတီးစီမံကိန္းက ကုမၸဏီေတြကို ကမၻာေအးဘုရားလမ္းေပၚက သိပၸံနဲ႔ နည္းပညာ ၀န္ႀကီးဌာနပုိင္ေျမကုိ အစားထုိး ေပးခဲ့ျခင္း၊ Spectrum ျဖစ္တဲ့ ႀကိမ္ႏႈန္း ၂၆၀၀MHz ကိုေလလံတင္ေရာင္ခ်ဖို႔ ျပင္ဆင္ေနတာေတြအျပင္ အျခားစီမံကိန္းေတြ ပါ၀င္ပါတယ္။
play

လက္ရွိအစိုးရက ဆိုင္းငံ့လိုက္တဲ့ စီမံကိန္းေတြမွာ စက္မႈဝန္ႀကီးဌာနက စီမံကိန္းေတြအမ်ားဆံုးနဲ႔ ၁၈ ခု ပါဝင္ပါတယ္။ လက္ရွိအခ်ိန္မွာ တင္ျပထားတဲ့ စီမံကိန္း ၆၈ ခုကို ဆုိင္းငံ့ထားပါတယ္။
Source : 7Day Daily
Photo   : 7Day Daily,DVB
..............
အစိုးရ စီမံကိန်း ၆၈ ခုကို ဆိုင်းင့ံဖို့ ကြေညာ
27.02.2016
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆို တင်သွင်းပြီးနောက်ပိုင်းမှာ အစိုးရပိုင် သတင်းစာတွေကနေ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။ 
play
ဆိုင်းငံခဲ့သည့် စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က ပုဂ္ဂလိက ဆေးရုံစီမံကိန်းနေရာကို တွေ့ရစဉ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပုဂ္ဂလိဆေးရုံ စီမံကိန်းတစ်ခုအပါအဝင် စီမံကိန်း ၆၈ ခုကို အစိုးရသစ်လက်ထက်မှာ ဆက်လက်လုပ်ကိုင်ဖို့ ဆိုင်းငံခဲ့တယ်လို့  သတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆိုတင်သွင်းပြီးနောက်ပိုင်းမှာ အစိုးရပိုင်သတင်းစာတွေကနေ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
ဆိုင်းငံ့လိုက်တဲ့ စီမံကိန်းတွေမှာ လူသိများတဲ့ ပြည်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က ဆေးရုံစီမံကိန်းတစ်ခုသာပါဝင်ပြီး လက်ပံတောင်းတောင်စီမံကိန်းနဲ့ သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေလို အခြားအရေးကြီးတဲ့ စီမံကိန်းတွေ ပါဝင်လာခြင်းမရှိပါဘူး။
play

ဒေါ်ခင်စန်းလှိုင်ဥပမာပေးခဲ့တဲ့ စီမံကိန်းအချို့ကတော့  ရန်ကုန် ဆေးရုံကြီးအနီးအနားက နိုင်ငံပိုင်အချက် အချာမြေနေရာ ၊ တညင်းကုန်း အုတ်စက်ရုံ အလုပ်သမားတွေကို နှင်ထုတ်နေတာတွေနဲ့၊ ဒဂုံစီးတီးစီမံကိန်းက ကုမ္ပဏီတွေကို ကမ္ဘာအေးဘုရားလမ်းပေါ်က သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနပိုင်မြေကို အစားထိုး ပေးခဲ့ခြင်း၊ Spectrum ဖြစ်တဲ့ ကြိမ်နှုန်း ၂၆၀၀MHz ကိုလေလံတင်ရောင်ချဖို့ ပြင်ဆင်နေတာတွေအပြင် အခြားစီမံကိန်းတွေ ပါ၀င်ပါတယ်။
play

လက်ရှိအစိုးရက ဆိုင်းငံ့လိုက်တဲ့ စီမံကိန်းတွေမှာ စက်မှုဝန်ကြီးဌာနက စီမံကိန်းတွေအများဆုံးနဲ့ ၁၈ ခု ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ တင်ပြထားတဲ့ စီမံကိန်း ၆၈ ခုကို ဆိုင်းငံ့ထားပါတယ်။
Source : 7Day Daily
Photo   : 7Day Daily,DVB

No comments:

Post a Comment