လႊတ္ေတာ္ျပန္လည္က်င္းပတဲ့အခါ အစိုးရ႐ံုးဌာနတုိင္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံု ျပန္လည္ခ်ိတ္ဆြဲဖို႔ကို ပထမဆံုး အဆိုတင္သြင္းသြားမယ္လို႔ မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) လႊတ္ေတာ္ကုိယ္စားလွယ္ကေျပာပါတယ္။
သမၼတဦးသိန္းစိန္ အစိုးရတက္လာၿပီးေနာက္ပိုင္းမွာ ဌာနဆိုင္ရာတစ္ခ်ိဳ႕က ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုေတြ ခ်ိတ္ဆြဲမႈ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အမ်ားစုကေတာ့ သမၼတဦးသိန္းစိန္ရဲ႕ ပံုကိုသာ ႐ံုးခန္းေတြမွာ ခ်ိတ္ဆြဲခဲ့ၾကတာပါ။ ဒုတိယအႀကိမ္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး ပထမေန႔ က်င္းပခဲ့ၿပီးၿပီ ျဖစ္ေပမယ့္ ဒုတိယေန႔ ဘယ္ေတာ့ျပန္က်င္းပမလဲဆိုတာ မေၾကျငာႏုိင္ေသးပါဘူး။
တိမ္ျမဳပ္ေနတဲ့ အမ်ိဳးသား ပံုရိပ္တစ္ခု ျပန္လည္ထြန္းေတာက္လာေအာင္ လာမယ့္တိုင္းလႊတ္ေတာ္ အစည္းအေဝးမွာ ဒီအဆိုကို ပထမဆံုး တင္သြင္းမွာျဖစ္တယ္လို႔ မင္းဘူး မဲဆႏၵနယ္အမွတ္ (၂) က ကုိယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္က ေျပာပါတယ္။
Credit - Duwun
............
ရုံး၊ ဌာနတွေမှာ ဗိုလ်ချုပ်ပုံပြန်လည် ချိတ်ဆွဲဖို့ အဆိုတင်သွင်းမည်
လွှတ်တော်ပြန်လည်ကျင်းပတဲ့အခါ အစိုးရရုံးဌာနတိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်ချိတ်ဆွဲဖို့ကို ပထမဆုံး အဆိုတင်သွင်းသွားမယ်လို့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာ ဌာနဆိုင်ရာတစ်ချို့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ချိတ်ဆွဲမှု ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ သမ္မတဦးသိန်းစိန်ရဲ့ ပုံကိုသာ ရုံးခန်းတွေမှာ ချိတ်ဆွဲခဲ့ကြတာပါ။ ဒုတိယအကြိမ်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပထမနေ့ ကျင်းပခဲ့ပြီးပြီ ဖြစ်ပေမယ့် ဒုတိယနေ့ ဘယ်တော့ပြန်ကျင်းပမလဲဆိုတာ မကြေငြာနိုင်သေးပါဘူး။
တိမ်မြုပ်နေတဲ့ အမျိုးသား ပုံရိပ်တစ်ခု ပြန်လည်ထွန်းတောက်လာအောင် လာမယ့်တိုင်းလွှတ်တော် အစည်းအဝေးမှာ ဒီအဆိုကို ပထမဆုံး တင်သွင်းမှာဖြစ်တယ်လို့ မင်းဘူး မဲဆန္ဒနယ်အမှတ် (၂) က ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
Credit - Duwun
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, February 9, 2016
႐ံုး၊ ဌာနေတြမွာ ဗိုလ္ခ်ဳပ္ပံုျပန္လည္ ခ်ိတ္ဆြဲဖို႔ အဆိုတင္သြင္းမည္
႐ံုး၊ ဌာနေတြမွာ ဗိုလ္ခ်ဳပ္ပံုျပန္လည္ ခ်ိတ္ဆြဲဖို႔ အဆိုတင္သြင္းမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 09, 2016
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment