Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

ေဒါက္တာ တင္မာေအာင္ ရာထူးက အနားယူ



ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးကို တက္ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေဒါက္တာ တင္မာေအာင္( ယာဘက္ )နဲ႔ အတူေတြ႔ရစဥ္ Photo: NLD Chairperson
အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္ေရးအရာရွိ၊ NLD ဥကၠ႒႐ုံးတာဝန္ခံ ေဒါက္တာ တင္မာေအာင္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ကစၿပီး တာဝန္က အနားယူမွာျဖစ္ပါတယ္။

ကိုယ္ေရးကိုယ္တာ အလုပ္ေတြရွိတာေၾကာင့္ အနားယူတာ ျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္က ေျပာပါတယ္။

" ေဒါက္တာ တင္မာေအာင္က ေရြးေကာက္ပြဲမတိုင္ခင္တည္းက သူ႔မွာလည္းအျခားလုပ္စရာေတြရွိတဲ့ အတြက္ေၾကာင့္မို႔လို႔ ေရြးေကာက္ပြဲထိပဲ တာဝန္ထမ္းႏိုင္မယ္ဆိုတာေျပာထားၿပီးသားပါဗ်၊ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕အေဖနာမည္နဲ႔ ထူေထာင္ထားတဲ့ေဖာင္ေဒးရွင္းမွာလည္း လုပ္စရာ၊ ကိုင္စရာေတြရွိေသးတယ္ေလ၊ အဲ့တြက္သူႀကိဳေျပာထားၿပီးသားျဖစ္တဲ့အတြက္ အခုဒုတာဝန္ခံအေနနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ ဦးမုိးေဇာ္ဦးကို တာဝန္လႊဲေပးလိုက္တာပါ"

လစ္လပ္သြားတဲ့ NLD ပါတီ ဥကၠ႒႐ုံးတာဝန္ခံ ေနရာမွာ ဦးမုိးေဇာ္ဦးကို အစားထုိး ခန္႔အပ္လိုက္ေၾကာင္း ဦးၿဖိဳးေဇယ်ာေသာ္ က ေျပာပါတယ္။

ဦးမိုးေဇာ္ဦးဟာ ေဒါက္တာတင္မာေအာင္နဲ႔ အတူ အရင္ကတည္းက ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ ရံုးလုပ္ငန္းေတြကို လုပ္ေဆာင္ေပးေနသူလို႔ သိရပါတယ္။

NLD ပါတီ ဥကၠ႒႐ုံးဟာ ႏုိင္ငံတကာက သံတမန္အရာရွိေတြနဲ႔ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ တုိ႔ ေတြ႔ဆုံေဆြးေႏြးမႈေတြအတြက္ အဓိက လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

..............................................................


ဒေါက်တာ တင်မာအောင် ရာထူးက အနားယူ
31 January 2016


ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ တင်မာအောင်( ယာဘက် )နဲ့ အတူတွေ့ရစဉ် Photo: NLD Chairperson
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ၊ NLD ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး တာဝန်က အနားယူမှာဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာ အလုပ်တွေရှိတာကြောင့် အနားယူတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

" ဒေါက်တာ တင်မာအောင်က ရွေးကောက်ပွဲမတိုင်ခင်တည်းက သူ့မှာလည်းအခြားလုပ်စရာတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲထိပဲ တာဝန်ထမ်းနိုင်မယ်ဆိုတာပြောထားပြီးသားပါဗျ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့အဖေနာမည်နဲ့ ထူထောင်ထားတဲ့ဖောင်ဒေးရှင်းမှာလည်း လုပ်စရာ၊ ကိုင်စရာတွေရှိသေးတယ်လေ၊ အဲ့တွက်သူကြိုပြောထားပြီးသားဖြစ်တဲ့အတွက် အခုဒုတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဦးမိုးဇော်ဦးကို တာဝန်လွှဲပေးလိုက်တာပါ"

လစ်လပ်သွားတဲ့ NLD ပါတီ ဥက္ကဋ္ဌရုံးတာဝန်ခံ နေရာမှာ ဦးမိုးဇော်ဦးကို အစားထိုး ခန့်အပ်လိုက်ကြောင်း ဦးဖြိုးဇေယျာသော် က ပြောပါတယ်။

ဦးမိုးဇော်ဦးဟာ ဒေါက်တာတင်မာအောင်နဲ့ အတူ အရင်ကတည်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေသူလို့ သိရပါတယ်။

NLD ပါတီ ဥက္ကဋ္ဌရုံးဟာ နိုင်ငံတကာက သံတမန်အရာရှိတွေနဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment