Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 2, 2016

ရွှေတိဂုံဘုရားပုရဝဏ်မှာ ဖိနပ်စီးတဲ့ နိုင်ငံခြားသား


 ရွှေတိဂုံဘုရားပုရဝဏ်မှာ အခုလိုဖိနပ်စီးလို့ရသလား။ ကျမက အမြင်မတော်လို့ သွားပြောတော့ ရွှေတိဂုံဂေါပက အဖွဲ့ဝင်ဆိုတဲ့ အမျိုးသမီးတွေ က အဲ့ဒါ သူတို့ပဲပြောခွင့်ရှိတယ်တဲ့။ အခုအလုပ်ရှုပ်ပြီး စာရင်းလုပ်နေလို့ ဆိုပြီးပြောတယ်။

ကျမက ဒါဘုရားနယ်မြေ နင်တို့ဖိနပ်ချွတ်ပါလို့ ပြောတာ အဲ့ဒီနိုင်ငံခြားသားတွေက မကျေနပ်တဲ့ပုံနဲ့ကြည့်သွားတယ်။ အဲ့ဒီမှာ တာဝန်ခံမိန်းမသုံးယောက်ရှိတယ်။ ဘာတစ်ခွန်းမှ မပြောဘူး။ ကိုယ့်နိုင်ငံသားကေxာက်သုံးမကျတော့ ကျမတို့အထွဠ်အမြတ်ထားရာနေမှာ အဲ့ဒီလိုအစော်ကားခံရတယ်။ သူ့တို့နိုင်ငံတွေမှာ အဲ့ဒီလိုအထင်ကရနေရာမပြောနဲ့။ အိမ်သာလိုနေရာတောင် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူး။ မြန်မာနိုင်ငံကတိုးဂိုက်တွေ ဘာတစ်ခွန်းမှမပြောဘူး။ နိုင်ငံခြားသားဆိုပြီး သိပ်အထင်ကြီးနေတဲ့ ကျမတို့ လူမျိုးတွေေxာက်သုံးမကျချက်ကတော့ကန်းကုန်တယ်။ ကျမကတော့ ရှင်းရှင်းပဲ ဘယ်နိုင်ငံခြားသားမှ အထင်မကြီးဘူး။ ကိုယ့်နိုင်ငံကိုတော့ လာမထိနဲ့ တွေ့တဲ့နေရာမှာ ကျမပြောတယ် မကြောက်ဘူး။ မီဒီယာတွေကလည်း မရေးကြဘူး။ ကျမ အရမ်းဒေါသထွက်ပါတယ်။ ကျမတူလေးမွေးနေ့ မှာ ကုသိုလ်လိုချင်လို့ ဘုရားသွားဖူးတာ။ အကုသိုလ်ဖြစ်ခဲ့ရတယ်။
Copy from Khaing Cho Thet,via Lwin Oo


No comments:

Post a Comment