Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္ ေျပာၾကားသည့္ မိန္ ့ခြန္း အျပည့္အစုံ


၁.၂.၂၀၁၆

ဒုတိယအႀကိမ္ ျပည္သူ႔ လႊတ္ေတာ္ ပထမပံုမွန္ အစည္းအေဝးတြင္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ က ႏႈတ္ခြန္းဆက္အမွာ စကားေျပာၾကား

ယေန႔က်င္းပေသာ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပံုမွန္ အစည္းအေဝး ပထမေန႔တြင္ ျပည္သူ႔ လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးသို႔ တက္ေရာက္လာၾက သည့္ ကိုယ္စားလွယ္မ်ားႏွင့္ ဧည့္သည္ေတာ္မ်ားကို ႏႈတ္ခြန္းဆက္ အမွာစကားေျပာၾကားသည္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္၏ ႏႈတ္ခြန္းဆက္အမွာစကား

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား…...

ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္ အစည္းအေဝးမ်ားသို႔ တက္ေရာက္လာၾကတဲ့ ကိုယ္စား လွယ္မ်ားအားလုံး၊ ဧည့္သည္ေတာ္မ်ားအားလုံး ကာယသုခ၊ စိတၱသုခႏွစ္ျဖာေသာ သုခနဲ႔ ျပည္စုံၾက ပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

ဒီလႊတ္ေတာ္အစည္းအေဝးႀကီးကို ေခၚယူေပးတဲ့အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ စားေရး ေသာက္ေရး၊ ေနေရးထိုင္ေရး၊ သြားေရးလာေရး အစစအဆင္ေျပေအာင္ ႀကိဳတင္ေျမာ္ေတြး ေဆာင္႐ြက္ေပးတဲ့ နာယကႀကီး သူရဦးေ႐ႊမန္းနဲ႔ သက္ဆိုင္ရာ တာဝန္ရွိသူ ပုဂၢိဳလ္မ်ား အားလုံးကိုလည္း ေက်းဇူးတင္ရွိ ေၾကာင္းေျပာၾကားအပ္ပါတယ္ခင္ဗ်ား။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား.........

ဒီေန႔ဟာ ျမန္မာ့ႏိုင္ငံေရးသမိုင္းေၾကာင္းမွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအတြက္ ဂုဏ္ယူစရာေန႔ တစ္ေန႔ ျဖစ္ပါတယ္။ အေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပၿပီး ျပဳျပင္ေျပာင္းလဲေရးအတြက္ ျပည္သူ လူထုရဲ႕ ဆႏၵနဲ႔အညီ ဒုတိယအႀကိမ္ လႊတ္ေတာ္ႀကီး ေပၚေပါက္လာျခင္းျဖစ္ပါတယ္။

ျပည္သူမ်ားလိုလား ေမၽွာ္လင့္ေတာင့္တေနတဲ့ ဒီမိုကေရစီအေရး၊ လူ႕အခြင့္အေရးနဲ႔ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ႏိုင္ငံသူႏိုင္ငံသားမ်ားက ၎တို႔ကိုယ္စား လုပ္ပိုင္ခြင့္လႊဲအပ္ျခင္းခံရတဲ့ ပုဂၢိဳလ္မ်ားျဖစ္ၾက
ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား…

ျပည္သူ႕ကိုယ္စားလွယ္မ်ား ျဖစ္ၾကသည္ႏွင့္အညီ မိမိ တို႔ရဲ႕ အေျပာအဆို၊ အျပဳအမူ၊ အေန အထိုင္ေတြကလည္း အလြန္အေရးႀကီးလွပါတယ္။ မိမိတို႔ရဲ႕ ေတြးေခၚ ႀကံဆပုံ၊ လုပ္ကိုင္ေဆာင္႐ြက္ပုံ ေတြဟာ ဒီမိုကေရစီက်င့္စဥ္မ်ား လူ႕အခြင့္အေရးစံႏႈန္းမ်ားကို ခံစားစံစား လိုၾကတဲ့ ႏိုင္ငံသူႏိုင္ငံသားေတြ အတြက္ စံနမူနာေကာင္းေတြျဖစ္ေစခ်င္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦးသေဘာ ထားႀကီးျခင္း၊ သည္းခံျခင္း၊ ခြင့္လႊတ္ျခင္း၊ အျပန္အလွန္ ေလးစားျခင္း၊ အျပန္အလွန္ နားလည္မႈရွိျခင္း၊ အျပန္အလွန္ ပူးေပါင္း ေဆာင္႐ြက္ျခင္း တို႔ျဖင့္ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ အက်ိဳးကိုသယ္ပိုး ၾကေစလိုပါတယ္။ တစ္ဦးနဲ႔ တစ္ဦးရင္းႏွီးခ်စ္ၾကည္စြာျဖင့္ မိမိတို႔ႏိုင္ငံတြင္ ဒီမိုကေရစီရွင္သန္ခိုင္မာဖို႔နဲ႔ လူ႕အခြင့္အေရးမ်ားျမႇင့္တင္ႏိုင္ဖို႔ စစ္မွန္တဲ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔ စသည္တို႔ကိုအတူတကြ လက္တြဲပူးေပါင္းအေကာင္ အထည္ေဖာ္ၾကရန္ တိုက္တြန္းႏႈိးေဆာ္ပါတယ္။

ကၽြန္ေတာ္တို႔အားလုံးဟာ ကိုယ္က်ိဳးစီးပြားထက္ အမ်ိဳးသားအက်ိဳး စီးပြားကို ဦးစားေပးကာ မိမိတို႔က်ရာ တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ျခင္းျဖင့္ မိမိတို႔ရဲ႕ဂုဏ္သိကၡာ ကို ျမင့္မားေစပါတယ္။ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ သမိုင္း စာမ်က္ႏွာသစ္ကို ဖြင့္ခြင့္ရၾကသူမ်ားပီပီ လႊတ္ေတာ္ႀကီးရဲ႕ဂုဏ္ျဒပ္ ပိုမိုျမင့္မားၿပီး တင့္တယ္လာေအာင္ စြမ္းေဆာင္ၾကေစလိုပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား…

ႏိုင္ငံေတာ္မွာဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရား စီရင္ေရးဆိုတဲ့ အာဏာႀကီးသုံးရပ္အနက္ လႊတ္ေတာ္ရဲ႕ အဓိကတာဝန္ဟာ ဥပေဒျပဳေရးျဖစ္ပါတယ္။ ဥပေဒျပဳသူသည္ ဥပေဒခ်ိဳးေဖာက္သူမျဖစ္ေစရဆိုတဲ့ ဆို႐ိုးစကားနဲ႔အညီ လႊတ္ေတာ္ဆိုင္ရာဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း စည္းကမ္းတို႔ကို ေလ့လာဖတ္႐ႈၿပီး ေလးစားလိုက္နာျခင္းျဖင့္ ကိုယ္စားလွယ္မ်ားရဲ႕ ဂုဏ္ရည္ကိုျပသေစလိုပါတယ္။ ဒါ့အျပင္ တည္ဆဲ ဥပေဒ မ်ား၊ နည္းဥပေဒမ်ား၊ အမိန္႔မ်ား၊ ေၾကညာခ်က္မ်ားဟာ ဒီမိုကေရစီက်င့္စဥ္နဲ႔ ညီ/မညီ၊ လူ႕အခြင့္အေရး စံခ်ိန္စံၫႊန္းမ်ားနဲ႔ ကိုက္/မကိုက္၊ အျပည္ျပည္ဆိုင္ရာသေဘာတူညီခ်က္မ်ားနဲ႔ ဆီေလ်ာ္မႈရွိ/မရွိ၊ ႏိုင္ငံ တကာစာခ်ဳပ္စာတမ္းမ်ားနဲ႔ အက်ဳံးဝင္/မဝင္၊ ျပည္သူလူထုအတြက္ အက်ိဳးရွိ/မရွိ၊ ျပည္သူလူထုရဲ႕ ဘ၀လုံၿခဳံေရးနဲ႔ စိတ္ လုံၿခဳံေရးကို အကာအကြယ္ေပး/မေပးတို႔ကို ေလ့လာစိစစ္ၾကၿပီး ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း၊ ပယ္ဖ်က္ျခင္း၊ အသစ္ေရးဆြဲျခင္းတို႔ကို ေဆာင္႐ြက္ေနၾကရမွာျဖစ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား…

ဥပေဒျပဳေရးမ႑ိဳင္ျဖစ္တဲ့ လႊတ္ေတာ္ဥကၠ႒တာဝန္ကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ကၽြန္ေတာ့္အား ေပးအပ္လိုက္တဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာ ဂုဏ္ယူစြာျဖင့္ ေက်းဇူးတင္ေၾကာင္းေျပာၾကားလိုပါတယ္။

ဒီတာဝန္ႀကီးကို ကၽြန္ေတာ့္အေနျဖင့္လည္း လႊတ္ေတာ္ဆိုင္ရာဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း စည္းကမ္းမ်ားနဲ႔အညီ အဂတိတရားကင္းရွင္းစြာျဖင့္ မိမိတို႔ႏိုင္ငံတြင္ ဒီမိုကေရစီအခြင့္အလမ္းမ်ား ပြင့္လန္း လာေစရန္၊ ႏိုင္ငံသားမ်ားရဲ႕ အေျခခံလူ႕ အခြင့္အေရးမ်ား ပိုမိုရရွိလာေစရန္တို႔ကို ကိုယ္စြမ္းဉာဏ္စြမ္း ရွိသမၽွ ႀကိဳးပမ္းအားထုတ္မည္ျဖစ္ပါ ေၾကာင္း ေလးနက္တည္ၾကည္စြာကတိျပဳရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ ခင္ဗ်ား။

Pyithu Hluttaw - ျပည္သူ႔လႊတ္ေတာ္
https://www.facebook.com/pyithuhluttaw.gov.mm
......................


၁.၂.၂၀၁၆

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်အမှာ စကားပြောကြား

ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များကို နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ နှုတ်ခွန်းဆက်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…...

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စား လှယ်များအားလုံး၊ ဧည့်သည်တော်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာသော သုခနဲ့ ပြည်စုံကြ ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးကြီးကို ခေါ်ယူပေးတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး အစစအဆင်ပြေအောင် ကြိုတင်မြော်တွေး ဆောင်ရွက်ပေးတဲ့ နာယကကြီး သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိ ကြောင်းပြောကြားအပ်ပါတယ်ခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.........

ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တစ်နေ့ ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ လူထုရဲ့ ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

ပြည်သူများလိုလား မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသူနိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြ
ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိ တို့ရဲ့ အပြောအဆို၊ အပြုအမူ၊ အနေ အထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ် ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ တွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစား လိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အတွက် စံနမူနာကောင်းတွေဖြစ်စေချင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးသဘော ထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကိုသယ်ပိုး ကြစေလိုပါတယ်။ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများမြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စသည်တို့ကိုအတူတကွ လက်တွဲပူးပေါင်းအကောင် အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုး စီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မြင့်မားစေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

နိုင်ငံတော်မှာဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနဲ့အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကိုပြသစေလိုပါတယ်။ ဒါ့အပြင် တည်ဆဲ ဥပဒေ များ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီ/မညီ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့ ကိုက်/မကိုက်၊ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနဲ့ ဆီလျော်မှုရှိ/မရှိ၊ နိုင်ငံ တကာစာချုပ်စာတမ်းများနဲ့ အကျုံးဝင်/မဝင်၊ ပြည်သူလူထုအတွက် အကျိုးရှိ/မရှိ၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးနဲ့ စိတ် လုံခြုံရေးကို အကာအကွယ်ပေး/မပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနဲ့အညီ အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်း လာစေရန်၊ နိုင်ငံသားများရဲ့ အခြေခံလူ့ အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်မည်ဖြစ်ပါ ကြောင်း လေးနက်တည်ကြည်စွာကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
https://www.facebook.com/pyithuhluttaw.gov.mm

No comments:

Post a Comment