Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

သမိုင္းဝင္ေန႔ျဖစ္ေၾကာင္း ျပည္သူ႔ လႊတ္ေတာ္ဥကၠဌေျပာၾကား


ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကက်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ ပထမေန႔အစည္းအေဝးမွာ ျပည္သူ႔လႊတ္ေတာ္ဥကၠဌအသစ္ ဦးဝင္းျမင့္ မိန္႔ခြန္းေျပာၾကားေနစဥ္
ဒီကေန႔ဟာ ျမန္မာ့နုိင္ငံေရးသမိုင္းေၾကာင္းမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအတြက္  ဂုဏ္ယူစရာေကာင္း တဲ့ ေန႔တစ္ေန႔ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠဌအျဖစ္ တင္ေျမွာက္ခံရတဲ့ ဦး၀င္းျမင့္က ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ကိုယ္စားလွယ္ေတြ အမ်ားစုတက္ေရာက္တဲ့ ျပည္သူ႔လႊတ္ေတာ္ ပထမေန႔အစည္းအေ၀း ကို ေနျပည္ေတာ္ ျပည္သူ႔လႊတ္ေတာ္မွာ ဒီကေန႔ မနက္က စတင္လုိက္ၿပီး ဥကၠဌအျဖစ္ ေရြးခ်ယ္္တင္ေျမွာက္ခံရတဲ့ ဦး၀င္းျမင့္က အဖြင့္မိန္႔ခြန္းမွာ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

"ဒီေန႔ဟာ ျမန္မာႏိုင္ငံေရးသမိုင္းေၾကာင္းမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအတြက္ ဂုဏ္ယူစရာေန႔ တစ္ေန႔ျဖစ္ပါတယ္၊ အေထြေထြေရြးေကာက္ပြဲ မ်ားက်င္းပၿပီး၊ ျပဳျပင္ ေျပာင္းလဲေရးအတြက္ ျပည္သူ လူထုရဲ႕ဆႏၵနဲ႔အညီ ဒုတိယအႀကိမ္ လႊတ္ေတာ္ႀကီး ေပၚေပါက္လာျခင္းျဖစ္ပါတယ္၊ ျပည္သူမ်ား လိုလားေမွ်ာ္လင့္ေတာင္းတေနတဲ့ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံေတာ္ဖြံ႔ၿဖိဳးတိုးတက္ေရး တို႔အတြက္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားက ၄င္းတို႔ကိုယ္စားလုပ္ပိုင္ ခြင့္လႊဲအပ္ျခင္းခံရတဲ့ ပုဂၢိဳလ္မ်ားျဖစ္ၾက ပါတယ္"


ဒုတိယဥကၠအျဖစ္ ၾကံ႕ခိုင္ဖံြ႔ၿဖိဳးေရးပါတီက ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတီခြန္ျမတ္ ကို ေရြးခ်ယ္တင္ေျမွာက္လိုက္ပါတယ္။

လႊတ္ေတာ္အစည္းအေ၀းကို ေခၚယူေပးၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ စား၀တ္ေနေရးနဲ႔ သြားလာေရးအတြက္ စီစဥ္ေပးတဲ့ နာယက သူရဦးေရႊမန္း ကိုလည္း ေက်းဇူးတင္ေၾကာင္းလည္း ေျပာပါတယ္။

လႊတ္ေတာ္ကုိယ္စားလွယ္ေတြအေနနဲ႔ မိမိတို႔ရဲ႕ အေျပာအဆို အျပဳအမူ အေနအထိုင္ေတြက အေရးႀကီးသလို မိမိတို႔ေတြးေခၚမႈေတြဟာလည္း လူ႔အခြင့္အေရး နဲ႔ ဒီမိုကေရစီအေရးကို လိုလားၾကတဲဲ့ နုိင္ငံသားေတြအတြက္ စံနမူနာ ျဖစ္သင့္ေၾကာင္း ဦး၀င္းျမင့္က တုိက္တြန္းေျပာၾကားပါတယ္။


ပထမေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းကို ကိုယ္စားလွယ္ ၄၃၃ ေယာက္ရိွရာမွာ ၄ ဦးက ခြင့္ပန္္ၾကားခဲ့ပါတယ္။ ခြင့္ပန္ၾကားသူေတြထဲမွာ လက္ရိွတာ၀န္ယူထားဆဲ ဒုတိယသမၼတ ေဒါက္တာစိုင္းေမာက္ခမ္းနဲ႔ ဦးဥာဏ္ထြန္း တို႔လည္း ပါ၀င္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္မွာ အန္အယ္လ္ဒီက ၂၅၅ ၊ ၾကံ႕ခိုင္ဖံြ႕ၿဖိဳးေရးပါတီက ၃၀ ၊ ရခိုင္ အမ်ိဳးသားပါတီက ၁၂ ၊ ရွမ္းတိုင္း ရင္းသားမ်ား ဒီမိုကေရစီအဖဲြြ႔ခ်ဳပ္က ၁၂ ဦး စတဲဲ့ ပါတီေပါင္း ၁၁ ပါတီက ကိုယ္စားလွယ္ေတြနဲ႔ တသီးပုဂၢလကိုယ္စား လွယ္ ၁ ဦး စုစုေပါင္း ၃၂၃ ဦးျဖစ္ပါတယ္။ တပ္မေတာ္သားကိုယ္စားလွယ္ ၁၁၀နဲ႔ ေပါင္းလိုက္ရင္ ကိုယ္စားလွယ္ ၄၃၃ ဦးျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese/news/winmyint-speech-parliament-02012016014613.html 
............................................

ဖေဖော်ဝါရီလ ၁ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့် မိန့်ခွန်းပြောကြားနေစဉ်
ဒီကနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်  ဂုဏ်ယူစရာကောင်း တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အများစုတက်ရောက်တဲ့ ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေး ကို နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မနက်က စတင်လိုက်ပြီး ဥက္ကဌအဖြစ် ရွေးချယ််တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်က အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

"ဒီနေ့ဟာ မြန်မာနိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တစ်နေ့ဖြစ်ပါတယ်၊ အထွေထွေရွေးကောက်ပွဲ များကျင်းပပြီး၊ ပြုပြင် ပြောင်းလဲရေးအတွက် ပြည်သူ လူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်၊ ပြည်သူများ လိုလားမျှော်လင့်တောင်းတနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများက ၄င်းတို့ကိုယ်စားလုပ်ပိုင် ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြ ပါတယ်"


ဒုတိယဥက္ကအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စားဝတ်နေရေးနဲ့ သွားလာရေးအတွက် စီစဉ်ပေးတဲ့ နာယက သူရဦးရွှေမန်း ကိုလည်း ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ အပြောအဆို အပြုအမူ အနေအထိုင်တွေက အရေးကြီးသလို မိမိတို့တွေးခေါ်မှုတွေဟာလည်း လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီအရေးကို လိုလားကြတဲဲ့ နိုင်ငံသားတွေအတွက် စံနမူနာ ဖြစ်သင့်ကြောင်း ဦးဝင်းမြင့်က တိုက်တွန်းပြောကြားပါတယ်။


ပထမနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကိုယ်စားလှယ် ၄၃၃ ယောက်ရှိရာမှာ ၄ ဦးက ခွင့်ပန််ကြားခဲ့ပါတယ်။ ခွင့်ပန်ကြားသူတွေထဲမှာ လက်ရှိတာဝန်ယူထားဆဲ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့လည်း ပါ၀င်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီက ၂၅၅ ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၀ ၊ ရခိုင် အမျိုးသားပါတီက ၁၂ ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွွဲ့ချုပ်က ၁၂ ဦး စတဲဲ့ ပါတီပေါင်း ၁၁ ပါတီက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စား လှယ် ၁ ဦး စုစုပေါင်း ၃၂၃ ဦးဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၁၁၀နဲ့ ပေါင်းလိုက်ရင် ကိုယ်စားလှယ် ၄၃၃ ဦးဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/winmyint-speech-parliament-02012016014613.html 

No comments:

Post a Comment