CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 1, 2016
ပတ္စပို႔ ဗီဇာအတုလုပ္ ျမန္မာပြဲစားကိုဖမ္းမိ (ပတ်စပို့ ဗီဇာအတုလုပ် မြန်မာပွဲစားကိုဖမ်းမိ )
ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္လူ၀င္မႈၾကည္းၾကပ္ေရးရံုးမွ ျမန္မာအလုပ္သမားေတြ ပတ္စပို႔ ဗီဇာ အတုျပဳလုပ္ေပးေသာပြဲစားကို ဖမ္းဆီးရမိခဲ့ပါတယ္။
ျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၃၀ရက္ေန႔ ၂၀၁၆ခုႏွစ္ ညေန ၄း၄၀ ေလာက္မွာ နန္းခင္မာေထြး ဆိုသူ ျမန္မာ အမ်ိဳးသမီးက ယာယီပတ္စပို႔ ပတ္စပို႔နံပါတ္ TCL117808 ကိုေဆာင္ထားၿပီး ဗီဇာမွာ ေဖေဖာ္၀ရီလ ၂ရက္ေန႔ ၂၀၁၈ခုႏွစ္အထိ တံဆိပ္ထုထားပါတယ္ လ၀ကရံုး ကြန္ပ်ဴတာ အခ်က္အလက္ထဲမွာ စစ္ေဆးၾကည့္တဲ့အခါမွာ နန္းခင္မာေထြးဗီဇာဟာ ဇန္န၀ါရီလ ၂ရက္ေန႔ ၂၀၁၅မွာပဲကုန္သြားခဲ့ၿပီျဖစ္ၿပီး ဆက္လက္ေနထိုင္ခြင့္ဗီဇာ မတိုးရေသးတာကိုေတြ႕ရတဲ့အတြက္ စစ္ေဆးေမးျမန္းၾကည့္ရာမွာ သူမ၏ဗီဇာဟာ ကိုထြန္းႏွင့္ကိုေ၀ဆိုတဲ့ပြဲစားကတိုးေပးတယ္ ၁၅၀၀၀ ေပးရတယ္လို႔ေျပာပါတယ္။ အတုလားအစစ္လားဆိုတာသူမမသိဘူးလို႔ေျဖၾကားခဲ့ပါတယ္။
ထို႔ေနာက္ လ၀ကတာ၀န္ရွိေတြက ဆက္စပ္အမႈကိုခ်ဲ႕ၿပီး ကိုထြန္းႏွင့္ကိုေ၀ ေနထိုင္ရာ အငွါးအိမ္ အိမ္အမွတ္ ၂၉၆/၇ ေရာ့၀ိန္ရပ္ကြက္ ခ်င္းရိုင္းၿမိဳ႕သို႔ သြားေရာက္ၿပီး စစ္ေဆးေမးျမန္းတဲ့အခါ ကိုထြန္းႏွင့္ကိုေ၀က နန္းခင္မာေထြးေငြ ၁၅၀၀၀ ကို တကယ္ လက္ခံရရွိပါတယ္ ဒါေပမယ့္ သူတို႔ မသဂၤ ီထံသို႔ ထပ္ဆင့္ေပးၿပီး မသဂၤ ီ ျပဳလုပ္ေပးတယ္လို႔ ေျဖၾကားပါတယ္။
ဒါေပမယ့္ သူ႔တို႔အခန္းထဲမွာ ကြန္ပ်ဴတာ ေရာင္စံုပရင္တာ ေရာင္စံုမိတၱဴကူးစက္ေတြ ပတ္စပို႔ဗီဇာအတုျပဳလုပ္ရန္အသံုးျပဳေသာ ပစၥည္းကိရိယာမ်ားႏွင့္ ျမန္မာအလုပ္သမား စာရြက္စာတမ္း အခ်က္အလက္ေတြ အမ်ားအျပားေတြ႕ရတဲ့အတြက္ ပတ္စပို႔ဗီဇာအတုျပဳလုပ္အမႈနဲ႔ ဖမ္းဆီးေခါင္ေဆာင္သြားကာ တျခားဆက္စပ္မႈလုပ္ေဖာ္ကိုင္ဖက္ေတြပါ တိုးခ်ဲ႕ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ေရးအတြက္ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ ခ်င္းရိုင္းလ၀ကမွဴး မစ္စတာစစ္ထိ သီရိကန္၀န္ကြန္က ေျပာၾကားသြားပါတယ္။
MTF Channel
https://www.facebook.com/mtftv/
................................................
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်လူဝင်မှုကြည်းကြပ်ရေးရုံးမှ မြန်မာအလုပ်သမားတွေ ပတ်စပို့ ဗီဇာ အတုပြုလုပ်ပေးသောပွဲစားကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ ၂၀၁၆ခုနှစ် ညနေ ၄း၄၀ လောက်မှာ နန်းခင်မာထွေး ဆိုသူ မြန်မာ အမျိုးသမီးက ယာယီပတ်စပို့ ပတ်စပို့နံပါတ် TCL117808 ကိုဆောင်ထားပြီး ဗီဇာမှာ ဖေဖော်ဝရီလ ၂ရက်နေ့ ၂၀၁၈ခုနှစ်အထိ တံဆိပ်ထုထားပါတယ် လဝကရုံး ကွန်ပျူတာ အချက်အလက်ထဲမှာ စစ်ဆေးကြည့်တဲ့အခါမှာ နန်းခင်မာထွေးဗီဇာဟာ ဇန်နဝါရီလ ၂ရက်နေ့ ၂၀၁၅မှာပဲကုန်သွားခဲ့ပြီဖြစ်ပြီး ဆက်လက်နေထိုင်ခွင့်ဗီဇာ မတိုးရသေးတာကိုတွေ့ရတဲ့အတွက် စစ်ဆေးမေးမြန်းကြည့်ရာမှာ သူမ၏ဗီဇာဟာ ကိုထွန်းနှင့်ကိုဝေဆိုတဲ့ပွဲစားကတိုးပေးတယ် ၁၅၀၀၀ ပေးရတယ်လို့ပြောပါတယ်။ အတုလားအစစ်လားဆိုတာသူမမသိဘူးလို့ဖြေကြားခဲ့ပါတယ်။
ထို့နောက် လဝကတာဝန်ရှိတွေက ဆက်စပ်အမှုကိုချဲ့ပြီး ကိုထွန်းနှင့်ကိုဝေ နေထိုင်ရာ အငှါးအိမ် အိမ်အမှတ် ၂၉၆/၇ ရော့ဝိန်ရပ်ကွက် ချင်းရိုင်းမြို့သို့ သွားရောက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါ ကိုထွန်းနှင့်ကိုဝေက နန်းခင်မာထွေးငွေ ၁၅၀၀၀ ကို တကယ် လက်ခံရရှိပါတယ် ဒါပေမယ့် သူတို့ မသင်္ဂ ီထံသို့ ထပ်ဆင့်ပေးပြီး မသင်္ဂ ီ ပြုလုပ်ပေးတယ်လို့ ဖြေကြားပါတယ်။
ဒါပေမယ့် သူ့တို့အခန်းထဲမှာ ကွန်ပျူတာ ရောင်စုံပရင်တာ ရောင်စုံမိတ္တူကူးစက်တွေ ပတ်စပို့ဗီဇာအတုပြုလုပ်ရန်အသုံးပြုသော ပစ္စည်းကိရိယာများနှင့် မြန်မာအလုပ်သမား စာရွက်စာတမ်း အချက်အလက်တွေ အများအပြားတွေ့ရတဲ့အတွက် ပတ်စပို့ဗီဇာအတုပြုလုပ်အမှုနဲ့ ဖမ်းဆီးခေါင်ဆောင်သွားကာ တခြားဆက်စပ်မှုလုပ်ဖော်ကိုင်ဖက်တွေပါ တိုးချဲ့ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ချင်းရိုင်းလဝကမှူး မစ်စတာစစ်ထိ သီရိကန်ဝန်ကွန်က ပြောကြားသွားပါတယ်။
MTF Channel
https://www.facebook.com/mtftv/
ပတ္စပို႔ ဗီဇာအတုလုပ္ ျမန္မာပြဲစားကိုဖမ္းမိ (ပတ်စပို့ ဗီဇာအတုလုပ် မြန်မာပွဲစားကိုဖမ်းမိ )
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment