ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၈
အင္တာနက္ Youtube စာမ်က္ႏွာတြင္ ခ်စ္သူေဟာင္းႏွင့္ ကာမဆက္ဆံေနသည့္ ဗီဒီယိုဖိုင္ တင္ခံရေသာ အသက္ ၃၇ ႏွစ္ အ႐ြယ္ရွိ အိမ္ေထာင္ရွင္ အမ်ဳိးသမီးကို တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၃ ျဖင့္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔က အမႈဖြင့္ထားေၾကာင္း
ေက်ာက္တန္းၿမဳိ႕မ ရဲစခန္းထံမွ စုံစမ္း သိရွိရသည္။
အဆိုပါ အမႈဖြင့္ခံရသူမွာ ေက်ာက္တန္းၿမိဳ႕နယ္၊ ေရႊကုန္းရပ္ကြက္တြင္
ေနထိုင္သူ အမ်ဳိးသမီးျဖစ္ၿပီး ၄င္း၏ခင္ပြန္း ႏွင့္ ၁၅ႏွစ္ေက်ာ္ တရားဝင္ အၾကင္လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ခဲ့ရာမွ သားသမီးသုံးဦး ထြန္းကားခဲ့ၿပီးသူ ျဖစ္ေၾကာင္း၊ ၂ဝ၁၅ ခုႏွစ္ ေအာက္တိုဘာလက Youtube တြင္ ယင္းအမ်ဳိးသမီးႏွင့္ အမ်ဳိးသားတစ္ဦးတို႔ ကာမဆက္ဆံေနေသာ ဗီဒီယိုဖိုင္ကို အသက္ ၃၈ႏွစ္ရွိ ခင္ပြန္းသည္က ေတြ႕ရွိခဲ့ရာမွ ခင္ပြန္းက တရားလိုျပဳ တိုင္ၾကားခဲ့ေၾကာင္း ေက်ာက္တန္းၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။
“ဗီဒီယိုဖိုင္ထဲက အမ်ဳိးသားက အမ်ဳိးသမီးရဲ႕ငယ္ရည္းစားျဖစ္ၿပီး မႏွစ္က စက္တင္ဘာလမွာ သူတို႔ႏွစ္ဦး ေဖာက္ျပန္ခဲ့မိတယ္လို႔ ရပ္ကြက္ လူႀကီးေတြ႕ေရွ႕မွာ အမ်ဳိးသမီးက ဝန္ခံထြက္ဆိုခဲ့တယ္။ ခင္ပြန္းက သူ႔ကို မေပါင္းႏိုင္ေတာ့လို႔ အိမ္ေပၚက ဆင္းခိုင္းခဲ့ေပမယ့္ အမ်ဳိးသမီးက
ေယာကၡမပိုင္တဲ့ ေနအိမ္မွာ ေျပာင္းေရႊ႕ ေနထိုင္ ေနတာေၾကာင့္ အေရးယူေပးဖို႔ အမႈဖြင့္ တိုင္ၾကားခဲ့တာလို႔ ထြက္ဆိုခ်က္ေတြအရ သိရတယ္၊” ဟု ၄င္းက ဆက္လက္ ေျပာၾကားသည္။
၂ဝ၁၅ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔မွ စတင္ကာ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒသစ္ကို ျပည္ေထာင္စုလႊတ္ေတာ္မွ ျပ႒ာန္းခဲ့ ၿပီးေနာက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယင္းအမႈျဖင့္ တိုင္ၾကားခံရသည့္ အမႈေပါင္း ၆ဝ ေက်ာ္ရွိခဲ့ၿပီး တိုင္ၾကားခံရသူ အမ်ားစုမွာ အိမ္ေထာင္ရွင္ အမ်ဳိးသားမ်ားျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးထံမွ စုံစမ္းသိရွိရသည္။
The Voice Weekly
...................................
အွန်လိုင်းပေါ် ညစ်ညမ်းဗီဒီယိုဖိုင်တင်ခံရသော အမျိုးသမီးကို တစ်လင်တစ်မယားစနစ်ဥပဒေဖြင့် အရေးယူ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အင်တာနက် Youtube စာမျက်နှာတွင် ချစ်သူဟောင်းနှင့် ကာမဆက်ဆံနေသည့် ဗီဒီယိုဖိုင် တင်ခံရသော အသက် ၃၇ နှစ် အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမှုဖွင့်ထားကြောင်း
ကျောက်တန်းမြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ အမှုဖွင့်ခံရသူမှာ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်တွင်
နေထိုင်သူ အမျိုးသမီးဖြစ်ပြီး ၄င်း၏ခင်ပွန်း နှင့် ၁၅နှစ်ကျော် တရားဝင် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ရာမှ သားသမီးသုံးဦး ထွန်းကားခဲ့ပြီးသူ ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလက Youtube တွင် ယင်းအမျိုးသမီးနှင့် အမျိုးသားတစ်ဦးတို့ ကာမဆက်ဆံနေသော ဗီဒီယိုဖိုင်ကို အသက် ၃၈နှစ်ရှိ ခင်ပွန်းသည်က တွေ့ရှိခဲ့ရာမှ ခင်ပွန်းက တရားလိုပြု တိုင်ကြားခဲ့ကြောင်း ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဗီဒီယိုဖိုင်ထဲက အမျိုးသားက အမျိုးသမီးရဲ့ငယ်ရည်းစားဖြစ်ပြီး မနှစ်က စက်တင်ဘာလမှာ သူတို့နှစ်ဦး ဖောက်ပြန်ခဲ့မိတယ်လို့ ရပ်ကွက် လူကြီးတွေ့ရှေ့မှာ အမျိုးသမီးက ဝန်ခံထွက်ဆိုခဲ့တယ်။ ခင်ပွန်းက သူ့ကို မပေါင်းနိုင်တော့လို့ အိမ်ပေါ်က ဆင်းခိုင်းခဲ့ပေမယ့် အမျိုးသမီးက
ယောက္ခမပိုင်တဲ့ နေအိမ်မှာ ပြောင်းရွှေ့ နေထိုင် နေတာကြောင့် အရေးယူပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့တာလို့ ထွက်ဆိုချက်တွေအရ သိရတယ်၊” ဟု ၄င်းက ဆက်လက် ပြောကြားသည်။
၂ဝ၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသစ်ကို ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ယင်းအမှုဖြင့် တိုင်ကြားခံရသည့် အမှုပေါင်း ၆ဝ ကျော်ရှိခဲ့ပြီး တိုင်ကြားခံရသူ အများစုမှာ အိမ်ထောင်ရှင် အမျိုးသားများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, February 18, 2016
အြန္လိုင္းေပၚ ညစ္ညမ္းဗီဒီယိုဖိုင္တင္ခံရေသာ အမ်ဳိးသမီးကို တစ္လင္တစ္မယားစနစ္ဥပေဒျဖင့္ အေရးယူ
အြန္လိုင္းေပၚ ညစ္ညမ္းဗီဒီယိုဖိုင္တင္ခံရေသာ အမ်ဳိးသမီးကို တစ္လင္တစ္မယားစနစ္ဥပေဒျဖင့္ အေရးယူ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 18, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 18, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment