Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

ေရႊျပည္သာ လူမုိက္ ၃ ဦးကုိ ေသနတ္နဲ ့ပစ္ခတ္ဖမ္းဆီး

ဓါတ္ပုံ - Yangon Police

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁

 ၃၁.၁.၂၀၁၆ ရက္ေန႔ ၁၂၃၅ အခ်ိန္ခန္႔တြင္ ရန္ကုန္တုိင္း ေဒသႀကီးအတြင္း အႏိုင္က်င့္ ၿခိမ္းေျခာက္ကာ ျပစ္မႈက်ဴးလြန္ျခင္း မ်ားေၾကာင့္ တရားခံေျပး အျဖစ္ ေၾကညာထားတဲ့ လူမုိက္ေခါင္းေဆာင္ ေခါေလး (ခ) ခင္ေမာင္သန္း (ခ) သန္းထုိက္ နဲ ့ သာဂိ (ခ) ဆုေအာင္ (ခ) ဇြဲဆုေအာင္(ခ) အေသးေလးႏွင့္ နားပိတ္ (ခ) ဖုိးေဇာ္တုိ႔မွာ ေရႊျပည္သာၿမိဳ႕နယ္၊ စိန္ပန္း(၄)လမ္းရွိ ေခါေလး၏ ေနအိမ္တြင္ ေရာက္ရွိေနေၾကာင္း သတင္းအရ ေရႊျပည္သာ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးဦးစီးသည့္ ေရႊျပည္သာ ၿမိဳ႕နယ္မွ တပ္ဖြဲ႕၀င္မ်ားက သက္ေသ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အတူ ၀ုိင္း၀န္းပိတ္ဆုိ႔ ဖမ္းဆီး ခဲ့ေၾကာင္း ရန္ကုန္တုိင္း ေဒသၾကီး ရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္ ထားပါသည္။

ဖမ္းဆီးစဥ္မွာ  လူမုိက္ေခါင္းေဆာင္ ေခါေလး သည္ ေနအိမ္အေပၚထပ္သုိ႔ ေျပးတက္သြားခဲ့၍ ရဲတပ္ဖြဲ႕၀င္မ်ားမွ လုိက္လံဖမ္းဆီးစဥ္ ၎မွ ရဲတပ္ဖြဲ႕၀င္မ်ားအား ျပန္လည္ခုခံခဲ့သျဖင့္ လံုးေထြး ဖမ္းဆီး ရမိခဲ့ပါသည္။


သာဂိ ႏွင့္ နားပိတ္ တုိ႔မွာလည္း ဓားမ်ားကုိင္ ေဆာင္ကာ ေနအိမ္ေနာက္ေဖးရွိ ေျမကြက္လပ္ဘက္သုိ႔ ထြက္ေျပးသြားစဥ္ ရဲတပ္ဖြဲ႕၀င္မ်ားက အဖမ္းခံရန္ သတိေပးေျပာဆို ခဲ့ေသာ္လည္း အဖမ္းမခံဘဲ ဆက္လက္ ထြက္ေျပးေနသျဖင့္ Pump Action ေသနတ္ျဖင့္ (၁)ခ်က္ပစ္ခတ္ခဲ့မွသာ ၎တုိ႔ကုိင္ေဆာင္ထားေသာ ဓားမ်ားခ်၍ အညံ့ခံဖမ္းဆီး ခံခဲ့ပါသည္။


ေခါေလး အပါအ၀င္ (၃)ဦး၏ ခႏၶာကုိယ္ေပၚႏွင့္ ေနအိမ္ အတြင္းမွ ဓားေျမွာင္မ်ဳိးစံု (၅)လက္၊ ေလခြ (၁)လက္၊ လက္ကိုင္ဖုန္း မ်ဳိးစံု(၄)လံုး၊ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ ေဆးျပား(၁၅၇)ျပား၊ ေဆးေျခာက္ (၉.၅) ဂရမ္ႏွင့္ 2J---- Pro box ေမာ္ေတာ္ယာဥ္(၁)စီးတုိ႔ကုိ သိမ္းဆည္း ရမိခဲ့ ပါသည္။

ဖမ္းဆီးရမိေသာ ေခါေလး၊ သာဂိႏွင့္ နားပိတ္ တုိ႔ (၃)ဦးအား ေရႊျပည္သာၿမိဳ႕မ ရဲစခန္း မယ(ပ)၃/၂၀၁၆၊ မူးယစ္ ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ား ဆုိင္ရာ ဥပေဒပုဒ္မ-၁၅/၁၉(က)/ ၂၀(က)/၂၁ ႏွင့္ (ပ)၉၀/၂၀၁၆၊ လက္နက္ အက္ဥပေဒ ပုဒ္မ-၁၉(က)ျဖင့္ လည္းေကာင္း၊ ေခါေလး (ခ) ခင္ေမာင္သန္း (ခ) သန္းထုိက္အား (ပ)၉၁/၂၀၁၆၊ လက္နက္ အက္ဥပေဒ ပုဒ္မ-၁၉(င) ျဖင့္လည္းေကာင္း၊ သာဂိ(ခ) ဆုေအာင္ (ခ) ဇြဲဆုေအာင္(ခ) အေသးေလးအား (ပ)၉၂/၂၀၁၆၊ လက္နက္အက္ဥပေဒ ပုဒ္မ-၁၉(င) ျဖင့္လည္းေကာင္း အမႈမ်ားေရးဖြင့္ ေဆာင္ရြက္ လ်က္ရွိေၾကာင္းႏွင့္ ေခါေလး (ခ) ခင္ေမာင္သန္း (ခ) သန္းထုိက္ပါ(၃)ဦးတုိ႔အား အျခားျပစ္မႈမ်ား က်ဴးလြန္ထားျခင္းရွိ/မရွိ ေဖာ္ထုတ္ စစ္ေဆးလ်က္ရွိၿပီး ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနျဖင့္ အထူးစီမံခ်က္အား အရွိန္ျမွင့္ေဆာင္ရြက္ကာ တုိင္းေဒသႀကီးအတြင္း လူဆုိးလူမုိက္သတင္းေက်ာ္ေဇာ သူမ်ားအား ဆက္လက္ေဖာ္ ထုတ္ဖမ္းဆီး အေရးယူသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တုိင္း ေဒသၾကီး ရဲတပ္ဖဲြ ့၏ Yangon Police (facebook)မွာ သတင္းထုတ္ျပန္ခ်က္ အရသိရပါသည္။

By သစ္ထူးလြင္

........................................................

ရွှပြည်သာ လူမိုက် ၃ ဦးကို သေနတ်နဲ ့ပစ်ခတ်ဖမ်းဆီး
1 February 2016
 ၃၁.၁.၂၀၁၆ ရက်နေ့ ၁၂၃၅ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အနိုင်ကျင့် ခြိမ်းခြောက်ကာ ပြစ်မှုကျူးလွန်ခြင်း များကြောင့် တရားခံပြေး အဖြစ် ကြေညာထားတဲ့ လူမိုက်ခေါင်းဆောင် ခေါလေး (ခ) ခင်မောင်သန်း (ခ) သန်းထိုက် နဲ ့ သာဂိ (ခ) ဆုအောင် (ခ) ဇွဲဆုအောင်(ခ) အသေးလေးနှင့် နားပိတ် (ခ) ဖိုးဇော်တို့မှာ ရွှေပြည်သာမြို့နယ်၊ စိန်ပန်း(၄)လမ်းရှိ ခေါလေး၏ နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ရွှေပြည်သာ မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရွှေပြည်သာ မြို့နယ်မှ တပ်ဖွဲ့ဝင်များက သက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ၀ုိင်းဝန်းပိတ်ဆို့ ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ ့မှ သတင်းထုတ်ပြန် ထားပါသည်။

ဖမ်းဆီးစဉ်မှာ  လူမိုက်ခေါင်းဆောင် ခေါလေး သည် နေအိမ်အပေါ်ထပ်သို့ ပြေးတက်သွားခဲ့၍ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် ၎င်းမှ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံခဲ့သဖြင့် လုံးထွေး ဖမ်းဆီး ရမိခဲ့ပါသည်။

သာဂိ နှင့် နားပိတ် တို့မှာလည်း ဓားများကိုင် ဆောင်ကာ နေအိမ်နောက်ဖေးရှိ မြေကွက်လပ်ဘက်သို့ ထွက်ပြေးသွားစဉ် ရဲတပ်ဖွဲ့ဝင်များက အဖမ်းခံရန် သတိပေးပြောဆို ခဲ့သော်လည်း အဖမ်းမခံဘဲ ဆက်လက် ထွက်ပြေးနေသဖြင့် Pump Action သေနတ်ဖြင့် (၁)ချက်ပစ်ခတ်ခဲ့မှသာ ၎င်းတို့ကိုင်ဆောင်ထားသော ဓားများချ၍ အညံ့ခံဖမ်းဆီး ခံခဲ့ပါသည်။

ခေါလေး အပါအဝင် (၃)ဦး၏ ခန္ဓာကိုယ်ပေါ်နှင့် နေအိမ် အတွင်းမှ ဓားမြှောင်မျိုးစုံ (၅)လက်၊ လေခွ (၁)လက်၊ လက်ကိုင်ဖုန်း မျိုးစုံ(၄)လုံး၊ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၅၇)ပြား၊ ဆေးခြောက် (၉.၅) ဂရမ်နှင့် 2J---- Pro box မော်တော်ယာဉ်(၁)စီးတို့ကို သိမ်းဆည်း ရမိခဲ့ ပါသည်။

ဖမ်းဆီးရမိသော ခေါလေး၊ သာဂိနှင့် နားပိတ် တို့ (၃)ဦးအား ရွှေပြည်သာမြို့မ ရဲစခန်း မယ(ပ)၃/၂၀၁၆၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၉(က)/ ၂၀(က)/၂၁ နှင့် (ပ)၉၀/၂၀၁၆၊ လက်နက် အက်ဥပဒေ ပုဒ်မ-၁၉(က)ဖြင့် လည်းကောင်း၊ ခေါလေး (ခ) ခင်မောင်သန်း (ခ) သန်းထိုက်အား (ပ)၉၁/၂၀၁၆၊ လက်နက် အက်ဥပဒေ ပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ သာဂိ(ခ) ဆုအောင် (ခ) ဇွဲဆုအောင်(ခ) အသေးလေးအား (ပ)၉၂/၂၀၁၆၊ လက်နက်အက်ဥပဒေ ပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း အမှုများရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ခေါလေး (ခ) ခင်မောင်သန်း (ခ) သန်းထိုက်ပါ(၃)ဦးတို့အား အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဖော်ထုတ် စစ်ဆေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် အထူးစီမံချက်အား အရှိန်မြှင့်ဆောင်ရွက်ကာ တိုင်းဒေသကြီးအတွင်း လူဆိုးလူမိုက်သတင်းကျော်ဇော သူများအား ဆက်လက်ဖော် ထုတ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ ့၏ Yangon Police (facebook)မှာ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

By သစ်ထူးလွင်

No comments:

Post a Comment