2 February 2016
အမ်ိဳးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ ျပည္နယ္နဲ႔ တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန္႔ခြဲမႈဆုိင္ရာ သင္တန္းေပးခဲ့ရာမွာ ဒီကေန႔ၿပီးဆုံး သြားပါတယ္။
ဒီကေန႔ ေနျပည္ေတာ္က သင္တန္းဆင္းပြဲကုိ အမ်ိဳးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳုပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊ နာယက သူရဦးတင္ဦး၊ ဦးဝင္းထိန္၊ သူရဦးေရႊမန္းတုိ႔ တက္ေရာက္ခဲ့ပါတယ္။
သင္တန္းမွာ အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန္႔ခြဲမႈဆုိင္ရာေတြကုိ ျပည္သူ႔လႊတ္ေတာ္ သင္တန္းခန္းမမွာ တစ္ပတ္ၾကာျပဳလုုပ္ခဲ့တာျဖစ္ၿပီး NLD တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြက ကုိယ္စားလွယ္ေတြ ၃ ဦးကေန ၅ ဦးအထိ တက္ေရာက္ခဲ့ပါတယ္။
သင္တန္းကုိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အၿငိမ္းစားအရာရွိႀကီးေတြ၊ စီမံခန္႔ခြဲမႈပညာရွင္ေတြ၊ ေရွ႕ေန ဦးကုိနီအပါအ၀င္ ဥပေဒပညာရွင္ေတြက သင္ၾကားခဲ့တာျဖစ္ပါတယ္။
သင္တန္းမွာ ထင္ရွားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္တဲ့ ကရင္ျပည္နယ္က ေဒၚနန္းခင္ေထြးျမင့္၊ ဧရာဝတီတုိင္းက ဦးမန္းေဂ်ာ္နီ၊ ရန္ကုန္တုိင္းက ဦးၿဖိဳးမင္းသိန္း၊ ဦးႏုိင္ငံလင္း၊ ေဒၚစႏၵာမင္း၊ စစ္ကုိင္းတုိင္းက ေဒါက္တာျမင့္ႏုိင္၊ ခ်င္းျပည္နယ္က ဦးဇုိဘြဲ႕၊ ရခုိင္ျပည္နယ္က ဦးညီပုတုိ႔လည္းပါ၀င္ၾကပါတယ္။
အဲ့ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲက တခ်ိဳ႕ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ အျဖစ္ တာဝန္ယူမယ့္သူေတြျဖစ္တယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
RFA Burmese
https://www.facebook.com/RFA-Burmese
..............................................................................................
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပြီးဆုံး
2 February 2016
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးခဲ့ရာမှာ ဒီကနေ့ပြီးဆုံး သွားပါတယ်။
ဒီကနေ့ နေပြည်တော်က သင်တန်းဆင်းပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက သူရဦးတင်ဦး၊ ဦးဝင်းထိန်၊ သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ပါတယ်။
သင်တန်းမှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေကို ပြည်သူ့လွှတ်တော် သင်တန်းခန်းမမှာ တစ်ပတ်ကြာပြုလုုပ်ခဲ့တာဖြစ်ပြီး NLD တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ၃ ဦးကနေ ၅ ဦးအထိ တက်ရောက်ခဲ့ပါတယ်။
သင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိကြီးတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေ၊ ရှေ့နေ ဦးကိုနီအပါအဝင် ဥပဒေပညာရှင်တွေက သင်ကြားခဲ့တာဖြစ်ပါတယ်။
သင်တန်းမှာ ထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းက ဦးမန်းဂျော်နီ၊ ရန်ကုန်တိုင်းက ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း၊ စစ်ကိုင်းတိုင်းက ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်က ဦးဇိုဘွဲ့၊ ရခိုင်ပြည်နယ်က ဦးညီပုတို့လည်းပါ၀င်ကြပါတယ်။
အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေထဲက တချို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အဖြစ် တာဝန်ယူမယ့်သူတွေဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
No comments:
Post a Comment