ဘ၀တြင္ ပထမဆံုး လခစား အလုပ္တစ္ခုကို ဒိုင္းမြန္းစတား အာမို ကုမၸဏီတြင္ စတင္ခဲ့ပါသည္။ ကုမၸဏီအလုပ္ဟု ဆိုေသာ္လည္း ကၽြန္ေတာ္တို႕သည္ ၾကားပြဲစားသာသာ မွ်သာၿဖစ္ပါသည္။
ကၽြန္ေတာ္တို႕လုပ္ခ်င္သည္မွာ ကုမၸဏီအလုပ္စစ္စစ္ၿဖစ္ပါသည္။
သုိ႕ေသာ္ၿငားလည္း ကုမၸဏီ ၊ ဆိုင္ရွင္ ႏွင့္ ေတာင္သူအၾကား ခ်ိတ္ဆက္ေပးေနရသည့္ သဘာ၀သည္ ကုမၸဏီအလုပ္ၿဖစ္လာသည့္အခါ ကၽြန္ေတာ္တို႕သည္ ကုမၸဏီ၀န္ထမ္း နာမည္ခံသည့္ ဆိုင္ရွင္မ်ား၏ လက္ေအာက္ခံဘ၀မွ်သာအဆင့္ရွိပါေတာ့သည္။
အာမို တြင္ သံုးႏွစ္ လုပ္ကိုင္ခဲ့သည္တြင္ ဆိုင္ရွင္ေပါင္းစံုႏွင့္ ထိေတြ႕ဆက္ဆံခဲ့ရပါသည္။
ဆိုင္ရွင္ႏွင့္ေၿပလည္ေရးသည္ ကုမၸဏီ၀န္းထမ္းတစ္ေယာက္အဖို႕ အလြန္အေရးၾကီးလွပါသည္။
ထိုအခ်က္ကိုသိေသာ အခ်ိဳ႕အခ်ိဳ႕ေသာ ဆိုင္ရွင္မ်ားသည္ ကုမၸဏီ၀န္းထမ္းအား ငါတို႕ေၿပာလိုက္ရင္တစ္ခြန္းပဲ ဆိုသည့္ သေဘာဆန္ဆန္ဆက္ဆံခံရမႈသည္ ဘီေအဂ်ီ ဘြဲ႕ၾကီးရင္၀ယ္ပိုက္ထားသူမ်ားအတြက္ ခံစားရအခက္ဆံုးပင္ၿဖစ္ပါသည္။
တစ္ခ်ိဳ႕ေသာ ကုမၸဏီ၀န္ထမ္းဆိုသူမ်ားကလည္း ဆိုင္ရွင္ၾကည္ၿဖဴလွ်င္ၿပီးေရာဆိုသည့္ သေဘာႏွင့္ ကေလးေက်ာင္းၾကိဳတာကအစ ထမင္ဘူးပို႕ေပးတာကအလယ္ ေစ်းၿခင္းေတာင္းဆြဲေပးတာကအဆံုး အစ အလယ္ အဆံုး တၿပံဳးၿပံဳးႏွင့္က်ိဳ႕ေပးယို႕ေပးၾကေလသည္။
မည္သူ႕ကို အၿပစ္တင္မည္နည္း။
ကၽြန္ေတာ္တို႕လုပ္ခ်င္ခဲ့သည္က ကုမၸဏီရဲ႕အလုပ္စစ္စစ္။
ဘာတတ္ႏိုင္မည္နည္း။ မ်က္စိကိုမွိတ္ နားကိုပိတ္။
ေတာင္သူ႕အက်ိဳး ေတာင္သူ႕အက်ိဳး လို႕ အားတင္းၿပီးရြာဆင္း ကြင္းဆင္း။
ပိုးေတြအေၾကာင္း ေရာဂါေတြအေၾကာင္း အဟာရေတြအေၾကာင္း စိုက္စနစ္ေတြအေၾကာင္း အပင္ေတြအေၾကာင္း ေဟာၾကေၿပာၾက။
အေပ်ာ္ဆံုးက ေတာင္သူေတြနဲ႕ကြင္းထဲေရာက္ ထိေတြ႕ဆက္ဆံရသည္ကိုပါပဲ။
ဒီလိုနဲ႕ ဆိုင္ရွင္က ကုမၸဏီကေဆးေတြမွာ။ ကုမၸဏီကလည္း ဆိုင္ရွင္ကို ပစၥည္းေတြခ်ေပး။ ၂ လဆိုင္း ၄ လဆိုင္း။
၂ လအတြင္းေဆးဖိုးေငြေခ်လွ်င္ ေကာ္မရွင္ကဘယ္ေလာက္။
၄ လၿပည့္မွေငြေခ်လွ်င္ ေကာ္မရွင္ကဘယ္ေလာက္။
ႏွစ္ကုန္က်လွ်င္လည္း တစ္ႏွစ္လံုးေရာင္းအားေပါင္းၿပီး သိန္း ဘယ္ႏွစ္ရာဖိုးေရာင္းေပးလွ်င္ ႏွစ္ကုန္ေဘာနပ္စ္က ဘယ္ေလာက္။
ဟိုဟာက ဘယ္ေလာက္ ဒီဟာက ဘယ္ေလာက္။
ကုမၸဏီဆီမွ ေငြေၾကးတစ္ၿပားတစ္ခ်ပ္မွစိုက္ထုတ္စရာမလိုအပ္ပဲ ေလးလဆိုင္း ငါးလဆိုင္းႏွင့္ သိန္းရာခ်ီမွာယူၿပီး ေတာင္သူမ်ားဆီသို႕ေလးလတိုး ငါးလတိုး ရာသီေပၚေပးအတိုးေတြ ႏွင့္ ေရာင္းခ်လိုက္ေသာအခါ ေဆး ေစ်းႏႈန္းမ်ားသည္ မူရင္းေစ်းထက္ အဆမ်ားစြာ ခုန္ေပါက္တက္ကုန္ၾကသည္။
မူရင္းေဆး ေစ်းသိရွိထားသည့္ ကၽြန္ေတ္ာတို႕အဖို႕ ဘယ္ေလာက္ရာခိုင္ႏႈန္းတင္ထားသည္ကို သိရွိေနသည့္အခါ စိတ္အေတာ္ပ်က္မိသည္ကေတာ့ အမွန္ပင္ၿဖစ္သည္။
ရာသီကုန္ သီးႏွံေပၚသည့္အခါ ေဆးလည္းေရာင္း အေၾကြးလည္းေတာင္းဆိုသည့္အတိုင္း ဆိုင္ကယ္ေလး ဖုတ္ခ်က္ဖုတ္ခ်က္စီးၿပီးတစ္ရြာ၀င္တစ္ရြာထြက္ ေငြလည္ ေတာင္းေပးရသည္မွာလည္း ဒီကုမၸဏီ၀န္ထမ္းပင္။
သူေရာင္းတာ သူေတာင္းေပါ့။
အခုေတာ့ ရြာအေရာက္ စိုက္ေရးပ်ိဳးေရးနည္းပညာအေၾကာင္း လိုက္လံေဆြးေႏြးေပးရေတာ့လည္း ဒီ၀န္ထမ္း။
ေဆးကဒ္ေတြ တစ္ရြာ၀င္တစ္ရြာထြက္ ရြာေပါက္ေစ့ေရာက္ေအာင္ လိုက္ပို႕ေပးရသည္ကလည္း ဒီ၀န္ထမ္း။
ကုမဏီဆီက ေကာ္မရွင္မ်ားမ်ားေပးေအာင္ ဆိုင္ရွင္ကို အမႊန္းတင္ေပးရတာလည္း ဒီ၀န္ထမ္း။
ရာသီေပၚလို႕ အေၾကြးေတြ တစ္ရြာ၀င္တစ္ရြာထြက္ လုိက္ေတာင္းလိုက္ေကာက္ေပးရသည္ကလည္း ဒီ၀န္ထမ္း။
အခ်ိန္တန္လို႕ ဆိုင္ရွင္က ေငြမသြင္းႏိုင္ေသးတဲ့အခါ ဟုတ္ပါတယ္ ဟုတ္ပါတယ္ ဒီဖက္မွာ ရာသီကမေကာင္း သီးႏွံေတြကပ်က္ အေၾကြးေတြကမရနဲ႕မို႕ ခဏေလာက္ေစာင့္ေပးပါဆိုၿပီး ဖာေပး ေထးေပး ေရးေပးၿပီး အသနားခံေပးရတာကလည္း ဒီ၀န္ထမ္း။
မည္သို႕ပင္ ၾကိဳးစား ၾကိဳးစား….ဆိုင္ရွင္က ဒီေကာင္ သိပ္မသြက္ဘူး ဆိုသည့္ တစ္ခြန္းတည္းေသာ စကားသည္ပင္ ကုမၸဏီ၀န္ထမ္းအတြက္ အက်ိဳးသက္ေရာက္မႈမ်ားစြာရွိေနသည့္အခါ ေတာ္လွန္ခ်င္သည့္စိတ္မ်ားၿဖစ္ရသည္။
ဟဲ့….ကုမၸဏီရယ္…ၾကားခံ အဲ့ဒီ ဆိုင္ရွင္ကို ၿဖဳတ္ပစ္လိုက္။
ၿမိဳ႕ေတြမွာ ကုိယ္ပိုင္ ကုမၸဏီဆိုင္ခန္းဖြင့္။ ကိုယ္တိုင္ တိုက္ရိုက္ အေၾကြးခ်။
အခုလည္း အစအဆံုး အဲ့လိုလုပ္ေပးေနရတာပဲကိုး။
ထို စနစ္ကို အာမိုက ေတာင္သူအက်ိဳးတူဆိုၿပီး ေၿမႀသဇာမ်ားရာသီေပၚေပးဆိုကာ စပါးသီႏွံတြင္ ကုမၸဏီတိုက္ရုိက္အေၾကြးစနစ္လုပ္ေဆာင္ဖူးသည္။
ေအာင္လည္း ေအာင္ၿမင္သည္။
ကုမၸဏီ၀န္ထမ္းအၿဖစ္ ကုမၸဏီအလုပ္စစ္စစ္္ကိုလုပ္ေဆာင္ခဲ့ရၿခင္းပင္။
လယ္ယာဦးပိုင္နံပါတ္ မွတ္ပံုတင္ကဒ္ မ်ားယူေဆာင္လာရမည္ၿဖစ္ၿပီး ေၿမႀသဇာ ဘယ္ႏွစ္အိတ္ယူမည္ ဘယ္ေန႕ဘယ္ရက္ ေၿမႀသဇာဖိုးၿပန္လည္ေပးေခ်ရမည္။ ဘယ္ဖက္လက္မ လက္ေဗြႏွိပ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမႈး လက္မွတ္နဲ႕တံဆိပ္တံုးထု။
ေၿမႀသဇာမ်ားကို ကုမၸဏီက ရြာအေရာက္ပို႕ေဆာင္။
တြက္ခ်က္ၾကည့္သည့္အခါ မူရင္းကုမၸဏီေစ်း၏ ၂က်ပ္သာသာ အတိုးေလာက္သာထည့္ေပါင္းၿပီး ေတာင္သူလက္၀ယ္အေရာက္
ေရာင္းခ်ၿခင္းၿဖစ္သည့္အတြက္ ေတာင္သူမ်ားအတြက္ အလြန္တြက္ေခ်ကိုက္ပါသည္။
ကုမၸဏီႏွင့္ေတာင္သူ တိုုက္ရိုက္ခ်ိတ္ဆက္ေရာင္းခ်သည့္ ေတာင္သူ အက်ိဳးတူလုပ္ငန္းမ်ိဳး မ်ားစြာေပၚထြန္းေစခ်င္လွသည္။
ယခုေတာ့ ကုမၸဏီက ယခု႕ကဲ့သို႕ ၿမိဳ႕တိုင္းေစ့ တိုက္ရိုက္မခ်ႏိုင္သည့္အခါ ၾကားခံလူမိုက္အၿဖစ္ ဆိုင္ရွင္မ်ားကို ေမြးထားရသည္။
ဆိုင္ရွင္မ်ားကလည္း ရာသီပ်က္ သီးႏွံဆံုး အေၾကြးဆံုးလွ်င္ စိုက္ေလွ်ာ္ရမည့္ ဓါးစာခံအၿဖစ္ ေက်ေက်နပ္နပ္ ကိုယ္စားလွယ္အၿဖစ္ခံယူၾကသည္။
ကုမၸဏီမွ အခ်ိန္တန္လွ်င္ ဆိုင္ရွင္ဆီသို႕ဥိီးတည္အေၾကြးေတာင္းမည္။
ေတာင္သူဆီကမရလို႕ ဟိုလူ႕ဆီကမရလို႕ ဒီလူ႕ဆီကမရလို႕ဆိုသည္ မွာ ကုမၸဏီအလုပ္မဟုတ္။
မရလွ်င္ တရားစြဲမည္။ ပိုင္ဆိုင္မႈသိမ္းမည္။
ထိုအဖိုးအခ အၿပန္အလွန္အၿဖစ္ ကုမၸဏီမွ ဆိုင္ရွင္သို႕ ေကာ္မရွင္ေပးသည္ ႏွစ္ကုန္ ေဘာနပ္စ္ေပးသည္။ ထို႕အၿပင္ ေရာင္းအားေကာင္းသည့္ ကိုယ္စားလွယ္ေတာ္ၾကီးမ်ားအား ႏိုင္ငံၿခားတိုင္းၿပည္မ်ားၿဖစ္သည့္္ ကိုရီးယား ဂ်ပန္ ထိုင္း စင္ကာပူ စသည့္ေနရာမ်ားသို႕ အလည္အပတ္ခရီးစဥ္အၿဖစ္ ပို႕ေဆာင္ေပးလိုက္ေသးသည္။
ဘယ္လိုပင္ ရာသီဖ်က္ဖ်က္ သီးနွံဖ်က္ဖ်က္ အေၾကြးမရဘူးဆိုဆို ထိုဓါးစာခံ ဆိုသူမ်ား တစ္ေန႕တစ္ၿခား ၾကီးပြားခ်မ္းသာသြားၾကေသာ္လည္း ကုမၸဏီ၀န္ထမ္းဆိုသူမ်ား ႏွင့္ ေတာင္သူဆိုသူမ်ားကေတာ့ ေဆးေရာင္းတုန္း အေၾကြးေတာင္းတုန္း အေၾကြးဆပ္တုန္း တိုင္ပတ္လွ်က္ရွိေနေသးတုန္းပင္ၿဖစ္ပါသည္။
ဇာနည္ေမာင္ေမာင္ေက်ာ္
ဓါတ္ပံု။ ။ အင္တာနက္
............................
“ဓါးစာခံ…….”
=====။=====
ဘဝတွင် ပထမဆုံး လခစား အလုပ်တစ်ခုကို ဒိုင်းမွန်းစတား အာမို ကုမ္ပဏီတွင် စတင်ခဲ့ပါသည်။ ကုမ္ပဏီအလုပ်ဟု ဆိုသော်လည်း ကျွန်တော်တို့သည် ကြားပွဲစားသာသာ မျှသာဖြစ်ပါသည်။
ကျွန်တော်တို့လုပ်ချင်သည်မှာ ကုမ္ပဏီအလုပ်စစ်စစ်ဖြစ်ပါသည်။
သို့သော်ငြားလည်း ကုမ္ပဏီ ၊ ဆိုင်ရှင် နှင့် တောင်သူအကြား ချိတ်ဆက်ပေးနေရသည့် သဘာဝသည် ကုမ္ပဏီအလုပ်ဖြစ်လာသည့်အခါ ကျွန်တော်တို့သည် ကုမ္ပဏီဝန်ထမ်း နာမည်ခံသည့် ဆိုင်ရှင်များ၏ လက်အောက်ခံဘဝမျှသာအဆင့်ရှိပါတော့သည်။
အာမို တွင် သုံးနှစ် လုပ်ကိုင်ခဲ့သည်တွင် ဆိုင်ရှင်ပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့ရပါသည်။
ဆိုင်ရှင်နှင့်ပြေလည်ရေးသည် ကုမ္ပဏီဝန်းထမ်းတစ်ယောက်အဖို့ အလွန်အရေးကြီးလှပါသည်။
ထိုအချက်ကိုသိသော အချို့အချို့သော ဆိုင်ရှင်များသည် ကုမ္ပဏီဝန်းထမ်းအား ငါတို့ပြောလိုက်ရင်တစ်ခွန်းပဲ ဆိုသည့် သဘောဆန်ဆန်ဆက်ဆံခံရမှုသည် ဘီအေဂျီ ဘွဲ့ကြီးရင်ဝယ်ပိုက်ထားသူများအတွက် ခံစားရအခက်ဆုံးပင်ဖြစ်ပါသည်။
တစ်ချို့သော ကုမ္ပဏီဝန်ထမ်းဆိုသူများကလည်း ဆိုင်ရှင်ကြည်ဖြူလျှင်ပြီးရောဆိုသည့် သဘောနှင့် ကလေးကျောင်းကြိုတာကအစ ထမင်ဘူးပို့ပေးတာကအလယ် စျေးခြင်းတောင်းဆွဲပေးတာကအဆုံး အစ အလယ် အဆုံး တပြုံးပြံုးနှင့်ကျို့ပေးယို့ပေးကြလေသည်။
မည်သူ့ကို အပြစ်တင်မည်နည်း။
ကျွန်တော်တို့လုပ်ချင်ခဲ့သည်က ကုမ္ပဏီရဲ့အလုပ်စစ်စစ်။
ဘာတတ်နိုင်မည်နည်း။ မျက်စိကိုမှိတ် နားကိုပိတ်။
တောင်သူ့အကျိုး တောင်သူ့အကျိုး လို့ အားတင်းပြီးရွာဆင်း ကွင်းဆင်း။
ပိုးတွေအကြောင်း ရောဂါတွေအကြောင်း အဟာရတွေအကြောင်း စိုက်စနစ်တွေအကြောင်း အပင်တွေအကြောင်း ဟောကြပြောကြ။
အပျော်ဆုံးက တောင်သူတွေနဲ့ကွင်းထဲရောက် ထိတွေ့ဆက်ဆံရသည်ကိုပါပဲ။
ဒီလိုနဲ့ ဆိုင်ရှင်က ကုမ္ပဏီကဆေးတွေမှာ။ ကုမ္ပဏီကလည်း ဆိုင်ရှင်ကို ပစ္စည်းတွေချပေး။ ၂ လဆိုင်း ၄ လဆိုင်း။
၂ လအတွင်းဆေးဖိုးငွေချေလျှင် ကော်မရှင်ကဘယ်လောက်။
၄ လပြည့်မှငွေချေလျှင် ကော်မရှင်ကဘယ်လောက်။
နှစ်ကုန်ကျလျှင်လည်း တစ်နှစ်လုံးရောင်းအားပေါင်းပြီး သိန်း ဘယ်နှစ်ရာဖိုးရောင်းပေးလျှင် နှစ်ကုန်ဘောနပ်စ်က ဘယ်လောက်။
ဟိုဟာက ဘယ်လောက် ဒီဟာက ဘယ်လောက်။
ကုမ္ပဏီဆီမှ ငွေကြေးတစ်ပြားတစ်ချပ်မှစိုက်ထုတ်စရာမလိုအပ်ပဲ လေးလဆိုင်း ငါးလဆိုင်းနှင့် သိန်းရာချီမှာယူပြီး တောင်သူများဆီသို့လေးလတိုး ငါးလတိုး ရာသီပေါ်ပေးအတိုးတွေ နှင့် ရောင်းချလိုက်သောအခါ ဆေး စျေးနှုန်းများသည် မူရင်းစျေးထက် အဆများစွာ ခုန်ပေါက်တက်ကုန်ကြသည်။
မူရင်းဆေး စျေးသိရှိထားသည့် ကျွန်တေ်ာတို့အဖို့ ဘယ်လောက်ရာခိုင်နှုန်းတင်ထားသည်ကို သိရှိနေသည့်အခါ စိတ်အတော်ပျက်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။
ရာသီကုန် သီးနှံပေါ်သည့်အခါ ဆေးလည်းရောင်း အကြွေးလည်းတောင်းဆိုသည့်အတိုင်း ဆိုင်ကယ်လေး ဖုတ်ချက်ဖုတ်ချက်စီးပြီးတစ်ရွာဝင်တစ်ရွာထွက် ငွေလည် တောင်းပေးရသည်မှာလည်း ဒီကုမ္ပဏီဝန်ထမ်းပင်။
သူရောင်းတာ သူတောင်းပေါ့။
အခုတော့ ရွာအရောက် စိုက်ရေးပျိုးရေးနည်းပညာအကြောင်း လိုက်လံဆွေးနွေးပေးရတော့လည်း ဒီဝန်ထမ်း။
ဆေးကဒ်တွေ တစ်ရွာဝင်တစ်ရွာထွက် ရွာပေါက်စေ့ရောက်အောင် လိုက်ပို့ပေးရသည်ကလည်း ဒီဝန်ထမ်း။
ကုမဏီဆီက ကော်မရှင်များများပေးအောင် ဆိုင်ရှင်ကို အမွှန်းတင်ပေးရတာလည်း ဒီဝန်ထမ်း။
ရာသီပေါ်လို့ အကြွေးတွေ တစ်ရွာဝင်တစ်ရွာထွက် လိုက်တောင်းလိုက်ကောက်ပေးရသည်ကလည်း ဒီဝန်ထမ်း။
အချိန်တန်လို့ ဆိုင်ရှင်က ငွေမသွင်းနိုင်သေးတဲ့အခါ ဟုတ်ပါတယ် ဟုတ်ပါတယ် ဒီဖက်မှာ ရာသီကမကောင်း သီးနှံတွေကပျက် အကြွေးတွေကမရနဲ့မို့ ခဏလောက်စောင့်ပေးပါဆိုပြီး ဖာပေး ထေးပေး ရေးပေးပြီး အသနားခံပေးရတာကလည်း ဒီဝန်ထမ်း။
မည်သို့ပင် ကြိုးစား ကြိုးစား….ဆိုင်ရှင်က ဒီကောင် သိပ်မသွက်ဘူး ဆိုသည့် တစ်ခွန်းတည်းသော စကားသည်ပင် ကုမ္ပဏီဝန်ထမ်းအတွက် အကျိုးသက်ရောက်မှုများစွာရှိနေသည့်အခါ တော်လှန်ချင်သည့်စိတ်များဖြစ်ရသည်။
ဟဲ့….ကုမ္ပဏီရယ်…ကြားခံ အဲ့ဒီ ဆိုင်ရှင်ကို ဖြုတ်ပစ်လိုက်။
မြို့တွေမှာ ကိုယ်ပိုင် ကုမ္ပဏီဆိုင်ခန်းဖွင့်။ ကိုယ်တိုင် တိုက်ရိုက် အကြွေးချ။
အခုလည်း အစအဆုံး အဲ့လိုလုပ်ပေးနေရတာပဲကိုး။
ထို စနစ်ကို အာမိုက တောင်သူအကျိုးတူဆိုပြီး မြေသြဇာများရာသီပေါ်ပေးဆိုကာ စပါးသီနှံတွင် ကုမ္ပဏီတိုက်ရိုက်အကြွေးစနစ်လုပ်ဆောင်ဖူးသည်။
အောင်လည်း အောင်မြင်သည်။
ကုမ္ပဏီဝန်ထမ်းအဖြစ် ကုမ္ပဏီအလုပ်စစ်စစ််ကိုလုပ်ဆောင်ခဲ့ရခြင်းပင်။
လယ်ယာဦးပိုင်နံပါတ် မှတ်ပုံတင်ကဒ် များယူဆောင်လာရမည်ဖြစ်ပြီး မြေသြဇာ ဘယ်နှစ်အိတ်ယူမည် ဘယ်နေ့ဘယ်ရက် မြေသြဇာဖိုးပြန်လည်ပေးချေရမည်။ ဘယ်ဖက်လက်မ လက်ဗွေနှိပ်။ ကျေးရွာအုပ်ချုပ်ရေးမှုး လက်မှတ်နဲ့တံဆိပ်တုံးထု။
မြေသြဇာများကို ကုမ္ပဏီက ရွာအရောက်ပို့ဆောင်။
တွက်ချက်ကြည့်သည့်အခါ မူရင်းကုမ္ပဏီစျေး၏ ၂ကျပ်သာသာ အတိုးလောက်သာထည့်ပေါင်းပြီး တောင်သူလက်ဝယ်အရောက်
ရောင်းချခြင်းဖြစ်သည့်အတွက် တောင်သူများအတွက် အလွန်တွက်ချေကိုက်ပါသည်။
ကုမ္ပဏီနှင့်တောင်သူ တိုုက်ရိုက်ချိတ်ဆက်ရောင်းချသည့် တောင်သူ အကျိုးတူလုပ်ငန်းမျိုး များစွာပေါ်ထွန်းစေချင်လှသည်။
ယခုတော့ ကုမ္ပဏီက ယခု့ကဲ့သို့ မြို့တိုင်းစေ့ တိုက်ရိုက်မချနိုင်သည့်အခါ ကြားခံလူမိုက်အဖြစ် ဆိုင်ရှင်များကို မွေးထားရသည်။
ဆိုင်ရှင်များကလည်း ရာသီပျက် သီးနှံဆုံး အကြွေးဆုံးလျှင် စိုက်လျှော်ရမည့် ဓါးစာခံအဖြစ် ကျေကျေနပ်နပ် ကိုယ်စားလှယ်အဖြစ်ခံယူကြသည်။
ကုမ္ပဏီမှ အချိန်တန်လျှင် ဆိုင်ရှင်ဆီသို့ဥိီးတည်အကြွေးတောင်းမည်။
တောင်သူဆီကမရလို့ ဟိုလူ့ဆီကမရလို့ ဒီလူ့ဆီကမရလို့ဆိုသည် မှာ ကုမ္ပဏီအလုပ်မဟုတ်။
မရလျှင် တရားစွဲမည်။ ပိုင်ဆိုင်မှုသိမ်းမည်။
ထိုအဖိုးအခ အပြန်အလှန်အဖြစ် ကုမ္ပဏီမှ ဆိုင်ရှင်သို့ ကော်မရှင်ပေးသည် နှစ်ကုန် ဘောနပ်စ်ပေးသည်။ ထို့အပြင် ရောင်းအားကောင်းသည့် ကိုယ်စားလှယ်တော်ကြီးများအား နိုင်ငံခြားတိုင်းပြည်များဖြစ်သည့်် ကိုရီးယား ဂျပန် ထိုင်း စင်ကာပူ စသည့်နေရာများသို့ အလည်အပတ်ခရီးစဉ်အဖြစ် ပို့ဆောင်ပေးလိုက်သေးသည်။
ဘယ်လိုပင် ရာသီဖျက်ဖျက် သီးနှံဖျက်ဖျက် အကြွေးမရဘူးဆိုဆို ထိုဓါးစာခံ ဆိုသူများ တစ်နေ့တစ်ခြား ကြီးပွားချမ်းသာသွားကြသော်လည်း ကုမ္ပဏီဝန်ထမ်းဆိုသူများ နှင့် တောင်သူဆိုသူများကတော့ ဆေးရောင်းတုန်း အကြွေးတောင်းတုန်း အကြွေးဆပ်တုန်း တိုင်ပတ်လျှက်ရှိနေသေးတုန်းပင်ဖြစ်ပါသည်။
ဇာနည်မောင်မောင်ကျော်
ဓါတ်ပုံ။ ။ အင်တာနက်
Zar Ni Maung's photo.
စိုက္ပ်ိဳးေရးသမားတစ္ေယာက္ေရးတဲ့စာ။...............................................................................ဓါးစာ...
Posted by The Melting Pot 4 U on Sunday, 21 February 2016
No comments:
Post a Comment